Welcome to my blog :)

rss
Showing posts with label ဒီဇိုင်းဖိုတိုရှောပ်. Show all posts
Showing posts with label ဒီဇိုင်းဖိုတိုရှောပ်. Show all posts

Saturday, March 3, 2012

photo psd file (ဖိုတို ရှောပ်အတွက်အသင့်သုံးဖိုင်လ်များ)

http://www.mediafire.com/?zugntmkd0mn
http://www.mediafire.com/?0untloyukam
http://www.mediafire.com/?nnxgzj0qzgy
http://www.mediafire.com/?jrdwjwyzlwi
http://www.mediafire.com/?mmaz4znytcd
http://www.mediafire.com/?tnomgnqw20x
http://www.mediafire.com/?mlgimozn0zd
http://www.mediafire.com/?zrbgmdn3hgn
http://www.mediafire.com/?wamtnjreizm
http://www.mediafire.com/?m2toywdddnq
http://www.mediafire.com/?w2mvyyjqywg
http://www.mediafire.com/?ga9srqqmn7osz   (ဒီဟာကအပိုက်လိုက်)
http://allday.ru/index.php?newsid=265701    (ဒါကဝဘ်ဆိုက်ပုံတွေစစ်ပြီးဒေါင်းရန်)
http://www.mediafire.com/?thxggl9mhdozo
http://www.mediafire.com/?jrdwjwyzlwi
http://www.mediafire.com/?mmaz4znytcd
http://www.mediafire.com/?tnomgnqw20x
http://www.mediafire.com/?mlgimozn0zd
http://www.mediafire.com/?01zkq66kwxuz8nz
http://www.mediafire.com/?9db89w3oa7ntozg
http://www.mediafire.com/?9bb6teiayi2afbn
http://www.up4vn.com/files/19NCUS6U/Calendar_2012_with_a_Pen_Stand.rar.html
http://www.up4vn.com/files/GC8X41DM/Calendar_2012_with_a_Pen_Stand_2.rar.html
http://www.up4vn.com/files/0TMAIUFD/Calendar_2012_with_a_Pen_Stand_3.rar.html
http://up4vn.com/files/ITWDVX0G/Calendar_2012_with_a_Pen_Stand_4.rar.html
http://up4vn.com/files/1QOS99V6/Calendar_2012_with_a_Pen_Stand_5.rar.html
http://www.embedupload.com/?d=8UEJEXNUR3
http://www.embedupload.com/?d=82N0ATCVSG
http://www.embedupload.com/?d=8HU0AVEIMT
http://fotoramok.net/ (ဒါလေးကတော့် လိုအပ်တာယူလို့ရအောင်ပါ)

Friday, March 2, 2012

တစ်စက္ကန့်ပဲလိုတယ် (သို့) Actions

Photoshop မှာ ထပ်ခါထပ်ခါလုပ်ရတဲ့ အလုပ်တွေကို တစ်ခါသာလုပ်ထားပြီး နောင်တစ်ချိန်မှာ ပြန်သုံးလို့ရအောင် ဖန်တီးပေးထား ပါတယ်။ ဥပမာ သင့်မှာဓါတ်ပုံတွေ အများကြီးကို ပန်းချီပုံစံမျိုး ပြောင်းလဲချင်တယ်ဆိုပါစို့။ ဓါတ်ပုံတစ်ပုံကိုပဲသင်ပြုလုပ်ချင်တဲ့ Step တွေကိုသာ Photoshop ကိုမှတ်သားထားခိုင်းပြီး နောက်ထပ်ပုံတွေကိုတော့ Command တစ်ခု (သို့) Click တစ်ချက်ထဲနဲ့ အဆင်ပြေသွားမှာပါ။ အဲဒါတွေကို Actions လို့ခေါ်ပါတယ်။
ကဲနမူနာတစ်ခုလောက်လုပ်ကြည့်ရအောင်၊ ပထမဆုံးအနေနဲ့ ပုံတစ်ခုကိုဖွင့်လိုက်ပါမယ်။
အဲဒီပုံကိုအထက်မှာပြောခဲ့သလို ပန်းချီပုံစံမျိုးဖြစ်အောင်ပြောင်းပါမယ်။ သင်ပြုလုပ်လိုက်တဲ့ Step တွေကိုမှတ်ထားခိုင်းဖို့တော့ Actions palette ကိုခေါ်ပါမယ် (Windows>Actions) အဲဒီ Actions Palette အောက်ခြေက Create new set ဆိုတဲ့ Button ကိုနှိပ်ပါမယ်။
New set အတွက် နံမည်ပေးဖို့ လာတောင်းတဲ့အခါ mmphotoshop လို့ပေးလိုက်ပါမယ်။ OK ကိုနှိပ်ပါမယ်။
Actions Palette မှာကြည့်ရင် mmphotoshop နံမည်နဲ့ Folder icon လေးတစ်ခုကိုတွေ့ရပါမယ်။
အဲဒီနောက်မှာတော့ Action Palette ကပဲ Create new action button ကိုနှိပ်ပါ။
Name မှာ artist လို့ပေးပြီး Set မှာတော့ mmphotoshop ကိုရွေးထားပါတယ်(အခုပြုလုပ်မည့် Action ကို mmphotoshop ဆိုတဲ့ Action set ထဲမှာသွားထားမယ်လို့ဆိုလိုတာပါ)။ Function Key မှာတော့ F12 ကိုရွေးပေးပါ (အဲဒါက ဒီ Action ရဲ့ Shortcut ပါ)။ ပြီးရင် Record button ကိုနှိပ်ပါ။
အခုအချိန်ကစပြီး သင်ပြုလုပ်သမျှကို Photoshop က artist ဆိုတဲ့ Action အဖြစ်နဲ့ စပြီးမှတ်သားထားနေပါပြီ။ အခုအချိန်မှာ Actions Palette ကို သတိထားကြည့်လိုက်ရင် mmphotoshop အောက်မှာ artist ဆိုတဲ့စာသားလေးကိုတွေ့ရမှာပါ။
mmphotoshop က Action တွေကိုစုစည်းထားတာဖြစ်ပြီး သူ့မှာ Action ပေါင်းများစွာ သိမ်းထားနိုင်ပါတယ်။ အခု artist ဆိုတဲ့ Action ကိုစတင် record လုပ်နေပါပြီ။
အခုတဖန် Filter>Artistic>Watercolor ကိုရွေးလိုက်ပါပြီ။ Setting တွေကိုတော့ သင်စိတ်ကြိုက်တာရွေးပါ။ ပုံလေးဟာပန်းချီပုံပြောင်း လဲသွားပါပြီ။ အဲဒီနောက် Filer>Render>Lighting Effects ကိုရွေးပါ၊ Lighting effect setting box မှာတော့ Style နေရာမှာ Soft Omni ကိုရွေးပါမယ်၊ ပုံမှာကြည့်ပါ Omni Light တစ်ခုပေါလာပါတယ်၊ သူ့ရဲ့ Center အမှတ်ကို mouse နဲ့ Click and Drag လုပ်ပြီးလိုချင်တဲ့ နေရာမှာထားလို့ ရပါတယ် အခုနမူနာမှာတော့ ဒီပုံအတိုင်းထားလိုက်ပါတယ်။ ပြီးတော့ Ok ကိုနှိပ်ပါမယ်။
အဲဒီနောက်မှာတော့ Edit>Fade Lighting Effect ကိုရွေးပါ၊ Opacity ကိုတော့ 50% ထားပေးပါမယ်။ ဒါဆိုရင်သင်ပန်းချီကားချပ်အသွင် ပုံတစ်ခုကိုဖန်တီးပြီးသွားပါပြီ။
Actions Palette အောက်ခြေက Stop playing/recording ကိုနှိပ်ပါ။ အခုဆိုရင် သာမန်ရိုးရိုးပုံတစ်ခုကို ပန်းချီပုံသို့ပြောင်းပေးသော Action တစ်ခုကို သင် Create လုပ်ပြီးသွားပါပြီ။
ထို Action ကိုပြန်လည်အသုံးပြုကြည့်ရအောင်၊ နောက်ထပ်ပုံတစ်ပုံကိုဖွင့်ပါ။ စောစောကပြုလုပ်ခဲ့တဲ့ artist action ကို Actions Palette မှာ Select လုပ်ထားပြီး။ Actions Palette အောက်ခြေမှာပဲရှိတဲ Play selection button ကိုနှိပ်လိုက်ရုံနှင့်ပဲ အလိုလို ပန်းချီပုံအဖြစ်ပြောင်းလဲ သွားမှာပါ။ ဒါမှမဟုတ်လဲ F12 key ကိုနှိပ်လိုက်လဲရပါတယ်။
Actions တွေရဲ့ရှေ့မှာ Toggle dialog on/off ဆိုတဲ့ column လေးတစ်ခုရှိပါသေးတယ်။ သူ့ကို On ထားရင် action ကို Play တဲ့အခါမှာ setting တွေကို လာမေးပါတယ် (ဥပမာ- Filter setting) Off ထားရင်တော့ ဘာမှလာမမေးတော့ပဲ default အတိုင်းအလုပ်လုပ်သွားမှာပါ။ နောက်တစ်ခု ကတော့ Action တွေကို တခြားစက်တစ်ခုဆီကိုကူးသွားချင်ရင် ကူးချင်တဲ့ Action Set ကိုနှိပ်ထားပြီး Palette ရဲ့ Fly out menu ကနေ Save Actions ကိုနှိပ်ပေးလိုက်ရင် file save dialog ပေါ်လာမှာပါ။ လိုချင်တဲ့နံမည်ပေးပြီး file တစ်ခုအနေနဲ့ Save ပြီးတစ်ခြားစက်တစ်ခုကို သယ်ဆောင် သွားလို့ရပါပြီ။ တခြားစက်တစ်ခုမှာတော့ Actions Palette ရဲ့ Fly out menu ကနေပဲ Load Actions ကိုရွေးပေးပြီး စောစောက ကူးလာတဲ့ Action file ရှိတဲ့နေရာကို ညွန်လိုက်ပါ။ ပြီးရင် Load Button နှိပ်ပါ။ ဒါဆိုအဲဒီ စက်ထဲမှာ Action set တစ်ခုပေါ်လာမှာပါ။
အခု Sample file တစ်ခုပေးထားပါတယ် Download လုပ်ပြီး မိမိရဲ့ Photoshop ထဲမှာ Load Actions menu ကိုအသုံးပြုပြီး သင့်ရဲ့ Photoshop ထဲကိုထည့်ပါ။ အဲဒီအခါ SketchByZaw ဆိုတဲ့ Folder icon အောက်မှာ Sketch နဲ့ Sketch Auto ဆိုတဲ့ Action နှစ်ခု ရောက်လာပါလိမ့်မယ်။
Sketch Auto ကို Select လုပ်ပြီး Action ကို Play ကြည့်ပါလား။ သင်သဘောကျမှာ သေချာပါတယ်။ ချစ်သူရဲ့ပုံကို Sketch ဆွဲချင်ပါသလား ဒီ Action လေးကိုသုံးပါ အချိန်အကြာကြီးမလိုပါဘူး . . . . တစ်စက္ကန့်ပဲလိုပါတယ် . . . . .
ဒီအတိုင်းပဲ သင်အမြဲဆောင်ရွက်နေရတဲ့ အလုပ်တွေကို Photoshop မှာ Action များအဖြစ်ပြောင်လဲကာ အလွယ်တကူလျင်မြန်စွာ ပြန်လည် အသုံးပြုနိုင်ပါတယ်။ နောက်တစ်ခုက Photoshop ထဲမှာပါဝင်တဲ့ Default Actions တွေကိုလည်းစမ်းကြည့်စေချင်ပါတယ်။

Layer Mask Blending

Layer mask blending (ဒါမှမဟုတ်) Layer mask fusion ဆိုတာ Photoshop နဲ့ Design ဖန်တီးသူတွေ မသိမဖြစ်တဲ့အရာတစ်ခုထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ဒီနည်းကို Web site banner ဆွဲတဲ့နေရာတွေမှာ အသုံးပြုကြတာများပါတယ်။ File တစ်ခုတည်းမှာ လိုအပ်တဲ့ message ကိုပေးနိုင်တဲ့အထိ ပုံပေါင်းများစွာကို ညင်သာစွာ ကူးပြောင်း blend လုပ်သွားနိုင်သောကြောင့်ဖြစ်ပါတယ်။
၁) ထို့အတွက် လိုအပ်သော ပုံကိုဖွင့်ပါတယ်။ အခုနမူနာပုံမှာ Blend လုပ်မယ့် Image လေးခုပါပြီး တစ်ခုနဲ့တစ်ခု Overlap ဖြစ်နေပါတယ်။
၂) အောက်ဆုံး Layer ရဲ့အပေါ်မှာရှိတဲ့ Layer 2 ကို Layer Mask တစ်ခု ပေါင်းပါမယ်။
၃) ပြီးရင် Linear Gradient Fill ဖြင့် ထို Layer 2 ရှိ ပုံ၏အစပိုင်းနေရာလောက်မှစ၍ ဘယ်ဘက်မှ ညာဘက်သို့ဆွဲပါ။ (Gradient အရောင်ကတော့ အဖြူနဲ့ အနက်ပဲဖြစ်ပါတယ်၊ Layer Mask များအကြောင်း သင်ခန်းစာမှာအသေးစိတ် ဖော်ပြထားပါတယ်)
ဒါဆိုရင် Layer 1 နဲ့ 2 ကြားမှာ သိမ်သိမ်မွေ့မွေ့လေး ကူးသွားတာကို ပုံအတိုင်း တွေ့ရမှာဖြစ်ပါတယ်။
Layer တွေရဲ့ overlap ဖြစ်တဲ့အနေအထားကို လိုက်ပြီး အနည်းငယ် ချိန်ဆရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရဖို့က Gradient Fill လုပ်တဲ့အခါမှာ သက်ဆိုင်ရာ Layer ရဲ့ Layer Mask ကို Select လုပ်ထားဖို့ပဲဖြစ်ပါတယ်။
ဒီအတိုင်း ကျန်တဲ့ Layer 3 နဲ့ 4 ကို Layer Mask နဲ့ blend လုပ်သွားမယ်ဆိုရင်တော့ အောက်က ပုံအတိုင်း တွေ့ရမှာပါ။
Layer Mask အသုံးပြုသွားတာကိုတော့ Layer palette မှာ အောက်ပါအတိုင်းတွေ့ရပါမယ်။
အောက်မှာနမူနာပြထားတဲ့ ပုံနဲ့ website banner တစ်ခုက ဒီ Layer Mask Blending နည်းကို အသုံးပြုထားတာပါ။ အဲဒီလိုဖန်တီးတဲ့နေရာမှာ Gradient Fill ကို Linear အပြင် တခြား Radial, Angle Gradient စတာတွေနဲ့လည်း ပေါင်းစပ်ဖန်တီးလို့ရပါတယ်။

The art of Pattern (PART 3)

Photoshop မှာ Default ထည့်ပေးထားတဲ့ Pattern တွေကတော့ Continuous ဖြစ်အောင် ဖန်တီးပေးထားပြီးဖြစ်ပါတယ်။ Continuous pattern ဆိုတာကတော့ Indefinitely Fill လုပ်နိုင်ပြီး တစ်ခုနဲ့တစ်ခုကြားထဲမှာ ဆက်ရာရှာမရတဲ့ Pattern တွေကို ဆိုလိုတာပါ။
ဒီတစ်ခေါက် Tutorial ကတော့ အဲလို Continuous pattern များကို ဖန်တီးခြင်းဖြစ်ပါတယ်။ ဒီလိုဖန်တီးထားတဲ့ Pattern တွေကို Jpeg အနေနဲ့ Save လုပ်ပြီး အခြားသော AutoCAD, 3D Studio Max အစရှိတဲ့ Software တွေမှာ Plug-in အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။
၁) ပထမဦးဆုံး New File (110 pix - 80 pix) တစ်ခု ဖွင့်ပါ။ ပုံမှန်အားဖြင့် Square pattern များကို ဖန်တီးကြပါသည်။ ဒီ Tutorial မှာတော့ ပိုရှင်းသွားအောင် Rectangular Pattern လုပ်ပြခြင်းဖြစ်ပါသည်။
ပြီးရင် (Filter > Render > Fiber) ဖြင့် အလွယ်ဆုံး Pattern တစ်ခုကို Fill လုပ်လိုက်ပါ။ Pattern နဲ့ ပိုတူသွားအောင် အဲဒီအပေါ်မှာ ခပ်ရှုပ်ရှုပ် Line တွေကို Brush Tool ဖြင့် ဆွဲလိုက်ပါတယ်။
အဲဒီ ပုံကို Continuous Pattern အဖြစ် ပြောင်းပါမယ်။

၂) Filter > Other > Offset သို့ဝင်ပါ။ Offset တန်ဖိုးများအဖြစ် Horizontal = 55 pix နဲ့ Vertical = 40 pix အသီသီးထားပါမယ်။ မူလပုံတစ်ခုလုံး Pixel တန်ဖိုးများရဲ့ တစ်ဝက်ဆီဖြစ်ပါတယ်။ ဒါဆိုရင် အောက်ကအတိုင်းတွေ့ရမှာပါ။
၃) Clone Stamp Tool ကို အသုံးပြုပြီး အလယ်မှ ဆက်ရာကဲ့သို့ဖြစ်နေသော နေရာများကို ဖာထေးပါ။ Brush ကတော့ Soft rounded brush ပဲဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက ပုံရဲ့အနားစွန်းများကို မထိမိစေရန်ဂရုစိုက်ပါ။
ပြီးလျှင်တော့ ပုံအတိုင်းတွေ့ရပါမည်။
၎) ဒီပုံကို (Edit > Define Pattern) ဖြင့် Save လုပ်ပြီး Paint Bucket Tool, Pattern ဖြင့် Fill လုပ်ပြီး အသုံးပြုနိုင်ပါပြီ။
အခုနမူနာလုပ်ပြထားတဲ့ Pattern က နားလည်လွယ်အောင် အဖြူအမည်းနဲ့ လုပ်ပြထားခြင်းဖြစ်ပါတယ်။ ပြီးတော့ အဆင့် (၃) Clone Stamp လုပ်တဲ့နေရာမှာ ပုံရဲ့ အနားစွန်းတွေကို ထိခိုက်မိတဲ့အတွက် Continuous pattern စစ်စစ်မဖြစ်သေးပါဘူး။ Fill လုပ်တဲ့ ကြားထဲမှာ ဆက်ရာတွေ ပေါ်နေသေးတာကို တွေ့နိုင်ပါတယ်။ အဲသလိုဆိုရင် အဆင့် (၂) ဖြစ်တဲ့ Offset Filter ကို တစ်ခေါက်ပြန်ဝင်ပြီး Clone Stamp ကို ပြန်လုပ်ရပါလိမ့်မယ်။ အကယ်၍ Clone အလုပ်များသွားပြန်ရင်လည်း ပုံက ၀ါးသွားတတ်ပါတယ်။ ဒါကိုတော့ လိုအပ်သလို ချိန်ဆရမှာဖြစ်ပါတယ်နော်…။

တကယ်တမ်းပြောရရင် ဒီနည်းကို အသုံးပြုခြင်းဖြင့် မိမိကိုယ်တိုင် ဓာတ်ပုံရိုက်ထားတဲ့ (ဒါမှမဟုတ်) Photo Blog တွေမှာ အလွယ်တကူရနိုင်တဲ့ Sand, Granite, Gravel, Fiber အစရှိသော Pattern များကို Continuous pattern များအဖြစ် အလွယ်တကူပြုလုပ်နိုင်ပါတယ်။
အခြားသော Brick, Tile, Grill အစရှိတာတွေကို Continuous ပြုလုပ်တာကတော့ ဒီ Tutorial အတိုင်းဖြစ်ပေမယ့် အနည်းငယ်ပို လက်ဝင်ပြီး စိတ်ရှည်ရပါတယ်။ နောင် Tutorial တွေမှာ အလျဉ်းသင့်ရင် ပြောပြပေးသွားပါမယ်။

The art of Pattern (PART 2)

ကိုယ်ပိုင် Pattern File တစ်ခုကိုပြုလုပ်မယ်ဆိုရင် ဦးစွာသတိပြုရမှာက အသုံးပြုမယ့် Document အရွယ်အစားပါ၊ အဲဒီ Document ထဲမှာ မိမိပြုလုပ်မယ့် Pattern ကိုဘယ်လိုအရွယ်အစား မျိုးနဲ့ပေါ်ချင်သလဲဆိုတာ တွက်ချက်ရပါမယ်။ ဥပမာ Document က ၆ လက်မပတ်လည် ကို Resolution က ၁၀၀ နဲ့ဆိုပါစို့၊ (Pixel Dimension = ၆၀၀ by ၆၀၀) အဲဒီ Document တစ်ခုလုံးကို ကျားကွက်ပုံ တွေကိုနေရာအနံ့ Fill ချင်တယ်ဆိုပါတော့။ အကွက်ပေါင်းကို အလျား ရော အနံပါ ၁၂ ကွက်လိုချင်ရင် 600 / 12 = 50 Pixel ရမှာပါ။
New Document တစ်ခုကို ၁ လက်မပတ်လည်နဲ့ Resolution ကို 100 နဲ့ ယူပါ။ ဒါဆိုရင် Pixel Dimension အရဆိုရင် 100 by 100 pixel ရှိပါတယ်။ ကျားကွက်ကိုအဖြူနဲ့အနက်ရောင်ကွက်တွေ ပြုလုပ်ပါမယ်၊ အကွက်တစ်ကွက်ကို 50 pixel ယူလိုက်ရအောင်။ Ruler Bar ကိုခေါ်ထားပါဦး (Ctrl + R)။ ပြီးရင် View>New Guide menu ကိုရွေးပါ၊ New Guide option မှာ Orientation ကို Vertical ထားပြီး Position ကို 0.5 in ထားပြီး OK နှိပ်ပါ။
တစ်ခါ Orientation ကို Horizontal နဲ့ Position ကို 0.5 in နဲ့ပဲနောက်ထပ် Guide တစ်ခုပြုလုပ်ပါဦး။ အခုဆိုရင် Document မှာ Guide လိုင်းနှစ်ခုရှိနေပါပြီ။ အဲဒီ Guide နှစ်ခုကို အသုံးပြုပြီး Rectangular Marquee tool နဲ့ လေးထောင့် Selection နှစ်ခုကိုပုံပါအတိုင်း ဖန်တီးပြီး အနက်ရောင် Fill လုပ်လိုက်ပါ။ ပုံကိုကြည့်ပါ။ အဖြူနှစ်ကွက် အနက်ရောင်နှစ်ကွက် ရှိနေပါတယ်။ တစ်ကွက်စီဆိုရင် ၅၀ Pixel ရှိပါတယ်၊ သတိပြုပါ။
အဲဒီနောက် Deselect လုပ်ပါ။ ပြီးမှ Document တစ်ခုလုံးကို Select (Ctrl + A) လုပ်ပါ၊ Edit>Define Pattern menu ကိုရွေးပါ။ Define Dialog box မှာ Preview လေးတစ်ခုပါမြင်နေရမှာပါ။ Name နေရာမှာ chess လို့ရိုက်လိုက်ပါ။ ပြီးရင် OK နှိပ်ပါ။ ပုံကိုကြည့်ပါ။
အခုဆိုရင် chess ဆိုတဲ့ Pattern တစ်ခုကို သင်ဖန်တီးပြီးသွားပါပြီ။ အသုံးပြုကြည့်ရအောင်၊ New Document ကိုအထက်မှာပြောခဲ့တဲ့အတိုင်း ၆ လက်မပတ်လည်ကို Resolution 100 နဲ့ Create လုပ်ပါ။ ပြီးရင် Edit>Fill မှာ Pattern type ကိုရွေးပါ၊ Pattern Picker ရဲ့ နောက်ဆုံးမှာ သင် Create လုပ်ထားတဲ့ Pattern လေးကိုမြင်ရမှာပါ။
အဲဒီ Pattern ပေါ်ကို Mouse တင်လိုက်တာနဲ့ chess ဆိုတဲ့ Pattern name နဲ့အတူ 100 by 100 pixels, RGB mode ဆိုတဲ့စာသားလေးကို မြင်ရမှာပါ။ အဲဒါတွေကတော့ သင်Create လုပ်ထားတဲ့ အရွယ်အစားနဲ့ Color mode ကိုပြောပြတာပါ။ အဲဒီ Pattern ကို Click လုပ်ပါ၊ ပြီးရင် OK ကို Click လုပ်ပြီးတာနဲ့ Document တစ်ခုလုံးမှာ ကျားကွက် အလျားရောအနံပါ ၁၂ ကွက်စီရှိနေတာတွေ့ရမှာပါ။ (600 / 50 = 12)
အကယ်၍များ သင် New Document တစ်ခုကိ ၆ လက်မ ပတ်လည် Resolution ကိုတော့ ၂၀၀ ယူလိုက်တယ်ဆိုပါတော့။ အဲဒီ Document ထဲမှာ chess pattern လေးကိုပဲ Fill လုပ်ကြည့်ရင် ကျားကွက်လေးပေါင်း ၂၄ ကွက်ဖြစ်လာမှာပါ။ (1200 / 50 = 24)
အကယ်၍ Fill မည့် Document က ၆လက်မပတ်လည်ကိုပဲ ၅၀ Pixel Resolution နဲ့ဆိုရင် chess ကွက်တွေဟာ ၆ ကွက်ထဲပေါ်လာမှာပါ။
အခုနောက်ထပ် Pattern တစ်ခုကိုထပ်လုပ်ကြည့်ရအောင်။ New Document တစ်ခုကိုအရင်အတိုင်းပဲ ၁ လက်မပတ်လည်နဲ့ Resolution ကို 100 နဲ့ပဲယူပါ။ ပြီးရင်အရင်အတိုင်းပဲ Guide လိုင်းနှစ်ခုကို အလျားလိုက်ရော ထောင်လိုက်ပါပြုလုပ်ပါ။ ပုံပါအတိုင်းအောက်ဘက် နှစ်ကွက်ကို အနီရောင် Fill လိုက်ပါ။
အဲဒီနောက် Edit>Stroke ကို Color မှာအဖြူရောင် Location မှာInside နဲ့ Width ကတော့ 3 pixel နဲ့လုပ်ပါမယ်။ ပုံကိုအခုလိုမြင်ရပါပြီ။
ပြီးနောက် ဘယ်ဘက်အစွန်အပေါ်ကအကွက်ကိုအနီရောင် Fill လိုက်ပါမယ်။ ပြီးရင် Edit>Stroke ကို Color မှာအဖြူရောင် Location မှာInside နဲ့ Width ကတော့ 3 pixel နဲ့လုပ်ပါမယ်။
အဲဒီနောက်မှာတော့ Deselect လုပ်ပါမယ်။ Magic Wand ကိုရွေးပြီး နောက်ဆုံးလုပ်ခဲ့တဲ့ အပေါ်ကလေးထောင့်ကွက်ကို Select လုပ်ပါ။ ပြီးရင် ထို Selection ကိုဘယ်ဘက်သို့ Left Arrow Key ကိုနှိပ်ခြင်းဖြင့်ရွေပါ။ ပြီးရင်အနီရောင်ပြန် Fill ပါမယ်။ ပုံကိုကြည့်ပါ။
ညာဘက်ကအကွက်ကိုလဲ ဒီအတိုင်းပဲပြုလုပ်လိုက်ရင် ဒီလိုပုံရလာမှာပါ။ Magic Wand နဲ့ Select လုပ်ပြီးရင်တော့ Selection ကိုရွေတဲ့အခါမှာ  ညာဘက်ကို ရွေရမှာနော်။
Select All (Ctrl + A) လုပ်ပါ၊ ပြီးရင်တော့ Edit>Define Pattern ကို နှိပ်ပြီး Pattern တစ်ခုလုပ်လိုက်ရုံပါပဲ။ Pattern Name ကိုတော့ brick လို့ပေးထားပါဦး။ ဒါဆိုရင် သင် Pattern နှစ်ခုပြီးလုပ်ပြီးပါပြီ၊ New Document တစ်ခုယူပြီး ဒီ Pattern ကို Fill လုပ်ကြည့်ရင် အုတ်ကွက်ပုံလေး တွေ တွေ့ရမှာပါ၊ စမ်းကြည့်ပါ။
နောက်တစ်ဆင့်က အဲဒီ Pattern နှစ်ခုကို File တစ်ခုအနေနဲ့ Save ထားဖို့ပါပဲ၊ အဲဒီအတွက်တော့ Edit>Preset Manager ကိုသွားပါ။
Preset type မှာ Patterns ကိုရွေးပါ၊ Pattern Picker ရဲ့နောက်ဆုံးမှာသင်ပြုလုပ်ခဲ့တဲ့ Pattern နှစ်ခုရှိနေပါတယ်။ chess ကို Click လုပ်ပါ၊ ပြီးရင်တော့ brick ကို Shift Key ပါတွဲနှိပ်ပြီး Click လုပ်ပါ ( Selection ထဲပေါင်းထည့် တဲ့သဘောပါ)။ Pattern နှစ်ခုစလုံး Select ဖြစ်နေ တော့မှ Save Set ဆိုတဲ့ Button ကို Click လုပ်ပါ။ File Save ဖို့နာမည် တောင်းတဲ့အခါ မိမိကြိုက်နှစ်သက်ရာပေးလိုက်ပါ၊ အခုတော့ mmphotoshop ဆိုတဲ့ နံမည်ကိုပေးလိုက်ပါတယ်။ ပြီးရင် Preset Manager ကိုပိတ်လိုက်ပါ။ သင့်ကိုယ်ပိုင် Pattern file တစ်ခုတည်ဆောက် ပြီးသွားပါပြီ။ သင်ပြုလုပ်ထားသော Pattern ကို Pattern Fly Out menu မှ Load Pattern menu ဖြစ်စေ Replace Pattern menu ဖြင့်ဖြစ်စေ ခေါ်ယူအသုံးပြုနိုင်ပါတယ်။ Pattern file List အဖြစ် Fly Out menu တွင် ပေါ်စေလိုပါက PhotoShop ကို Reset လုပ်ပေးလိုက်ရုံပါပဲ။
ဒီနည်းအတိုင်းပဲ သင်လိုချင်သော Pattern File များကိုတည်ဆောက်ထားနိုင်ပါတယ်။ တစ်ခုပြောစရာရှိသေးတာက Edit>Define Pattern menu ဟာ Selection လုံးဝမရှိလဲပေါ်ပါတယ်၊ အဲဒီအခါမှာ Pattern area ဟာ Document တစ်ခုလုံးလို့ဆိုလိုတာပါ။ နောက်အခြေအနေတစ်ခု က Selection ဟာ လုံးဝလေးတောင့်ဖြစ်နေရပါမယ်။ အောက်မှာပြထားတဲ့ Selection တွေဟာဆိုရင် Define Pattern menu ကိုပေါ်လာစေမှာ မဟုတ်ပါဘူး။ သေသေချာချာသတိထားရမှာပါ။

The art of Pattern (PART 1)

Photoshop ဟာ အလုပ်လုပ်ရာမှာပိုမို အဆင်ပြေစေဖို့ Preset တွေကိုဖန်တီးခွင့် ပေးထားတဲ့အပြင် Ready made preset တွေကို လည်းထည့်သွင်းပေးထားပါတယ်။ Preset တွေထဲမှာ Pattern တွေအပြင် Gradients, Styles, brushes စသောတခြားအုပ်စုတွေ လဲပါဝင်ပါ တယ်။ အခုPhotoshop ရဲ့ Pattern တွေအကြောင်းလေ့လာ ကြည့်ရအောင်ပါ။ Pattern တွေဟာ အရောင်တွေချယ်သလိုပဲ အမြဲလိုလိုအသုံးပြု နေရပါတယ်။ ပထမဆုံးအနေနဲ့ အသုံးပြုပုံကို အရင်ကြည့်ရအောင်။
New document တစ်ခုကိုယူပါ၊ Rectangular Marquee ဖြင့် Selection တစ်ခုပြုလုပ်ပါ။ ပြီးရင် Edit>Fill (Shift + F5) နှိပ်ပါ၊ Fill dialog box ပေါ်လာတဲ့အခါမှာ Contents: Use နေရာမှာ Pattern ကိုရွေးပေးလိုက်ပါ။ အဲဒီနောက် Custom Pattern မှာ Pattern picker box ကိုခေါ်ရမှာပါ၊ အဲဒီကမှ Wood pattern ကိုရွေးလိုက်ပါ။ Opacity ကိုတော့ 100 % ပဲထားပါဦး။
OK ကိုနှိပ်လိုက်ပါ၊ Rectangular marquee selection ထဲမှာ သစ်သား Pattern လေး Fill လုပ်ထားတာကိုတွေ့ရမှာပါ။
အကယ်၍ Fill dialog box မှာပုံပါအတိုင်းမတွေ့ရရင်တော့၊ Pattern ကို Default pattern တွေရဖို့ Reset လုပ်ဖို့လိုအပ် ပါလိမ့်မယ်၊ (Default pattern တွေဟာ စက်တိုင်းမှာရှိပါတယ်) Pattern ကို reset လုပ်ဖို့အတွက်တော့ Pattern fly out menu ကိုရွေးရပါမယ်၊ ပုံမှာပြထားတဲ့အတိုင်း အနီရောင်အ၀ိုင်းလေးထဲက တြိဂံလေးကိုနှိပ်ပါ။
ရှေ့မဆက်ခင် အပေါ်ကပုံမှာပြထားတဲ့ Menu အချို့အကြောင်းပြောချင်ပါတယ်၊ အခုအသုံးပြုမယ့် Wood pattern ဟာ Photoshop ရဲ့ Default pattern ထဲမှာပါဝင်ပါတယ်။ ဒါကြောင့် Reset Patterns menu ကိုနှိပ်ရတာပါ။ Pattern file တစ်ခုမှာ pattern များစွာပါဝင်နိုင်ပါတယ်။ အခု Default pattern မှာတင် pattern ၁၂ ခုပါဝင်နေတာ သတိပြုမိမှာပါ။ ပုံရဲ့အောက်ကအနီလေးထောင့်ထဲမှာတော့ သင့်ရဲ့စက်ထဲမှာရှိတဲ့ Pattern file တွေကိုပြသထားတာပါ။ အဲဒီ file တွေတစ်ခုချင်းစီမှာလဲ pattern များစွာပါဝင်နိုင်ပါသေးတယ်။
ကဲ Reset pattern ကိုဆက်ရအောင်၊ အဲဒီ Menu ကိုနှိပ်လိုက်ရင် Photoshop ကသင့်ရဲ့ current pattern တွေကို Default pattern တွေနဲ့အစားထိုးမှာလား၊ နောက်မှာဆက်ပေါင်းထည့်သွားမှာလား မေးပါလိမ့်မယ်။
Ok ကိုနှိပ်ရင် လက်ရှိ pattern အစား default pattern တွေကိုအစားထိုးမှာဖြစ်ပြီး၊ Append ကိုနှိပ်ရင်တော့ ယခုလက်ရှိအသုံးပြုနေတဲ့ pattern တွေကိုမပျောက်ကွယ်စေပဲ သူတို့ရဲ့နောက်မှာ default pattern တွေကိုထပ်ပေါင်းထည့်ပေးသွားပါတယ်။
အကယ်၍ တခြားသော pattern file များကိုအသုံးပြုချင်ရင်တော့ Pattern fly out men ရဲ့ အောက်ဆုံး group ထဲမှာရှိတဲ့ menu တွေကို click လုပ်ရုံပါပဲ (ဥပမာ Grayscale Paper)။ ထို menu တစ်ခုချင်းစီဟာ သင့်စက်ထဲမှာရှိနေတဲ့ pattern file တစ်ခုကို ကိုယ်စားပြုပါတယ်။ အဲဒီလို click လုပ်လိုက်ရင်တော့ Replace လား Append လားမေးဦးမှာပါ။
အခုတစ်ခါ Wood Pattern ကို Fill လုပ်ထားတဲ့ New Document ကို Basic Concept အပိုင်းမှ အလင်းအမှောင်ကိုသုံး၍ထုများဖန်တီးခြင်း သင်ခန်းစာမှာဖော်ပြထားတဲ့အတိုင်းပြုလုပ်ရင် အခုလို သစ်သားတုံးလေးတစ်ခုကိုရလာမှာပါ။
ဘယ် Pattern File တွေမှာ ဘယ်လို Pattern တွေပါဝင်တယ်ဆိုတာတော့ မိမိဘာသာ စမ်းကြည့်ပါဦး။ မိမိ ကိုယ်ပိုင် Pattern File ပြုလုပ်ပုံ ကိုလည်း PART 2 မှာဆက်လက်ရေးသား ပေးပါဦးမည်။ အသုံးပြုပုံတချို့ကိုတော့ Applied Section မှာဆက်လက်ဖော်ပြပေးပါ့မယ်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ