Welcome to my blog :)

rss
Showing posts with label ဖုန်းနှင့်သက်ဆိုင်သော. Show all posts
Showing posts with label ဖုန်းနှင့်သက်ဆိုင်သော. Show all posts

Tuesday, February 14, 2012

Steve Job ရဲ့ အကြောင်းကိုရေးထားတဲ့ Steve Jobs By Walter isaacson စာအုပ်

Steve Job ရဲ့အတ္တုပတ္တိ အကြောင်းကိုရေးထားတဲ့ Steve Jobs By Walter isaacson စာအုပ်ကို Amazon.com မှာ ၁၇.၈၈ ဒေါ်လာနဲ့ရောင်းနေတာတွေ့ရပါတယ်။ ကျွန်တော်ကတော့ အခု Myanmar Mobile App Store မှာ Freedownload တင်ပေးလိုက်ပါတယ်။
ဘယ်လိုလဲ ကြိုက်ကြတယ်မလား။ ၁၇ ဒေါ်လာတန် စာအုပ်ကိုအလကား ဒေါင်းလို့ရအောင်ပြန်တင်ပေးလိုက်ပါတယ်။ အောက်မှာရယူနိုင်ပါတယ်။
Steve Jobs By Walter isaacson စာအုပ်အားရယူရန်
.epub အမျိုးအစားဖိုင်လေးကိုလည်း တစ်ခါတည်းတင်ပေးလိုက်ပါတယ်။
Steve Jobs By Walter isaacson စာအုပ်(.epub)အားရယူရန်

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

Nokia ဖုန်းရဲ့ Secret Code များ

Nokia ဖုန်းမှာလည်း သာမန် user တွေမသိနိုင်တဲ့ Secret Code တွေရှိပါတယ်။ အောက်ကပေးထားတဲ့ code တွေကို ရိုက်ကြည့်ချင်ရင်တော့
ဖုန်းခေါ်တဲ့နေရာကိုဝင်ပြီး အောက်က ဂဏန်းတွေနဲ့ ရိုက်ကြည့်ပါ။
View IMEI
Dial using the keypad: * # 06 # – IMEI number is displayed on the display.

SimClock
Allows you to check whether your SIM-card mode StopClock. When transferring the card to this mode significantly reduces power consumption and thus increases the work of the battery. Generally, all modern SIM-cards support this mode.
*#7780# reset to factory settings.
*#67705646# This will clear the LCD display (operator logo).
*#0000# To view software version.
*#2820# Blue tooth device address.
*#746025625# Sim clock allowed status.
*#62209526# – Display the MAC address of the WLAN adapter. This is available only in the newer devices that support WLAN
#pw+1234567890+1# Shows if sim have restrictions.
*#92702689# – takes you to a secret menu where you may find some of the information below:
1. Displays Serial Number.
2. Displays the Month and Year of Manufacture
3. Displays (if there) the date where the phone was purchased (MMYY)
4. Displays the date of the last repair – if found (0000)
5. Shows life timer of phone (time passes since last start)
*#3370# – Enhanced Full Rate Codec (EFR) activation. Increase signal strength, better signal reception. It also help if u want to use GPRS and the service is not responding or too slow. Phone battery will drain faster though.
*#3370* – (EFR) deactivation. Phone will automatically restart. Increase battery life by 30% because phone receives less signal from network.
*#4720# – Half Rate Code activation.
*#4720* – Half Rate Code deactivation. The phone will automatically restart
If you forgot wallet code for Nokia S60 phone, use this code reset: *#7370925538#
Note, your data in the wallet will be erased. Phone will ask you the lock code. Default lock code is: 12345
Press *#3925538# to delete the contents and code of wallet.
Unlock service provider: Insert sim, turn phone on and press vol up(arrow keys) for 3 seconds, should say pin code. Press C,then press * message should flash, press * again and 04*pin*pin*pin#
*#7328748263373738# resets security code.
Default security code is 12345
SIM Clock
Stop allowed
Warranty Codes
* # 92702689 # [* # war0anty #]

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

iPhone, iPad, iPod Touch တို့ တွင် iTunes မလိုဘဲ Music သွင်းနည်း

လိုချင်တဲ့ Application တောင်းဆိုရန် ထဲမှာ အစ်ကို zanapote တောင်းထားတာတွေ့ လို့  တင်ပေးလိုက်ပါတယ်။
iTunes နဲ့ Music တွေ Sync လုပ်ရတာ စိတ်ပျက်နေသူတွေ အတွက် Pwn Tunes ဆိုတာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Pwn Tunes ကိုသုံးဖို့ အတွက် သင့်ရဲ့  iDevice ဟာ Jailbreak လုပ်ထားရပါမယ်။ Pwn Tunes က Cyida App လေးတစ်ခုပါ။ Cyida ထဲမှာ Pwn Tunes လို့ ရှာပြီး ဒေါင်းလို့ ရပါတယ်။ Cydia ကနေ ဒေါင်းလို့ အဆင်မပြေတဲ့သူတွေကနေ mediafire မှာ .deb file တင်ပေးလိုက်ပါတယ်။ .deb file ကို iDevice ထဲမှာ ဘယ်လို install လုပ်ရမလဲ ဆိုတာ အရင်ပြောပြပါမယ်။ တစ်ခြားနည်းလမ်းတွေလဲ အများကြီးရှိပါသေးတယ်။ ဒီမှာတော့ iPhone Explorer နဲ့ ပဲ လုပ်ပြထားတယ်။ :)
iPhone Explorer နဲ့  Deb file ကို အောက်က Link မှာ ဒေါင်းလိုက်ပါ။
iPhone Explorer ကိုဖွင့်ပြီး Zin Ko Oo/Root Directory/var/root/Media/Cydia/AutoInstall အဲဒီလမ်းကြောင်းအတိုင်းသွားလိုက်ပါ။

Zin Ko Oo နေရာမှာတော့ ကိုယ့် iDevice Name ပေါ့.. :P
အဲဒီလမ်းကြောင်းထဲကနေ AutoInstall Folder ထဲကို ကျွန်တော်ပေးထားတဲ့ PwnTunes.deb file လေး ဆွဲထည့်လိုက်ပါ။ ပြီးရင် iDevice ကို reboot လုပ်လိုက်ပါ။ reboot လုပ်ပြီးရင်တော့ PwnTunes ကို install လုပ်ပြီးသွားပါပြီ။
ပြီးရင် မိမိ iDevice ထဲတွင် Settings >> PwnTunes >> Generate Playlists နဲ့  Needs Sync ကို On ထားလိုက်ပါ။





















အပေါ်က အဆင့်ပြီးရင် iPhone Explorer ကိုဖွင့်လိုက်ပါ။
Zin Ko Oo/Root Directory/var/mobile/Media/My Music အဲဒီ လမ်းကြောင်းအတိုင်းသွားလိုက်ပါ။ My Music Folder ထဲကို ထည့်ချင်တဲ့ သီချင်းတွေ ဆွဲထည့်လိုက်ရုံပါပဲ။
အပေါ်ကအဆင့်ပြီးသွားရင်တော့ သင့်ရဲ့  iDevice ထဲကို သီချင်းတွေရောက်သွားပါပြီ။ ဒီနည်းအတိုင်း Music တွေ လွယ်လွယ်ကူကူ iTunes မလိုဘဲ သွင်းနိင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ…. :)

NASA ကလဲ အာကာသတွင်း Android OS သုံး စမတ်ဖုန်းအသုံးပြု


Google ရဲ့တရားဝင် ဘလောခ့်ကနေ စက်တင်ဘာလ ၁ရက်နေ့ထုတ်ပြန်ချက်များအရ Android OS သုံး Nexus phone နှစ်မျိုးကို အာကသတွင်သို့နောက်ဆုံးလွှတ်တင်မယ့် အာကာသလွန်းပျံယဉ် ST-135 အတွက် နိုင်ငံတကာ အာကာသ အခြေစိုက်စခန်း (ISS) ကို တင်သွင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ရိုဘော့တွေဟာ အာကာသတွင်း ဘယ်လိုဘယ်ပုံ နေထိုင်လဲဆိုတာကို လေ့လာပြီး လူသားတွေကို ပိုမိုအထောက်အကူပြုနိုင်ဖို့ စူးစမ်းချင်တာကြောင့် သုတေသနသမားတွေက SPHERES ထဲကို phone service ကိုပါထည့်သွင်းဖို့ ရည်ရွယ်ခဲ့တာပါ။ ဒီလှုံဆော်မှုက Star Wars ရုပ်ရှင်ထဲက ပရော်ဖက်ဆာက သူ့တပည့်တွေကို ဘော်လီဘောလုံး အရွယ်သာသာရှိတဲ့ free flying satellites ကိုတီထွင်ခိုင်းတဲ့ ပြကွက်အတိုင်းပါဘဲ။ အဲ့ဒီ SPHERES ဆိုတဲ့ satellites ကရိယာမှာ Synchronized, Position Hold, Engage, Reorient, Experimental Satellites ဆိုတဲ့ အရည်အသွေးအားလုံးပါအောင် ဖော်ဆောင်ထားပါတယ်။ အသိဥာဏ်ရှိ ရိုဘော့ တွေထုတ်လုပ်တဲ့ အုပ်စုရဲ့ အဖွဲ့ဒါရိုက်တာ တယ်ရီ ဖောမ်း (Terry Fong) ဦးဆောင်တဲ့ အဖွဲ့တစ်စုက အာကာသတွင်းမှာ လူသားတွေကို အထောက်အကူပြုနိုင်ဖို့ ရိုဘော့တွေထဲမှာ အနားစွန်းတွေတည်းဖြတ်တဲ့ နည်းပညာ (cutting-edge technologies) ကိုထည့်သွင်းနိုင်ဖို့ လေ့လာနေခဲ့ကြတာပါ။ ဒီလိုရည်ရွယ်ချက်တွေနဲ့ဘဲ Terry Fong ဦးဆောင်တဲ့အဖွဲ့ဟာ Android OS သုံး Nexus ဟမ်းဆက်တွေကို SPHERES သုံးခုမှာတပ်ဆင်ခဲ့ပါတယ်။ ဒါကြောင့် SPHERE satellite တိုင်းမှာ power အတွက်လုပ်ဆောင်ချက်တွေ၊ တွန်းအားနဲ့ပတ်သက်တာတွေ(propulsion)၊ တွက်ချက်ခြင်းဆိုင်ရာ (computing) နဲ့ ထောက်လှန်းခြင်းဆိုင်ရာ (navigation) စွမ်းဆောင်ရည်တွေပါ ပါဝင်လာခဲ့ပါတယ်။ အဲ့ဒီ အဖွဲ့ကိုဦးဆောင်တဲ့ အင်ဂျင်နီယာ ၀ီလာ (Wheeler) ရဲ့ပြောပြချက်အရတော့ “ SPHERES ကို စမတ်ဖုန်းတွေနဲ့တွဲဆက်ပေးလိုက်တဲ့အတွက် ပိုပြီး SPHERES တွေဟာ အသိဥာဏ်ရှိ(intelligent)လာပါတယ်။ camera နဲ့ ပုံတွေ၊ဗီဒီယိုဖိုင်တွေရိုက်နိုင်တယ်၊ sensors တွေကိုသုံးပြီး ဓါတ်ကူးနိုင်တဲ့အရာတွေကို ထောက်လှန်းနိုင်တယ်၊ စွမ်းဆောင်ရည်မြင့်တွက်ချက်တဲ့အပိုင်းတွေကိုလုပ်လာနိုင်တဲ့အပြင် ဖုန်းထဲမှာပါတဲ့ Wi-Fi connection ကနေတဆင့် အာကာသ အခြေစိုက်စခန်းနဲ့ data တွေကို ချက်ခြင်း အချိန်နဲ့တပြေညီ အကူးအပြောင်းလုပ်လာနိုင်တယ်” လို့ဆိုပါတယ်။ ဒါကြောင့်မို့ ဒီလို Open Source ထုတ်ကုန်များဟာ လူသားတွေရဲ့ပတ်ဝန်းကျင်ကို လွယ်ကူချောမွေ့စေရုံသာမက အာကာသနဲ့ ဂြိုလ်ထုစခန်းတွေအတွက်ပါ အထောက်အကူပြု ဖြစ်နိုင်ကြောင်း တွေ့လာရပါတယ်။
Ref: www.InfoQ.com

ပို့စ်ရေးသားသူအမည်: အဲမွန်

Galaxy Nexus User Guide (e-book)


Galaxy Nexus အသုံးပြုပုံ ကို  စိတ်ဝင်စားသူ ၊စာဖတ်သူ မြန်မာမိုဘိုင်း ပရိသတ်များ အတွက်  ပြန်လည်ဝေမျှလိုက်ပါတယ်.. စာမျက်နှာ ၁၀၈ မျက်နှာထိပါဝင်တဲ့ဒီစာအုပ်ဟာ Galaxy Nexus ကို မည်သို့မည်ပုံ အသုံးပြုရမယ်ဆိုတာကို အင်္ဂလိပ်လို ထဲထဲဝင်ဝင် ဖော်ပြထား ပါတယ်. ကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်..
Download ရယူရန်

ပို့စ်ရေးသားသူအမည်: shweminnthar

Download FREE Huawei USB Internet Modem Unlocker


အခုဆိုရင် 3G စနစ်သုံး mobile broadband internet ကို Phone , Usb modem တွေနဲ့ နိုင်ငံတော်တော်များမှားမှာ သုံးစွဲနေကြပါပြီ။
3G internet modem ဖွင့်ပြီး ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘယ်နေရာသွားသွား လက်တော့တစ်လုံးနဲ့ အင်တာနက်ကိုတွဲဖတ်ပြီးသုံးစွဲနေကြပါတယ်။
မိမိနိုင်ငံနဲ့သက်ဆိုင်တဲ့ 3G စနစ်သုံးစွဲတဲ့အခါ internet service provider ကချပေးတဲ့ usb internet modem နဲ့တွဲဖတ်ပြီးသုံးဆွဲရပါတယ်။
တခါတလေ အခြား usb internet modem နဲ့တွဲဖတ်သုံးချင်တဲ့ခါ မိမိနိုင်ငံရဲ့ internet service provider ကချပေးတဲ့
usb internet modem မဟုတ်တဲ့ အတွက် Unlock Code တောင်းပါတယ်။
Unlock Code တောင်းတဲ့တွက် အခြား usb internet modem နဲ့တွဲဖတ်ပြီး အသုံးပြုလို့မရပါဘူး။
unlock Code ပြန်ဖြည်မှ မိမိနိုင်ငံရဲ့ 3G စနစ်သုံး mobile broadband internet ကို မိမိသုံးချင်တဲ့ usb internet modem နဲ့သုံးစွဲလို့ရမှာပါ။
internet service provider နဲ့ Mobile ဖုန်းဆိုင်တွေမှာ သွားပြီး Unlock လုပ်ရင် ပိုက်ဆံကုန်ပါတယ်။
အခုပြောမဲ့နည်းလမ်းလေးက မြန်မြန်ဆန်ဆန်နဲ့ ပိုက်ဆံအကုန်အကျလဲသက်သာအောင် Huawei USB Modem အမျိုးစားတော်တော်များများကို
Universal Master Code ဆိုတဲ့ဆော့ဝဲလေးနဲ့ Unlock ပြန်ဖြည်နိုင်မဲ့နည်းလမ်းလေးပါ :)
အောက်မှာဖော်ပြထားတဲ့ HUAWEI 3G USB MODEMS အမျိုးအစားတွေထဲမှ မိမိအသုံးပြုချင်တဲ့မော်ဒယ် အမျိုးအစားမပါဘူးဆိုရင် unlock အတွက်အဆင်မပြေနိုင်ပါဘူး။
အဲလိုမှ ပြောမထားရင် comment ထဲမှာ လာပြီး အော်နေမှာဆိုးလို့ပါ :P
Universal Master Code ဆိုတဲ့ဆော့ဝဲလေးနဲ့ Unlock လုပ်ဖို့ အဆင်ပြေဆုံး 3G USB MODEMS တွေကတော့
E156 E155, E1550 E1552, E156G E160, E160G E161 E166, E169 E169G, E170, E172, E176 E1762 E180 E182E E196 E226
E270, E800,E870 E880 EG162 E880 EG162 EG162G EG602 EG602G E271 E272 E510 E612 E618 E630 E620 E630+ E660
E660a
Huawei USB Internet Modem Unlocker ဖြည်နည်း
1. Universal Master Code Software ကိုဒေါင်းလုပ်ဆွဲပါ Unlcok ဖြည်ဖို့တွက်
(အောက်မှာဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
2. ဒေါင်းလုပ်ဆွဲထားသော Universal Master Code Software ကိုဖွင့်ပါ
3. Unlock လုပ်ချင်တဲ့ Huawei modem ရဲ့ ဂဏန်း ၁၅ လုံးပါတဲ့ IMEI နံပါတ်ကို မှတ်ထားပေးပါ
4. Universal Master Code Software တွင် မိမိ unlock လုပ်ချင်သော device အမျိုးအစားကိုရွေး
ပြီးလျှင် မှတ်ထားသေား ဂဏန်း ၁၅ လုံးပါတဲ့ IMEI နံပါတ်ကို IMEI box တွင်ထည့်ပေးပါ
5. Calculate button ကိုနှိပ်ပြီး ခဏစောင့်ပေးပါ
6. Unlock code ဆိုပြီး ဂဏန်း ၈ လုံးပေါ်လာလျှင် မိမိ Huawei modem တွက် Unlock code ရရှိလို့သွားပါပြီ။
mobile broadband internet Unlock ပုံ

mobile broadband IMEI ကြည့်နည်း

mobile broadband internet Unlock လုပ်ပုံ-၁

mobile broadband internet Unlock လုပ်ပုံ-၂

mobile broadband internet Unlock ဖြည်ရပုံ-၃


Huawei USB Internet Modem Unlocker အားရယူရန်

လိုအပ်တဲ့အခါ အသုံးဝင်ဖို့ ဒီပို့စ်လေး တင်ပေးလိုက်တာပါ
အားလုံးကြိုက်နှစ်သက်ပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်….

Facebook မှာ Like ပေးခြင်းဖြင့်ကူညီပါ

ပို့စ်ရေးသားသူအမည်: အီးတီ

HTC Desire HD သုံးစွဲတဲ့သူများအတွက် “Android Revolution HD” Latest Custom Rom

Android 2.3.5 (Gingerbread) နဲ့ HTC Sense 3.0 ကိုအပြည့်အ၀အထောက်အပံ့ပေးနိုင်တဲ့အပြင် battery ရဲ့စွမ်းအင်ချွေတာပေးနိုင်မှုမှာလည်း နှစ်သက်ဖွယ်ဖြစ်ပါတယ်။ CPU speed ကိုလည်းလိုအပ်သလိုတင်ချလုပ်နိုင်မယ့် Custom setting တွေကိုလည်း ပံ့ပိုးပေးနိုင်လို့ Cyanogan Mod (CM7) လိုဘဲ ဒီ Rom ဟာလည်းနှစ်သက်တဲ့ user တွေအများဆုံးရရှိထားပါတယ်။ ဒီ Rom ကိုသုံးစွဲချင်တယ်ဆိုရင်တော့ မိမိရဲ့ android device ကိုအရင်ဆုံး root permission ရရှိထားဖို့
တော့လိုအပ်မှာပါ။ ခုလရဲ့ ပထမဆုံးသော ရက်သတ္တ တပါတ်မှာအစောဆုံးထွက်ရှိခဲ့တဲ့ Android Revolution HD 6.2.0 ရဲ့ အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံသိရှိနိုင်ဖို့ အတွက်အောက်မှာ detail lists နဲ့ဖော်ပြလိုက်ပါတယ်။

System details:
  • Android 2.3.5 (Gingerbread) – official HTC RUU 3.12.405.1 with HTC Sense 3.0 for HTC Desire HD
  • This is improved version of stock ROM – no visual changes!
  • Very fast, clean & stable!
  • Full HTC Sense 3.0 Interface
  • Multi-language (WWE)
  • Full Arabic and Hebrew languages support!
    ROM details:
    • Fully optimized and tweaked
    • ROOT (SU + SuperUser Permissions – Thanks to ChainsDD)
    • Unsecured boot.img
    • Newest BusyBox
    • RAM optimizations
    • Speed optimizations
    • Enabled GPU UI rendering
    • SD Card speed tweak
    • Data partition special speed tweak
    • Very fast, clean & stable!
    • Battery auto-calibration script (Thanks to seo)
    • Bloatware applications removed (Amazon MP3, SoundHound, etc.)
    • All system applications updated to latest available
    • Improved camera performance
    • Advanced Power Menu and CRT Animation as extra add-ons
    • Zipaligned (Improved RAM management)
    • Zipalign on boot (for user applications on data partition)
    • Fully de-odexed
    • init.d scripts (BusyBox run-parts) support
    • sysro/sysrw commands support
    • Excellent battery life!
    • Device partitions mounted & formatted as fast EXT4 file system instead of EXT3
    • SD card EXT4 partition support
    • 4EXT Recovery (Thanks to madmaxx82)
    • A lot of themes made for my ROM & plenty of extras like Advanced Power Menu or CRT in the second post
    • You can replace HTC boot animation with any custom boot animation
    • Support almost 24h a day
    • …and many more!
Android Revolution HD 6.2.0
release date: 1 December 2011
    • Re-based with 3.12.405.1 HTC firmware
    • - Improved battery life
    • - Improved audio
    • - Camera improvements
    • - Many other fixes and improvements
    • Kernel updated to 11.1 by klquicksall
    • SuperUser updated to latest 3.0.7
    • YouTube updated to latest 2.3.4
    • Tweaked ondemand governor for better performance
    • Adobe Flash Player updated to latest 11.1.102.59
    • Google Maps updated to latest 6.0.0
    • Market updated to latest 3.3.12
    • ES File Explorer updated to latest 1.6.0.8
    • Maxthon updated to latest 2.3.6 with many improvements!
    • Daemon Controller updated to latest 3.1
    • Other minor changes and fixe
ခု Rom ကိုမိမိ ရဲ့ DHD မှာ တင်သုံးကြည့်ချင်တယ်ဆိုရင်တော့ ……….. အောက်ကလင့်ကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်တကယ်လို့ အလျှင်းသင့်တယ်ဆိုရင်တော့ ကျွန်တော်ဖော်ပြပေးသွားပါမယ်……အောက်မှာ step by step guide ပါတဲ့လင့်ပါ
အားလုံးဘဲ ပြုံးပျော်ကြည်နူးနိုင်ကြပါစေ
Android Revolution HD 6.2.0 (release Date : 1 December 2012)

ပို့စ်ရေးသားသူအမည်: ဟိန်း ဇော်

Infinity blade I ကို ပိုက်ဆံခိုး၍ဆော့နည်း (for iPhone/iPad/iPod touch)


(ဒီနည်းလမ်းသည် Infinity Blade II တွင် ပြုလုပ်၍မရပါ)
ယခုနည်းလမ်းကိုပြုလုပ်ရန်အတွက် ifunbox သွင်းထားရပါမည်။ မရှိသေးပါက အောက်မှာရယူပါ။
iFunBox အားရယူရန်
ifunbox သွင်းပြီးပါက မိမိရဲ့ iDevices ကိုကွန်ပျူတာနဲ့ချိတ်ပြီး ifunbox ဆော့ဝဲကိုဖွင့်လိုက်ပါ။ ထို့နောက် မိမိရဲ့ iDevices ထဲက User Applications ထဲသို့သွားပါ။ ပြီးလျှင် Infinity Blade ဂိမ်း icon ထဲသို့ဝင်ပါ။ ထို့နောက် Library ထဲသို့ဝင်ပြီး Preferences ထဲသို့ထပ်မံဝင်ရောက်ပါ။ ဖိုင်သုံးဖိုင်ရှိသည့်အထဲမှ
“com.chairentertainment.birthright.plist” ဟူသောအမည်နှင့်ဖိုင်လေး ကို notepad နှင့်ဖွင့်ပါ။ ပြီးလျှင် notepad နှင့်ဖွင့်ထားသောဖိုင်ထဲတွင်
IPhoneHome::MicroTransGold50000000 ဟူသော code ကိုထည့်သွင်းပါ။ (50000000 နေ၇ာတွင်မိမိကြိုက်သည့်ပမာဏထည့်သွင်းနိုင်ပါသည်။) ပြီးလျှင် save လုပ်ပြီး ခုနက “com.chairentertainment.birthright.plist” ဖိုင်ရှိသောနေရာတွင် ယခုပြုပြင်ထားသောဖိုင်အားပြန်လည် ထည့်သွင်းပါ။ ပြီးလျှင် မိမိရဲ့ iDevices ကို reboot လုပ်ပါ။
ပြီးလျှင် Infinity Blade ဂိမ်းထဲသို့ဝင်လိုက်ပါ ။ပိုက်ဆံနေရာတွင်ကြည့်လိုက်ပါက မိမိပြုပြင်ထားသောပိုက်ဆံပမာဏကိုတွေ့ရပါလိမ့်မယ်။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

အသစ်ထွက် မိုဘိုင်း Device များနှင့် Beats Audio System

အခုနောက်ပိုင်း Model မြင့် HTC ဖုန်းတွေမှာ Beat Audio System ကိုအထောက်အပံပေးနိုင်တဲ့ ဖုန်းတွေထွက်ရှိလာပါပြီ။
ဒီတော့ မြန်မာ Mobile User များကလည်း Beats Audio ဆိုတာဘာလဲ ဆိုတာသိချင်ကြမှာပါ။ အဲဒီတော့ Beats Audio ဆိုတာဘာလဲ။
Beats Audio စနစ်ကိုအထောက်အပံပေးနိုင်တဲ့ Mobile ဖုန်းအပြင် အခြား Beat Audio Device တွေအကြောင်းကို ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။
Beats Audio System ဆိုတာဘာလဲ ၊ ဘယ်ကနေစတင်ခဲ့တာလဲ ?
Beats Audio System ဟာ အခြား အသံစနစ်တွေနဲ့မတူပဲ ဂီတပိုင်းအသံစနစ် ကိုပိုမိုအလေးပေးပါတယ်။
Beats Audio System မှာ မပါမဖြစ်ပြောရမှာကတော့ Headphone တွေနဲ့ Loudspeakers တွေပဲဖြစ်ပါတယ်။
hip-hop/rap ဂီတတွေအတွက် headphones and loudspeakers ဈေးကွက်စပြီးထုတ်ပေးခဲ့တာ Beats ပါပဲ။
Beats ရဲ့လက်ဦးက နာမည်ကျော် Hip Hop ဂီတပညာရှင် Dr.Dre ပါ။ Beats Electronics ရဲ့အောက်မှာတော့ ဂီတသမား Dr.Dre နဲ့တွဲဖက်ပြီးတော့
( Interscope-Geffen-A&M စတူဒီယို ) ရဲ့ Chairman ” Jimmy lovine ” တို့က headphones တွေအတွက် ပုံစံ ၆ မျိုး
earphones တွေအတွက် ပုံစံ ၆ မျိုးဆီ စမ်းသပ်ပြီး Monstter Cable products မှ အထူးသီးသန့်ဖြန့်ဝေခဲ့ပါတယ်။
Beats Audio System ဟာ ဗီဒီယို သီချင်း ၊ ဗီဒီယို ၊ ကြော်ငြာ နှင့် အခြား media တွေမှာ တစိတ်တပိုင်းတခုအနေနဲ့ ပေါ်ပေါက်လာပါတယ်။
Beats Audio System က အခြားအသံစနစ်တွေထက်ဘာတွေပိုကောင်းလဲ?


Beats Audio System မှာ အခြားအသံစနစ်တွေထက် ကောင်းမွန်တဲ့အချက်အနေနဲ့သုံးချက်ရှိပါတယ်။
-သီချင်းနားထောင်နေစဉ်မှာ ဘေးပတ်ဝန်းကျင်က ဆူညံသံများကို အတတ်နိုင်ဆုံး ၀င်မလာအောင် ထိန်းညှိပေးနိုင်ပါတယ်။
-သာမန် MP3 Player တွေထက် အသံကိုဆယ်ဆ ပိုမိုရှင်းလင်းကြည်လင်ပြတ်သားစွာ ကြားရပါတယ်။ Beat Audio အသံစနစ်ပါဝင်တဲ့ Laptop တွေမှာဆိုရင် တခြား
သာမန် Laptop တွေထက် အသံစနစ်ကို သုံးဆလောက်ပိုမို ကောင်းမွန်စေပါတယ်။
-Volume အမြင့်ဆုံး (သို့) Volume ဘယ်လောက်ထားထား Bass အသံကို အတည်ငြိမ်ဆုံးထုတ်လွှင့်ပေးနိုင်ပါတယ်။ Beats Audio နာမည်ကျော် ထုတ်ကုန်များ
Beats headphone family ထဲက အထင်ရှားဆုံး Beats Audio နားကြပ်များကတော့ iBeats, Tour, Heartbeats အနေနဲ့ Lady Gaga ,
DiddyBeats အနေနဲ့ P.Diddy, JustBeats အနေနဲ့ Justin Bieber နှင့် PowerBeats အနေနဲ့ LeBron James တို့ဖြစ်ပါတယ်။
on-ear/over-ear headphones တွေအတွက် ပုံစံလေးတွေက Studio , SOlo/Solo HD/Solo HD (RED) and Pro တို့ပါပဲ ။
အောက်မှာ သက်ဆိုင်ရာ နားကြပ်တွေကို ပုံတွေနဲ့ပြထားပါတယ် ။


iBeats

HeartBeats

Pro
Beats family ထဲကတခုဖြစ်တဲ့ “Beats Solo HD” နားကြပ် ကတော့ အရည်အသွေးမြင့်မြင့်နဲ့ On-ear Headphone တွေထဲက အမျိုးအစားတခုဖြစ်ပါတယ်။
ကာလာအနေနဲ့ အနီ, အနက် (သို့မဟုတ်) အဖြူ နဲ့ထုတ်လုပ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ အနီရောင်အမျိုးကတော့ lrish musician ရဲ့ Bono’s က
ထုတ်လုပ်ထားတဲ့ အနီရောင်အဖွဲ့ charity အတွက် ဖြစ်ပါတယ်။


Solo HD


နောက်တစ်မျိုးကတော့ “Pro” မော်ဒယ်အမိုးအစားဖြစ်ပြီး အခြား DJ headphone ဖြစ်တဲ့ black or white
ထက်ပိုပြီးကောင်းပါတယ်။ အနီရောင်အမျိုးစားဖြစ်တဲ့ “Pro” ရဲ့ရည်ရွယ်ချက်က DJ market မှာ Professional ဖြစ်ဖို့ပါပဲ။

Red Pro
“Beatbox” အမျိုးအစားကတော့ ကျစ်လစ်သိပ်သည်းတဲ့ speker , 3.5mm stereo jack ပါဝင်ပြီး iPod dock ပုံစံတူပါတယ်။ သူကတော့ Loud Speaker အမျိုးအစားပါ။

နာမည်ကျော်ကုမ္ပဏီများနှင့် Beats Audio System ပူးပေါင်းထုတ်လုပ်ခြင်း

Beats Audio System ကိုပထမဆုံးပူးပေါင်းခဲ့တဲ့ ကုမ္ပဏီကတော့ နာမည်ကျော် Laptop တွေအများအပြားထုတ်လုပ်နေတဲ့ HP ကုမ္ပဏီပဲဖြစ်ပါတယ်။ အခုနောက်ထွက်တဲ့ HP Laptop တွေမှာ Beats Audio
System ပါဝင်လာတာကိုတွေ့ကြရမှာပါ။ Mobile ဖုန်းကဏ္ဍဘက်မှာဆိုရင်လည်း August 2011 မှစပြီး Mobile phone စက်ရုံတခုဖြစ်တဲ့ HTC က $300 million ရင်းနှီးပြီး Beats Audio System ပါဝင်တဲ့
Mobile device များကိုစတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။
Beats Audio System အထောက်အပံ့ပေးထားတဲ့ Mobile handset များ
HTC ရဲ့ နောက်ဆုံးထွက်ဖုန်းတွေဖြစ်တဲ့ Sensation XL တို့ Sensation XE တို့လို Android ဖုန်းတွေမှာ Beats Audio စနစ်ကိုစတင်အထောက်အပံပေးလာပြီဖြစ်ပါတယ်။


Beats Audio System ပါဝင်တဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကရော ဘယ်လောက်လဲ ?
Beats Audio System နားကြပ်တွေရဲ့ ဈေးနှုန်းကတော့ အမျိုးအစားပေါ်မှာလိုက်ပြီးကွဲပြားပါတယ်။ ဈေးတွေကတော့ အလန်းတွေချည်းပါပဲ။ Beat Audio နားကြပ် ၊ စပီကာ တစ်ခုရဲ့တန်ဖိုးဟာ
အနည်းဆုံး ဒေါ်လာ 120 ကနေ ဒေါ်လာ ၄၅၀ ခန့်အထိ ဈေးရှိပါတယ် ။ မြန်မာပြည်ဈေးကွက်ထဲမှာတော့ Beats Audio နားကြပ် အတုတွေလည်း အများအပြားရှိပါတယ်။ အတုတောင်မှ
အနည်းသုံးသုံးသောင်းကနေ တစ်သိန်းဝန်းကျင်ခန့်အထိရှိပါတယ်။
ဒီလောက်ဆိုရင် Beats Audio System ရဲ့အကြောင်းနဲ့ Beats Audio Device တွေအကြောင်းကိုသိရှိကြပြီလို့ထင်ပါတယ်။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

Free ပို့လို့ရသော Message Center သတင်းနောက်ဆက်တွဲ

Message Center Number ပြောင်းလဲ၍ အခမဲ့ပို့လို့ရသောသတင်းမှာ အရမ်းလူသိများသွားသောကြောင့် မြန်မာ့ဆက်သွယ်ရေးမှ ယနေ့နေ့လည်ပိုင်း မြန်မာစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် အသုံးပြု၍မရတော့အောင် ပိတ်လိုက်ပြီဖြစ်ကြောင်းသိရပါသည်။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

Android Vs iOS (သင်ဘာကိုရွေးမလဲ)


Apple ရဲ့ iPhone Generation များဟာ အခုအချိန်ထိ ကမ္ဘာပေါ်မှာ အကောင်းဆုံး စမတ်ဖုန်းအဖြစ်အသိအမှတ်ပြုထားကြတဲ့ဖုန်းအမျိုးအစားဖြစ်ပါတယ်။ဒါပေမယ့် အခုနောက်ပိုင်းမှာ
Google ရဲ့Android Operating System သုံးဖုန်းများဟာ ဖုန်းဈေးကွက်ထဲမှာ အများအပြားနေရာယူလာပါတယ်။ အဲဒီလိုပဲGoogle ရဲ့ Android OS သုံးဖုန်းများ နဲ့ Apple ရဲ့ iOS
စနစ်သုံးဖုန်းများဖြစ်တဲ့ iPhone တို့ဟာလည်း အဓိကပြိုင်ဘက်များဖြစ်လာကြပါတယ်။OS နှစ်ခုလုံးက အခုလောလောဆယ်မှာ အသုံးအများဆုံး နဲ့ နာမည်ကြီး Mobile Operating System
ဖြစ်ကြပြီးအားသာချက် အားနည်းချက်ကိုယ်စီတော့ ရှိကြပါတယ်။Android OS ဟာ iOS ကိုအဓိကယှဉ်ပြိုင်လာတဲ့ OS တစ်ခုဖြစ်ပါတယ်။ Apple အနေနဲ့ပြောရမယ်ဆိုရင် Android ကို သူတို့ရဲ့
အဓိကကျတဲ့စနစ်တစ်ချို့ကို ကူးယူအသုံးပြုထားတယ်လို့တရားစွဲဆိုထားပါတယ်။ Apple ရဲ့ Android အပေါ်ထားတဲ့ မုန်းတီးစိတ်အကြောင်းကို ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ Apple ရဲ့
ဦးဆောင်သူဖြစ်တဲ့Steve Job ဟာ ကွယ်လွန်ခါနီးမှာ Android OS ဟာ သူတို့ရဲ့ iOS ကို အကုန်လုံးနီးပါးကူးယူထားတာဖြစ်တဲ့အတွက် Android OS ကို ကျဆုံးဖို့ရာသာအလိုရှိတယ်လို့
Steve Job ရဲ့အတ္တုပတိစာအုပ်မှာရေးသားဖော်ပြခဲ့ပါတယ်။ Android OS ကိုအပြီးတိုင်ကျဆုံးစေဖို့အတွက် Apple ကုမ္ပဏီပိုင်ငွေကြေးအားလုံးကိုပင် သုံးစွဲဖို့လိုအပ်ပါက သုံးစွဲရမည်ဖြစ်ကြောင်းကို
ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဆိုရင် Android OS နဲ့ iOS တိုက်ပွဲဟာ ပိုမိုပြင်းထန်လာဖို့သာရှိပါတယ်။ သူတို့ ဘယ်လိုပဲပြင်းထန်ပါစေ ၊ အနိုင်အရှုံးဟာ သုံးစွဲသူတွေပေါ်မှာသာမူတည်ပါတယ်။
အဲဒီတော့ Android OS နဲ့ iOS တို့ ဘာတွေကွာလဲ ၊ ဘာတွေပိုကောင်းလဲဆိုတာလေ့လာကြည့်ရအောင်။ Android OS နဲ့ iOS တို့ကဘာတွေကွာခြားသလဲ ?
==============================


iOS ဆိုတာကတော့ Apple ရဲ့ Mobile Operation System တစ်ခုဖြစ်ပါတယ်။ iOS ကို Apple ကထုတ်လုပ်တဲ့ Mobile Device တွေဖြစ်တဲ့ iPhone,iPad,iPod touchများမှာသာအသုံးပြုပါတယ်။
iOS နဲ့ iOS ကိုအထောက်အပံပေးမယ့် System တစ်ခုလုံးကို ကို Apple ကုမ္ပဏီကပဲ ထုတ်လုပ်ပါတယ်။ Android OS ကတော့ Google ကထုတ်လုပ်တဲ့ Mobile Operation System ဖြစ်ပါတယ်။
Android OS ဟာ open sourceAndroid OS ကိုအထောက်အပံပေးမယ့် System ကို မူရင်းထုတ်လုပ်သူ Google ကုမ္ပဏီသာမက Android OS ကိုထည့်သွင်းအသုံးပြုမယ့် အခြားသော Mobile ကုမ္ပဏီများကလည်း
ပြင်ဆင်ရေးသားနိုင်ပါတယ်။တခြား Android OS ကို free version အနေနဲ့ထုတ်ဝေတာဖြစ်ပြီး Android နဲ့ပူးပေါင်းဆောင်ရွက်မယ့် မည့်သည့်ကုမ္ပဏီမှ ဖုန်းမဆို Android စနစ်ကို ထည့်သွင်းနိုင်ပါတယ်။ Android OS စနစ်
ကိုတောင်မှစိတ်ကြိုက်ပြင်ရေးခွင့်ပေးထားပါတယ် ။ သုံးရတာ ပေါ့ပါးမှုမှာတော့ နှစ်ခုလုံးက အတူတူလောက်ပါပဲ။ သုံးရတာလည်းလွယ်ကူကြပါတယ်။ ပိုပြီး နိမ့်ပါးနေကြတဲ့ အချက်ဆိုတာတော့ iOSေ၇ာ Androidေ၇ာမှာ မရှိကြပါဘူး။ Application အသုံးပြုချောမွေ့မှုအပိုင်းမှာရော Android နဲ့ iOS ကဘာတွေကွာခြားလဲ?
===================================================
Application ကွာခြားမှုအနေနဲ့ကတော့မရှိတော့သလောက်ပါပဲ။အရင်တုန်းက iPhone မှာသာသုံးလို့ရတဲ့ application တော်တော်များများကလည်း အခု Android OS အတွက်ထွက်ရှိနေပါပြီ။
ထူးထူးဆန်းဆန်း Application တော်တော်များများတောင် Android မှာပိုများနေပါသေးတယ်။ အဲဒီတော့ ကွာခြားမှုအနေနဲ့အဓိကပြောရမှာကတော့ ဘယ် OS က Application ပိုများလဲဆိုတာမဟုတ်တော့ဘဲ
Application သုံးစွဲရတဲ့နေရာမှာ ဘယ် OS က ပိုမိုချောမွေ့လဲဆိုတာကို ယှဉ်ရတော့မှာပါ။ ဒီနေရာမှာတော့ iPhone ကတစ်ပန်းသာပါတယ်။ ဘာလို့လဲဆိုတော့ iOS ကို အသုံးပြုခြင်းနဲ့ အသုံးပြုခွင့်ပေးထားတာ
iPhone,iPad စတဲ့ Apple ရဲ့ Device တွေသာဖြစ်လို့ပါပဲ။ iPhone ဆိုတာကလည်း version တစ်မျိုးထုတ်လိုက်ပြီဆိုရင် (ဥပမာ-iPhone 4) ဘယ်လောက်ဖိုင် size ကြီးတဲ့ Application, game ပဲဖြစ်ဖြစ်
iPhone,iPad စတဲ့ Hardware အနိမ့်အမြင့်မရှိ တန်းတူ Device တွေ အတွက်ထုတ်လုပ်ထားတာဖြစ်လို့ iPhone မှာဆော့လို့ရတဲ့ဂိမ်းဆိုရင် တခြားဘယ် iPhone,iPad မှာမဆို နှေးကွေးခြင်းမရှိ Application ကောင်းရင်ကောင်းသလိုလျင်မြန်ချောမွေ့စွာ
သုံးနိုင်မှာပါ။ Android သုံးဖုန်းတွေက(မော်ဒယ်အမြင့်ဆုံး Android ဖုန်းတွေမပါ) အဲဒီနေရာမှာ iPhone ကိုမယှဉ်နိုင်ဘူးဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ Android OS ကိုအသုံးပြုတဲ့ဖုန်းက အမျိုးအစားအနေနဲ့ အများကြီးရှိသလို
Android OS သုံးဖုန်းတစ်လုံးနဲ့တစ်လုံး Hardware ကွာခြားမှုတွေကလည်း မတူကြပါဘူး။ ဥပမာ- ကုမ္ပဏီတစ်ခုကထုတ်တဲ့ Android OS သုံးဖုန်းတစ်လုံးဟာ စွမ်းဆောင်နိုင်တဲ့ အမြန်နှုန်းအနေနဲ့ 256 MB သာရှိမယ်ထားပါတော့
ဆော့ချင်တဲ့ ဂိမ်းက ဖိုင် size ကလည်းကြီးပြီး RAM လိုအပ်ချက်ကလည်း အနည်းဆုံး 512 MB လောက်မှသာရှိမှရမယ်ဆိုရင်တော့ အဲဒီဂိမ်းကိုဘယ်လိုမှဆော့လို့မရပါဘူး။ ဆော့လို့ရရင်တောင်မှ ဂိမ်းကထစ်နေပြီး နှေးကွေးနေမှာပါ။
အဲဒီကျတော့ တခြား Processor1.5 GHz လောက်ရှိတဲ့ မော်ဒယ်မြင့် Android ဖုန်းတစ်လုံးကို အမြန်ပြေးဝယ်ရမလိုတောင်ဖြစ်နေပါတယ်။ ပြောချင်တာကတော့ Android စနစ်သုံးဖုန်းတွေက Hardware ပိုင်းကို တစ်ပြေးညီထုတ်လုပ်ထား
တာမဟုတ်တဲ့အတွက် Android OS အတွက်ထုတ်လုပ်ထားတဲ့ application တစ်ခုဟာ Android Device တိုင်းမှာ သုံးလို့ရမှာမှန်ပေမယ့် Hardware ကွာခြားချက်ပေါ်မှာလိုက်ပြီး သုံးစွဲရတာကွာခြားသွားမှာပါ။
ငွေကြေးအနည်းငယ် (သို့)အသင့်တင့်မျှသာတတ်နိုင်တဲ့လူတွေအတွက်ရော ?
============================================
တကယ်လို့ သင်ဟာ ဖုန်းဝယ်ဖို့ငွေကြေးအများကြီးမသုံးချင်ဘူး ၊ ဒါပေမယ့် application တွေကိုတော့ ကောင်းကောင်းသုံးချင်တယ်ဆိုရင်တော့ Android ကိုရွေးချယ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ Android OS ကို
သုံးထားတဲ့ ဖုန်းအမျိုးအစားတွေက ဈေးနည်းနည်းနဲ့ဖုန်းတောင်ရနိုင်တယ်လေ။ ဒီလိုပြောလို့ Android သုံးဖုန်းတွေက တန်ဖိုးနည်းဖုန်းတွေလို့ထင်မသွားပါနဲ့ဦး။ အခုပြောတာက ငွေကြေး အများကြီးမသုံးချင်သူတွေအတွက်ပါ။
ဈေးကြီးတဲ့ hardware အလန်းစား မော်ဒယ်မြင့် Android ဖုန်းတစ်ချို့ဆို iPhone ထက်တောင် Hardware ပိုင်းမှာသာပါသေးတယ်။
Android စနစ်သုံးမော်ဒယ်မြင့်ဖုန်းတွေရဲ့ Hardware နဲ့ iPhone ရဲ့ Hardware ဘယ်ဖုန်းက Hardware ပိုင်းမှာပိုသာလဲ ?
========================================================================


အခုနောက်ပိုင်းမှာ Apple ရဲ့ iPhone တွေကို အဓိကယှဉ်ပြိုင်လာတဲ့ဖုန်းကတော့ Samsung ရဲ့ Galaxy Series ဖုန်းဖြစ်တဲ့ Samsung Galaxy S2 ပါပဲ။ Samsung Galaxy S2 iPhone 4 မှာဆိုရင် Processor အမြန်နှုန်းက 1 GHz ပဲရှိပါတယ်။
ကျန်တဲ့ကွာခြားချက်တွေကတော့ အောက်က နှိုင်းယှဉ်ဇယားမှာလေ့လာကြည့်နိုင်ပါတယ်။

အပေါ်က နှိုင်းယှဉ်ဇယားကိုကြည့်မယ်ဆိုရင် hardware ပိုင်းမှာ Galaxy s2 ကတောင် နည်းနည်းပိုသာနေပါတယ်။ အပြင်ပန်းအနေနဲ့ကြည့်ရင်ကို Screen size က iPhone 4 က ၃ လက်မခွဲပဲရှိပါတယ်။ Samsung Galaxy S2 ရဲ့
Screen Size က ၄လက်မခွဲပါ ။ ကဲ.ဒါဆိုရင် iPhone 4S နဲ့ Samsung Galaxy S2 နဲ့ရော ဘယ်သူက ပိုသာမလဲလို့ မေးကြမှာပါ။ အဲဒါဆိုရင်တော့ iPhone 4S နဲ့မှ အတူတူလောက်ဖြစ်တာပါ။ iPhone 4S နဲ့ Galaxy S2 ရဲ့ နှိုင်းယှဉ်ဇယားကို
အောက်မှာလေ့လာကြည့်နိုင်ပါတယ်။

ဒါတောင် တခြားမော်ဒယ်မြင့် နောက်ဆုံးထွက် hardware အမြင့်အလန်းစားတွေနဲ့ဆင်ထားတဲ့ HTC ရဲ့ Android ဖုန်းတွေဖြစ်တဲ့ Sensation XL တို့ Sensation XE တို့နဲ့ မယှဉ်ထားသေးပါဘူး။ Security ပိုင်းမှာရော Android OS နဲ့ iOS ဘယ် OS ကပိုသာလဲ ?
============================================


iOS ရဲ့ System ပိုင်းနဲ့ပတ်သက်တာတွေအကုန်လုံးကို Apple ကုမ္ပဏီရဲ့ Developer တွေကပဲထုတ်ပါတယ်။ အပြင်ကုမ္ပဏီတစ်ခုမှမပါပါဘူး။ ဆက်သွယ်ရေးပိုင်းနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်တာမျိုးကလွဲလို့ပေါ့။
ဖုန်းတစ်လုံးနဲ့တစ်လုံး file တွေပို့ချင်တယ်ဆိုရင်တောင် iDevices တွေရဲ့ BlueTooth စနစ် iPhone,iPod,iPad အချင်းချင်းသာရပါတယ်။ Security ပိုင်းမှာတော့ iOS က ပိုကောင်းတယ်လို့ မိုဘိုင်းပညာရှင်များက
သတ်မှတ်ထားကြပါတယ်။ အဲဒီနေရာမှာတစ်ခုပြောစရာရှိတာက iOS က Security မှာတော့ သူများထိုးဖောက်လို့မ၇အောင် အဆင့်မြှင့်တင်ပြီးတော့ ထုတ်ပါတယ်။ ဥပမာ- Jailbreak လုပ်မရအောင်လိုမျိုးပေါ့။ အခုနောက်ပိုင်း
တကယ်လဲ Jailbreak လုပ်ဖို့ အရင် iOS version တွေထက် ခက်ခဲလာပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာ Jailbreak လုပ်ခံရတာပါပဲ :) ။ Android ရဲ့ ဖုန်းအချင်းချင်း ချိတ်ဆက်မှုပိုင်းကတော့
Android ဖုန်းအချင်းချင်းပဲဖြစ်ဖြစ် ၊ Android မဟုတ်တဲ့ဘယ်ဖုန်းနဲ့မဆိုလည်း Data ချိတ်ဆက်ပို့လို့ရပါတယ်။ Security ပိုင်းမှာတော့ ပုံမှန်ပါပဲ။ အင်တာနက်က hacker တွေရဲ့ သတင်းတစ်ပုဒ်မှာတော့
Android OS စနစ်မှာပါတဲ့ Wifi ကွန်ရက်စနစ်ရဲ့ အားနည်းချက်ကိုတွေ့ရှိပြီးအဲဒီကနေတစ်ဆင့် User ရဲ့ အချက်အလက်များကိုခိုးယူကြည့်ရှုနိုင်မှာဖြစ်ကြာင်း သိရပါတယ်။ ပိုက်ဆံနဲ့ပေးဝယ်ရတဲ့ application တွေကို Cracked လုပ်ပြီး free သုံးချင်တယ် ။ အဲလို app တွေထည့်ဖို့ ဘယ် OS က အဆင်အပြေဆုံးလဲ ?
=====================================================================================


ပိုက်ဆံနဲ့ပေးဝယ်ရတဲ့ application တွေကို Cracked လုပ်ပြီး မိမိရဲ့ iPhone,iPad ထဲကိုထည့်ဖို့ဆိုရင် iPhone,iPad ကို jailbreak လုပ်ထားဖို့လိုပါလိမ့်မယ်။ မြန်မာဖောင့်ထည့်ဖို့လို ဟာမျိုးတွေကိုေ၇ာပေါ့။
jailbreak မလုပ်ရင် cracked လုပ်ထားတဲ့ application တွေ ဂိမ်းတွေကို ထည့်သွင်းဆော့ကစားနိုင်မှာမဟုတ်ပါဘူး။ Android မှာတော့ Cracked လုပ်ထားတဲ့ application တွေကိုထည့်ဖို့ ဖုန်းကို ဘာမှလုပ်စရာမလိုပါဘူး။
ဒီအတိုင်းထည့်လို့လဲရပါတယ်။ Android မြန်မာဖောင့်လိုမျိုး ထည့်ချင်တယ်ဆိုရင်တော့ System ရဲ့ Permission ကိုပြင်ပြီးမှ (root လုပ်ပြီးမှ)ထည့်ရပါတယ်။ Android မှာ System က ထည့်ခွင့်မပေးတဲ့ ၊ သာမန် user တွေကို
ပြင်ဆင်ခွင့်မပေးတဲ့ System တွေကို access ရအောင် Permission ရအောင်လုပ်ဆောင်ခြင်းကို root လုပ်တယ်လို့ခေါ်ပါတယ်။ root လုပ်တယ်ဆိုတာကလည်း အခုပြောခဲ့တဲ့ font ပြင်တာမျိုးတို့ ၊ System ကို ပြင်ဆင်မှသွင်းလို့ရတဲ့
application ကိုသွင်းချင်မှသာ root လုပ်ဖို့လိုတာပါ။ cracked လုပ်တဲ့ application ကိုသွင်းဖို့လောက်ကတော့ ဘာမှကိုလုပ်စရာမလိုပါဘူး။ အဲဒီအတွက်ကတော့ Android OS က ပိုမိုလွယ်ကူအဆင်ပြေစေပါတယ်။ ခြံငုံသုံးသပ်ရရင်တော့ Android OS နဲ့ iOS နှစ်ခုတို့မှာ အားနည်းချက် အားသာချက်ကိုယ်စီရှိကြတာကိုတွေ့ရမှာပါ။ သုံးစွဲသူအပိုင်းမှာ Android OS က အများဆုံးဖြစ်ပြီး Application သုံးစွဲရတာကောင်းမွန်မှု ၊OS ရဲ့အဆင့်မြင့်မှုအပိုင်းမှာတော့
iOS က အခုအချိန်ထိသာလွန်နေဆဲပါပဲ။ ဒီ OS နှစ်ခုက လောလောဆယ်မှာတော့ မိုဘိုင်းဖုန်းနဲ့ပတ်သက်ရင် ကမ္ဘာပေါ်မှာ အကောင်းဆုံး Mobile OS နှစ်ခုပါပဲ။ ဘယ် OS ကိုသုံးထားတဲ့ ဖုန်းကိုရွေးချယ်မလဲဆိုတာတော့ သင့်အပေါ်မှာပဲမူတည်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)
thet.naing.it@gmail.com

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

Android ဖုန်းတွေအတွက် Custom ROMs များ ကို ဘာကြောင့်ကျွန်တော်တို့လို အပ် တာလဲ

Post by Myo Thu Htet
Android custom ROM တွေရဲ့အခန်းကဏ္ဍ အကြောင်းကို အမြဲတမ်းသိချင်နေခဲ့တာလား ?
market ရဲ့နောက်ကွယ် က သင့်ဖုန်းကို custom upgrade လုပ်ခြင်းအကြောင်း ဆိုတာဘာလဲ?
ဘယ်သူတွေလိုတာလဲ? ဘာအတွက်လိုတာလဲ? စိတ်ချရရဲ့လား?
ဟုတ်ကဲ့။ ကျွန်တော်တို့ အဲ့ဒါတွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင်။
ROM ဆိုတာက Read Only Memory ကိုဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ROM ဆိုတာက သင့်ဖုန်းရဲ့ ROM Area မှာ ထည့်သွင်းထားတဲ့၊ စိတ်တိုင်းကျပြုပြင်ထားတဲ့ OS Image ကိုဆိုလိုတာဖြစ်ပါတယ်။ Stock ROM ဆိုတာကတော့ ဖုန်းဝယ်လိုက်တဲ့အခါမှာ ဖုန်းနဲ့အတူ ပါလာတဲ့ ဖုန်းရဲ့ OS Version ဖြစ်ပါတယ်။
kernel ဆိုတဲ့စကားလုံး ကတော့ OS ရဲ့ နှလုံးသား လို့ပြောလို့ရပါတယ်။ OS ရဲ့ မရှိမဖြစ်တဲ့ အစိတ်အပိုင်းတခုပေါ့။

Custom ROMs

Custom ROM ဆိုတာ ကတော့ OS ရဲ့ Standalone Version ကိုပြောတာဖြစ်ပြီး Kernel လည်းပါဝင်ပြီးဖြစ်ပါတယ်။ Kernel ဆိုတာက ဖုန်းမှာပါတဲ့ Application တွေ၊ Services တွေ နဲ့ တခြား ဖုန်းအလုပ်လုပ်အောင် လုပ်ပေးတဲ့အရာမှန်သမျှကို Run ပေးတဲ့အရာဖြစ်ပြီး OS ရဲ့ မရှိမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ OS ရဲ့ နှလုံးသား လို့ တောင်ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီ Custom ROM မှာပါတဲ့ Kernel ကိုတော့ Developer က သူ့စိတ်ကြိုက်ပြင်ဆင်ထားပါတယ်။
ဒါဆို … စိတ်ကြိုက်ပြင်ဆင် တယ်ဆိုတဲ့ အပိုင်းကဘယ်လိုလဲ?
ခင်ဗျားတို့ သိတဲ့အတိုင်းပဲ Android က Open Source ဖြစ်နေတဲ့အတွက် Developers တွေက Stock ROM တွေကို Free ယူခွင့်ရှိပါတယ်။ ဒါနဲ့ပဲ Stock ROM တွေကို သူတို့စိတ်တိုင်းကျပြုပြင်တယ်။ သူတို့ ဥာဏ်စွမ်းရှိသလောက် လိုတိုးပိုလျှော့လုပ်တယ်။

Custom ROMs တွေကို ဘာလို့လိုအပ်တာလဲ

Custom ROM ကို အသုံး ပြု ခြင်းအားဖြင့် Bugs တွေကို Fix လုပ်ထားတဲ့ Updates တွေ နဲ့ Features အသစ်တွေကို အမြဲတမ်းရနေမှာ ဖြစ်ပါတယ်။ (Features အသစ် တွေ ဆိုတာကိုပြန်ရှင်း ရရင် အခု ဗားရှင်း 2.3.3 မှာဆိုရင် flash ကို support လုပ်ပါတယ်။အဲ့ဒီအတွက် ကျွန်တော်တို့က 2.3.3 ROM ကိုလိုအပ်လာပါတယ်။ဒါပေမယ့် တချို့ devices တွေအတွက် 2.3.3 က official မထွက်ပါဘူး။ဒီအတွက် 2.3.3 Custom ROM ကိုလိုရခြင်းဖြစ်ပါတယ်)။ ဘာလို့လဲဆိုတော့ ဒီ ROM ကိုထုတ်တဲ့ Developer ဟာ ဖုန်းကုမ္ပဏီတွေလုပ်တဲ့ လုပ်ငန်းစဉ်အတိုင်း လုပ်စရာမလိုလို့ပဲဖြစ်ပါတယ်။
  • ဆိုလိုတာကတော့ ROM developer တယောက်ဟာ project manager တွေ marketing department တွေ နဲ့ စုပေါင်းပြီး အစည်းအဝေး ထိုင် နေစရာမလို လို့ အမြဲတမ်းပိုကောင်းတဲ့ update တွေကို မြန်မြန် ထုတ်ပေးနိုင်တယ်။
  • developer ဟာ သူထုတ်လိုက်တဲ့ update ကို စမ်းသပ်သုံး စွဲတဲ့ အဖွဲ့အစည်း ကနေ feedback(ပြန်ကြားစာ) တွေရတယ်။အဲ့ဒီပြန်ကြားစာတွေ ကနေ bugsတွေကို ပြန်ပြင်တယ်။ Error တွေပြင်တယ်။ ဒါက လည်း open source software ရဲ့ အားသာချက် တခုပါပဲ။
  • ROM တွေကို များသောအားဖြင့် Free ရတယ်။ မပေးလို့လည်းရတဲ့ Donation တွေနဲ့ Support လုပ်ထားတယ်လို့ ပြောရမလားမသိဘူး။ ဟုတ်ပါတယ်။ အဲ့ဒီအတိုင်းပါပဲ။ ခင်ဗျားပေးချင်စိတ် မရှိရင် မပေးဘဲနေလို့ရပါတယ်။
  • Custom ROM အများစုဟာ OTA(over the air) ကနေupdate လုပ်လို့ရပါတယ်။နောက်ထပ်ဘာကိုမှ reinstall လုပ်စရာမလိုပဲနဲ့ပေါ့။
ကဲဒါဆို ဘယ်သူက open source ကို မကြိုက်ပဲနေမှာလဲ? :-P

ပိုကောင်းတဲ့လုပ်ဆောင်ချက်နဲ့ စွမ်းရည်

Custom ROM တွေဟာ မြန်တယ်၊စွမ်းရည်ပိုကောင်းတယ်၊memory အစားနည်းတယ်။ဘာလို့လဲဆိုတော့
  • developer က အသုံးမဝင်တဲ့ အမှိုက်တွေကို ဖယ်ထုတ် လိုက်တယ်။အမှိုက်ဆိုတာက carrier က install လုပ်ထားတဲ့ application တွေကိုပြောတာဖြစ်တယ်။( Sony Ericsson မှာဆို Latitude တို့ Track ID တို့ Road Sync တို့ပေါ့ )
  • နောက်ပြီး Developer ကသူ့ရဲ့ Kernel ကို အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ ဥပမာ သူ့ Kernel ရဲ့ Stock ROM က Battery ထက် သက်တမ်းပိုခံတာမျိုးပေါ့။

ပိုကောင်းသော Version သို့ Upgrade လုပ်ခြင်း

ခင်ဗျားတို့ အနေနဲ့ ခင်ဗျားတို့ device အတွက် တရားဝင် official release မထွက်သေးတဲ့ version ဒါမှမဟုတ် ဘယ်တော့မှထွက်လာမှာမဟုတ်တဲ့ version ကို upgrade လုပ်လို့ရပါတယ်။ ( ဥပမာ Sony Ericsson ဆိုရင် Sony ကထုတ်တဲ့ official release မဟုတ်တဲ့ version ပေါ့။ ပြောရရင် X 10 mini အတွက်ဆိုရင် version 2.1 ပဲထွက်ပေးထားတယ်။ဒါကို ခင်ဗျားက 2.3..3 ကို upgradeလုပ်ချင်တဲ့အခါ official release မထွက်သေးတဲ့အတွက် ခင်ဗျားရဲ့ ဖုန်းနဲ့ သင့်လျှော် တဲ့ Custom ROM ကို သုံးရမှာဖြစ်တယ်)
  • ROM အသစ်တခု က online မှာထွက်လာပါတယ်။အစားမက်တဲ့ ဖက်တီးလေးတယောက် ရေခဲမုန့်လှည်းနောက်လိုက်သလို developer ကလည်း အဲ့ဒီ ROM ကိုရအောင် online မှာလိုက်ရှာပါတယ်။ဒါက Hero and Android 2.1 ရဲ့အဓိကပြဿနာ ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ official version မထွက်ခင် ဆယ်ရက် အလိုကတည်း က custom ROM ကို upgrade လုပ်ခွင့် ရ တဲ့အတွက် stock OS တွေက အလိုလိုနေရင်း ချောင်ထိုး ခံလိုက်ရပါတယ်။
  • အခြားဖုန်းတခုက ROM ကို မင်းရဲ့ဖုန်းမှာ သုံးလို့ရအောင် developerကလုပ်ပေးပါတယ်။ ဥပမာ ဆိုရင် G1 and My Touch 3G အသုံးပြုတဲ့သူတွေဟာ Android 2.1 ရဲ့official ဗားရှင်းကို သူတို့ဖုန်းမှာဘယ်တော့မှတွေ့ရမှာမဟုတ်ပါဘူး။ ဘယ်တုန်းကထွက်မလာခဲ့လို့ပါပဲ။ဒါပေမယ့် Android developer တွေထဲကနံမည်ကြီးတယောက်ဖြစ်တဲ့ Cyanogen က Android 2.1 အသုံးပြုထားတဲ့ custom ROM တခုကို G1 and My Touch 3G မှာသုံးလို့ရအောင် developed လုပ်ပြီးထုတ်ပေးခဲ့ပါတယ်။အဲ့ဒီနေ့က G1 and My Touch 3G အသုံးပြု တဲ့သူတွေအတွက်တော့ ပျော်စရာနေ့လေးတရက်ပေါ့ ။
Application တွေ ကို SD Card ထဲသို့ Install လုပ်နိုင်ခြင်း
အခုနောက်ပိုင်း ထွက်လာတဲ့ custom ROM အများစုဟာ application တွေကို SD card ထဲသို့ install လုပ်လို့ရတဲ့ Apps2SD or A2SD ဆိုတဲ့ application တခုပါလာပါတယ်။ A2SD က ခင်ဗျား application အများကြီး install လုပ်ချင်တဲ့အခါ၊ ဖုန်း memory ပြည့်နေတဲ့အခါမှာ ၊ဖုန်းထဲက application တွေကို SD card ထဲ ရွှေ့ချင်တဲ့အခါအလွန်အသုံး ဝင်ပါတယ်။
ဒါပေမယ့် ဒီ application ဟာ stock ROM တွေမှာ၊အခုနောက်ထွက်တဲ့Android 2.1 မှာ support မလုပ်ပါဘူး။

Custom ROM တွေကိုမကောင်းတဲ့ဘက်ကကြည့်ခြင်း

ဘယ်လိုပဲဖြစ်ဖြစ် custom ROM တွေကို အသုံးပြုရာ မှာလည်းရှောင်ရှားသင့်တဲ့ ဆိုးကျိုးတွေရှိပါတယ်။

တခုခုလွဲသွားခြင်း

Flashing (ROM ကို Install လုပ်ခြင်း) လုပ်နေစဉ်မှာ ချို့ယွင်းချက်တွေရှိနိုင်ပါတယ်
။.အဆိုးဆုံးကတော့ ခင်ဗျားရဲ့ဖုန်းကို သုံးမရတဲ့အနေအထား ထိရောက်သွားစေနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီလိုဖြစ်နိုင်ချေ တော်တော်နည်းသွားပါပြီ။ မူရင်းအခြေအနေကို Restore ပြန်လုပ်ဖို့လည်းလွယ်သွားပါပြီ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ Positive Feedback အများဆုံးရှိတဲ့၊
လူတော်တော်များများစမ်းသပ်ပြီးတဲ့ ROM တွေကိုသာ သုံးသင့်တယ်လို့ အကြံပေးလိုက်ပါရစေ။

Clean Wipeလုပ်ခြင်း

Custom ROM တခုကို install လုပ်ဖို့မယ်ဆိုရင် အရင်ဆုံးclean wipe လုပ်ဖို့လိုပါတယ်။
clean wipe လုပ်လိုက်ရင်တော့ ရှိသမျှ data တွေအကုန်လုံး ပျက်ဆီး ဆုံးရှုံး မှာပေါ့။ဒါကြောင့် clean wipe မလုပ်ခင်မှာ ရှိသမျှ data တွေကို back up အရင်ဆုံးလုပ်ထားသင့်ပါတယ်။

နောက်ထပ် ဖြစ်လာနိုင် တဲ့ပြဿနာများ

Custom ROMs တွေမှာ error တွေ bugs တွေရှိနိုင်ပါတယ်။ဒါတွေက stock rom တွေမှာလည်း ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အကယ်၍ ခင်ဗျား က bug တခုကိုတွေ့ခဲ့မယ်ဆိုရင် ROM forum မှာ အကူအညီ တောင်းနိုင်ပါတယ်။သူတို့က ခင်ဗျားရဲ့ bug နဲ့ပါတ်သက် ပြီး အကောင်းဆုံး အဖြေ ကို ပေးပါလိမ့်မယ်။

အာမခံမရခြင်း

custom rooting လုပ်ခြင်းက boot loader အပိုင်းမှာပါရှိတဲ့ seal ကိုဖျက်ဆီး လိုက်တဲ့အတွက် ခင်ဗျားဖုန်းရဲ့ အာမခံ ကို ပျက်စီး စေနိုင်ပါတယ်။seal ပျက်သွားတာ ပြန်ပြင်လို့မရပါဘူး။ဒါကြောင့် ဖုန်းထုတ်လုပ်တဲ့သူတွေ က သင် တကယ်လို့ custom ROM ထည့်မယ်ဆိုရင် ဖုန်းရဲ့ အာမခံပျက်စီး မယ်ဆိုတာကို ပြောပြ ထားပါတယ်။
မှန်ကန်သောCustom ROMကို ရယူခြင်း
ဖုန်းအသစ်တွေထွက် တာနဲ့အမျှ ROM အသစ်တွေလည်း တပြိုင်နက်ထွက်လာပါတယ်။ဒီဆောင်းပါးမှာတော့ ဘယ်ဖုန်း က ဘယ် ROM နဲ့ သုံးလို့ရတယ်ဆိုတာပြော မှာမဟုတ်ပါဘူး။အကောင်းဆုံးအကြံပေးချင်တာကတော့ Google မှာ ဖုန်း ရယ် MODEL ရယ် ROM ရယ် ကိုယ်သုံးချင်တဲ့ Android version ရိုက်ပြီးရှာကြည့် ရင်တော့ သင်လိုချင်တာရနိုင်ပါတယ်။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

Android OS ဆိုတာဘာလဲ (What is Android ?)


မြန်မာ Mobile Application မှာ Android နဲ့ပတ်သက်တဲ့အကြောင်းတွေ ၊ Android နဲ့ပတ်သက်တဲ့ software တွေထင်ထားတော့
အခုမှ ဖုန်းအကြောင်းကိုလေ့လာတဲ့သူတွေ ၊ အခုမှဖုန်းစကိုင်သူတွေအနေနဲ့ Android ဆိုတာဘာလဲလို့သိချင်ကြမှာပါ။
ဒီတော့ Android ဆိုတာဘာလဲ နဲ့ Android ရဲ့အကြောင်းကို နားလည်လွယ်ဆုံးဖြစ်အောင် ရှင်းပြပါ့မယ်။
(အများ နားလည်လွယ်အောင်ရှင်းလင်းထားခြင်းဖြစ်သောကြောင့် အမှားအယွင်းများ ၊ ကျန်ခဲ့သည်များရှိပါက ခွင့်လွှတ်ပေးကြပါ) Android ရဲ့အစပိုင်း
==================


Android အကြောင်းကိုရှင်းပြဖို့အတွက်ဆိုရင် Apple ရဲ့ iPhone အကြောင်းကိုပါထည့်သွင်းပြောရပါလိမ့်မယ်။ 2007 ခုနှစ်နောက်ပိုင်းကစပြီး
Apple ရဲ့ iPhone ဟာ ကမ္ဘာမှာ ထိပ်တန်း နာမည်ကြီးဖုန်းတစ်လုံးဖြစ်လာခဲ့ပါတယ်။ iPhone ရဲ့ ဖုန်းတွင်းစနစ်အနေနဲ့ Apple ကုမ္ပဏီရဲ့
ကိုယ်ပိုင် Mobile Device တွေအတွက် Operating System ဖြစ်တဲ့ iOS ကိုအသုံးပြုထားပါတယ်။ ခြုံငုံပြောရရင်တော့အဲဒီကတည်းက
Internet ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Google ဟာ iOS ကိုယှဉ်ပြိုင်နိုင်မယ့် Operating System တစ်ခုကို ထုတ်လုပ်ဖို့ကြိုးစားပါတော့တယ်။
2007 ခုနှစ်မှာ Google ဟာ Android Operating System ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။
Android OS ဟာ Linus Kernel ကိုအခြေခံထားပြီး Java platform ဖြင့်ရေးသားထားခြင်းဖြစ်ပါတယ်။ Android OS တွေရဲ့ သမိုင်းမှာ
HTC ဖုန်းတွေဟာလည်း မပါမဖြစ်ပါပဲ။ Android OS ကိုစတင်ထည့်သွင်းအသုံးပြုခဲ့တဲ့တဲ့ Android OS နဲ့စတင်ပူးပေါင်းခဲ့တဲ့ မိုဘိုင်းဖုန်းကုမ္ပဏီဟာ
HTC ကုမ္ပဏီဖြစ်လို့ပါပဲ။ ပထမဆုံး Android ဖုန်းက G1 ပါ ။ HTC dream လို့လဲခေါ်ပါတယ်။အိုင်ဖုန်း 2G ထွက်ပြီးတနှစ်ကျော်အကြာ ၂၀၀၈ ကုန်ခါးနီးလောက်မှာ realease လုပ်ပါတယ်။ ဒါကြောင့်လဲ HTC ဟာ Android OS ကိုအသုံးပြုထားတဲ့ဖုန်းတွေနဲ့ နာမည်ရလာခဲ့ခြင်းလည်းဖြစ်ပါတယ်။ အခြားသော Mobile ဖုန်းကုမ္ပဏီကြီးများနဲ့ပူးပေါင်းဆောင်ရွက်ခြင်း
=======================================


2007 ခုနှစ်ထဲမှာတော့ Intel, LG, Marvell Technology Group, Motorola, Nvidia, Qualcomm, Samsung Electronics, Sprint Nextel, T-Mobile စတဲ့
နည်းပညာကုမ္ပဏီကြီးတွေဟာ Android Operating System နဲ့ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ , Atheros Communications,
Asustek Computer Inc, Garmin Ltd, Huawei Technologies, PacketVideo, Softbank, Sony Ericsson, Toshiba Corporation နဲ့Vodafone
စတဲ့ မိုဘိုင်းနည်းပညာကုမ္ပဏီကြီးတွေကလည်း Android OS နဲ့ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ Android Market ကိုစတင်တည်ထောင်ခြင်း
==========================


၂၀၀၈ ခုနှစ်မှာတော့ Google ကုမ္ပဏီဟာ Apple ရဲ့iPhone တွေအတွက်တည်ထောင်ထားတဲ့ Mobile Application တွေရယူနိုင်တဲ့ iTunes စတိုးလိုမျိုး
Online Android Market ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။Android Market မှာတင်ထားတဲ့ Application တွေရဲ့ 57 ရာခိုင်နှုန်းခန့်ဟာ free ရယူနိုင်တဲ့ application တွေဖြစ်ပါတယ်။
၎နှစ်အတွင်းမှာ Google ကုမ္ပဏီဟာ Android OS ကို version အဆင့်မြှင့်ပြီး မွမ်းမံထုတ်လုပ်မှုများပြုလုပ်ခဲ့ပါတယ် ။ Android OS ဟာ free ပေးထားတဲ့ OS တစ်ခုဖြစ်ပြီး
Open Source ဖြစ်တာကြောင့် Android Developer မည်သူမဆို Android OS ကို ပြင်ဆင်ရေးခွင့်ရှိပါတယ်။ ဒါကြောင့် ကုမ္ပဏီက မူရင်းထုတ်ဝေထားတဲ့
Android OS version တွေကို အပြင်က Android Developer တွေက ပိုမိုကောင်းမွန်အောင်ပြန်လည်ပြင်ဆင်ပြီး ပြန်လည်ထုတ်လုပ်ထားတဲ့
Android Custom OS(Custom ROM) တွေဟာလည်း အများအပြားထွက်ရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်နှစ်စပိုင်းလောက်ကစပြီး Android OS ဟာ
တစ်ရှိန်ထိုးအောင်မြင်ခဲ့ပါတယ်။ အခုလက်ရှိအချိန်ထိ ၂နှစ်ခွဲအတွင်း Android Market မှာ Android Developer တွေဖန်တီးရေးသားထားတဲ့ Android OS application
ပေါင်း သုံးသိန်းနှင့်အထက်ရှိလာခဲ့ပါတယ်။ ဒါဟာ Apple ရဲ့ iTune စတိုးမှာ Apple Developer တွေ ၄ နှစ်စာတင်ထားတဲ့ Application တွေရဲ့ အရေအတွက်ရဲ့
နှစ်ဆ ရှိပါတယ်။ တဖြည်းတဖြည်းပိုမိုအောင်မြင်လာတဲ့ Android OS များ
================================


အခုနောက်ပိုင်းမှာ Android စနစ်ကို ထည့်သွင်းအသုံးပြုထားတဲ့ Mobile ဖုန်းအနေနဲ့ဆိုရင် တရုတ်နိုင်ငံထုတ် တန်ဖိုးနည်းဖုန်းတွေမှာတောင်
Android OS ကိုထည့်သွင်းအသုံးပြုထားလို့ Android OS ဖုန်းများဟာ လူကြိုက်များလာခဲ့ပါတယ်။ ဒီနေရာမှာ Apple ရဲ့အကြောင်းကိုနည်းနည်းပြန်ပြောရပါဦးမယ်။
2010 ခုနှစ်မှာ Apple ကုမ္ပဏီဟာ iPad ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။ iPad မှာအသုံးပြုထားတဲ့ OS ကလည်း iPhone တွေလိုပဲ iOS ကိုအသုံးပြုထားပါတယ်။
ဒါပေမယ့် iPad တွေအတွက် iOS ကTablet version ပေါ့ဗျာ။ အဲဒီနောက်ပိုင်း ၂၀၁၁ ဖေဖော်ဝါရီလမှာ Google ဟာ Android OS ကို ဖုန်းတွေအတွက်သာမက
Tablet တွေမှာအသုံးပြုနိုင်မယ့် Android OS ကိုအသုံးပြုနိင်မယ့် HoneyComb လို့အမည်ရတဲ့ Tablet တွေအတွက် Android version ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။
version အနေနဲ့ပြောရင် 3.0 ကနေစတင်ခဲ့ပါတယ်။ အခုလက်ရှိအချိန်အထိ Android Tablet version မှာ HoneyComb Version 3.2 အထိထွက်ရှိနေပါပြီ။
ဖုန်းတွေအတွက် Android OS အနေနဲ့ version 4.0 အထိထွက်ရှိခဲ့ပြီဖြစ်ပါတယ်။ Android OS ကဘာတွေပိုကောင်းလဲ ?
======================


Android OS ကဘာတွေပိုကောင်းလဲလို့မေးရင် Mobile Device တွေအတွက် သုံးလို့အကောင်းဆုံး OS တစ်ခုလို့ပြောရရင် မှားမယ်မထင်ပါဘူး။
Android OS ကအထောက်အပံ့ပေးနိုင်တဲ့ကွန်ရက်တွေအနေနဲ့ GSM/EDGE, IDEN, CDMA, EV-DO, UMTS, Bluetooth, Wi-Fi, LTE, NFC နဲ့ WiMAX
ကွန်ရက်တွေကို အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ Android OS ကို GSM ဖုန်းတွေသာမက CDMA ဖုန်းတွေမှာပါအသုံးပြုနိုင်ပါတယ်။
အင်တာနက်အသုံးပြုမှုအတွက်လည်း GSM ရဲ့ EDGE ကွန်ရက်ရော CDMA ရဲ့ EVDO ကွန်ရက်ကိုရော Android OS နဲ့အသုံးပြုနိုင်ပါတယ်။
ဖုန်းရဲ့ Graphic ပိုင်းအတွက်လည်း 3D စနစ်ကိုပါအထောက်အပံပေးနိုင်အောင် မွမ်းမံထုတ်လုပ်ထားပါတယ်။ Android OS ကိုအသုံးပြုထားတဲ့
ဖုန်းHardware အမျိုးအစားကိုလိုက်ပြီး Multi Touch စနစ်ကိုလည်း အထောက်အပံ့ပေးနိုင်ပါတယ်။
အခုနောက်ထွက်တဲ့ Android version 2.2 နှင့်အထက်ကစပြီး Google ရဲ့ Service တွေကို Voice Command ကိုအသုံးပြုပြီးရှာဖွေနိုင်အောင်ပြုလုပ်ထားပါတယ်။ Mobile ဖုန်းများအတွက်ထွက်ရှိပြီးသော Android OS version များ
========================================


အပေါ်မှာ Android OS version တွေအကြောင်းပြောခဲ့တော့ Android OS version ဘယ်နှစ်ခုထွက်ခဲ့ပြီးပြီလဲ ၊ OS version တွေရဲ့အမည်တွေကဘာတွေလဲဆိုတာ
ကိုလဲသိချင်ကြမှာပေါ့။ အောက်မှာ Android OSကိုအထောက်အပံပေးနိုင်တဲ့ ဖုန်းနဲ့ Tabletတွေအတွက်ထွက်ရှိခဲ့တဲ့Android OS version တွေကိုဖော်ပြလိုက်ပါတယ်။ Android version Operating System Name
=========== =================
1.5 Cupcake
1.6 Donut
2.1 Eclair
2.2 Froyo
2.3.x Gingerbread
3.x.x Honeycomb (For Android Tablet)
4.0 Ice Cream Sandwich
အပေါ်မှာပြောခဲ့တဲ့ထဲက 2.3.x တို့ 3.x.x တို့မှာဆိုရင် x ဆိုတဲ့နေရာမှာ 3,4,5,6,7 စသည်ဖြင့် version အမျိုးမျိုးရှိပါသေးတယ်။
ဥပမာအားဖြင့် 2.3.3 တို့ 2.3.5 တို့လိုမျိုးပေါ့ဗျာ။
Android OS ဟာဘာကြောင့်အရမ်းအောင်မြင်လာခဲ့တာလဲ ?
===================================


Android OS အောင်မြင်လာတဲ့အချက်တွေထဲမှာ ဖုန်းကုမ္ပဏီတွေအများအပြားအသုံးပြုလာတယ်ဆိုတဲ့တစ်ချက်ထဲတင်မဟုတ်သေးပါဘူး။
အသုံးပြုသူများအသိအမှတ်ပြုထားတဲ့ ထင်ရှားတဲ့အချက်အနေနဲ့ဆိုရင် ဈေးကြီးတဲ့ iPhone ပေါ်မှာသာသုံးနိုင်တဲ့ application တွေ ၊
game တွေဟာ Android OS အတွက်လည်း ရှိနေပါပြီ။ ဒါကြောင့် Android OS ကိုထည့်သွင်းထားတဲ့ တန်ဖိုးနည်းတဲ့ ဖုန်းတွေမှာတောင်မှ
iPhone ထဲက နာမည်ကြီး application တွေ game တွေကိုဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဖုန်းတွေရဲ့ Hardware ကွာခြားချက်တော့ရှိတာပေါ့ဗျာ။
နောက်ပြီး အင်တာနက်သုံးစွဲရမှာလည်း Android OS က ပိုမိုမြန်ဆန်စွာ ကြည့်ရှုနိုင်စေပါတယ်။ ဖုန်းတွင်းစနစ်အသုံးပြုရလွယ်ကူပါတယ်။
အသစ်ထွက် Android Version များကို အလွယ်တကူမြှင့်နိုင်ပါတယ်(ယေဘုယျအားဖြင့်) ။ ဒီအချက်တွေကပဲ Android OS ကိုအဓိကအောင်မြင်စေ
ခဲ့ခြင်းဖြစ်ကြောင်းကို Mobile ဖုန်းဆိုင်ရာ ပညာရှင်များ ၊ developer များ ၊ဝေဖန်သူများက တစ်ညီတစ်ညွှတ်တည်းထောက်ခံထားကြပါတယ်။ ရှေ့ဆက်ပြီးရော Android OS ဟာဆက်လက်အောင်မြင်ဦးမှာလား ??
=========================================
အဲလိုမေးလာရင်တော့ အောင်မြင်ဦးမှာပါလို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ Android OS ဟာ ပူးပေါင်းဆောင်ရွက်မှုပေါ်မှာအခြေခံထားတဲ့ Operating System ဖြစ်ပါတယ်။
Java ကိုကျွမ်းကျင်ပိုင်နိုင်တဲ့ Java Programmer တစ်ယောက်ဖြစ်တယ်ဆိုရင် Android application တွေရေးဖို့အတွက် ဘာမှကိုမခက်ခဲတော့ပါဘူး။
ထူးထူးခြားခြား application တွေရော ၊ သုံးလို့ကောင်းတဲ့ application တော်တော်များများ Android OS အတွက်ရှိနေပါပြီ။ ယေဘုယျအားဖြင့် Android OS အတွက် ရေးသားထားတဲ့ Application ဒါမှမဟုတ်
ဂိမ်းတစ်ခုဟာ Android စနစ်ကို အသုံးပြုထားတဲ့ ပစ္စည်းတွေအားလုံးမှာအသုံးပြုလို့ရပါတယ်။ ဒါကြောင့် တန်ဖိုးနည်း မိုဘိုင်းပစ္စည်းတွေမှာတောင်ထည့်သွင်းထားတဲ့ Android OS ဟာ
ဆက်လက် ပိုမိုအောင်မြင်ဦးမှာကို ပြောစရာကိုမလိုတော့ပါဘူး။
ဒီလောက်ဆိုရင် Myanmar Mobile Application မှ Mobile User များလည်း Android OS ရဲ့အကြောင်းကို သိရှိကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်လက်လှမ်းမှီသလောက် ကိုနားလည်လွယ်အောင်ရှင်းပြထားပါတယ်။
ကျန်ခဲ့တဲ့အချက် ၊ အမှားအယွင်းအနည်းငယ်ရှိရင်လဲခွင့်လွှတ်ပေးကြပါ ။အားလုံးကိုကျေးဇူးတင်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)
thet.naing.it@gmail.com

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ