ကုလသမဂ္ဂရုံးချုပ်တွင် တောင်ဆူဒန်နိုင်ငံသစ် အလံကို အခြားနိုင်ငံ အလံများနှင့်အတူ လွှင့်ထူထားစဉ် (ပုံကြီးချဲ့ပြထားသည်)
တောင်ဆူဒန်နိုင်ငံ၏ မြို့တော် ဂျူဘာတွင် ဇူလိုင် ၉ ရက်က နိုင်ငံသစ် အဖြစ် ကြေညာခြင်း ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၁၄ ရက်တွင် ကုလသမဂ္ဂက နိုင်ငံသစ် အဖြစ် အသိအမှတ် ပြုခဲ့ခြင်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင်
မွန်တီနီဂရိုးနိုင်ငံက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး နောက်ပိုင်း တောင်ဆူဒန်နိုင်ငံကို အသိအမှတ် ပြုခဲ့ခြင်း ဖြစ်သည်။
နက်၊ နီ၊ စိမ်း သုံးရောင်ခြယ် အစင်းကျားနှင့် ရွှေရောင်ကြယ်၊ အပြာရောင်တြိဂံ တို့ဖြင့် ပုံဖော်ထားသော တောင်ဆူဒန် အလံကို နယူးယောက်ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် လွှင့်ထူခဲ့သည်။ တောင်ဆူဒန်မှာ မြောက်ဆူဒန်မှ
ခွဲထွက်လာခြင်း ဖြစ်ပြီး ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်သည်။ ဇူလိုင် ၁၄ ရက်က မြောက်ဆူဒန်နှင့် တောင်ဆူဒန်နိုင်ငံ တို့သည် အတိတ်က ပဋိပက္ခများကို မေ့ပစ်ပြီး ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းရန် သဘောတူညီချက် ရခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။