Showing posts with label ဖုန်းစော့ဖ်ဝဲဒေါင်းလုပ်. Show all posts
Showing posts with label ဖုန်းစော့ဖ်ဝဲဒေါင်းလုပ်. Show all posts
Monday, February 20, 2012
Tuesday, February 14, 2012
Android ဖုန်းမှာ Auto Rotating Error ဖြေရှင်းနည်း
Android Mobile ဖုန်းတွေမှာ တခါတရံ version update ပြုလုပ်ပြီးတဲ့အခါ (သို့) Root လုပ်ပြီးတဲ့အခါ
Phone auto rotating system အလုပ်မလုပ်တာမျိုးကြုံရတက်ပါတယ်။
Auto rotating system ဆိုတာသိပြီးသားသူတွေလဲသိပြီးသားဖြစ်မှာပါ။
မိမိဖုန်း Screeen က မိမိအသုံးပြုသလို့ vertical to horizontal လှည့်ပြောင်းပေးတဲ့ Auto rotationg system ကိုဆိုလိုတာပါ။
Android ဖုန်း မှာ Auto Rotating Error
၁. Version Update မလုပ်ချင်က Auto rotating system က အလုပ်လုပ်ပါတယ်။
vertical to horizontal အပြန်မလှန် ဘယ်လောက်ပြောင်းပြောင်းအလုပ်လုပ်တယ်။
၂. - version update ပြုလုပ်ပြီးတဲ့အခါ (သို့) Root လုပ်ပြီးတဲ့အခါ Phone auto rotating system အလုပ်မလုပ်တော့ဘူး။
- auto rotate feature ကို enable ၊ disable လုပ်လဲမရဘူး ။
- မိမိ Android Mobile Phone (or) Tablet ကို Setting Reset ချလဲ Auto rotating system ပြန်ကောင်းမလာဘူး။
Android ဖုန်း မှာ Auto Rotating Error ဖြေရှင်းနည်း
ဥပမာအနေနဲ့ Samsung Galaxy S နဲ့အောက်မှာဖော်ပြပေးထားပါတယ်။
အဆင့် ၁ : Home Screen မှ Menu button နှိပ်ပြီး Settings ကိုသွားပါ။
အဆင့် ၂ : Diskplay ကိုရွေးပြီး နှိပ်ပေးပါ။
အဆင့် ၃ : အောက်သို့ရွေ့ပြီး Horizontal calibration ကိုနှိပ်ပေးပါ။ ပြီးရင်တော့
စိတ်ဝင်စားစရာ အပိုင်းရောက်ပါပြီ
အဆင့် ၄ : ဖုန်း မျက်နှာပြင်ကို ရေပြင်ညီ စားပွဲပေါ်မှာပဲ ဖြစ်ဖြစ် မှောက်ထားပေးပါ။
ဖုန်းအောက်ခြေပိုင်း တ၀က်ကို စားပွဲခုံအစွန်း မှာ calibration button နှိပ်ဖို့
မျက်နှာပြင်လွတ်ယုံလောက် ထားပေးပါ။
( ဖုန်း မျက်နှာပြင်ကို မမှောက်ပဲနဲ့ ထားပြီးလုပ်လို့ပါတယ်၊ ဖုန်းအောက်ခံ ကာဘာ ဒဇိုင်း
အနေအထားတွေနဲ့ အဆင်မပြေမှာစိုးလို့ပါ )
အဆင့် ၅ : ဖုန်း မျက်နှာပြင်အောက်ကနေ calibration button ကိုနှိပ်ပေးပါ။
ငါး စက္ကန့်လောက်စောင့်ပေးပါ။
Calibrated box ပေါ်လာတဲ့အခါ calibration ပြုလုပ်လို့ပြီးဆုံးပါပြီ။ vertical to horizontal လှည့်ပြောင်းကြည့်ပါ ။
Auto Rotating Error အဆင်ပြေစွာ ဖြေရှင်းပြီးသွားပါပြီ
calibration အစိမ်းရောင် ဘောလုံးလေးက အလည်မှာရှိနေပါလိမ့်မယ်။
အခုဆိုရင် သင့်ရဲ့ Android Phone (or) Tablet မှာ Auto Rotating Error ဖြေရှင်းနည်းကို
နားလည်သဘောပေါက်ပြီး အဆင်ပြေစွာပြုလုပ်တက်မယ်လို့ထင်ပါတယ်။
ပို့စ်ရေးသားသူအမည်: အီးတီ
Labels:
ဖုန်းစော့ဖ်ဝဲဒေါင်းလုပ်
iTune နှင့် မိမိနှစ်သက်တဲ့ သီချင်းကို iPhone Ringtone ပြုလုပ်နည်း

မိမိစိတ်ကြိုက်နှစ်သက်တဲ့သီးချင်းတွေကို iTune နဲ့ iPhone Ringtone ပြုလုပ်နည်းလေးကို
နားလည်သဘောပေါက်အောင် ပုံနှင့်တကွ တင်ပေးလိုက်ပါတယ်။
သိပြီးသားသူတွေရှိသလို မသိသေးလို့ လိုအပ်တဲ့သူတွေအတွက် ရည်ညွှန်းပြီး ဒီပို့စ်လေးကို တင်ဖြစ်တာပါ။
iPhone Rintone အတွက် အလွယ်တကူပြုလုပ်လို့ရတဲ့ iPhone Rintone Software အများကြီးရှိပါတယ်။
အခုနည်းလမ်းက Software တွေမသုံးပဲနဲ့ မိမိ iPhone နဲ့ အမြဲတမ်းအသုံးပြုနေရတဲ့ iTune Software နဲ့အသုံးပြုမှာပါ။
iTune နှင့် မိမိနှစ်သက်တဲ့ သီချင်းကို iPhone Ringtone ပြုလုပ်နည်း
အဆင့် ၁ :iTune Software ကိုဖွင့်ပါ။
iTune Software မရှိပါက အောက်မှာ download ဆွဲပြီး ရယူနိုင်ပါတယ်။
iTune version 10.5.2အားရယူရန်
အဆင့် ၂ :iTune ထဲကနေ Music ကို ကလစ်နှိပ်ပါ။ ( iTune Sidebar အောက်က Library ထဲက Music )
Music ထဲက မိမိ Ringtone လုပ်ချင်တဲ့ သီချင်းကို ရွေးပေးပါ။
အဆင့် ၂ :မိမိ Ringtone လုပ်ချင်တဲ့ သီချင်းကိုရွေးပြီးပြီဆိုရင်
ringtone ပြုလုပ်ချင်တဲ့ နေရာကို ဖွင့်နားထောင်ပြီး မှတ်ထားပေးပါ။
( ဥပမာ : အချိန် ဘယ်လောက်မှာ စပြီး ၊ အချိန် ဘယ်လောက်မှာ အဆုံးသက်ထားချင်တယ် )
iTune ringtone ပြုလုပ်ဖို့အတွက် အသင့်တော်ဆုံးအချိန်က စက္ကန့် 40 ပါ။
အဆင့် ၃ :မိမိ Ringtone လုပ်ချင်တဲ့ သီချင်းကို Right Click နှိပ်ပြီး Get Info ကိုရွေးပေးပါ။
အဆင့် ၄ :Options ကိုရွေးပေးပါ။
Start Time မှာ Ringtone ပြုလုပ်ချင်တဲ့ သီချင်းအစ အချိန်ကို ထည့်ပေးပါ။
Stop Time မှာ Ringtone ပြုလုပ်ချင်တဲ့ သီချင်းအဆုံး အချိန်ကို ထည့်ပေးပါ။
ပြီးလျှင် OK နှိပ်ပေးပါ။
အဆင့် ၅ :iTunes main menu ထဲမှာ Advanced tab ကို နှိပ်ပြီး Create AAC Version ကို
ရွေးပေးပါ။
အဆင့် ၆ :အခြား ပုံစံတူ တမျိုးနဲ့ မိမိပြုလုပ်ချင်တဲ့ Ringtone သီချင်းကိုတွေ့ရပါမယ်။
ဟုတ်၊မဟုတ် သိဖို့အတွက် Ringtone သီချင်းကိုဖွင့်ပြီး မိမိပေးထားတဲ့ သီချင်း အချိန်နဲ့
စစ်ပေးနိုင်ပါတယ်။
အဆင့် ၇ :အခုအဆင့်လေးက အရေးကြီးပါတယ်။ မိမိ Ringtone ပြုလုပ်မဲ့သီချင်းကို ကလစ် တချက်နှိပ်ပြီး
Right Click ကနေ Show in Windows Explorer ကိုရွေးပေးပါ။
အဆင့် ၈ :iTune Library သီချင်းများရှိရာ Floder ဆီရောက်သွားပါမယ်။
မိမိ Ringtone ပြုလုပ်မဲ့ သီချင်းကိုတွေ့ရပါလိမ့်မယ်။
အဆင့် ၉ :Ringtone ပြုလုပ်မဲ့ သီချင်း extension ကို .m4a to .m4r သို့ပြောင်းပေးပါ။
( ဥပမာ : သီချင်းက Crazy Little Thing Called Love.m4a သီချင်းဆိုလျှင်
Crazy Little Thing Called Love.m4r ပြောင်းပေးရမှာပါ )
Ok နှင့် Cancel box တက်လာလျှင် ” Ok ” နှိပ်ပေးပါ။
အဆင့် ၁၀ :Ringtone ပြုလုပ်မဲ့ သီချင်း( extension .m4r နဲ့သီချင်း ) ကို
iTune Software >> File >> Add File to Library ထဲကနေရှာပြီးထည့်ပေးပါ။
(သို့မဟုတ်) သီချင်းကို iTune Software ထဲသို့ ဆွဲထည့်ပေးပါ။
အဆင့် ၁၂:iTune Software ထဲမှ Ringtones နေရာတွင် မိမိပြုလုပ်ထားသော Ringtone သီချင်းကို
တွေ့ရပါမယ်။
အဆင့် ၁၃ :မိမိ iPhone ကို PC နဲ့ချိတ်ဆက်ပေးပါ။
အဆင့် ၁၃ :iTune မှ မိမိ iPhone devices ရှိတဲ့နေရာကိုကလစ်နှိပ်ပါ။
ပြီးလျှင် Ringtones tab ကိုရွေးပါ။
Select ringtones ကိုရွေးပါ ပြီးလျှင် မိမိပြုလုပ်ထားသော ringtone ကို
ရွေးပြီး Apply နှိပ်ပါ။
မိမိဖုန်းထဲမှာ Setting ထဲသို့သွားပါ ။
Setting ထဲမှ Sounds ၊ Sounds ထဲမှ Ringtone ကိုသွားပေးပါ။
မိမိပြုလုပ်လိုက်တဲ့ Ringtone သီချင်းနာမည်ကိုရှာပါ။ သီချင်းကိုတွေ့ပြီဆိုလျှင် Select လုပ်ပေးပါ။
အဆင်တွေ့ပြီးသွားပါပြီ။ သင်ကိုယ်တိုင်ပြုလုပ်လိုက်သော ringtone ကို သင့် iphone မှာအောင်မြင်စွာထည့်လိုပြီးဆုံးသွားပါပြီ။
Congratuloations ပါ…..
- တကယ်လို့ Ringtone ထဲမှာ သင့်ကိုယ်တိုင်လုပ်ထားတဲ့ ringtone သီချင်းကိုမတွေ့ရဘူးဆိုလျှင် အထက်မှာ
ကျွန်တော်ပြထားတဲ့ အဆင့်တွေထဲက တခုခု လွှဲချော်နေလို့ဖြစ်ပါမယ်။
အဆင့်တွေကို သေချာ ဖတ်ပြီး ပြန်လုပ်ကြည့်ပေးပါ။
ပို့စ်ရေးသားသူအမည်: အီးတီ
Labels:
ဖုန်းစော့ဖ်ဝဲဒေါင်းလုပ်
Sony Ericsson X10 mini အတွက် 2.2.1 Custom Rom
Screenshots:

SE ကတော့ X 10 mini တွေအတွက်နောက်ထက် firmware ထုတ်မပေးတော့ဘူးလို့ တရားဝင်ကြော်ငြာလိုက်ပါပြီဝအဲ့ဒီတော့လည်း custom rom တွေကိုသုံးပြီးတော့ပဲ ကျေနပ်ရတော့မှာပေါ့။
Requirement အနေနဲ့ကတော့ ROm ကို flash လုပ်ဖို့ SE Firmware အသစ်ဖြစ်တဲ့ 2.1.1.A.0.6 ရှိရပါမယ်။ နောက်ပြီးတော့ ဖုန်းက root လုပ်ပြီးသားနဲ့ xrecovery ကို install လုပ်ပြီးသားဖြစ်ရပါ့မယ်။
ဒီ ROM က MiniCm6 1.0.1 ကိုအခြေခံပြီးလုပ်ထားတာဖြစ်ပါတယ်။
X10 mini အတွက် ထွက်သမျှ Froyo Rom တွေထဲမှာ stable အဖြစ်ဆုံး Rom ဖြစ်ပါတယ်။
Features
- Miui Camera
- Miui Music
- Wifi
- Video recording (640×480)
- Audio Recording
- Torch
- Honeycomb theme
- Bluetooth
- Fm Radio (Fixed on/off corner button)
- Audio Mixer
- Offline Charging
- SE Stock Keyboard
- Headjack detection
- Sensors
- GPS
- Compass
- Vibration
- Reboot into xrecovery from OS
- Fake Dual Touch (2 finger support)(game mode)
- Froyo App2sd native
- Google music 3.0
- Astro File Manager
- aTAKEphoNE
- GMaps 5.30
- New app icons (SE style)
- New font
- New dialer and contacts style
- Sony ericsson stock boot animation
- Overclocked (710mhz)
- Arc ringtones and notifications
- Sony ericsson stock statusbar and icons
- Arc timescape
- Mddi Lag fix
- Stock launcher with 4 corners
- Stock sony ericsson camera(only for fotos)ဗီဒီယို ရိုက်လို့မရပါဘူး
- New Radio corner button
- Fixed blured status icons
- Fixed Theme
- Miui camera support only english language (if you change the language of your phone the menu of miui camera will be in chinese)
- Call log မှာ ၁ခါထပ်ပိုတဲ့ contact ကို ပြန်ခေါ်တဲ့အခါမှာ force close ဖြစ်သွားပါတယ်။
- Download Srom-2.2.1Froyo-v8 ကို Download ဆွဲပါ။
- Download ဆွဲပြီးသား ဖိုင်ကို sdcard ထဲသို့ထည့်ပါ။
- xrecovery ထဲ ရောက်အောင် reboot လုပ်ပါ။( xRecoveryအား install လုပ်နည်း အား ဤနေရာတွင်ဖတ်ပါ)
- Instal custom zip ကိုရွေးပါ။
- Choose custom zip from sdcard ကိုရွေးပါ။
- Srom-2.1.1Froyo-v8 ကိုရွေးပါ
- Yes ကိုနှိပ်ပါ။
- Factory Reset (Full wipe) လုပ်ပါ။
- Reboot လုပ်ပါ။
Srom-2.2.1Froyo-v8
Troubleshoot:
- miui camera freezes ဖြစ်သွားပါက
settings->cyanogenmod settings->performance settings-> sd card
cache size-> ကို 4096kb သို့ပြောင်းပေးပါရန်
Disclaimer: I am not responsible if this rom brick your device!
အကယ်၍ သင့်ဖုန်းတစုံတရာဖြစ်သွားပါက ကျွန်တော် မျိုးသူထက် နှင့် မဆိုင်ပါကြောင်း!!
ပို့စ်ရေးသားသူအမည်: မျိုးသူ ထက်
Labels:
ဖုန်းစော့ဖ်ဝဲဒေါင်းလုပ်
xRecovery-mini-0.1-beta ကို install လုပ်နည်း
xRecovery ဆိုတာက ဖုန်း boot တက်နေတဲ့အချိန်မှာ ခေါ်သုံးရတဲ့
application တခုဖြစ်ပါတယ်။ကျွန်တော်တို့ ကွန်ပျူတာတွေ မှာ boot တက်နေတုန်း
delete key ကိုနှိပ်တဲ့အခါ ပေါ်လာတဲ့ boot menu နဲ့ ဆင်တူပါတယ်။
Requirements အနေနဲ့ကတော့
Phone က root လုပ်ပြီးသားဖြစ်ရပါမယ်။Root Explore ရှိရပါမယ်။
Download from mediafire
၁။ကဲ download ဆွဲပြီးသား file ကို extract လုပ်လိုက် ရင် busybox,chargemon,xrecovery ဆိုတဲ့ file သုံးခုရပါလိမ့်မယ်။
၂။အဲ့ဒီ file သုံးခုကို SD Card ထဲသို့ ထည့်လိုက်ပါ။
၃။Root Explore ကိုဖွင့်ပါ။အဲ့ဒီ ကူးထည့်ထားတဲ့ file တွေကို /system/bin folder ထဲကို ကူးထည့်ပါ။
၎။ကူးပြီးပြီဆိုရင် xrecovery file ကို ဖိထားပြီး permission မှာအကုန်အမှန်ခြစ်ပါ။
၅။ဖုန်းကို restart ချပါ။ပြန်ပွင့်လာတဲ့အချိန် sony ericsson logo ပေါ်နေတုန်းမှာ back key ကို အဆက်မပြတ်နှိပ်ပါ။
၆။အခုဆိုရင် xRecovery ကိုသုံးလို့ရပါပြီ။

Requirements အနေနဲ့ကတော့
Phone က root လုပ်ပြီးသားဖြစ်ရပါမယ်။Root Explore ရှိရပါမယ်။
Download from mediafire
၁။ကဲ download ဆွဲပြီးသား file ကို extract လုပ်လိုက် ရင် busybox,chargemon,xrecovery ဆိုတဲ့ file သုံးခုရပါလိမ့်မယ်။
၂။အဲ့ဒီ file သုံးခုကို SD Card ထဲသို့ ထည့်လိုက်ပါ။
၃။Root Explore ကိုဖွင့်ပါ။အဲ့ဒီ ကူးထည့်ထားတဲ့ file တွေကို /system/bin folder ထဲကို ကူးထည့်ပါ။
၎။ကူးပြီးပြီဆိုရင် xrecovery file ကို ဖိထားပြီး permission မှာအကုန်အမှန်ခြစ်ပါ။
၅။ဖုန်းကို restart ချပါ။ပြန်ပွင့်လာတဲ့အချိန် sony ericsson logo ပေါ်နေတုန်းမှာ back key ကို အဆက်မပြတ်နှိပ်ပါ။
၆။အခုဆိုရင် xRecovery ကိုသုံးလို့ရပါပြီ။
ယခုစမ်းသပ်ချက်မှာ X8 နှင့် X 10 Mini ပေါ်တွင်စမ်းသပ်ထားခြင်းဖြစ်သည်။
ပို့စ်ရေးသားသူအမည်: မျိုးသူ ထက်
Labels:
ဖုန်းစော့ဖ်ဝဲဒေါင်းလုပ်
Sony Xperia X10/Arc/Arc S/Play/Ray/Neo/Mini/Mini Pro/Pro/Active အမျိုးအစားတွေကို Root လုပ်နည်း နှင့် Root toolkit
Creadit : Kuldeep Singh & xda developers
အခုဆိုရင် Sony Experia devices အတွက် အရမ်းလွယ်ကူတဲ့ Root toolkit နဲ့ Root လုပ်ဖို့အရမ်းလွယ်ကူသွားပါပြီ။ အခု Root toolkit ကို xda member doomlord နှင့်
Revolutinary Team အဖွဲ့က ဖန်တီးပေးထားတာပါ။
xperia devices တွေအတွက် အရမ်းလွယ်ကူတဲ့နည်းလမ်းလေးပါ။ xperia phones တွေထဲက
lockded boot loaders နဲ့ unlocked boot loaders အတွက်လဲ အသုံးပြုလို့ရပါတယ်။
Super OneClikc Root Tool ထက်အသုံးပြုရတာ ပိုလွယ်ပါတယ်။
လုပ်ရမဲ့ နည်းလမ်းလေးက စနစ်တကျနဲ့ရိုးရှင်းပါတယ်….
Root toolkit ကို download ဆွဲ ဖိုင်ကို Run ပြီး
သင့်ဖုန်းကို ချိတ်ဆက်ထားတာနဲ့ Root လုပ်တဲ့အဆင့်ပြီးဆုံးမှာပါ။
Root toolkit ရဲ့လုပ်ဆောင်ချက်တွေက
1. Root your device using latest zergRush exploit (16 Nov)
2. install Busybox (1.18.4)
3. install SU files (binary: 3.0.3 and apk: 3.0.6)
Xperia Easy Rooting Toolkit ကို Download ဆွဲပါ
အခုနည်းလမ်းက 4.0.2.A.0.62 firmware ကို Root မလုပ်ပေးနိုင်ပါဘူးRoot မလုပ်ချင် သင့်ရဲ့ Xperia phone ကိုအောက်မှာဖော်ပြထားတဲ့အတိုင်း ပြုလုပ်ထားဖို့လိုပါတယ်။
အဆင့် ၂ :
” runme.bat ” ကို ကလစ် ၂ချက်နှိပ်ပြီး run ပေးပါ။
” runme.bat ” ကို ကလစ် ၂ချက်နှိပ်ပြီး run ပေးပါ။
အဆင့် ၃ :
” runme.bat ” ကို run ပြီးတဲ့အခါ command prompt ကိုတွေ့ရပါမယ်။
( အောက်မှာပြထားသည့်ပုံအတိုင်း )
” runme.bat ” ကို run ပြီးတဲ့အခါ command prompt ကိုတွေ့ရပါမယ်။
( အောက်မှာပြထားသည့်ပုံအတိုင်း )
adb driver အားရယူရန်
Enable လုပ်ပေးပါ။
Enable လုပ်ပေးပါ။
အဆင့် ၁ :
Download ဆွဲထားသော Root ToolkKit ကို desktop အပေါ် (သို့) မိမိအဆင်ပြေတဲ့နေရာ မှာ ဖြည်ပါ။
အဆင့် ၄ :
အခု သင့် Phone နဲ့ PC ကို ချိတ်ဆက်ပေးပါ။
” Pc companion promt on device ” ကို skip လုပ်ပေးပါ။
အဆင့် ၅ :
သင့် Phone နဲ့ PC ကို သေသေချာချာ ချိတ်ဆက်ပြီးပြီဆိုလျှင် Root လုပ်ဖို့အတွက်
Command Prompt မှာ Keboard မှာ အဆင်ပြေတဲ့ Key တခု နှိပ်ပေးပါ။
စက္ကန့် အနည်းငယ်ကြာအောင် သင့် Phone ကို root လုပ်နေပါလိမ့်မယ်။
အရေးကြီးတဲ့အချက် root လုပ်နေတဲ့အချိန်မှာ Command Prompt box နဲ့
ချိတ်ဆက်ထားတဲ့ Phone ကိုမဖြုတ်မိပါစေနဲ့။
အဆင့် ၆ :
Root အစဆုံး ပြီးဆုံးသွားတဲ့အချိန်မှာ Automatically သင့် Phone restart ကျသွားပါလိမ့်မယ်။
” ALL DONE !! ” ဆိုတဲ့ message ကို သင်မြင်ရပါလိမ့်မယ်။
အခု Keyboard မှ အဆင်ပြေတဲ့ Key တခုခု နှိပ်ပြီး Command Prompt box ကိုပိတ်လိုက်ပါ။
Congratulations …..ပါ
သင့်ကိုယ်တိုင် သင့်ရဲ့ xperia phone ကိုအစအဆုံးRoot ပြုလုပ်နိုင်တဲ့အတွက်ပါ။
အခုသင့်ရဲ့ဖုန်းမှာ စွမ်းဆောင်ရည်အပြည့်နဲ့ စတင်အသုံးပြုလို့ရပါပြီ။
အခုပို့စ်လေးဖတ်လိုက်ရတဲ့အတွက် သင့်ရဲ့ ဖုန်း Root လုပ်လို့ရတဲ့ အကျိုးအမြတ်ကလေးကိုတော့ မေ့မသွားနဲ့နော် …..xda member doomlord နှင့် Revolutinary Team အဖွဲ့စမ်းချက်တွေအရ![]()
အောက်မှာ ဖော်ပြထားတဲ့ Sony Xperia အမျိုးအစားများအပြင် အခြား Android Phone Model အမျိုးအစားတော်တော်များကို Root ToolKit နဲ့
အသုံးပြုလို့ရတယ်လို့ဖော်ပြထားပါတယ်။
မြန်မာ Mobile Application User များအတွက်ဖော်ပြပေးလိုက်ပါတယ်။
ပို့စ်ရေးသားသူအမည်: အီးတီ
Labels:
ဖုန်းစော့ဖ်ဝဲဒေါင်းလုပ်
iOS 5 Untethered Jailbreak for iPhone 4S and iPad 2 ( With Mac OS X)
Creadit : http://ibtimes.com
jailbreakers အဖွဲ့ဖြစ်တဲ့ ” Dream Team ” ကိုပထမဆုံးကျေးဇူးတင်လိုက်ရအောင်။
iPhone 4S & iPad 2 သမားတွေ အတွက် တရုတ်နှစ်သစ်ကူးလက်ဆောင်ပေးလိုက်တယ်ထင်ပါတယ် ….
အခုဆိုရင် iphone 4S and iPad 2 ပိုင်ရှင်တွေအတွက် ကြိုတင်မျှော်လင့်ထားအတဲ့အတိုင်း iOS 5 and 5.0.1
အတွက် untethered jailbreak ထွက်ပါပြီ။
iPhone hacker ဖြစ်တဲ့ pod2g ၇ဲ့လုံးလ၀ိရီယနဲ့ နှင့် Jaikbreak အဖွဲ့ ” Dream Team ” က
Absinthe နာမည်အသစ်နဲ့ jailbreak tool ဖန်တီးပေးထားပါတယ်။
အခု Absinthe က A5 – Powered device အားလုံးကို untethered jailbreak လုပ်ဆောင်ပေးနိုင်ပါတယ်။
အစဦးအနေနဲ့ iphone 4S and iPad 2 အတွက် Absinthe jailbreak tool နဲ့ Mac OS X Computer မှာပဲ
untethered jailbreak လုပ်ဆောင်ပေးနိုင်မှာပါ။
Windows နှင့် Linux versions အတွက် မကြာမီ ထွက်ပေါ်လာပါမယ်…
Absinthe က GUI (Graphic User Interface ) tool က untethered jailbreak အတွက်
အာက်မှာဖော်ပြထားတဲ့ firmware အတွက် စီစဉ်ပေးထားပါတယ်
iPhone 4S: iOS 5.0, 5.0.1 (9A405 and 9A406)
iPad 2 Wifi/GSM/CDMA: iOS 5.0.1
Absinthe အသုံးပြုပြီး iPhone 4S and iPad 2 အတွက် jailbreaking လုပ်နည်းကို
step-by-step အောက်မှာဖော်ပြပေးထားပါတယ်။
အဆင့် ၁ :
User များအနေနဲ့ သူတို့ရဲ့ devices တွေကို untethered jailbreak မပြုလုပ်ခင်
backup အပြည့်လုပ်ဖို့ တိုက်တွန်းထားတာတွေ တွေ့ရပါတယ်…
Absinthe program က နည်းပညာပိုင်းဆိုင်ရာမှာ jailbreak အသစ်ဖြစ်တခုဖြစ်ပါတယ်။
တခုတခုမှားယွင်းသွားခဲ့တောင် development teams ကအတက်နိုင်ဆုံး တာဝန်ယူပေးထားပါတယ်။
Absinthe zip ဖိုင်ကို download ဆွဲပြီးဖြည်ပါ။ executable file ကို run ပါ။
အာက်မှာ download ဆွဲဖို့ links ပေးထားပါတယ်။
ifile link ဖြင့် absinthe-mac-0.1.2-2.zip အားရယူရန် mediafire link ဖြင့် absinthe-mac-0.1.2-2.zip အားရယူရန်
OR
ifile link ဖြင့် absinthe-mac-0.1.2-1.zip အားရယူရန်
mediafire link ဖြင့် absinthe-mac-0.1.2-1.zip အားရယူရန်
Download Absinthe 0.1.2.-1 for Windows (coming soon)
Download Absinthe 0.1.2.-1 for Linux (coming soon)
အဆင့် ၂ :
သင့် Mac Computer မှာ USB cable နဲ့အသုံးပြုပြီး (iPhone 4S or iPad 2) ကိုချိတ်ဆက်ပါ။
ပြီးလျှင် Absinthe tool ကို ဖွင့်လိုက်ပါ။
အဆင့် ၃ :
(iPhone 4S or iPad 2) ချိတ်ဆက်ပြီးလျှင် ” Jailbreak ” button ကို Click နှိပ်ပါ။
သင့်ရဲ့ device ကို restore စတင်လုပ်ဆောင်နေပါလိမ့်မယ်။
သင့်ရဲ့ device screen မှာ ” Restoring in Progress ” မြင်တွေ့ရပါမယ်။
အချိန်အနည်းငယ်မျှ ကြာပါမယ်။
အဆင့် ၄ :
Restore ပြုလုပ်တာပြီးသွားပါမယ်။ သင့်ရဲ့ device ကို unlock ပြုလုပ်ပြီးတဲ့အခါ သင့်ရဲ့ device Springboard မှာ “Absinthe” icon လေးမြင်၇ပါမယ်။
အဆင့် ၅ :
“Absinthe” icon လေးကိုနှိပ်လိုက်ပါ။ icon လေးကိုနှိပ်ပြီးတဲ့အခါ ” GreenPois0n Web site ” ပွင့်ပြီး သင့်ရဲ့ device က reboot ကျသွားပါမယ်။
Reboot ပြီးလို့ သင့် ရဲ့ device ပြန်တာလာတဲ့အချိန်မှာ
“Absinthe” icon နေရာမှာ အညိုရောင်ကာလာနဲ့
Cydia icon ကို အစားထိုးတွေ့ရပါမယ်။
ဘာပဲဖြစ်ဖြစ် “Error establishing a database connection” message အဆင့်
သင့်ကြုံတွေ့ရပြီဆိုရင် သင့် Springboard မှ ပြန်ထွက်ပြီး Absinthe app လေးကိုသေချာပြန်ပြီးကြိုးစားဖွင့်ပါ။
error တွေရဲ့ သဘောတရားက ရွေးချယ်စရာမရှိ ကြီးမားတဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ရင်ဆိုင်ခံစားရ သလိုပါပဲ။
အောက်မှာပြထားတဲ့ နည်းလမ်းတိုင်း သင့်လုပ်ဆောင်နိုင်ပါတယ်
အဆင့် ၆ :
Springboard အပေါ်က Setting icon ကို နှိပ်ပါ။ ပြီးလျှင် VPN ကို ON ပေးပါ။
massage error တွေ့ရပါမယ်။ ဒါပေမဲ့ အဲအဆင်ပြီးသွားလျှင် Springboard မှာ Cydia ရှိနေပြီး
သင့် device reboot ကျသွားပါလိမ့်မယ်။
apple user တွေလဲ လေ့လာလို့ရအောင် ဒီပို့စ်လေးတင်ပေးလိုက်တာပါ။
ကျွန်တော်ကိုယ်တိုင်လဲ စမ်းကြည့်ဖို့အတွက် အခွင့်အရေး မရောက်သေးတာနဲ့ အားလုံးကို
အရမ်းကြီးတိုက်တွန်းပြီး အာမခံ မပေးနိုင်သေးပါဘူး။
စမ်းကြည့်ချင်သူများလဲ စမ်းကြည့်နိုင်ပါတယ်
jailbreaker တွေရဲ့ facebook command တွေအရ အဆင်ပြေတဲ့သူတွေရှိသလို ၊
အဆင်မပြေသေးတဲ့သူတွေလဲ တွေ့ရပါတယ်။
အားလုံးအဆင်ပြေပြီးကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်……..
Enjoy!
Watch the video below:
ပို့စ်ရေးသားသူအမည်: အီးတီ
Labels:
ဖုန်းစော့ဖ်ဝဲဒေါင်းလုပ်
Subscribe to:
Posts (Atom)