Showing posts with label ဗဟုသုတ. Show all posts

Tuesday, February 21, 2012
Monday, February 20, 2012
Harvard University
ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နော က်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆို တာကို
ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့
သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့
ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်း အနေနဲ့
ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ
နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက
ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ.
မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ်
နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ
လိုက်ရှာနေကြတယ်။
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပ င်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင် ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့်  မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်ေ တွ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်း
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပ
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မ
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်ေ
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
Labels:
ဗဟုသုတ
Monday, July 25, 2011
အမေရိကန်နိုင်ငံ၏ လစာအကောင်းဆုံးအလုပ်များ
လူတွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေကဘာတွေလဲ၊
အလုပ်အကိုင်ကောင်းကောင်း
ရာထူးကောင်းကောင်း
လစာကောင်းကောင်းဆိုတာ ပြောစရာတောင်မလို ဘူးထင်တယ်။
အလုပ်အကိုင်ကောင်းတစ်ခုဆိုတာ လွယ်လွယ် နဲ့ ရနိုင်မှာတော့ မဟုတ်ဘူး။ နေရာတစ်နေရာဆိုတာ တကယ်ရှာကြည့်မှ တကယ်မလွယ်တာတွေ့ရလိမ့် မယ်။ အလုပ်အတွက် ပညာလိုတယ်။ အတွေ့အကြုံ တွေလိုတယ်။ လမ်းကြောင်းမှန်လျှောက်လာခဲ့ဖို့လို တယ်။ ဒီခရီးကိုရောက်ဖို့ သူလည်းသွား၊ ငါလည်းသွား နေကြတာပဲ။ ဖြတ်လမ်းကိုသိပြီး အရင်ရောက်သွား သူတွေလည်း ရှိလိမ့်မယ်။ လမ်းမှားပြီး လိုရာမရောက် တာတွေလည်းရှိနိုင်တယ်။ လမ်းလွဲပြီး လှော်ရင်းနစ် သွားတာတွေလည်း ကြုံတွေ့နိုင်တာပဲ။
အမေရိကန် အလုပ်သမားဌာနက သူတို့နိုင်ငံရဲ့ အကောင်းဆုံးအလုပ် ၂၅ ခုကို ထုတ်ပြန်ကြေညာလိုက် တယ်။ သူတို့နိုင်ငံမှာ မက်လောက်တဲ့ လမ်းကြောင်း မှန်တွေပေါ့။ အဲဒီအထဲက ထိပ်ဆုံး ၁ဝ ခုကိုပဲကြည့် ရအောင်။ ဒီလမ်းကြောင်းအတိုင်းလျှောက်ရင် ကိုယ် လည်း တစ်နေရာရာတော့ ရောက်နိုင်လိမ့်မယ်ထင် တယ်။ ဒါမှမဟုတ် အဖြေတွေ့နိုင်ကောင်းပါရဲ့။
ထိပ်ဆုံးလုပ်ငန်း ၁ဝ ခုမှာ ၈ ခုက ဆေးပညာ နဲ့ ပတ်သက်တဲ့လိုင်းတွေဖြစ်နေတာတွေ့ရတယ်။ ဒီတော့ အိုင်တီခေတ်လို့ပြောနေပေမယ့် အိုင်တီထက် ပိုပြီးတော့ ခေတ်စားတဲ့လုပ်ငန်းတွေရှိနေတာကို အသိအမှတ်ပြုရလိမ့်မယ်။
10. Natural Sciences Manager
အမြင့်ဆုံးလစာ - $97,560
ရင်းနှီးရမည့်ကာလ - ၆ နှစ်
သဘာဝသိပ္ဋံမန်နေဂျာလို့ပြောရမယ်ထင်တယ်။ အခြား သိပ္ဋံပညာရှင်တွေကို ကြီးကြပ်ကွပ်ကဲရလိမ့် မယ်။ ဥပမာ စိုက်ပျိုးရေးဆိုင်ရာ သိပ္ဋံပညာရှင်၊ ဓာတုဗေဒ၊ ဇီဝဗေဒနဲ့ ဘူမိဗေဒပညာရှင်တွေကို ကြီး ကြပ်ကွပ်ကဲရလိမ့်မယ်။ သုတေသနနဲ့ဖွံ့ဖြိုးရေးလုပ် ငန်းတွေမှာ ဆေးဝါးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးခြင်း၊ ဒေသအလိုက် အဖွဲ့အစည်းတွေ အတွင်း အကြံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ခြင်းတွေ ကို လုပ်ဆောင်ရလိမ့်မယ်။ သူတို့ကို ကိုယ်ပိုင်စမ်းသပ် ခန်းတွေ ပေးထားလိမ့်မယ်။ ဥပဒေရေးရာတွေမှာ လည်း ကျွမ်းကျင်ပညာရှင်တစ်ယောက်အနေနဲ့ ဝင်ရောက်အကြံပေးရတာမျိုးတွေ လုပ်ပေးရလိမ့် မယ်။
သူတို့ပိုင်ဆိုင်ထားရမယ့် ဘွဲ့နဲ့ လုပ်ငန်းအတွေ့ အကြုံတွေရှိတယ်။ MBA ဘွဲ့လိုမျိုး၊ သက်ဆိုင်ရာနယ် ပယ်အလိုက် ဒေါက်တာဘွဲ့လိုဟာမျိုး ရရှိထားဖို့လို တယ်။ အချို့လုပ်ငန်းခွင်တွေမှာ အလုပ်ရှင်တွေက ပညာရေးဘွဲ့အတွက် သီးခြားခံစားခွင့်တွေ ပေးတတ် တာမျိုးလည်းရှိတယ်။ လုပ်ငန်းအတွေ့အကြုံတွေ အနေနဲ့ marketing အပိုင်း၊ sale အပိုင်း၊ finance အပိုင်းတွေ ကျွမ်းကျင်ခဲ့ဖို့လိုလိမ့်၏မယ်။ အမြင်ထက် မြင်ခြင်း၊ ဆုံးဖြတ် သုံးသပ်နိုင်စွမ်းရှိခြင်း၊ လုပ်ငန်းဆိုင် ရာ ဗဟုသုတပြည့်ဝခြင်း၊ ဈေးကွက်ကိုကောင်းကောင်း နားလည်ပြီး အရောင်းပိုင်းကိုနားလည်အကြံပြုနိုင်သူ တွေဟာ ဒီအလုပ်အတွက် အသင့်လျော်ဆုံးပုဂ္ဂိုလ်တွေ ဖြစ်ပါလိမ့်မယ်။
9. Marketing Manager
အမြင့်ဆုံးလစာ - $100,020
ရင်းနှီးရမည့်ကာလ - ၄ နှစ်မှ ၆ နှစ်
ဈေးကွက်မန်နေဂျာတွေဆိုတာ CEO တွေလိုပါပဲ။ လုပ်ငန်းနယ်ပယ်အတော်များများကို တာဝန်ယူရပါ တယ်။ လုပ်ငန်းငယ်လေးတွေမှာလည်း ဈေးကွက်မန် နေဂျာတွေဟာ မီဒီယာနဲ့မဟုတ်သည့်တိုင်အောင် အနည်းဆုံး Yellow Page လောက်မှာ ကြော်ငြာကဏ္ဍ တွေအတွက် တာဝန်ယူပေးရတယ်။ ဈေးကွက် အတွက် ကြော်ငြာဘယ်လောက်သုံးမလဲ၊ ဘယ်လို ကြော်ငြာရင်ထိရောက်မလဲ၊ ဘယ်သူတွေနဲ့ကြော်ငြာ မလဲကအစ သူ့တာဝန်တွေဖြစ်နေတယ်။ သူဟာ ပြည်သူ့ဆက်ဆံရေးသဘောတရားတွေ၊ ကိုယ့်တံဆိပ် (brand) ကို ဘယ်လိုပေါက်အောင် ဖောက်ရမယ်ဆို တာတွေ၊ မီဒီယာကို ဘယ်လိုဝယ်ရမလဲ၊ လုပ်ငန်းတိုး တက်ဖွံ့ဖြိုးရေးအတွက် ဘယ်သူ့တွေကိုပေါင်း၊ ဘယ် လိုအလှည့်အပြောင်းလုပ်ရမယ်ဆိုတာတွေကအစ ကျွမ်းကျင်နေသူဖြစ်ရမယ်။ အဓိက ဘဏ္ဍာရေးနဲ့ ရငွေ၊ သုံးငွေပိုင်းဖြတ်နိုင်စွမ်းဟာ သူ့အတွက် အရေး ကြီးတယ်။
သူတာဝန်ယူရမယ့်အပိုင်းက ကိုယ့်အဖွဲ့အစည်း ရဲ့ အတိုင်းအတာ၊ ပမာဏ၊ အနာဂတ်အားလုံးကို အကျိုးရှိအောင် ပိုင်းဖြတ်လုပ်ဆောင်တတ်ဖို့လို တယ်။ ဥပမာ ကိုယ့်အလုပ်ရဲ့ အနာဂတ်ကို ကိုယ့် တာဝန်လို့သဘောထားပြီး အကြံပြုနိုင်တဲ့ အရည် အချင်းမျိုးတွေရှိရမယ်။
အခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပေါင်းစည်း နိုင်စွမ်း၊ ဈေးကွက်အတွက် အကျိုးရှိစွာ အသုံးချနိုင် စွမ်း၊ အခြေခံ စီမံခန့်ခွဲရေးဆိုင်ရာ ကျွမ်းကျင်မှုတွေ ရှိခြင်းက သူ့လုပ်ငန်းကို အများကြီးအထောက်အကူပြု လိမ့်မယ်။ အနည်းဆုံး လေးနှစ်တက် ဘွဲ့တစ်ခုခုတော့ ရှိပြီးသားဖြစ်ရမယ်။ MBA ဘွဲ့ရထားသူဆိုရင် ပိုပြီး တော့ သင့်လျော်တယ်။ ကိုယ့်အလုပ်ကိုယ့်ဂုဏ်နဲ့ လည်း MBA ဘွဲ့ရပြီးသားဆိုတာက စကားပြောပါလိမ့် မယ်။
8. Computer and Information Systems Manager
အမြင့်ဆုံးလစာ - $100,110
ရင်းနှီးရမည့်ကာလ - ၄ နှစ်မှ ၈ နှစ်
ကွန်ပျူတာနဲ့ သတင်းအချက်အလက်မန်နေဂျာဆိုတဲ့ ရာထူးဟာ ကုမ္ဋဏီတစ်ခုရဲ့ အိုင်တီ (information technology) ဆိုင်ရာ နည်းဗျူဟာချမှတ်ခြင်း၊ လမ်း ကြောင်းရွေးချယ်ခြင်းတွေနဲ့ပတ်သက်ပြီး တာဝန်ယူရ တယ်။ System တွေအတွက် စီမံကိန်း (plan) တွေကို ချမှတ်ပေးရတယ်။ ဒီလုပ်ငန်းအတွက် တာဝန်ယူရသူ တွေဟာ များသောအားဖြင့် အိုင်တီလောကရဲ့ programmer တွေ၊ analyst တွေဖြစ်တတ်တယ်။ သူတို့မှာ ကွန်ပျူတာဆိုင်ရာ အတွေ့အကြုံဗဟုသုတ တွေရှိနေဖို့ အရေးကြီးတယ်။ ကိုယ့်လုပ်ငန်း သို့မဟုတ် ကုမ္ဋဏီကြီးတစ်ခုလုံးအတွက် သတင်း အချက်အလက်နဲ့ စနစ်အားလုံးကို စီမံခန့်ခွဲနိုင်သူ တစ်ယောက်အဖြစ် အရေးပါတဲ့အခန်းကဏ္ဍကနေ တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီခေတ်မှာ ရာထူးနေရာကောင်းကောင်း၊ လစာ ကောင်းကောင်း အလုပ်တစ်ခုအနေနဲ့ သတ်မှတ်ထား ကြတယ်။ ကုမ္ဋဏီရဲ့အိုင်တီဆိုင်ရာကိစ္စတွေမှာ တာဝန်ယူထားရသူဖြစ်လို့ security အပိုင်းလည်း သူ့ ခေါင်းပေါ်ပဲကျလာတယ်။ ကုမ္ဋဏီတစ်ခုရဲ့ အိုင်တီ ဆိုင်ရာ စီမံခန့်ခွဲမှု၊ ထိရောက်စွာအသုံးချနိုင်မှု၊ အသုံးပြုမယ့် ဆော့ဖ်ဝဲနဲ့ application တွေကို ရွေးချယ်မှု၊ ယုံကြည်စိတ်ချရကြောင်း အာမခံနိုင်မှု၊ ကုမ္ဋဏီအပေါ်လေးစားတာဝန်ခံနိုင်မှုတွေအားလုံး လုပ်ဆောင်ရလိမ့်မယ်။
ဒီလုပ်ငန်းတွေ တာဝန်တွေဆိုတာ အိုင်တီနယ် နဲ့ပတ်သက်တဲ့အတွက် အချို့သောဌာနတွေ၊ ကုမ္ဋဏီ တွေမှာ အသစ်အဆန်းဖြစ်နေလိမ့်မယ်။ ဒါကြောင့် ဒီလုပ်ငန်းကြီးတစ်ခုလုံးကို တာဝန်ယူရမယ့်သူတစ် ယောက်ဟာ သာမန်ပညာ၊ သာမန်အတွေ့အကြုံ လောက်ရှိတဲ့ ပရိုဂရမ်မာဆိုတာလောက်နဲ့ မလုံ လောက်ပါဘူး။ ဒီဘက်ပိုင်းမှာ အိုင်တီကို နေရာတိုင်း လိုလို အလေးပေးလာတာနဲ့အညီ ကိုယ့်ဘက်ကခိုင် မာတဲ့ ကွန်ပျူတာနယ်က အနည်းဆုံးလေးနှစ်ဘွဲ့ တစ်ဘွဲ့၊ ကွန်ပျူတာအင်ဂျင်နီယာဘွဲ့၊ ကွန်ပျူတာ သချင်ာပညာရှင်ဘွဲ့စတာတွေလောက်တော့ ပိုင်ဆိုင် ထားမှ ကိုယ့်ရာထူးအတွက် စိတ်ချရလိမ့်မယ်။
7. Air Traffic Controller
အမြင့်ဆုံးလစာ - $100,430
ရင်းနှီးရမည့်ကာလ - ၉ နှစ်
ဒီလုပ်ငန်းအတွက် FAA (Federal Aviation Administration) လောက်မှာတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ဖို့လိုတယ်။ လေကြောင်းထိန်းသိမ်းရေးလုပ်ငန်းဟာ ပုဂ္ဂလိကလေကြောင်း၊ လုပ်ငန်းကြီးတွေအတွက် လေကြောင်းလုပ်ငန်းတွေအတွက်ပါ အရေးပါတဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်လာတယ်။ သူတို့တာဝန်ယူရတဲ့ အပိုင်းဟာ လေကြောင်းပျံသန်းရေးအတွက် လုံခြုံ ရေး၊ ထွက်ခွာရေး၊ ခရီးစဉ်နှောင့်နှေးမှုမရှိစေရေးအားလုံးတာဝန်ယူရတယ်။ လုပ်ငန်းသဘောတရားအရ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ လုပ်ငန်းမျိုး ဖြစ်ပြီး၊ လေယာဉ်ထွက်ခွာရေး၊ ဆင်းသက်ရေး၊ ဂိတ် မှာ အကြိုယာဉ် တက္ကဆီတွေထားရှိရေး၊ လေယာဉ် မောင်များနဲ့ဆက်သွယ်ပြီး ရာသီဥတုအနေအထား ကိစ္စရပ်များ သတိပေးရေးတွေကအစ တာဝန်ယူပေး ရတယ်။
လေကြောင်း ထိန်းသမ်းရေးမှူးတာဝန်ယူထား ရသူတစ်ယောက်ဖြစ်လာဖို့ FAA ကထုတ်ပေးတဲ့ အသိအမှတ်ပြုလက်မှတ်ရရှိဖို့လိုပါတယ်။ သူတို့ထုတ် စမ်းသပ်စစ်ဆေးတဲ့ စစ်ဆေးမှုကို အောင်မြင်ရပါ တယ်။ တကယ်လို့ စစ်ဘက်မှာ လေကြောင်းတာဝန် ထမ်းဆောင်လာခဲ့သူတွေအတွက်ကတော့ စစ်ဆေး စမ်းသပ်မှုက ကင်းလွတ်ခွင့်ရှိပါတယ်။ လေးနှစ်တက် ဘွဲ့တစ်ခုခုရှိရပါလိမ့်မယ်။ သုံးနှစ် လုပ်ငန်းအတွေ့ အကြုံရှိရပါမယ်။ စာမေးပွဲစစ်ဆေးတာကို ဖြေဆို အောင်မြင်မှလက်ခံပါတယ်။ စာမေးပွဲအောင်လို့ ရွေးချယ်ခြင်းခံရရင် လုပ်ငန်းခွင်မဝင်မီ ၁၂ ပတ် သင်တန်းတစ်ခုတက်ရပါတယ်။ လုပ်ခွင်ကိုလည်း အလုပ်သင်အဖြစ် ၂ နှစ်ကနေ ၄ နှစ်လောက်အထိ ဆက်လုပ်ရတယ်။ ကျွမ်းကျင်အဆင့်သတ်မှတ်မှ ဒီရာထူးအတွက် တရားဝင်ငှားရမ်းခန့်အပ်ခြင်းခံရ တယ်။
6. Lawyer
အမြင့်ဆုံးလစာ - $110,590
ရင်းနှီးရမည့်ကာလ - ရ နှစ်
အသက် ၁ဝဝ မနေရ၊ အမှု ၁ဝဝ ပွေတတ်တဲ့လောက ကြီးမှာ ရှေ့နေတွေရှေ့တန်းရောက်လာတာ မဆန်း ပါဘူး။ ရှေ့နေတစ်ယောက်ဖြစ်လာဖို့ ဖြတ်လမ်းနည်း မရှိပါဘူး။ ဥပဒေရေးရာတွေကို နှံ့စပ်ကျွမ်းဝင်အောင် အချိန်အများကြီးပေးရတယ်။ ဥပဒေဆိုတဲ့နေရာမှာ လည်း တရားမမှု၊ ရာဇဝတ်မှုအားလုံးပိုင်နိုင်ဖို့လို တယ်။ ဒီနေ့ခေတ်ရှေ့နေတစ်ယောက်ဟာ ပတ်ဝန်း ကျင်ဆိုင်ရာဥပဒေ၊ ဖျော်ဖြေရေးဆိုင်ရာဥပဒေ၊ မိသားစုဥပဒေ၊ အိမ်ခြံမြေဆိုင်ရာဥပဒေ၊ မူပိုင်ခွင့် ဥပဒေ၊ တရားမဥပဒေတွေကအစ ဥပဒေကြောင်းကို အတော်လေး ပိုင်နိုင်သိရှိထားဖို့လိုပါတယ်။ အချို့ ရှေ့နေတွေကတော့ တစ်လိုင်းလိုင်းကို သီးခြားရွေး ပြီး အထူးပြုလိုက်ကြတယ်။ ဥပမာ ဆောက်လုပ်ရေး၊ ထိန်းသိမ်းရေး၊ လုံခြုံရေး၊ အသက်အာမခံစသဖြင့် သီးခြားရပ်တည်ကြသူတွေလည်းရှိတယ်။ အချို့က လည်း ပုဂ္ဂလိကအကြံပေးလုပ်ကြသလို၊ အစိုးရ ရှေ့နေ၊ တရားရုံးရှေ့နေ၊ အမှုလိုက်ရှေ့နေစသဖြင့် အမျိုးမျိုးလုပ်ဆောင်ကြတယ်။
လုပ်ငန်းတွေက ကြီးမားလေ၊ လုပ်ဆောင်မှုတွေ၊ အဆင်ပြေစွာ လည်ပတ်နိုင်မှုတွေအတွက် အရေးကြီး လာတယ်။ ဒါကြောင့် သမာသမတ်ကျမှု၊ ဖြောင့်မတ် မှုစတဲ့ ကိုယ်ကျင့်တရားဆိုင်ရာကိစ္စတွေကလည်း ဒီလုပ်ငန်းမှာ အရေးပါလာရတယ်။ ရှေ့နေတစ် ယောက်ဖြစ်လာဖို့ ရှေ့နေဘားကောင်စီက ကျင်းပတဲ့ စာမေးပွဲကိုအောင်မြင်ရတယ်။ လုပ်ငန်းအတွေ့အကြုံ အတွက် ကြိုက်တဲ့ဆီမှာ အလုပ်သင်ရှေ့နေအဖြစ် ဆောင်ရွက်ခွင့်ရှိတယ်။ တရားရုံးအတွေ့အကြုံတွေ အပြင် လေးနှစ်တက် ဥပဒေဘွဲ့ သို့မဟုတ် ဥပဒေ ကျောင်းကပေးတဲ့ ABA ဘွဲ့တော့ရထားဖို့လိုတယ်။ ဒီဘွဲ့ရဖို့အတွက်ဆိုရင်တောင် သုံးနှစ်လောက်တက်ရ တယ်။
5. Dentist
အမြင့်ဆုံးလစာ - $132,660
ရင်းနှီးရမည့်ကာလ - ၈ နှစ်
တကယ့် အထူးအလုပ်လို့ဆိုရမယ်။ သွားနဲ့ မေးရိုး ဆိုင်ရာအထူးကု၊ ပါးစပ်နဲ့ ခံတွင်းအထူးကု၊ ကလေး အထူးကုဆိုတာတွေက တကယ့်ကိုရှားပါးပစ္စည်းဖြစ် ကုန်ပြီ။ သွားဆရာဝန်ဆိုတာ တကယ်ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် လက်ဖြားငွေသီးနိုင်သူတွေပါ။
သွားဆရာဝန်လုပ်တော့မယ်ဆိုရင် လိုင်စင်လို တယ်။ နိုင်ငံမှာရှိတဲ့ သွားပညာကျောင်း ၅၆ ကျောင်းအနက် တစ်ကျောင်းကျောင်းကနေ ADA လက်မှတ်ရမှ လိုင်စင်ထုတ်ပေးတယ်။ လိုင်စင် အတွက် ရေးဖြေနဲ့ လက်တွေ့စာမေးပွဲ နှစ်မျိုးစလုံး အောင်မှရတယ်။ ကျောင်းဆိုပေမယ့် ၂ နှစ်တက်ရပြီး ကောလိပ်အဆင့်နဲ့ညီတဲ့ လက်မှတ်ထုတ်ပေးတာ။ ပြီး တော့မှ နောက်ထပ်ကျောင်းဆက်တက် ဘွဲ့ရတယ်။ သွားပညာကျောင်းတက်သူတွေဟာ အနည်းဆုံး သုံး လေးနှစ်လောက် လက်တွေ့ဆင်းကြရတယ်။ စပယ် ရှယ်လစ်တစ်ယောက်ဖြစ်အောင်လည်း နောက်ထပ် ၂ နှစ်ကနေ ၅ နှစ်လောက်အထိထပ်ပြီး လေ့လာကြ ရတယ်။
4. Airline Pilot
အမြင့်ဆုံးလစာ - $134,090
ရင်းနှီးရမည့်ကာလ - ၅ နှစ်မှ ၁ဝ နှစ်
လေယာဉ်မှူးတစ်ယောက်ဟာ ပုဂ္ဂလိကလေကြောင်း လိုင်းတစ်လိုင်းလိုင်းမှာ ခရီးသည်တင် လေယာဉ် မောင်းဖူးရုံမက၊ ဟယ်လီကော်ပတာ၊ ကုန်တင် လေယာဉ်၊ အပျော်စီးယာဉ်အားလုံးမောင်းဖူး (မောင်းနိုင်) တဲ့သူဖြစ်ဖို့လိုတယ်။ နောက်ဆုံး ခရီး သည်တင်လေယာဉ်မောင်းတဲ့ လေယာဉ်မှူးဘဝမှာ တော့ တကယ့်စတိုင်ကျကျ၊ စမတ်ကျကျနဲ့ ဟန်ကျ သွားတာပေါ့။
တစ်လကို နာရီ ၁ဝဝ ပဲမောင်းရမယ်ဆိုတဲ့ FAA (Federal Aviation Administration) ရဲ့ဥပဒေကို လိုက် နာရတယ်။ လေယာဉ်မှူးတစ်ယောက်ဖြစ်အောင် လက်မှတ်ရဖို့ဆိုတာကတော့ သိပ်မလွယ်ဘူး။ အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရတယ်။ လေ ယာဉ်မောင်းနာရီစုစုပေါင်း အနည်းဆုံး နာရီ ၂၅ဝ အတွေ့အကြုံရှိရတယ်။ ဒါမှ အခြေခံလိုင်စင်စရတယ်။ လေကြောင်းလိုင်းတစ်ခုခုမှာ လေယာဉ်မောင်းဖို့ဆို တာ အနည်းဆုံး အသက် ၂၃ နှစ်ပြည့်ပြီးဖြစ်ရတယ်။ နာရီ ၁၅ဝဝ မောင်းသက်အတွေ့အကြုံရှိရမယ်။ FAA ကစမ်းသပ်စစ်ဆေးတဲ့ စစ်ဆေးမှုကို အောင်မြင်ရ မယ်။ အဲဒီစာမေးပွဲက ရေးဖြေရော၊ ပျံသန်းမှုရော၊ ပစ္စည်းတွေနဲ့ လက်တွေ့စစ်ဆေးမှုရောပါတယ်။
လေယာဉ်မှူးတစ်ယောက်မှာ လေးနှစ်တက် ဘွဲ့ တစ်ခုလောက်နဲ့ မလုံလောက်ဘူး။ လေကြောင်းလိုင်း တွေက တစ်ခုနဲ့တစ်ခုပြိုင်နေတာဆိုတော့ အရည် အချင်းဘွဲ့တွေလည်း ပြိုင်နေတာကို သတိပြုရမယ်။ ပျံသန်းမှုအတွေ့အကြုံအတွက် လက်တွေ့နာရီရဖို့ဆို တာ ငွေတွေအများကြီးပေးရတယ်။ ဒါကြောင့် လေယာဉ်မှူးအတော်များများဟာ စစ်ထဲဝင်ပြီး တပ်ထဲက လေယာဉ်ပျံသန်းချိန်နဲ့ အတွေ့အကြုံတွေ ယူခဲ့ကြတာများတယ်။ လေကြောင်းလိုင်းတွေက ငှား လိုက်ပြီဆိုရင်လည်း ၅ နှစ်ကနေ ၁၅ နှစ်အတွင်း လေယာဉ်မှူးဖြစ်လာပြီး ဘဝအာမခံချက်ရသွားနိုင် တယ်။
3. Engineering Manager
အမြင့်ဆုံးလစာ - $140,210
ရင်းနှီးရမည့်ကာလ - ၆ နှစ်မှ ရ နှစ်
အင်ဂျင်နီယာမန်နေဂျာဆိုတာ စီမံကိန်းလုပ်ငန်း၊ ဖက်စပ်လုပ်ငန်း၊ သုတေသနလုပ်ငန်း၊ ပုံစံချခြင်း၊ ထုတ်လုပ်ခြင်းစတဲ့လုပ်ငန်းတွေအတွက် တာဝန်ယူ ဆောင်ရွက်ပေးရသူတွေဖြစ်တယ်။ သူတို့ဟာ natural science မန်နေဂျာတွေ၊ information system မန်နေ ဂျာတွေကိုပါ ကြီးကြပ်ကွပ်ကဲရသူတွေဖြစ်တယ်။
အင်ဂျင်နီယာမန်နေဂျာတွေဟာ တိကျတဲ့နည်း ပညာဆိုင်ရာနယ်ပယ်တစ်ရပ်ရပ် သို့မဟုတ် သိပ္ဋံ နည်းကျကျ ပန်းတိုင်တစ်ခုခုရောက်အောင် ပို့ပေးနိုင် စွမ်းရှိရတယ်။ ပရောဂျက်တစ်ခုလုံးအတွက် ဖြစ်လာ နိုင်တဲ့အလားအလာ၊ ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေ ကအစ အားလုံးတာဝန်ယူရတယ်။ လက်တွေ့ပြဿနာ အားလုံးကို နည်းပညာပိုင်း၊ အတတ်ပညာပိုင်းတွေ အားလုံးနဲ့ ရင်ဆိုင်ဖြေရှင်းပေးရတယ်။ အထူးသဖြင့် အင်ဂျင်နီယာမန်နေဂျာအပိုင်းမှာ အိုင်တီဆိုင်ရာ ဆီမီးကွန်ဒပ်တာထုတ်လုပ်ရေးအပိုင်း၊ အီလက်ထရော နစ်ပစ္စည်းထုတ်လုပ်မှုအပိုင်းတွေမှာ တာဝန်ယူရတဲ့ အင်ဂျင်နီယာတွေက လစာပိုကောင်းကြတယ်။
အနည်းဆုံး အင်ဂျင်နီယာဆိုင်ရာ ဘွဲ့တစ်ခုခု ရရှိထားဖို့လိုတယ်။ အချို့လည်း ဘွဲ့လွန်တွေတောင် ရထားကြတယ်။ အထူးသဖြင့် အင်ဂျင်နီယာဘွဲ့တွေ အပြင် MBA ဘွဲ့တွေကိုပါ ပိုင်ဆိုင်ထားကြတယ်။ သိပ္ဋံဘွဲ့ဆိုရင်လည်း မာစတာဘွဲ့တွေ၊ ဒေါက်တာဘွဲ့ တွေတောင်ပါတယ်။
2. Chief Executive Officer (CEO)
အမြင့်ဆုံးလစာ - $140,880
ရင်းနှီးရမည့်ကာလ - အမျိုးမျိုးရှိနိုင်
CEO ဆိုတာ ကုမ္ဋဏီတစ်ခုရဲ့ အမြင့်ဆုံးရာထူးလို့ တောင်ပြောနိုင်တယ်။ လစာလည်းကောင်းတယ်။ သူတို့ဟာ လုပ်ငန်းရဲ့ ဦးတည်ချက်နဲ့ ဗျူဟာကိုချမှတ် နိုင်စွမ်းရှိသူတွေဖြစ်ရမယ်။ ကုမ္ဋဏီရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကိုလည်း လမ်းပြခေါ်သွားနိုင်သူ တွေဖြစ်ရမယ်။ ဒါရိုက်တာဘုတ်အဖွဲ့ကို CEO တစ် ယောက်ဟာ အမြဲတန်းတာဝန်ခံပြီး ပြောပေးနေရ တယ်။ အားလုံးဟာ လုပ်ငန်းရဲ့ ရှယ်ယာရှင်တွေဖြစ်နေ ပြီး သူတို့လက်ခံနိုင်အောင် စွမ်းဆောင်ပြနိုင်စွမ်းလည်း ရှိရတယ်။ လုပ်ငန်းသေးကုမ္ဋဏီလေးတွေဆိုရင် CEO တစ်ယောက်ဟာ ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌရာထူးကိုပါ တာဝန်ယူထားရသူတွေ ဖြစ်နေတတ်တယ်။ ဒါရိုက် တာဘုတ်အဖွဲ့ဝင်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
CEO တစ်ယောက်ဖြစ်လာစရာ လမ်းကြောင်း တွေအများကြီးရှိပါတယ်။ များသောအားဖြင့်တော့ အောက်ခြေကတက်လာတဲ့ CEO တစ်ယောက်ဟာ နှစ်ပေါင်း ၃ဝ လောက်ကြာမှ ဒီရာထူးကို ရလာတတ် တာတွေ့ရပါတယ်။ ကိုယ့်ကုမ္ဋဏီကိုယ်ထောင်၊ ကိုယ့် ကိုယ်ကို CEO ရာထူးပေးထားတဲ့သူတွေလည်းရှိပါတယ်။ ကိုယ်တိုင်လုပ်၊ ကိုယ်မလုပ်ရင်ပြုတ်မှာဆိုတော့ ကိုယ်ပိုင်ကုမ္ဋဏီရဲ့ CEO ဘွဲ့ခံတွေလည်း တာဝန်ရှိ မှာ အမှန်ပါပဲ။
ဒီခေတ်မှာ သာမန်ဘွဲ့လောက်ဆိုတာတွေကို ထည့်တောင်တွက်ကြတော့တာမဟုတ်ဘူး။ CEO တစ်ယောက်အတွက် အနည်းဆုံးထိုက်တန်တဲ့ဘွဲ့က MBA လောက်ဖြစ်နေပြီ။ ဒါပေမယ့် ဘီလ်ဂိတ်စ်ဆိုတဲ့ သူ CEO သာဖြစ်သွားတယ် ကျောင်းတောင်ပြီးတာ မဟုတ်ဘူး။
1. Surgeon
အမြင်ဆုံးလစာ - $181,850
ရင်းနှီးရမည့်ကာလ - ၁ဝ နှစ်မှ ၁၅ နှစ်
အမေရိကန်နိုင်ငံရဲ့ လစာအကောင်းဆုံးအလုပ်ဟာ ဆရာဝန်အလုပ်ပါတဲ့။ အသက်မွေးဝမ်းကျောင်း အလုပ်တွေထဲမှာ အခိုင်ဆုံးဖြစ်နေတာကြောင့် ခွဲစိတ် အထူးကုသမားတော်ကြီးတွေဖြစ်အောင် ကြိုးစား အားထုတ်သူတွေများလာပါတယ်။ သာမန်ဖျားနာကု ရိုးရိုးဒေါက်တာတွေထက် ခွဲစိတ်ကုဒေါက်တာတွေက ပိုပြီးလစာကောင်းကြတယ်။ ခွဲစိတ်ကုဆိုတဲ့နေရာမှာ လည်း နှလုံးလား ဦးနှောက်လား လိုင်းကွဲသွားသေး တယ်။
သာမန်အထွေထွေခွဲစိတ်ကုဆရာဝန်တွေက တော့ အတွေ့အကြုံများလာတာနဲ့အမျှ ရပ်တည်နိုင် ဖို့ မခက်ပါဘူး။ သူတို့ဆီမှာ ဆေးပညာအတွက် သာမန် လေးနှစ်ဘွဲ့တစ်ခုခုကိုအရင်ယူရတယ်။ အထူးသဖြင့်တော့ ဇီဝဗေဒတွဲနဲ့ သိပ္ဋံဘာသာတွဲတွေ ကို ယူထားသူတွေကတော့ ဆေးကျောင်းဆက်တက် ဖို့ အဆင်ပြေတယ်။ ကောလိပ်အဆင့် လေးနှစ် တက်ရတယ်။ ပထမ ၂ နှစ်က စာတွေ့၊ နောက် ၂ နှစ်က လက်တွေ့ဆင်းရတယ်။ လက်တွေ့ဆင်းတဲ့အခါ ဒီမှာ ဟောက်စ်ဆင်းသလိုပဲ ဆရာတွေနဲ့ အနီးကပ် ထိတွေ့ပြီး လမ်းညွှန်သင်ယူမှုကို တိုက်ရိုက်ခံယူကြရ တယ်။ နောက်တစ်ဆင့်က အလုပ်သင်အဆင့်။ ဆေးရုံတစ်ရုံမှာ ၃ နှစ်ကနေ ရ နှစ်အထိလက်တွေ့ လုပ်ကိုင်ကြရတယ်။ ဆေးရုံမှာ အလုပ်လုပ်နေတုန်း ကိုယ်ကြိုက်ရာဘာသာရပ်ကို အထူးပြုလေ့လာ သင်ယူခွင့်ရှိတယ်။ နောက်တစ်ဆင့်ကတော့ ဆေးကု သခွင့်အတွက် လိုင်စင်ယူဖို့ စာမေးပွဲဖြေရတယ်။ အောင်မှ အပြင်ထွက်ပြီး ဆေးကုသစားခွင့်ရှိတယ်။
ဆရာဝန်အလုပ်ဆိုတာ အကျိုးအမြတ်များတဲ့ အလုပ်ဖြစ်နေလို့ ခပ်ပေါ့ပေါ့၊ ခပ်ပေါပေါနဲ့တော့ ဖြစ် လာလိမ့်မယ် မထင်ပါနဲ့။ ဆေးကျောင်းကထွက်လာတဲ့ ဘွဲ့ရ ၈ဝ ရာခိုင်နှုန်းလောက်ဟာ အပြင်မှာ ကြွေးပတ် ချာလည်ဝိုင်းပြီး ပြဿနာတက်နေရတယ်လို့ သိရ တယ်။
ဂဏန်းခြောက်လုံးလောက်ရတဲ့အလုပ်တွေ
အထက်ကစာရင်းအတိုင်းဆိုရင်တော့ ဆရာဝန် အလုပ်ဟာ အကောင်းဆုံးနဲ့ ဖြစ်ဖို့လည်း အခက်ဆုံး ဆိုတာ သဘောပေါက်လိမ့်မယ်ထင်ပါတယ်။ ဘယ် အလုပ်မဆို သူ့နေရာနဲ့သူ ရင်နှီးပေးဆပ်ရမှုတွေ ရှိ ပါလိမ့်မယ်။
အမေရိကန်နိုင်ငံရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အကောင်းဆုံး လုပ်ငန်း ၂၄ မျိုးဆို တာ တစ်နှစ်လစာ ဂဏန်းခြောက်လုံးလောက်ရတဲ့ အလုပ်တွေကိုပြောတာပါ။ အလုပ်တွေကို ပြန်ပြီး ဆန်းစစ်ကြည့်ရရင်
1. Surgeon: $181,850
2. Anesthesiologist: $174,610
3. OB/GYN: $174,610
4. Oral and maxillofacial surgeon: $169,600
5. Internist: $156,790
6. Prosthodontist: $156,710
7. Orthodontist: $153,240
8. Psychiatrist: $151,380
9. Chief Executive Officer: $140,880
10. Engineering Manager: $140,210
11. Pediatrician: $140,000
12. Family or general practitioner: $137,980
13. Physician/surgeon, all other: $137,100
14. Airline Pilot: $134,090
15. Dentist: $132,660
16. Podiatrist: $111,130
17. Lawyer: $110,590
18. Dentist, any other specialist: $106,040
19. Air Traffic Controller: $100,430
20. Computer and Information Systems Manager: $100,110
21. Marketing Manager: $100,020
22. Natural Sciences Manager: $97,560
23. Sales Manager: $96,950
24. Astronomer: $96,780
ကဲ ဒီစာရင်းကိုကြည့်ပြီး၊ စာတွေကိုဖတ်ပြီး ကိုယ်ဘာ တွေ ပြင်ဆင်ထားဖို့လိုပြီလဲဆိုတာ သဘောပေါက်မယ် ထင်ပါတယ်။

Tuesday, July 19, 2011
ပလက်ဖောင်း သရုပ်ဖော် အနု အကြမ်းပညာ
မြေအောက်ခရစ်မတ်ပွဲပေါ့
မြေကြီးပေါက်လဲ အီဖယ်ဖြစ်တယ်
ကြောက်စရာနော်
ပီပြင်တယ်နော်
ကျသွားရင်ဘယ်နှယ့်လုပ်မှာလဲ
ရေဆင်းချိုးမလား
သောက်ပါဦး
မှန်လေ....ဟီး
တော်ပီနော်.....း)
Labels:
ဗဟုသုတ
Monday, July 18, 2011
ဘယ်နှာခေါင်းမျိုးနဲ့ အသက်ရှူနေသလဲ၊ နှာခေါင်း ၁၄ မျိုး ရှိကြောင်း အစ္စရေးပညာရှင် ခွဲခြားပြ
အစ္စရေးနိုင်ငံ၊ ဘင်ဂူရီယန် တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက ဥရောပတစ်လွှားနှင့် အစ္စရေးမှ စိတ်ဝင်စားဖွယ် နှာခေါင်း အသွင်အပြင် ရှိသူများကို ဓာတ်ပုံ မှတ်တမ်းယူခဲ့ပြီး ဓာတ်ပုံ ၁၃၀၀ ကျော်ကို တူရာခွဲ စုစည်းခဲ့ရာ ယေဘုယျအားဖြင့် နှာခေါင်းပုံစံ ၁၄ မျိုး ရှိကြောင်း၊ ကြီးမားထူထဲသော နှာခေါင်းများမှသည် ဒဏ္ဍာရီဆန်သော နှာခေါင်းများ အထိ တွေ့ရှိခဲ့ရကြောင်း သိရသည်။ ဥရောပသားများ ဖြစ်သောကြောင့် အမျိုးသားများတွင် ကြီးမားထူထဲသော နှာခေါင်းပုံစံများကို အများအားဖြင့် တွေ့ရပြီး စိတ်ဓာတ် ပြင်းထန်သူများတွင် တွေ့ရသည်ဟု ဆိုသည်။ သို့ရာတွင် ယင်းနှာခေါင်းပုံစံမျိုးနှင့် သိမ်းငှက်နှာခေါင်း ကဲ့သို့သော နှာယောင်ကောက်သည့် နှာခေါင်းများမှာ ဆွဲဆောင်မှု အနည်းဆုံးဟု ဆိုသည်။
ထူးခြားချက် အနေဖြင့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရွန်နီ၏ နှာခေါင်းကဲ့သို့ တိုပြီး ထိပ်အနည်းငယ်လန်သော နှာခေါင်းမှာ ဆွဲဆောင်မှုရှိသည့် နှာခေါင်းများထဲတွင် ပါဝင်သည်။ သို့ရာတွင် မရင့်ကျက်သေးသော သူအဖြစ် ရှုမြင်ခံရတတ်သည့် နှာခေါင်း အမျိုးအစားလည်း ဖြစ်သည်ဟု ဆိုသည်။ သရုပ်ဆောင် တွမ်ခရုစ်ကဲ့သို့ ရိုမန်နှာခေါင်းမျိုးမှာမူ လေ့လာခဲ့သမျှ၏ ၉ ရာခိုင်နှုန်းတွင်သာ တွေ့ရပြီး ရည်မှန်းချက်ကြီးသူများ၊ သတ္တိရှိသူများ၊ အတွေးရှင်းသူများတွင် တွေ့ရသည့် နှာခေါင်းမျိုးဟု သုံးသပ်သည်။ ဂရိနှာခေါင်းဟု ဆိုနိုင်သော အာဆင်နယ် အသင်းခေါင်းဆောင် ဖာဘရီဂတ်စ်၏ နှာခေါင်းမျိုးကိုလည်း ၃ ရာခိုင်နှုန်းတွင်သာ တွေ့ရပြီး ဟယ်ရီပေါ်တာ သရုပ်ဆောင် ဒန်နီယယ်ရက်ကလစ်ဖ်၏ နှာခေါင်းမျိုးမှာမူ စီးပွားရေး ဦးစားပေးသည့် သွေးအေးသော စနစ်ကြီးသမားများတွင် တွေ့ရလေ့ရှိသည် ဆိုသည်။
၁ - တို၍ အနည်းငယ်လန်သော ရွန်နီ၏ နှာခေါင်းပုံစံသည် ဆွဲဆောင်မှုရှိသည့် အထဲတွင် ပါဝင်သည်။
၂ - ကိတ်မစ်ဒယ်တန်၏ နှာထိပ်အထိ တစ်ဖြောင့်တည်းသွားသော နှာခေါင်းပုံစံကို အနုပညာသမားများတွင် တွေ့ရသည်။
၃ - ဘုရင်မကြီး ကြင်ယာတော် ဖီးလစ်၏ ကြီးမားထဲထူပြီး အဆီများသော နှာခေါင်းပုံစံသည် ဥရောပရှိ အမျိုးသားများတွင် အတွေ့ရများသည်။
၎ - ဘာဘရာစထရက်ဆန်၏ သိမ်းငှက်နှာခေါင်းမျိုးမှာ ဆွဲဆောင်မှု မရှိသည့် အထဲတွင် ပါဝင်သည်။
၅ - Queen ဇာတ်ကားမှ ဇာတ်ဆောင် ဟယ်လင်၏ နှာခေါင်းမျိုးမှာ ပါးပြီး ထိပ်ချွန်သည်။
၆ - ဖာဘရီဂတ်စ်၏ ဂရိ နှာခေါင်းမျိုးမှာ မော်လ်ဒယ်များတွင် တွေ့ရသည်။
၇ - ဒန်နီယယ်ရက်ကလစ်ဖ်၏ လင်းယုန်နှာခေါင်းမျိုးမှာ စည်းနှင့်ကမ်းနှင့် လုပ်တတ်သည့် ပညာရှင်များတွင် တွေ့ရသည်။
၈ - တွမ်ခရုစ်၏ ရိုမန်နှာခေါင်းမျိုးမှာ ထိပ်တွင် လျှောစောက် ဖြစ်သွားပြီး ရည်မှန်းချက် ကြီးသူမျိုးတွင် တွေ့ရသည်။
၉ - ကောက်သည့်အပြင် လုံးဝန်း ပွယောင်းသော သရုပ်ဆောင် လီယွန်မက်ကန်း၏ နှာခေါင်းမျိုးမှာ လူ ၂၀၀ လျှင် တစ်ယောက်၌သာ တွေ့ရသည်။
၁၀ - သရုပ်ဆောင် ကာရေးမူလီဂန်၏ နှာခေါင်းမျိုးမှာအထက်သို့ လန်သော်လည်း သေးသွယ်ပြီး ဒဏ္ဍာရီဆန်သည့် အသွင် ရှိသည်။
၁၁ - ပြန့်ကားပြီး နှာခေါင်းပေါက် ကျယ်သော လီနင် နှာခေါင်းမျိုးမှာ လူ ၂၅ ဦးလျှင် တစ်ဦးတွင်သာ တွေ့ရသည်။
၁၂ - စပါးအသင်းနည်းပြ ဟယ်ရီရက်နက်ပ်၏ နှာခေါင်းမျိုးမှာလည်း လူ ၅၀ လျှင် တစ်ဦးတွင်သာ တွေ့ရသည်။
၁၃ - အမေရိကန်သမ္မတ နစ်ဆင်၏ ရှည်ပြီး နှာမောင်း အသွင် ရှိသော နှာခေါင်းမျိုးမှာ လူ ၁၀၀ တွင် တစ်ယောက်သာ တွေ့ရသည်။
၁၄ - မော်လ်ဒယ်နှင့် ရုပ်သံတင်ဆက်သူ ပါလ်မာတွမ်ကင်ဆန်၏ နှာခေါင်းမျိုးမှာကား လေ့လာခဲ့သမျှ ၁၃၀၀ တွင် တစ်ကြိမ်သာ တွေ့ရသည်။
Labels:
ဗဟုသုတ
Sunday, July 17, 2011
ယူအေအီးနိုင်ငံ သမ္မတ ရှိတ်ကာလီဖာ ရဲ့  ဒေါ်လာ ၄၈၅ သန်းတန် ကိုယ်ပိုင်အဆင့် မြင့် ဇိမ်ခံသင်္ဘော...
ယူအေအီးနိုင်ငံ သမ္မတ ရှိတ်ကာလီဖာ ရဲ့  ဒေါ်လာ ၄၈၅ သန်းတန် ကိုယ်ပိုင်အဆင့် မြင့် ဇိမ်ခံသင်္ဘော...ကိုပီတာဘလော့မှကူးယူပါသည်...
ယခုသင်မြင်တွေ့ ရတဲ့ ပုံတွေကတော့ ယူအေအီးနိုင်ငံသမ္မတ၊ အဘူဒါဘီပြည်နယ် ရဲ့ စော်ဘွား ရှိတ်ကာ
လီဖာ ရဲ့ ကိုယ်ပိုင်ဇိမ်ခံသင်္ဘောပုံတွေဖြစ်ပါတယ်...
ထိုအပျော်စီးသင်္ဘောမှာ အိပ်ခန်း ၁၂ ခန်း၊ ရေကူးကန်ငယ် ( ဂျကပ်ဇ်ဇီ ) သုံးခု၊ ရဟတ်ယဉ် ( ဟယ်လီ
ကော်ပတာ ) ကွင်းတစ်ခု၊ လူ ၁၂ ရောက်လိုက်ပါနိုင်တဲ့ အသက်ကယ်လှေငယ်တစ်ခုအပြင် ရုပ်ရှင်ပြသ၊
ကြည့် ရှု နိုင်တဲ့ ခန်းမဆောင်တစ်ခုတို့ ပါ ပါဝင်ပါတယ်...
တန်ဖိုးကတော့ သိပ်မများပါဘူး....
အမေရိကန်ဒေါ်လာ ၄၈၅ သန်းပဲကုန်ကျပါလိမ့် မယ်...
ဒေါ်လာ ၄၈၅ သန်းဆိုတာ ဘယ်လောက်များရှိပါလိမ့် လို့ တွေးထင်နိုင်ပါတယ်...
သိပ်မရှိပါဘူး...
( သူတို့ တိုင်းပြည်များက လူနေမှုအဆင့် အတန်းနဲ့ တွက်ယင်တောင် ) မိမိကိုယ်တိုင်အပါအ၀င်၊ ကိုယ့် 
ရဲ့ နောက်မျိုးဆက် ငါးခု လောက်တော့ ဘာမှအပူအပင်မရှိ အေးအေးလူလူထိုင်စားနိုင်လောက်အောင်
လုံလောက်ပါတယ်တဲ့ ...
တစ်ကယ်ပါပဲဗျာ...
အဲဒီလောက်တန်ဖိုးရှိတဲ့ သင်္ဘောကိုပိုင်တဲ့ သူကတော့ ...
ယူအေအီးနိုင်ငံသမ္မတ ရှိတ်ကာလီဖာ...ပဲဖြစ်ပါတယ်...
The pictures that you are about to see are the luxury yacht of Sheikh Khalifa bin Zayed al Nahyyan, the ruler of Abu Dhabi emirate and the president of UAE.
This yacht has 12 bedrooms, Jacuzzis, three swimming pools, a helipad with helicopter, a lifeboat to carry 12 persons and a cinema hall. It’s very cheap, US$485 million only. How much is US$485 million? Not much, it only allows your next five generations to live without worries, not much actually, really!
Posted by peter kyaw | at 7:33 PM | 0 comments
Labels: Photo : General Knowledge

ဂျပန်နိုင်ငံရှိ အံ့သြဖွယ်ရာ လှပသော ရေတံခွန် ပန်းပင်များ
Wisteria ပန်းနွယ်ပင်များသည် ပဲနွယ်ပင် မျိုးရင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ တရုတ် ၊ ကိုရီးယား နှင့် ဂျပန်နိုင်ငံများတွင် တွေ့ရလေ့ရှိသော ခရမ်းရောင် အဖျော့နှင့် အဖြူရောင်ပန်းများ ပွင့်လေ့ရှိသည့် လှပသော ပန်နွယ်ပင် တစ်မျိုးဖြစ်သည်။ Wisteria ပန်းနွယ်များသည် ၎င်းတို့၏ ပင်စည်ဖြင့် လိမ်လျက် အထောက်အခံ တစ်မျိုးမျိုးရှိပါက မီတာ ၂၀ အမြင့်အထိ နွယ်တက်နိုင်ပြီး ၁၀မီတာအထိ ပြန့်ကား ရှင်သန်လေ့ရှိသည်။
အလှအပကို တန်ဖိုးထားသော ဂျပန်နိုင်ငံတွင် Wisteria ပန်းနွယ်ပင်များကို ပိုမိုကြီးမားရှင်သန်နိုင်ရန် စနစ်တကျ အထောက်အခံများ ပြုလုပ်ပေးပြီး ပျိုးထောင်ထားရာ အမြင့်မှ ဖြာကျလာသော ရေတံခွန်များသဖွယ် လှပသော Wisteria ပန်းနွယ်ပင်များကို မြင်တွေ့ရပြီး ရေတံခွန်းပန်းများဟု မြင်သူတိုင်း သဘောတကျ တင်စားကြသည်။

စကားပြောတဲ့ ဖားကလေး
အသက် ၇၂ နှစ်အရွယ် အဖိုးအို တစ်ဦးဟာ သူရဲ့ လှေပေါ်မှာ ထိုင်ပြီး ငါးမျှားနေပါတယ်.. အဲဒီချိန်လေးမှာ အသံလေးတစ်သံကို သူက ကြားလိုက်ရတယ်.. ကယ်ပါဦး ကယ်ပါဦး ဆိုတဲ့ အသံလေး သေးသေးလေး….
အဖိုးအိုဟာ သူ့ ဘေးပတ်ဝန်းကျင်ကို လိုက်ရှာပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့တော့ အိပ်မက် မက်နေတယ်လို့တောင် သူက ထင်လိုက်ပါတယ်.. ဒါပေမဲ့ ကယ်ပါဦး ဆိုတဲ့ အသံကိုဘဲ သူက ထပ်ထပ်ကြားလိုက်ရပြန်တယ်.. ဒါနဲ့ သေသေချာချာ လိုက်ရှာကြည့်တော့မှ ရေထဲက ကြာရွက် တစ်ရွက်ပေါ်မှာ ဖားကလေးတစ်ကောင်ကို တွေ့လိုက်ပါတယ်…
မင်းက ငါ့ကို စကားပြောနေတာလားလို့ အဖိုးအိုက ဖားကလေးကို မေးလိုက်ပါတယ်..
ဟုတ်ပါတယ်.. ရှင့်ကိုပြောနေတာပါ.. ကျွန်မကို ကယ်ပါ.. ဒီကြာရွက်ပေါ်ကနေ ဆယ်ယူပြီး ရှင်က ကျွန်မကို အနမ်းလေးတစ်ပွင့် ပေးလိုက်ပါ… ဒါဆိုရင် ကျွန်မဟာ ရှင်မြင်ဖူးသမျှ မိန်းမပျိုတွေထဲမှာမှ အလှဆုံး မိန်းခလေးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်.. ပြီးရင် ကျွန်မဟာ ရှင့်ရဲ့ သတို့သမီးလေး ဖြစ်လာမှာပါ…. ဒါဆိုရင် ရှင့်သူငယ်ချင်းတွေ မိတ်ဆွေတွေက ရှင့်ကို မနာလိုရလောက်အောင် ဖြစ်ကြပါလိမ့်မယ်..
အဖိုးအိုဟာ ဖားကလေးရဲ့ စကားကို ကြားတာနဲ့ ချက်ခြင်းဘဲ ဖားကလေးကို ကောက်ပြီး သူရဲ့ အကျီင်္ အိတ်ထောင်ထဲကို ထည့်လိုက်ပါတော့တယ်…
ဖားကလေးက ရှင်ရူးနေသလား.. ကျွန်မပြောတာကို ရှင်မကြားဘူးလား.. ကျွန်မကို နမ်းလိုက်ရင် ရှင့်ရဲ့ အလှပဆုံး သတို့သမီးလေး ဖြစ်လာမှာပါလို့ ပြောနေတယ်လေ……….
အဖိုးကြီးက အိတ်ထောင်လေးကို အသာဟပြီး ဖားကလေးကို ငုံ့ကြည့်ကာပြောလိုက်ပါတယ်.
နေပါစေ… ငါ့အသက်အရွယ်က သတို့သမီးတစ်ယောက်ထက် စကားပြောတတ်တဲ့ ဖားတစ်ကောင်ရှိတာက ပိုပြီးကောင်းလိမ့်မယ်တဲ့…………………
အမျိုးသမီးတွေကတော့ ပွဲကြည့်ပရိသတ်ပေါ့နော်..
မောင်မောင်(အလွမ်းမြေ)
Labels:
ဗဟုသုတ
ခြားနားချက်များ
၁။ ချစ်သူဘ၀ ။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏။
အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏။
၂။ ချစ်သူဘ၀ ။ ။ အလကားနေရင်း ချစ်သူကိုတမ်းတ၏။
အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏။
၃။ ချစ်သူဘ၀ ။ ။ ကလေးကိုဘယ်နှစ်ယောက်ယူလိုက်မလဲလို့စိတ်ကူး၏။
အိမ်ထောင်သည်ဘ၀။ ။ စိတ်ကူးတဲ့အတိုင်းကလေးမယူဖြစ်ခဲ့ရင် အကောင်းသားလို့ တွေး၏။
၎။ ချစ်သူဘ၀ ။ ။ ကိုယ်ပိုင်ဆိုင်သမျှ ချစ်သူအားပေးလို၏။
အိမ်ထောင်သည်ဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေးထားလို၏။
၅။ ချစ်သူဘ၀ ။ ။ မွန်နေသော်လည်း ကိစမရှိဟုဆို၏။
အိမ်ထောင်သည်ဘ၀။ ။ ကိစ္စရှိမှ မွန်၏။
၆။ ချစ်သူဘ၀ ။ ။ တစ်ယောက်နှင့်တစ်ယောက်ဖုန်းပြောပါက တိုးတိုးလေးပြော၏။
အိမ်ထောင်သည်ဘ၀။ ။ ဖုန်းထဲမှာအော်လိုက်ရသည်ကိုပင် အားမရ။
၇။ ချစ်သူဘ၀ ။ ။ ချစ်သူအကြောင်းကဗျာရေးဖွဲ့၏။
အိမ်ထောင်သည်ဘ၀။ ။ ကဗျာရေးသူ ငစနူ။
၈။ ချစ်သူဘ၀ ။ ။ သူငိုလျှင် ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘ၀။ ။ သူငိုလျှင် tv အစီအစဉ်တွေ ကောင်းပြီ။
၉။ ချစ်သူဘ၀ ။ ။ သူ့မွေးနေ့ကို အလွတ်ရ၏။
အိမ်ထောင်သည်ဘ၀။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ။
၁၀။ ချစ်သူဘ၀ ။ ။ လူတောထဲတွင် လက်ချင်းချိတ်ပြီး၊ သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘ၀။ ။ လူတောထဲတွင် မျက်စောင်းခြင်းချိတ်ပြီး၊ သွားလေ့ရှိ၏။
၁၁။ ချစ်သူဘ၀ ။ ။ အစားစားလျှင် ခွံ့ကျွေးမှ ကြိုက်၏။
အိမ်ထောင်သည်ဘ၀။ ။ အစားစားလျှင် ဇွန်းကိုင်လိုက်မှာကြောက်၏။
၁၂။ ချစ်သူဘ၀ ။ ။ အချစ်သီချင်းများသာ နားထောင်၏။
အိမ်ထောင်သည်ဘ၀။ ။ ကက်ဆက်အကြောင်းသာ ပြော၏။
၁၃။ ချစ်သူဘ၀ ။ ။ ချစ်သူအကြောင်းသာပြော၏။
အိမ်ထောင်သည်ဘ၀။ ။ သံသရာမှ လွှတ်မြောက်ရာအကြောင်းသာတွေး၏။
၁၄။ ချစ်သူဘ၀ ။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။
အိမ်ထောင်သည်ဘ၀။ ။ လူပေါင်းမှားခဲ့သည် အတွက် ရင်ထုမနာဖြစ်၏။

Wednesday, April 27, 2011
ထိုင်ဝမ်နိုင်ငံထိုင်ပေမြို့တော်ရှိလက်ရှိကမ္ဘာအမြင့်ဆုံး ၁၀၁ စင်တာ
509 M ရှိ၍ အထပ်ပေါင်း ၁၀၁ ထပ်ရှိသဖြင့် ၁၀၁ စင်တာဟုခေါ်ကြသည်။ ကုမ္မဏီနှင့် ရုံးခန်းအများဆုံး နေရာလည်းဖြစ်ပါသည်။ ဈေးအရောင်းဆိုင်ခန်းများ၊ စားသောက်ဆိုင်ခန်းများ အားအထပ်ခွဲကာ နေရာချထားသဖြင့် ဈေးဝယ်ထွက်လျှင် တော်ရုံနှင့် လည်ပတ်
၍မကုန်သော နေရာဖြစ်သောကြောင့် ကမ္ဘာလှည့်ခရီးသည်များနှင့် နိုင်ငံတွင်းပြည်သူများ နှစ်သက်ကြသော နေရာလေးလဲဖြစ်ပါသည်။ ထိုင်ဝမ်ကိုရောက်ခဲ့လို့မှ ထိုင်ဝမ်ရဲ့၁၀၁ထပ်ရှိတဲ့ဒီစင်တာကိုမရောက်ခဲ့ရင် ထိုင်ဝမ်ကိုလာရကျိုးမနပ်ဘူးလို့ကမ္ဘာလှည့်ခရီသည်များ
ကပြောစမတ်ပြုကြပါတယ်။
ထိုစင်တာမှာယခုအချိန်အထိ အမြင့်ဆုံးဖြစ်၍ ထိုထက်မြင့်အောင် ဆောက်နေသော ဆောက်နေဆဲ စင်တာလည်း..ယူအေအီးနိုင်ငံ
ဒူဘိုင်းမြို့မှာ ရှိပါတယ်။
ကမ္ဘာပေါ်မှာအမြင့်ဆုံးစင်တာဆယ်ခု
ရှိပါတယ်။အဲဒီဆယ်ခုရဲ့စာရင်းကိုလဲဖော်ပြလိုက်ပါတယ်။
1. Taipei 101, Taipei, Taiwan 101 509 m 2004
2. Petronas Tower, Kuala Lumpur, Malaysia 88 452 m 1998
3. Sears Tower, Chicago, USA 110 442 m 1974
4. Jin Mao Building, Shanghai, China 88 421 m 1999
5. Two International Finance Centre, Hong Kong, China 88 415 m 2003
6. Citic Plaza, Guangzhou, China 80 391 m 1996
7. Shun Hing Square, Shenzhen, China 69 384 m 1996
8. Empire State Building, New York, USA 102 381 m 1931
9. Central Plaza, Hong Kong, China 78 374 m 1992
10. Bank of China, Hong Kong, China 70 367 m 1989
Labels:
ဗဟုသုတ
Thursday, April 21, 2011
ကွန်ပြူတာဂိမ်းများသည် အရိုးနှင့် ပတ်သတ်သော ရောဂါအတော်များများကို ဖြစ်စေ
ဂိမ်းများကို အလွန်အကျွံစွဲလမ်းသော နည်းပညာခေတ်၏ ကလေးငယ်များ၏ အများဆုံးရင်ဆိုင်ကြုံတွေ့ လာရမည် မှာ ဗီတာမင်ဒီချို့ တဲ့မှုကြောင့် အရိုးများသန်မာမှုကျဆင်းလာပြီး ကင်ဆာနှင့် ချဉ်ဆီအားနည်း ခြင်းများကြုံ တွေ့ လာမည်ဖြစ်သည် ဟု ဗြိတိန်နိုင်ငံ ဆောက်သန်တမ် ကျန်းမာရေးလေ့လာသူများက ပြောကြားခဲ့ကြသည်။
ပြင်ပပတ်ဝန်းကျင် နှင့် ဆက်စပ်သောအားကစားများတွင် ပါဝင်မှု မရှိဘဲ အိမ်တွင်းအောင်း ဂိမ်းကစားကြသော ကလေးငယ်များ အထူးသဖြင့် ခန္ဓာကိုယ်ဖွံဖြိုးမှူ လိုအပ်သာ အသက် ၁၀နှစ်ကျော် များတွင် ကျောရိုးဆစ်ပျော့သော ရောဂါများမှတစ်ဆင့်အာရုံကြောအားနည်းခြင်း၊ လုံလောက်သော နေရောင်မရှိမှု ကြောင့် ထင်ရှားသော ရောဂါများသည် အရေပြားကင်ဆာ၊ ရင်ကျပ်ရောဂါ၊ သွေးကင်ဆာ၊ နှင့် ခြေမခိုင်သော ဒူးဆစ်များကိုက်ခဲ သော အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ပွားမှုနှန်းများ တိုးမြင့် လာကြကြောင်း လေ့လာမှုများအရ သိရှိနေရသည်။
ကာကွယ်မှုများအဖြစ် ကလေးငယ်များကို ကွန်ပြူတာ အလွန်အကျွံသုံးစွဲမှုများကို တားမြစ်ပြီး အိမ်မှကျောင်းသို့ လမ်းလျှောက်သွားတတ်သော အလေ့အကျင့်များ ပြုလုပ်ပေးခြင်း အားလပ်ချိန်များတွင် နေရောင်ခြည်ကောင်းမွန်စွာရရှိသော ကစားကွင်းများတွင် ကိုယ်လက်လှုပ်ရှားမှုကို ဦးစားပေးသည့် အားကစားများကို ကစားစေခြင်း၊ ကယ်လ်ဆီယံ ဖြည့်စွက် အစားအစာများ ပိုမိုစားသုံးစေခြင်းနှင့် ကယ်လ်ဆီယံကြွယ်ဝသော နွားနို့သောက်သုံးသည့် အလေ့အကျင့်များကို ပြုလုပ်ပေးရမည် ဖြစ်သည်။
ရာသီဥတု အေးမြချိန်များတွင် တစ်နေရာထဲတွင် ရှည်ကြာစွာ ထိုင်၍ လုပ်ကိုင်ရသော နေထိုင်မှု ပုံစံများကို အုပ်ထိန်းသူများက စောင့်ကြည့်၍ သင့်တော်သလို လှုပ်ရှားမှု ရှိစေရန် အလုပ်တာဝန်များ ပေးခြင်း၊ မိသားစုနှင့်အတူ ပျော်ရွှင်စွာ အချိန်ကုန်စေခြင်း၊ မိဘများကိုယ်တိုင်ကလည်း ရုပ်မြင်သံကြား တီဗွီများ ရှေ့တွင်သာ အဟာရမရှိသော အရံသင့်အစားအသောက်များ စားသောက်၍ သားသမီးများနှင့် အချိန်ကုန်ဆုံးသည်ထက် မိသားစုဝင် အားလုံး ပါဝင်ပူးပေါင်းနိုင်သည့် အစားအသောက်များ ကစားနည်းများ ဖန်တီး၍ ကျန်းမာရေး စောင့်ရှောက်မှုကို အထောက်အကူပြုသော နေထိုင်မှု ပုံစံသစ်ကို ဖန်တီးသင့်ပေသည်။
Labels:
ဗဟုသုတ
Subscribe to:
Posts (Atom)