အမေရိကန် သမ္မတ အိုဘားမားနှင့် ဒလိုင်းလားမားတို့ အိမ်ဖြူတော်၌ ဇူလိုင် ၁၆ ရက်က တွေ့ဆုံစဉ်
အိမ်ဖြူတော်တွင် တွေ့ဆုံရာ၌ အိုဘားမားက တိဘက်ကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခု အဖြစ် သတ်မှတ်ထားပြီး တိဘက်၏ ကိုယ်ပိုင် လွတ်လပ်ရေး ကြေညာရန် ကြိုးပမ်းမှုကို မထောက်ခံကြောင်း အမေရိကန်၏ မူဝါဒအား ရှင်းလင်း ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
၄၅ မိနစ်နီးပါး တွေ့ဆုံမှုတွင် အိုဘားမားက တရုတ်နှင့်တိဘက် အကြား ငြိမ်းချမ်းရေး ရရှိရန် အတွက် တိုက်ရိုက် ဆွေးနွေးမှု ပြုလုပ်ရန် လိုလားကြောင်း ဇောင်းပေးပြောကြားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒလိုင်းလားမားကလည်း ၎င်းသည် တိဘက် လွတ်လပ်ရေး အတွက် တောင်းဆိုခြင်း မပြုကြောင်း၊ တရုတ် အစိုးရနှင့် မိမိတို့ ကိုယ်စားလှယ်တို့ အကြား မကြာမီ တိုက်ရိုက် ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် မျှော်လင့်နေကြောင်း
ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
ဒလိုင်းလားမားကို အမေရိကန် ထောက်ခံမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ် အကြား ကာလရှည်ကြာ သဘောကွဲလွဲစေသည့် ကိစ္စတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ အိုဘားမားနှင့် ဒလိုင်းလားမားတို့ တွေ့ဆုံမှုသည် နှစ်နိုင်ငံ အကြား ဆက်ဆံရေးကို ထိခိုက်စေကြောင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Ma Zhaoxu က ပြောကြားခဲ့သည်။ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒလိုင်းလားမားကို အိုဘားမားသည် ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် တွေ့ဆုံခဲ့ဖူးသည်။
အမေရိကန် အကူအညီဖြင့် တိဘက်သည် တရုတ်နှင့် ဆက်ဆံရေး တိုးတက်လာစေရန် မျှော်လင့်မိကြောင်း ဒလိုင်းလားမားက ပြောကြားသည်။ ဒလိုင်းလားမားသည် ၎င်း၏ ၁၁ ရက်ကြာ ခရီးစဉ်အတွင်း ၀ါရှင်တန်သို့
ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။