Showing posts with label သီတင်း. Show all posts
Showing posts with label သီတင်း. Show all posts
Sunday, May 20, 2012
Wednesday, August 3, 2011
နိုင်ငံရေး တည်ငြိမ်ရန် မျှော်လင့်ချက်များနှင့်အတူ ရွေးကောက်ပွဲအလွန် ထိုင်းလွှတ်တော်သစ် စတင် ဖွင့်လှစ်
ညနေပိုင်း မြို့တော် ဘန်ကောက်၌ ပြုလုပ်သည့် ဖွင့်ပွဲ အခမ်းအနားကို အိမ်ရှေ့မင်းသား မဟာဝဇီယလောင်ကွန်းက ကမကထ ပြုလုပ်ပေးခဲ့သည်။ယခု သီတင်းပတ် နောက်ပိုင်းတွင် စတင် တာဝန် ထမ်းဆောင်ရမည့် အောက်လွှတ်တော် အမတ် ၅၀၀ လည်း တက်ရောက်ခွင့်ရမည် ဖြစ်သည်။ ရက်အနည်းငယ် အတွင်း ပါလီမန် အမတ်များသည် နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် အဖြစ် ဖြူ ထိုင်းပါတီမှ ယင်လက်ခ်ရှင်နာဝပ်ထရာကို မဲပေးမည်ဟု မျှော်လင့်ရသည်။ ဖြူထိုင်းပါတီသည် ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရှိ ရှေးရိုးစွဲဝါဒီ ဒီမိုကရက် တို့ကို အပြတ်အသတ် အနိုင်ရရှိခဲ့သည်။အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာ အာဏာသိမ်းမှုကြောင့် ရာထူးမှ ဖြုတ်ချခံရပြီးနောက် ငါးနှစ်နီးပါး အကြာတွင် ညီမဖြစ်သူ ယင်လက်ခ်က ၀န်ကြီးချုပ် ရာထူးကို ထမ်းဆောင်ရမည် ဖြစ်သည်။
ယခုအခါ သက်ဆင်သည် ခြစားမှုဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ရှောင်ရှားရန် ပြည်ပတွင် နေထိုင်လျက် ရှိသည်။ အစ်ကို ဖြစ်သူ၏ ကိုယ်ပွားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခံရသည့် ယင်လက်ခ်သည် ရွေးကောက်ပွဲ အောင်မြင်မှု ရရှိပြီးနောက်ပိုင်း အံ့သြဖွယ် အရှိန်အ၀ါကို ပြသခဲ့ပြီး အလွန် စွမ်းဆောင်ရည်ရှိသည့် ၀န်ကြီးချုပ် ဖြစ်လာနိုင်ကြောင်း ထိုင်းပညာရှင် ပါဗင်ချာချာဝယ်လ်ပေါင်ပွန်က ပြောကြားခဲ့သည်။
နိုင်ငံရေး အတွေ့အကြုံ ကြွယ်ဝမှု မရှိသည့် ယင်လက်ခ် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများမှာ ကြောက်မက်ဖွယ်ရာ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။''ကျွန်တော့်အထင်တော့ ယင်လက်ခ်ရဲ့ ပျားရည်ဆမ်းကာလဟာ သိပ်ပြီး တိုတောင်းပါလိမ့်မယ်။ သူရဲ့ရှေ့မှာ အတားအဆီး အခက်အခဲတွေ အများကြီး ရှိပါတယ်''ဟု စင်ကာပူရှိ အရှေ့တောင်အာရှရေးရာ လေ့လာမှု အင်စတီကျု့မှ ပါဗင်က ပြောကြားခဲ့သည်။
Labels:
သီတင်း
ဗီယက်နမ် ၀န်ကြီးချုပ် ဒုတိယ သက်တမ်း အတွက် ပြိုင်ဘက်မရှိ ရွေးကောက်ခံရ
ဗီယက်နမ်၏ တစ်ပါတီသာရှိသော လွှတ်တော်က ၀န်ကြီးချုပ် ငုယင်တန်ဇွန်းအား ဒုတိယသက်တမ်း အတွက် ပြိုင်ဘက်မရှိ ထပ်မံ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
တရားဝင်စေရန်သာ ဖြစ်သည့် မဲပေးမှုတွင် တစ်ဦးတည်းသော ရွေးချယ်စရာဖြစ်သည့် အသက် ၆၁ နှစ် အရွယ်ရှိ ငုယင်တန်ဇွန်းကို ဒုတိယ ငါးနှစ်သက်တမ်း အတွက် ဇူလိုင်လ ၂၇ ရက်နေ့တွင် ရွေးချယ်ခဲ့ကြသည်။ အမတ် ၅၀၀ ရှိသော လွှတ်တော်တွင် ၉၄ ရာခိုင်နှုန်းက ဇွန်းကို ထောက်ခံမဲ ပေးခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံ၏ သတ္တမမြောက် ၀န်ကြီးချုပ် ဖြစ်သော ဇွန်း၏ အာဏာ ဆက်လက် တည်မြဲမှုသည် အတိုက်အခံတို့ကို ဖိနှိပ်ထောင်ချမှုများ ပြုလုပ်နေသော ဗီယက်နမ်၏ လွတ်လပ်မှု အခြေအနေလို စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ထုတ်ပြန်သည်။
ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ၁၄ ဦး အနက်မှ တစ်ဦး အဖြစ်လည်း ဇွန်းကို ပြန်လည် ရွေးကောက်ခဲ့ကြပြီး လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်များ၏ ထောက်ခံမှု ရရှိထားခြင်းက ဇွန်း၏ ခေါင်းဆောင်နေရာ သေချာစေရေး အတွက် အထောက်အကူ ပြုခဲ့သည်။
ဗီယက်နမ်သည် ငွေကြေး တစ်ဟုန်ထိုး ဖောင်းပွမှု၊ ကုန်သွယ်ရေး မညီမျှမှု၊ ဘက်ဂျက်လိုငွေပြမှုများ ရင်ဆိုင်နေရပြီး အစိုးရ အသုံးစရိတ် မလုံလောက်မှုနှင့် ပြည်ပ ကြွေးမြီ တိုးလာမှုကိုလည်း ဇွန်းက ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သည်။
ငုယင်တန်ဇွန်း၏ အဓိကပြိုင်ဘက် ထရောင်တန်ဆန်းမှာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဗီယက်နမ်၏လီကွမ်ယု (သို့မဟုတ်) ငုယင်တန်ဇွန်း
ဗီယက်နမ် ကွန်မြူနစ်ပါတီကို ခေတ်မီအောင် လုပ်ပေးခဲ့သည့် လူတော်တစ်ဦးဟု ရှုမြင်ခံရသူ ငုယင်တန်ဇွန်းသည် နိုင်ငံ၏ သြဇာအကြီးဆုံး နိုင်ငံရေးသမား ဖြစ်ကြောင်း ၀န်ကြီးချုပ် အဖြစ် ဒုတိယသက်တမ်း ထပ်မံ
ထမ်းဆောင်နိုင်ခဲ့ခြင်းဖြင့် သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။
အသက် ၆၁ နှစ်ရှိပြီ ဖြစ်သော ဇွန်းသည် ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး လူ့အခွင့်အရေးနှင့် လွတ်လပ်မှုအပေါ် ချုပ်ကိုင်ထားမှုကို ဖြေလျော့မပေးဘဲ စီးပွားရေးကိုသာ ဖွင့်ပေးသည့် လမ်းကြောင်းကို ပဲ့ကိုင်ခဲ့သူ ဖြစ်သည်။
''အာရှအမြင်နဲ့ ကြည့်မယ်ဆို ရင် ငုယင်တန်ဇွန်းဟာ ဗီယက်နမ်ရဲ့ ပထမဆုံး ခေတ်သစ် နိုင်ငံရေးသမားပဲ''ဟု ဘန်ကောက်ရှိ ခေတ်ပြိုင် အရှေ့တောင်အာရှရေးရာ သုတေသနဌာန (အီရာဆက်စ်)မှ ဗီယက်နမ်ရေးရာ ကျွမ်းကျင်သူ ဘင်နုတ်ဒီထရီဂလိုဒီ က သုံးသပ်သည်။
သူက ဇွန်းသည် စင်ကာပူကို ခေတ်မီအောင် လုပ်ပေးခဲ့သော လီကွမ်ယုလိုပုံစံမျိုးဟု သုံးသပ်သည်။
ဇူလိုင် ၂၆ တွင်မှ လွှတ်တော်တွင် ဇွန်းကို ဒုတိယသက်တမ်း အတွက် အတည်ပြု ရွေးချယ်ခဲ့ကြသော်လည်း ပြီးခဲ့သည့် ဇန်န၀ါရီကလ ကျင်းပခဲ့သည့် အာဏာရ ကွန်မြူနစ်ပါတီ လျှို့ဝှက်ကွန်ဂရက်တွင် ဘယ်သူ
ဆက်ခေါင်းဆောင်မလဲ ဆိုသည်ကို ဆုံးဖြတ်ထားခဲ့ကြပြီး ဖြစ်သည်။
ဇွန်းသည် နိုင်ငံ၏စီးပွားရေး ကောင်းမွန်မှုကြောင့် ပေါ်ထွက်လာသော အထက်လွှာတို့၏ ထောက်ခံမှုကို ဆုပ်ကိုင်ထားနိုင်သလို ယခင် ခေါင်းဆောင်များထက် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဆက်ဆံရေး ပိုကောင်းသူ ဖြစ်သည်။
သူဝန်ကြီးချုပ်ဖြစ်သည့် ကာလအတွင်း ဗီယက်နမ်သည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့သို့ ၀င်ရောက်နိုင်ခဲ့သလို ယခင် ရန်ဘက်ဟောင်း အမေရိကန် ပြည်ထောင်စုနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးအရ ချိတ်ဆက်နိုင်ခဲ့သည်။
တစ်ဖက်တွင်လည်း ပေကျင်းနှင့် ဟနွိုင်းတို့၏ ဆက်ဆံရေးက တင်းမာသွားခဲ့သည်။ သို့ပေမဲ့ ဇွန်းသည် လူ့အခွင့်အရေး မှတ်တမ်းဆိုးကို ပိုင်ဆိုင်ထားခဲ့ပြီး ထိန်းချုပ် တင်းကြပ်လွန်းသောကြောင့် အာရပ်နွေဦးလို ပွင့်အံ့
ထွက်သွားနိုင်သည့် လူ့အဖွဲ့အစည်းကို အုပ်ချုပ်နေရသည်။
၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတောင်ဘက်ဖျား ပြည်နယ် Ca Mau တွင် မွေးဖွားခဲ့ပြီး ၁၂ နှစ်သား အရွယ်ကတည်းက ဇွန်းသည် ဗီယက်ကောင်းအဖွဲ့ဝင် ဖြစ်ခဲ့သည်။ အနှစ် ၂၀ ကြာမျှ တပ်တွင်းတွင် နေခဲ့သည်။
၁၉၈၁ တွင် ဥပဒေ နှင့် နိုင်ငံရေးသိပ္ပံကို ဟနွိုင်းရှိ ငုယင်အိုက်ကုတ် (ဟိုချီမင်း၏ အမည်တစ်မျိုး - မျိုးချစ်ငုယင်ဟု အဓိပ္ပာယ်ရသည်) ၀ါဒရေးရာကျောင်းတွင် ပညာသင်ခဲ့သည်။ တောင်ပိုင်းတွင် ပါတီ ရာထူးမျိုးစုံဖြင့်
တာဝန်ထမ်းခဲ့သည်။
ဗီယက်နမ် ၀န်ကြီးချုပ်နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးဝါဒီ ဗိုဗန်ကီယက်၏ လက်ထက်တွင် ဇွန်းတစ်ယောက် တိုးတက်လာခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များက စတင်ခဲ့သော စီးပွားရေး လစ်ဘရယ်ဝါဒ၏ ဗိသုကာ ကီယက်သည် ဇွန်းကို ဟနွိုင်း ပြန်ခေါ်ခဲ့ပြီး ၁၉၉၅ တွင် ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးနေရာ ပေးခဲ့သည်။ နောက်တစ်နှစ်အကြာတွင် ပါတီ ပေါ်လစ်ဗျူရိုတွင် အငယ်ဆုံးအဖွဲ့ဝင် ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့်နှစ်က တရုတ် ကျောထောက်နောက်ခံပြု ဗျူဆိုက်သတ္တုတွင်း စီမံကိန်းတွင် ပတ်သက်မှု၊ အကြွေး နွံနစ်နေသော နိုင်ငံပိုင် သင်္ဘောလုပ်ငန်း ဗီနာရှင်းတို့နှင့် ပတ်သက်မှုများကြောင့် ပါတီတွင်း ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရသလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည့် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရာတွင် အလုပ်မဖြစ်ခြင်းအတွက်လည်း ဝေဖန်ခဲ့ရသည်။
ဇွန်းသည် ပါတီကွန်ဂရက် မတိုင်မီက ကာလရှည်ပြိုင်ဘက် ထရောင်တန်ဆန်း၏ စိန်ခေါ်မှုကို ရင်ဆိုင်နေရပြီဟု လေ့လာသူတို့က သုံးသပ်ခဲ့သော်လည်း ဆန်းကို သမ္မတနေရာ ပေးလိုက်ခြင်းဖြင့် ပြိုင်ဘက် အဖြစ်မှ ဖယ်ရှားလိုက်ကာ အကွက် ရွှေ့နိုင်သည့် အစွမ်းကို ပြသနိုင်ခဲ့သည်။
Labels:
သီတင်း
တောင်ကိုရီးယားတွင် မိုးစံချိန်တင် ရွာသွန်းမှုကြောင့် လူ ၆၀ ခန့် သေဆုံး
ဇူလိုင်လ ၂၇ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆိုးလ်မြို့တွင် လမ်းများ ရေလွှမ်းနေမှု မြင်ကွင်း
မြေပြိုမှုကြောင့် လူသုံးဦး သေဆုံးခဲ့သည်။ မြို့တော်တောင်ဘက်၊ လူနေဒေသများ အနီး တောင်တန်းများတွင် မြို့တော် စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ကျွမ်းကျင်သူများနှင့် သတင်း မီဒီယာများက ဒေသခံ တာဝန်ရှိသူများကို
တိုက်ခိုက်ခဲ့သည်။
တောင်တန်းဒေသများတွင် ပုဂ္ဂလိကပန်းခြံများ၊ တောင်တက် ခရီးစဉ်များဖြင့် အဆင့်မြှင့်တင်ခဲ့သော်လည်း မိုးရေများကို အလွယ်တကူ မစုပ်ယူနိုင်ကြောင်း၊ လူလုပ်ရေကန်များကြောင့် သဘာဝ ရေစီးလမ်းကြောင်းများ ပြောင်းလဲခဲ့ပြီး အခြေအနေများကို ပိုမို ဆိုးရွားစေခဲ့ကြောင်း ဝေဖန်သူများက ထောက်ပြခဲ့သည်။ ယခု ဖြစ်ပေါ်ခဲ့သော မြေပြိုမှုများမှာ လူလုပ် သဘာဝဘေးအန္တရာယ် ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။
သို့သော် မြို့တော် တာဝန်ရှိသူများက ယင်းကဲ့သို့ အဖြစ်အပျက်များကို မသိယောင်ဆောင်နေကြောင်း၊ ယင်းကဲ့သို့ ဗန်းပြ ဖွံ့ဖြိုးရေး စီမံကိန်းများက ဘေးအန္တရာယ် ဖြစ်ပေါ်စေကြောင်း Joongang Ilbo သတင်းစာက
အယ်ဒီတာ့အာဘော်မှ တစ်ဆင့် ဝေဖန်ခဲ့သည်။
Labels:
သီတင်း
တရုတ်က လေယာဉ်တင် သင်္ဘောကို လေ့ကျင့်ရေးနှင့် သုတေသန အတွက်သာ သုံးမည်ဟု ပြောကြား
တရုတ်နိုင်ငံ၊ လျောင်နင်းပြည်နယ်၊ တာ့လျံဆိပ်ကမ်းတွင် ပြန်လည် ပြင်ဆင်နေသည့် Varyag လေယာဉ်တင်သင်္ဘော
ပထမဆုံး လေယာဉ်တင် သင်္ဘောအဖြစ် ဆိုဗီယက်ခေတ် သင်္ဘောတစ်စင်းကို ပြုပြင် မွမ်းလျက် ရှိကြောင်း မကြာသေးမီက တရုတ်က အတည်ပြုခဲ့သည်။ လေယာဉ်တင်သင်္ဘော စီမံကိန်း ဆောင်ရွက်နေစဉ် တရုတ်၏
စစ်ရေးတိုးချဲ့မှု၊ ပိုင်နက်နယ်မြေ အငြင်းပွားမှုများတွင် မိမိကိုယ်ကိုယ် အယုံကြည်လွန်မှု တို့ကြောင့် ဒေသတွင်း စိုးရိမ်မှုမှာ ပိုမို ဆိုးဝါးလာခဲ့သည်။
သင်္ဘောကြီးကို သိပ္ပံသုတေသန၊ စမ်းသပ်မှုနှင့် လေ့ကျင့် သင်တန်းပေးရန်သာ ပြုလုပ်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်ယန်ရှင်းက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
တရုတ်သည် တောင်တရုတ် ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အရှေ့တောင်အာရှ နိုင်ငံအချို့နှင့် အငြင်းပွားလျက် ရှိသည်။ ယခင်က သင်္ဘော၏အမည်မှာ ဗာရီယက် ဖြစ်ပြီး မူလက ဆိုဗီယက်ရေတပ် အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့မှုကြောင့် အပြီးမသတ်နိုင်ခဲ့ပေ။ ယင်းသင်္ဘော၏ ကြီးမားသည့် သံချပ်ကာ ကိုယ်ထည်ကို ၁၉၉၈ ခုနှစ်က ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီး အင်ဂျင်နှင့် လျှပ်စစ် တပ်ဆင်မှုများ မပါဝင်ခဲ့ကြောင်း သိရသည်။
ဝယ်ယူစဉ်က တရုတ်ကုမ္ပဏီ တစ်ခုသည် ရေပေါ် ကာစီနိုရုံ ဖွင့်ရန်ဟု အကြောင်းပြ ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီး တိတ်တဆိတ် သိမ်းဆည်းထားကာ စစ်သင်္ဘောအဖြစ် ပြန်လည် ပြင်ဆင်နေခဲ့သည်။
တရုတ် လေယာဉ်တင်သင်္ဘော စီမံကိန်း
၁၉၇၀ ပြည့်နှစ်များ ကတည်းက တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် လေယာဉ်တင်သင်္ဘော တည်ဆောက်ရေးကို စိတ်ဝင်စားခဲ့သည်။၂၀၁၁ ဇွန် ၇ တွင်မှ တရုတ်စစ်ဦးစီးချုပ် ချန်ပင်တေးက တရုတ်သည် ကိုယ်ပိုင် လေယာဉ်တင်သင်္ဘော တည်ဆောက်နေကြောင်း အတည်ပြုခဲ့သည်။ ၁၉၈၅ ခုနှစ် ကတည်းက လေယာဉ်တင်သင်္ဘော အဟောင်းများကို လေ့လာရန် စုဆောင်းခဲ့ရာ သြစတြေးလျသင်္ဘော HMAS Melbourne၊ ဆိုဗီယက် သင်္ဘောဟောင်းများ ဖြစ်သည့် Minsk၊ Kiev၊ Varyag တို့ ဖြစ်ပြီး Varyag ကိုယ်ထည်ကိုယူပြီး ပထမဆုံး လေယာဉ်တင်သင်္ဘောကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
Labels:
သီတင်း
လက်နက်အင်အား ဖြည့်တင်းပြီး ပိုင်နက်ကို ကာကွယ်မည်ဟု အကွီနို ပြောကြား
ဖိလစ်ပိုင်နိုင်ငံသည် စပရက်လီကျွန်းများ ပိုင်ဆိုင်မှုကို ကာကွယ်ရန် လက်နက်အင်အား ဖြည့်တင်းသွားမည် ဖြစ်သလို ပိုင်နက် အငြင်းပွားမှု ပြဿနာကို ကုလခုံရုံးတင် ဖြေရှင်းသည် အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
တရုတ်အန္တရာယ်ကို ရည်ညွှန်းပြီး ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနိုက ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောကြားသော ပြည်ထောင်စုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။
လွှတ်တော်တွင် ပြောကြားသည့် မိန့်ခွန်းကို နိုင်ငံတစ်ဝန်း တိုက်ရိုက် ထုတ်လွှင့်ခဲ့ရာတွင် ''ကျွန်တော်တို့ ဘယ်သူနဲ့မှ တင်းမာတဲ့ အခြေအနေ မရောက်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ပိုင်တဲ့အရာကို ကျွန်တော်တို့ ကာကွယ်သွားဖို့ အသင့် ရှိနေတယ် ဆိုတာကိုတော့ ကမ္ဘာက သိစေချင်တယ်''ဟု အကွီနိုက ပြောကြားသွားခဲ့သည်။
စစ်ဘက်အင်အားကို ဖြည့်တင်းရန် အတွက် အမေရိကန် ကမ်းခြေစောင့်တပ် သင်္ဘောတစ်စင်း ၀ယ်ယူသွားမည် ဖြစ်သလို ကင်းလှည့် ရေယာဉ်များ၊ ရဟတ်ယာဉ်များ၊ လက်နက်များလည်း ဖြည့်တင်းသွားမည် ဖြစ်သည်ဟု အကွီနိုက ပြောကြားခဲ့ သည်။ မိန့်ခွန်းတွင် အကွီနိုက တရုတ်ကို အမည်တပ် ပြောမသွားခဲ့သော်လည်း တရုတ်က ကျူးကျော်သည်ဟု ဖိလစ်ပိုင်က ယူဆထားသော တောင်တရုတ်ပင်လယ်တွင်းမှ ရက်တိုကမ်းပါး(သန္တာကမ်းပါးဟုလည်း ထင်ရှားသည်)ကို ရှင်းရှင်းလင်းလင်း ရည်ညွှန်းသွားခဲ့သည်။
Labels:
သီတင်း
အိန္ဒိယသို့ ရောက်ရှိခဲ့သည့် ပါကစ္စတန်၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်း ပြောကြား
ပါကစ္စတန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ဟင်နာရက်ဘန်နီခါက အတိတ်ကာလ မသင့်မြတ်မှုများကို လျော့ချနိုင်မည့် နှစ်နိုင်ငံအကြား ဆွေးနွေးပွဲများကို ပြုလုပ်ရန် ဇူလိုင်လ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊
နယူးဒေလီမြို့သို့ ရောက်ရှိစဉ်က ပြောကြားခဲ့သည်။
ရက်ဘန်နီခါသည် ဇူလိုင်လ ၂၇ ရက်နေ့တွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ်ခရစ်ရှနာနှင့် တွေ့ဆုံးခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အကြား တစ်နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ကြောင်း သိရသည်။
အတိတ်ဖြစ်ရပ်များကို သင်ခန်းစာယူပြီး မုန်းတီးမှုများကို ဆက်လက် ကိုင်စွဲမထားဘဲ မိတ်ဆွေ အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်လာစေရေး အတွက် နှစ်နိုင်ငံစလုံး ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် အခြား တစ်နိုင်ငံနှင့် ပတ်သတ်နေကြောင်း၊ တည်ငြိမ်သော တောင်အာရှဒေသ ဖြစ်ပေါ်လာရေး အတွက် မိမိတို့ နှစ်နိုင်ငံစလုံးတွင် တာဝန်ရှိကြောင်း ရက်ဘန်နီခါက ထည့်သွင်း ပြောကြားခဲ့သည်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီက ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ဘက်ဆိုင်ရာ အခမ်းအနား တစ်ခုတွင် ''ပါကစ္စတန်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်နေပါတယ်။ ရေရှည်မှာ ဆွေးနွေးမှုတွေနဲ့ပဲ အဖြေရှာနိုင်မှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ပါကစ္စတန်အစိုးရက ၎င်းတို့ နယ်မြေအတွင်းရှိ စစ်သွေးကြွများကို ပိုမို နှိမ်နှင်းပေးရန် အိန္ဒိယက မျှော်လင့်ထားပြီး ပါကစ္စတန်နိုင်ငံကလည်း ကက်ရှ်မီးယား နယ်မြေကွဲနေသည့် ပြဿနာ ဖြေရှင်းရန် လိုလားလျက် ရှိသည်။
ရက်ဘန်နီခါသည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိစဉ် နယူးဒေလီမြို့၊ Pakistani High Commission တွင် ကက်ရှ်မီးယား ခွဲထွက်ရေး ခေါင်းဆောင်နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
Labels:
သီတင်း
အာဖဂန်တောင်ပိုင်းရှိ အကြီးဆုံးမြို့ ကန်ဒါဟာတွင် မြို့တော်ဝန် အသေခံဗုံးခွဲ လုပ်ကြံခံရ
အာဖဂန်တောင်ပိုင်းရှိ အကြီးဆုံးမြို့ ကန်ဒါဟာတွင် ဇူလိုင် ၂၇ ရက်က အသေခံ ဗုံးခွဲမှုကြောင့် မြို့တော်ဝန် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
မြို့တော်ခန်းမ၊ အပြင်ဘက်တွင် ဒေသခံအချို့နှင့် မြို့တော်ဝန် စကားပြောနေစဉ် အသေခံ ဗုံးခွဲသမားက ၎င်း၏ခေါင်းပေါင်းတွင် ၀ှက်ထားသော ဖောက်ခွဲရေး ပစ္စည်းများကို ဖောက်ခွဲလိုက်ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ
အဗ္ဗဒူလ်ရာဇက်က ပြောကြားသည်။ အာဖဂန်သမ္မတ ကာဇိုင်း၏ ၀မ်းကွဲညီအစ်ကိုတော်သော ကန်ဒါဟာ ပြည်နယ်၏ ဘုရင်ဟု ထင်ရှားသည့် အာမက်ဝါလီကာဇိုင်း လုပ်ကြံခံရပြီး သီတင်းပတ် နှစ်ပတ် အကြာတွင် ယခုကဲ့သို့ မြို့တော်ဝန် ဂူလမ်ဟိုင်ဒါဟာမီဒီက သေဆုံးခဲ့ခြင်း ဖြစ်သည်။
သမ္မတကာဇိုင်း မိသားစုဝင်တို့၏ မွေးရပ်မြေနှင့် ဆယ်စုနှစ် တစ်ခုကျော် အပြင်းထန်ဆုံး တိုက်ခိုက်မှု အချို့ ဖြစ်ပွားခဲ့သည့် ကန်ဒါဟာမြို့တွင် မျိုးနွယ်စု ပြိုင်ဘက်များ အကြား သြဇာလွှမ်းမိုးမှု၊ ငွေကြေးရယူလိုမှု တို့ကြောင့်
အန္တရာယ်ကြီးသော ဒေသတစ်ခု ဖြစ်သည်။ တာလီဘန်တို့ စတင် ပေါက်ဖွားရာ ကန်ဒါဟာတွင် တရားမ၀င် တည်ဆောက်ထားသော အိမ်ရာများကို ဖျက်ပစ်ရန် ညွှန်ကြားခဲ့မှုနှင့် ပတ်သက်၍ မြို့တော်ဝန်က ပြောကြားနေစဉ် ယင်းကဲ့သို့ အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကလေးနှစ်ဦးလည်း သေဆုံးခဲ့သည်ဟု သတင်း ထွက်ခဲ့သည်။ အမေရိကန်တွင် နှစ်ပေါင်းများစွာ နေခဲ့သော ဟာမီဒီသည် ၂၀၀၆ ခုနှစ်တွင် မြို့တော်ဝန် ဖြစ်ခဲ့ပြီး ခြစားမှုများကို ဆန့်ကျင်မှုကြောင့် ကျော်ကြားသည်။ အသက် ၆၅ နှစ် အရွယ် ဟာမီဒီတွင် သမီး ၅ ဦးနှင့် သားနှစ်ဦး ကျန်ရစ်ခဲ့သည်။
အာဖဂန်နစ္စတန်တွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော လုပ်ကြံ သတ်ဖြတ်မှုများ
- ဇူလိုင် ၁၂ - ကာဇိုင်းနှင့် ညီအစ်ကိုတော်သူ အာမတ်ဝါလီကာဇိုင်းကို သူ၏ကိုယ်ရံတော်က ကန်ဒါဟာမြို့တွင် လုပ်ကြံခဲ့သည်။
- မေ ၂၈ - အာဖဂန်နစ္စတန် မြောက်ပိုင်း ရဲတပ်မှူး ဗိုလ်ချုပ်ကြီး မိုဟာမတ်ဒါအွပ်ဒါအွပ် သည် ပြည်နယ်အုပ်ချုပ်ရေးမှူး ရုံးဝင်း အတွင်း အသတ်ခံခဲ့ရသည်။
- ဧပြီ ၁၅ - ကန်ဒါဟာပြည်နယ် ရဲချုပ် ခန်းမိုဟာမက်မူဂျာဟစ်သည် ရဲတပ်ဖွဲ့ဌာနချုပ် အတွင်း တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်။
- ဧပြီ ၁၃ - အစိုးရ လိုလားသော လူမျိုးစုခေါင်းဆောင် ဟာဂျီမာလစ်ဇာရင်သည် ခူနာ ပြည်နယ်တွင် လုပ်ကြံခံခဲ့ရသည်။
- မတ် ၁၀ - ခွန်ဒုဇ်ပြည်နယ် ရဲချုပ် အဗ္ဗဒူရာမင်ဆာရစ်ခီလီသည် ခွန်ဒုဇ်မြို့တွင် လုပ်ကြံခံခဲ့ရသည်။
Labels:
သီတင်း
ဗီယက်နမ် လွှတ်တော်က ၀န်ကြီးချုပ်၏ ပြိုင်ဘက်ကို သမ္မတအဖြစ် တင်မြှောက်
အသက် ၆၂ နှစ် အရွယ်ရှိ ထရောင်တန်ဆန်းကို တစ်ပါတီတည်းသာ ရှိသည့် ဗီယက်နမ် အမျိုးသား လွှတ်တော်က တစ်ဦးတည်း ပြိုင်ဘက်မရှိ အရွေးခံစေပြီး မဲပေး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ ဗီယက်နမ် ဖွဲ့စည်းပုံအရ
ဝန်ကြီးချုပ်ကသာ အာဏာရှိပြီး သမ္မတမှာ ရုပ်ပြမျှသာ ဖြစ်လေ့ရှိသည်။ ဗီယက်နမ် တည်ထောင်သူ ဖခင်ကြီး ဟိုချီမင်းနောက်ပိုင်း နိုင်ငံ၏ ကိုးယောက်မြောက် သမ္မတအဖြစ် ဆန်းကို တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။
၂၀၀၆ ခုနှစ်ကတည်းက ဆန်းသည် ကွန်မြူနစ်ပါတီတွင် နံပါတ် ၂ ပုဂ္ဂိုလ်အဖြစ် မှတ်ယူခံခဲ့ရပြီး ဇန်န၀ါရီလအတွင်း ပြုလုပ်သည့် ပါတီ လျှို့ဝှက်ကွန်ဂရက်တွင် ၀န်ကြီးချုပ်နေရာ အတွက် စိန်ခေါ်ခဲ့သူဟု လူသိများသူ ဖြစ်သည်။
ပြိုင်ဘက်များအဖြစ် မှတ်ယူခံခဲ့ရသော်လည်း ဆန်းနှင့် ဇွန်းသည် လက်တွဲ လုပ်သွားနိုင်ဖွယ် ရှိကြောင်း အမည် မဖော်လိုသည့် အာရှသံတမန် တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။ ဇွန်းကဲ့သို့ပင် ဆန်းသည်လည်း
ဗီယက်နမ်တောင်ပိုင်းသား ဖြစ်သည်။ တောင်ဗီယက်နမ် အစိုးရ၏ ထောင်သွင်း အကျဉ်းချခံခဲ့ရသော လက်နက်ကိုင် ကျောင်းသားတစ်ဦး ဖြစ်ခဲ့ဖူးသည်။
Labels:
သီတင်း
တရုတ်တွင် ကျည်ဆန်ရထားနှစ်စင်း တိုက်မိခဲ့ပြီးနောက် ရထားလမ်း လုံခြုံရေး အတွက် အရေးပေါ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်
တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်တွင် အဆိုးရွားဆုံး မတော်တဆမှု အဖြစ် ကျည်ဆန်ရထားနှစ်စင်း တိုက်မိခဲ့ပြီး လူ ၄၃ ဦး သေဆုံးခဲ့ခြင်းကြောင့် တရုတ်အစိုးရသည် ရထားလမ်း လုံခြုံရေး အတွက် အရေးပေါ် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ရထားနှစ်စင်း တိုက်မိခဲ့မှုမှာ တရုတ်၏ မြန်နှုန်းမြင့် ရထားလမ်းကွန်ရက် အလွန်အမင်း လျင်မြန်စွာ တိုးချဲ့နေမှု အပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။
တရုတ်သည် ကမ္ဘာပေါ်တွင် အရှည်ဆုံး မြန်နှုန်းမြင့် ရထားလမ်းကွန်ရက် အဖြစ် ကီလိုမီတာ ၈၀၀၀ ကျော် ရှည်သော လမ်းကို ပိုင်ဆိုင်ထားသည်။ အစိုးရက လူထုပူပန်မှုကို သက်သာရာ ရစေရန် အတွက် ရှန်ဟိုင်း ရထားလမ်းဗျူရိုမှ အကြီးတန်း အရာရှိ သုံးဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ကာ ရထားလမ်း လုံခြုံရေးစနစ် ပြုပြင် ပြောင်းလဲမှုကို အရေးပေါ် စတင်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။
အမေရိကန်ဒေါ်လာ ၃၃ ဘီလျံ တန်ဖိုးရှိ ပေကျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့် လမ်းကြောင်းကို မျှော်မှန်းကာလထက် တစ်နှစ်စောပြီး ဇွန်လ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော်လည်း ဖွင့်လှစ်စဉ် ကတည်းက ဓာတ်အား ပြတ်တောက်မှုနှင့် နှောင့်နှေးမှုများ ရင်ဆိုင်ခဲ့ရသည်။ အရှေ့ပိုင်းမြို့ ၀မ်ကျိုး ဆင်ခြေဖုံးရှိ ရွှန်ယု အရပ်တွင် ရထားနှစ်စင်း တိုက်မိခဲ့မှု အပေါ် မိုးကြိုးပစ်ခြင်းကြောင့် အလုပ်လုပ်သည့် ကိရိယာများ ရပ်ဆိုင်းမှု အပေါ် အပြစ်ဖို့ထားသည်။ ရထားတစ်စင်းမှာ မိုးကြိုးပစ်ခံရပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားစဉ် နောက်တစ်စင်းက ၀င်ဆောင့်ခဲ့ခြင်း ဖြစ်သည်။
Labels:
သီတင်း
ပိုလန်သမ္မတ သေဆုံးစေခဲ့သော လေယာဉ်ပျက်ကျမှုတွင် ရုရှား၌ တာဝန်ရှိကြောင်း ပိုလန် ပြောကြား
ပိုလန်သမ္မတ သေဆုံးစေခဲ့သော လေယာဉ်ပျက်ကျမှု၌ ရုရှားတွင်လည်း တာဝန်ရှိကြောင်း ဇူလိုင် ၂၉ ရက်တွင် ပိုလန်နိုင်ငံဘက်မှ ထုတ်ပြန်သော စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ပိုလန်သမ္မတနှင့် အခြား လူ ၉၅ ဦး သေဆုံးစေခဲ့သော လေယာဉ်ပျက်ကျမှုတွင် ရုရှား လေကြောင်းထိန်းသိမ်းရေး မျှော်စင်မှ လေယာဉ်ဆင်းသက်ရန် ညွှန်ကြားချက်များမှာ ရှုပ်ထွေး မှားယွင်းနေခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
သို့သော် လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ပိုလန် တာဝန်ရှိသူများနှင့် လုပ်ထုံးလုပ်နည်းများအပေါ် အပြစ်တင်မှု ပိုမို များပြားသည်။ ပျက်ကျခဲ့သော လေယာဉ်မှူးများ၏ လေ့ကျင့်မှုအပေါ် ကွပ်ကဲရာတွင် တာဝန်ရှိသော ပိုလန် ကာကွယ်ရေးဝန်ကြီး ဘော့ဂ်ဒန်ကလစ်ခ်ျသည်လည်း အစီရင်ခံစာ ထုတ်ပြန်သည့် ဇူလိုင် ၂၉ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ မော်စကိုမြို့ အနောက်တောင်ပိုင်းဘက် မိုင် ၂၂၀ အကွာတွင် မြူနှင်း ထူထပ်စွာ ကျနေစဉ် အတွင်း လေယာဉ်ဆင်းသက်ရာ၌ ပျက်ကျခဲ့မှုနှင့် ပတ်သက်၍ ပိုလန် လေယာဉ်မှူးများကိုသာ အပြစ်တင်ထားသည့် အစီရင်ခံစာအား ရုရှား လေကြောင်းကော်မရှင်က ယခုနှစ်၊ ဇန်န၀ါရီလတွင် ထုတ်ပြန်ထားပြီး ဖြစ်သည်။
ပိုလန်နိုင်ငံကမူ ၎င်းတို့၏ ကျွမ်းကျင်ပညာရှင်များ၏ ဘက်မျှသော ရလဒ်ကို မျှော်လင့်ခဲ့သည်။ ရုရှားလုပ် Tupolev-154 လေယာဉ်ပျက်ကျရသော အဓိက အကြောင်းအရင်းမှာ လေကျင့်မှု မလုံလောက်သော လေယာဉ်မှူးများက လေယာဉ် ဆင်းသက်ရာတွင် နေရာယူမှု မှားယွင်းခဲ့သည်ဟု ထောက်ပြထားသည်။ ထို့ပြင် လေယာဉ်သည် အလွန်နိမ့်စွာ ပျံသန်းနေပါက အလိုအလျောက် သတိပေးသည့် စနစ်သည် ယင်းအချိန်က နှေးကွေးစွာ တုံ့ပြန်ခြင်း၊ လေယာဉ်မှူးတို့အကြား ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်း တို့ကိုလည်း အပြစ်တင်ထားသည်။
ရုရှား လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကလည်း လေယာဉ် အနေအထားနှင့် ပတ်သက်၍ မှားယွင်းစွာ အချက်ပေးခဲ့သဖြင့် လေယာဉ်မှူးများမှာ လေယာဉ်အနေအထား ပျက်ယွင်းနေသည်ကို မသိရှိခဲ့ကြောင်းလည်း
တွေ့ရှိချက်များအား အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ''လေယာဉ်ပျက်ကျတဲ့ အကြောင်းအရင်းက တစ်ခုတည်းကြောင့် မဟုတ်ဘူး။ ဟိုကမှား၊ ဒီကမှားနဲ့ စုပေါင်းပြီးတော့ လေယာဉ်ပျက်ကျတာ''ဟု ပိုလန်ပြည်ထဲရေးဝန်ကြီးနှင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်ခေါင်းဆောင် ဂျာဇီမီလာက စစ်ဆေး တွေ့ရှိမှုများကို ပြောကြားခဲ့သည်။
Labels:
သီတင်း
နော်ဝေ လူသတ်သမားက အစိုးရ၊ အာဏာရ လေဘာပါတီနှင့် ဆက်နွှယ်သော နေရာများကို တိုက်ခိုက်ရန် စီစဉ်ထားခဲ့ကြောင်း ၀န်ခံပြောကြား
အော်စလိုမြို့တွင် ဗုံးပေါက်ကွဲသော အစိုးရရုံးအနီး ပန်းများချထားစဉ်
ဘရေဗစ်(၀ဲ)ကို ဇူလိုင် ၂၅ ရက်က တရားရုံးမှ ထွက်လာသည်ကို တွေ့ရစဉ်
ဘရေဗစ်သည် ယခုကဲ့သို့ အကြမ်းဖက်မှုများကို ပြုလုပ်ရန် နှစ်ပေါင်းများစွာ ကြံစည် ပြင်ဆင်ခဲ့ကြောင်း၊ လိုအပ်သော ငွေကြေးများကိုလည်း ကြိုးစားပမ်းစား စုဆောင်းထားခဲ့ကြောင်း၊ မိသားစုဝင်နှင့် မိတ်ဆွေ သူငယ်ချင်းများကိုပင် ဖွင့်ဟခြင်း မရှိကြောင်း သိရသည်။ စစ်သွေးကြွ ကွန်ရက်များနှင့် အဆက်အသွယ် ရှိသည်ဟု ၎င်းက ပြောကြားခဲ့သော်လည်း အထောက်အထား မတွေ့ရသေးကြောင်း စုံစမ်း စစ်ဆေးသူများက ပြောကြားသည်။ ဘရေဗစ်သည် အကြမ်းဖက်မှုနှစ်ခု အတွက် တာဝန်ရှိကြောင်း ၀န်ခံခဲ့ပြီး အပြစ်ရှိကြောင်းကိုမူ ၀န်ခံခြင်း မပြုခဲ့ပေ။
ဘရေဗစ်တွင် စိတ်ကျန်းမာရေး ချို့ယွင်းနေခြင်း ရှိမရှိ စစ်ဆေးနိုင်ရန် စိတ်ပညာရှင်များက စစ်ဆေးနေပြီ ဖြစ်ပြီး လာမည့်နှစ်တွင် ဘရေဗစ်ကို တရားခွင် တင်နိုင်ရန် အစိုးရ ရှေ့နေများက ကြိုးပမ်းနေသည်။ ဇူလိုင် ၂၉ ရက်တွင် နိုင်ငံပိုင်ရုပ်သံ NRK နှင့် အသံလွှင့်ဌာန Orcehstra တို့က အကြမ်းဖက်မှုများတွင် သေဆုံးခဲ့သူများနှင့် ကယ်တင်ခဲ့သူများကို ဂုဏ်ပြုသည့် ဖျော်ဖြေပွဲကို ထုတ်လွှင့်ခဲ့သည်။
Labels:
သီတင်း
ဆိုမာလီယာ နိုင်ငံသား အများအပြား ၀င်ရောက်လာသောကြောင့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တိုးချဲ့
ဒါဒက်ဘ် ဒုက္ခသည် စခန်းစုရှိ ဒါဂါဟာလေ ဒုက္ခသည်စခန်း
ဒုက္ခသည်များဖြင့် ပြည့်ကျပ်နေသည့် Daddab စခန်းတွင် ဆိုမာလီယာမှ ဒုက္ခသည်များ အတွက် အခန်း မရှိတော့သော်လည်း တစ်နေ့လျှင် ဆိုမာလီယာ ဒုက္ခသည် ၁၅၀၀ သည် ကင်ညာသို့ ၀င်ရောက်လျက် ရှိသည်။ Dadaab စခန်းသည် လူပြည့်သွားသည့် အကြောင်းကို ၂၀၀၈ ခုနှစ် ကတည်းက ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်သည်။
စခန်းပြင်ပ နေရာတွင် ဒုက္ခသည် ၆၅၀၀၀ ကို ကတ်ထူပြားများ၊ ပလပ်စတစ် ရွက်ဖျင်တဲများဖြင့် ကိုယ်တိုင် နေထိုင်ရန် တွန်းအားပေးခဲ့သည်။ ''ဒီနေ့အကုန် ဆိုရင် ဒုက္ခသည် ၃၀၀၀ ကို တိုးချဲ့စခန်းကို ရွှေ့ပေးရမှာပါ''ဟု ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) မှ ပြောရေးဆိုခွင့်ရှိသူ Emmanueal Nyabera က ရိုက်တာ သတင်းဝက်ဘ်ဆိုက်မှ AlertNet ကို ပြောကြားခဲ့သည်။
ကင်ညာ အစိုးရအဖွဲ့သည် ၁၉၉၁ ခုနှစ်က နယ်စပ်ဖြတ်ကျော် စစ်ပွဲကို ယာယီ ဖြေရှင်းပေးမှု အဖြစ် ဒုက္ခသည် ၉၀၀၀၀ အတွက် ရည်ရွယ်ပြီး Dadaab စခန်းကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
ဒုက္ခသည် ၈၀၀၀၀ ထားရှိရန် အတွက် Ifo 2 ဟု ခေါ်သည့် တစ်ဝက်ဆောင် တိုးချဲ့ ဆောက်လုပ်သည့် ဆောက်လုပ်ရေး တစ်ခုကို လုံခြုံရေးနှင့် သက်ဆိုင်သည်ဟု ပြောကြားခဲ့ပြီး ယမန်နှစ်က ရပ်ဆိုင်းခဲ့သည်။ Daddab စခန်းကို တိုးချဲ့မည့် အစား ဆိုမာလီနိုင်ငံ အတွင်းရှိ လူများကို အစားအစာ ပေးပို့ပေးရန်အတွက် ကင်ညာ အစိုးရအဖွဲ့က တိုက်တွန်းခဲ့သည်။
သူပုန်များ ထိန်းချုပ်သည့် ဆိုမာလီယာ တောင်ပိုင်းရှိ အစားအစာ ငတ်မွတ်နေသူ ၂ ဒသမ ၂ သန်း အတွက် အစားအစာ ပေးပို့မှုများ မလုပ်နိုင်ကြောင်း ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်က ထုတ်ပြန်ခဲ့သည်။
Labels:
သီတင်း
ယခုနှစ်အတွင်း ကမ္ဘာ့လူဦးရေ သန်းခုနှစ်ထောင် ပြည့်မည်
ယခုနှစ် နှောင်းပိုင်းတွင် ကမ္ဘာ့လူဦးရေ သန်းခုနှစ်ထောင်ပြည့်မည် ဖြစ်ပြီး လူဦးရေး တိုးပွားမှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများကို အဓိက သက်ရောက်မည် ဖြစ်ကာ ရင်းမြစ်များ အကန့်အသတ် ရှိမှုကြောင့် ယင်းနိုင်ငံများတွင်
အခက်ကြုံနိုင်ကြောင်း ဟားဗတ် တက္ကသိုလ် ပါမောက္ခ တစ်ဦးက ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့လူဦးရေ တိုးနှုန်းသည် အလွန်အမင်း မြန်ဆန်နေပြီး ၁၉၉၉ ခုနှစ်တွင် သန်း ၆၀၀၀ ပြည့်ခဲ့ခြင်း ဖြစ်သည်။ ၂၁၀၀ ပြည့်နှစ်တွင် လူဦးရေသည် သန်း ၁၀၀၀၀ ကျော် (၁၀ ဘီလျံကျော်) ရှိလာမည် ဖြစ်သည်ဟု ကုလ စာရင်းများကို အခြေခံပြီး ဟားဗတ် ပြည်သူ့ကျန်းမာရေးကျောင်းမှ စီးပွားရေးနှင့် လူဦးရေရေးရာ စာရင်းအင်းပညာ ပါမောက္ခ ဒေးဗစ်ဘလွန်းက တွက်ချက်ပြခဲ့သည်။
ပြီးခဲ့သည့် ရာစုနှစ်ဝက် အတွင်း ကမ္ဘာ့လူဦးရေသည် သုံးဘီလျံမှ ခုနစ်ဘီလျံအထိ တိုးလာခဲ့ခြင်း ဖြစ်သည်။ လူဦးရေ တိုးပွားမှု ဗဟိုချက်မသည် ဖွံ့ဖြိုးပြီး နိုင်ငံများ မဟုတ်တော့ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်လာခဲ့ကြောင်း ဘလွန်းက သုံးသပ်သည်။
ယင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားနပ်ရိက္ခာ၊ ရေ၊ အိမ်နေရာနှင့် စွမ်းအင်ထောက်ပံ့မှု အခက်ကြုံလာနိုင်သည်။ အနှစ် ၄၀ အတွင်း ကမ္ဘာ့လူဦးရေ တိုးမှု၏ ၉၇ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲကမ္ဘာမှ ဖြစ်လာမည် ဖြစ်သည်။ ယင်းအချိန်တွင် ဖွံ့ဖြိုးပြီး ကမ္ဘာ တွင်လည်း လူဦးရေ တိုးတက်မှု တန့်နေမည် ဖြစ်သောကြောင့် သက်ကြီးရွယ်အိုများပြီး အလုပ်လုပ်နိုင်သူ နည်းခြင်းကို ကြုံတွေ့ရမည် ဖြစ်သည်။ သို့ရာတွင် မွေးနှုန်းကျနေခြင်းနှင့်အတူ တွက်ချက်မှုတွင် ကွဲလွဲချက်များ ရှိနိုင်ကြောင်း ဖော်ပြထားသည်။
Labels:
သီတင်း
ထားဝယ်ကဲ့သို့ ဆိပ်ကမ်းစီးပွားရေးဇုန်များ ဖွံ့ဖြိုးလာလျှင် IMO ၏ ဥပဒေပြု စည်းမျဉ်းများအား လိုက်နာနိုင်မှသာ နိုင်ငံရှိဆိပ်ကမ်းများနှင့် လူထုအား အလုံးစုံကာကွယ်မှု ပြုနိုင်မည်ဟု သိရ
ထားဝယ်ကဲ့သို့ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးလာလျှင် IMO (International Maritme Organization) ၏ ပြဋ္ဌာန်းထားသော ဥပဒေပြုစည်းမျဉ်းများကို နိုင်ငံတကာ ဆိပ်ကမ်းကြီးများ နည်းတူ လိုက်နာနိုင်မှသာ နိုင်ငံရှိဆိပ်ကမ်းများနှင့် ပတ်ဝန်းကျင်ရှိ လူထု အတွက်ပါ ကာကွယ်မှုပြုနိုင်မည်ဟု Logistics and Supply Chain Management မှ ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်း စီးပွားရေးဘာသာ သင်ကြားသူ ဆရာဦးကျော်မျိုးဝင်းက ဆိုပါသည်။
“ထားဝယ်နည်းတူ နောင်မှာ နိုင်ငံက Busy Ports တွေ ရှိလာတာနဲ့အမျှ ကိုယ့်ဆိပ်ကမ်းကို တန်ချိန် သုံးသောင်း၊ လေးသောင်း ၀င်လာမယ့် သင်္ဘောကြီးတွေ ရောက်လာမယ်။ သူတို့ရဲ့ cargos တွေဟာလည်း မျိုးစုံပါမယ်။ ဥပမာ ဆီတင် သင်္ဘောကြီးတွေ လာမယ်။ ဆိပ်ကမ်းရဲ့ရေပြင်မှာ အကြောင်းကြောင်းကြောင့် ဖိတ်စင်တာတွေ ရှိလာမယ်ဆို နစ်နာမှုရှိမှာ ဆိပ်ကမ်းပတ်ဝန်းကျင် ရေထု နဲ့နေထိုင်သူတွေပဲလေ။ အဲဒီလိုဖြစ်စဉ်တွေကို ကာကွယ်ဖို့ IMO ရဲ့ဥပဒေ ပြုပြဋ္ဌာန်းချက်တွေကို နိုင်ငံမှာအသက်သွင်း သဘောတူညီထားဖို့ လိုလာပြီ” ဟု အကြံပေးပုဂ္ဂိုလ်ဦးကျော်မျိုးဝင်း ကဆက်လက်၍ပြောကြားခဲ့ပါသည်။
ဆိပ်ကမ်းဇုန်များထဲမှ ထားဝယ်သည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု များစွာဖြင့် အထူးစီးပွားရေးဇုန်ဖြစ် လာမည့် အလားအလာများကြောင့် နိုင်ငံနှင့် လိုက်လျောညီထွေသည့် ဥပဒေများပြဋ္ဌာန်းခြင်း၊ နိုင်ငံတကာ နှင့် လိုက်လျောညီထွေဖြစ်စေမည့် ဆိပ်ကမ်းဥပဒေများကိုလည်း မှီငြမ်း လက်ခံခြင်းများ ပြုလုပ်သင့်ပြီဟုဆွီဒင် ၌ ပင်လယ်ရေကြောင်း စီးပွားရေးဖြင့် မဟာဘွဲ့ရယူထားသူက ရှင်းပြခဲ့ပါ သည်။
“မြန်မာနိုင်ငံမှာ IMO ရဲ့ဥပဒေ တွေကို သဘောတူလက်မှတ် ရေးထိုးထားတာ သင်္ဘောသားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေသာ အများဆုံးဖြစ်တယ်။ ပင်လယ်ရေကြောင်း စီးပွားရေးနဲ့ဆိုင်တဲ့ ဥပဒေတွေကတော့ နည်း နေသေးတယ်။ အခုလို Ports ကြီးတွေနဲ့ အထူးစီးပွားရေးဇုန်တွေ ရှင်သန်ဖွံ့ဖြိုးလာရင်တော့ နောင်ဖြစ် လာမယ့် Risks တွေကို ထည့်စဉ်းစားဖို့အတွက် ကာမိတဲ့ဥပဒေဆိုတာ ရှိကို ရှိသင့်တယ်”ဟု ၎င်းကဖြည့်စွက် ပြောပြခဲ့ပါသည်။
ဆိပ်ကမ်းနှင့် ပတ်ဝန်းကျင်လူထု၏ အကျိုးစီးပွားလုံခြုံစိတ်ချမှုရှိစေရန် ကာမိစေသော IMO ၏ဥပဒေ ကို လိုက်နာကျင့်သုံးရန် သဘောတူညီ ချက်ပြုမည် ဆိုပါက နိုင်ငံအနေဖြင့် နှစ်စဉ် ထည့်ဝင်ကြေး ပေးဆောင်ရမည်ဟု သိရသည်။
“အခုလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့ သူတို့တွေအတွက် ဒီဘက်က မက်လုံးလိုဖြစ်စေမယ့် အရာတွေနဲ့ လမ်းဖွင့်ထားပေးဖို့ လိုတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေက ကိုယ်သွားချင်တဲ့ဟာကိုပဲ ဖက်တွယ်ထားလို့ မရပါဘူး။ သူတို့ဘာလုပ်ချင်တာလဲ ဆိုတာ လမ်းဖွင့်ပေးရင်း သင်ယူသွားရမယ်။ အခုလို ထားဝယ်စီးပွားရေး ဆိပ်ကမ်း ဇုန်ဖြစ်ထွန်းလာခြင်း အပေါ်မှာ နိုင်ငံတကာက ၀င်လာတာကိုလမ်းဖွင့်ပေးရင်း ဥပဒေနဲ့ ထိန်းကွပ်တည့်မတ်ထားဖို့လည်း လိုပါတယ်”ဟု Logistics and Supply Chain Management မှ ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်း စီးပွားရေးဘာသာ သင်ကြားသူ ဆရာက ပြောကြားခဲ့ပါသည်။
ယခုအခါ ထားဝယ်ဆိပ်ကမ်း စီးပွားရေးဇုန်သို့ စိတ်ဝင်စားကြသော နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ များစွာရှိနေရာ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ကွက် အများဆုံးရှိသည့် နိုင်ငံတစ်ခုအဖြစ် ၎င်းတို့ လက်ခံယူဆထားကြသည်ဟု ထားဝယ်ဆိပ်ကမ်း၏ စက်မှုလုပ်ငန်းတစ်ခုမှ အတိုင်ပင်ခံက ပြောပြခဲ့ပါသည်။
Labels:
သီတင်း
ကုန်းတွင်းပိုင်း သဘာဝဓာတ်ငွေ့ ထွက်ရှိမှု နည်းပါးလာသဖြင့် ပြည်တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့် အနည်ကျ ဘူမိချိုင့်ဝှမ်း ၁၄ ခုအနက်မှ အချို့တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ထုတ်လုပ်နိုင်ရန် စီစဉ်
ရတနာသဘာဝ ဓာတ်ငွေ့စီမံကိန်း၏ ပိုက်လိုင်းစင်တာကို တွေ့ရစဉ်
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “အရင်တုန်း က တစ်နေ့ကိုစီအင်န်ဂျီဓာတ်ငွေ့ သန်း ၁၀၀ ကနေ ၁၂၀ ကြား ထွက်ရှိတဲ့ အဖျောက်သဘာဝ ဓာတ်ငွေ့နယ်မြေက အခုအချိန်မှာ တစ်နေ့ကို ခြောက်သန်းကနေ ရှစ်သန်းကြားပဲ အသုံးပြုနေရတယ်။ ဒါ့ပြင် ညောင်တုန်းနယ်မြေကလည်း အရင်တုန်းက စီအင်န်ဂျီ ဓာတ်ငွေ့ထုတ်နိုင်တဲ့ ပမာဏက တစ်နေ့ကို သန်း ၁၀၀ ၀န်းကျင်လောက် သုံးနိုင်တာကနေ အခု ဆိုရင်တစ်နေ့ကို ၃၅ သန်းလောက် ပဲ အသုံးပြုနိုင်တော့ပါတယ်”ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ခိုအောင်းနိုင်သည့်အနည် ကျဘူမိချိုင့်ဝှမ်း ၁၄ ခုရှိကြောင်း၊ အဆိုပါချိုင့်ဝှမ်း ၁၄ခုအနက်မှ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ ပြည်ဒေသ နှင့် မြစ်ဝကျွန်းပေါ် ဒေသတို့တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ထုတ်ယူနိုင်ရန် စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကို ၁၉၆၃ ခုနှစ်မှ စတင်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ မန်း၊ ပြည်၊ မြန်အောင်၊ ထောက်ရှာပင်၊ ကမ်းနီ၊ လက်ပံတို စသည့် ကုန်းတွင်းပိုင်း ရေနံမြေများကိုရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။
ထို့အပြင် နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် မုတ္တမကမ်းလွန်ဒေသ၌ ရတနာ သဘာဝဓာတ်ငွေ့မြေ၊ စိန်၊ ပတ္တမြားနှင့် ဇောတိက သဘာဝဓာတ် ငွေ့မြေ၊ ကျောက်ခွက်၊ အဖျောက်၊ ညောင်တုန်း၊ သားကြီးတောင်/ စပယ်၊ အင်းတော်၊ ထန်းကိုင်းနှင့် မအူကုန်း စသည့်ကုန်းပိုင်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေအသစ်များ၊ တနင်္သာရီ ကမ်းလွန်ဒေသ၌ ရဲတံခွန် သဘာဝဓာတ်ငွေ့မြေနှင့် ရခိုင် ကမ်းလွန်ဒေသ၌ ရွှေသဘာဝဓာတ် ငွေ့မြေအသစ်များကို ရှာဖွေဖော်ထုတ်ပြီးဖြစ်ကြောင်း သိရှိရသည်။
ယခုအခါ မြန်မာနိုင်ငံရှိ အနည်ကျဘူမိချိုင့်ဝှမ်း ၁၄ ခုကို စမ်းသပ် ရှာဖွေမှုများပြုလုပ်ခဲ့ရာ မကြာမီက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ ရေနံရှာဖွေရေး လုပ်ကွက်တစ်ခုဖြစ်သော ပုထိုးလုံ အစမ်းတွင်းများမှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ စတင်ထွက်ရှိနေကြောင်း သိရသည်။
Labels:
သီတင်း
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ အမြဲတမ်း ကော်မတီ အစည်းအဝေးများ သြဂုတ်လ ၈ ရက်နေ့ ပြန်လည်စတင်မည်
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ အမြဲတမ်းကော်မတီ အစည်းအဝေးများ သြဂုတ်လ ၈ ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ အမြဲတမ်းကော်မတီများမှာ ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ ဖြစ်ကြသည်။
ဥပဒေကြမ်း ကော်မတီ၏ လုပ်ပိုင်ခွင့်ထဲတွင် ဥပဒေကြမ်း တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြင်ဆင်ရန် အကြံပြုချက်များ ပေးနိုင်ခွင့်ရှိကြောင်း၊ သို့ရာတွင် အဆိုပါအကြံပြုချက်များသည် ဥပဒေကြမ်းတွင် ပါရှိသည့် ကိစ္စနှင့် စပ်လျဉ်းသော အကြံပြုချက်များ ဖြစ်ရမည့်အပြင် ထိုဥပဒေကြမ်း၏ သဘောတွင် အကျုံးဝင်သော အကြံပြုချက်များလည်း ဖြစ် ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် များအရ သိရသည်။
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် လွှတ်တော် တွင် ပြည်ထောင်စုအစိုးရက အခါ အားလျော်စွာပေးခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ ကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်ပြီး (က) ပြည်ထောင်စုအစိုးရ က ၎င်း၏အာမခံချက်များ၊ ကတိ များနှင့် တာဝန်ခံချက်များကို မည်သည့်အခြေအနေ အထိ ဆောင်ရွက်ပြီးကြောင်း၊ (ခ) အဆိုပါ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပြီးဖြစ်လျှင် ထိုသို့ ဆောင်ရွက်ခြင်းမှာ သတ်မှတ်သည့် ကာလအတွင်း ဆောင်ရွက်ပြီးခြင်း ရှိ၊ မရှိ နှင့် မူလသတ်မှတ်ချက် အတိုင်း ပြီးစီးခြင်း ရှိ၊ မရှိ စသည့်အချက်များ နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် များအရ သိရသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ အမြဲတမ်းကော်မတီများမှာ ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ ဖြစ်ကြသည်။
ဥပဒေကြမ်း ကော်မတီ၏ လုပ်ပိုင်ခွင့်ထဲတွင် ဥပဒေကြမ်း တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြင်ဆင်ရန် အကြံပြုချက်များ ပေးနိုင်ခွင့်ရှိကြောင်း၊ သို့ရာတွင် အဆိုပါအကြံပြုချက်များသည် ဥပဒေကြမ်းတွင် ပါရှိသည့် ကိစ္စနှင့် စပ်လျဉ်းသော အကြံပြုချက်များ ဖြစ်ရမည့်အပြင် ထိုဥပဒေကြမ်း၏ သဘောတွင် အကျုံးဝင်သော အကြံပြုချက်များလည်း ဖြစ် ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် များအရ သိရသည်။
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် လွှတ်တော် တွင် ပြည်ထောင်စုအစိုးရက အခါ အားလျော်စွာပေးခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ ကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်ပြီး (က) ပြည်ထောင်စုအစိုးရ က ၎င်း၏အာမခံချက်များ၊ ကတိ များနှင့် တာဝန်ခံချက်များကို မည်သည့်အခြေအနေ အထိ ဆောင်ရွက်ပြီးကြောင်း၊ (ခ) အဆိုပါ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပြီးဖြစ်လျှင် ထိုသို့ ဆောင်ရွက်ခြင်းမှာ သတ်မှတ်သည့် ကာလအတွင်း ဆောင်ရွက်ပြီးခြင်း ရှိ၊ မရှိ နှင့် မူလသတ်မှတ်ချက် အတိုင်း ပြီးစီးခြင်း ရှိ၊ မရှိ စသည့်အချက်များ နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် များအရ သိရသည်။
Labels:
သီတင်း
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၏ ဒုတိယပုံမှန် အစည်းအဝေးများ သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်ကျင်းပမည်
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၊ ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး၊ ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေးများကို သြဂုတ်လ ၂၂ ရက် နေ့တွင် စတင်ကျင်းပရန် ခေါ်ယူခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယ ပုံမှန်အစည်း အဝေးကို နေပြည်တော်၌ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် (တနင်္လာ နေ့) တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ၂၀၁၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို နေပြည်တော်၌ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် (တနင်္လာနေ့) တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေ မန်းက ၂၀၁၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ပထမအကြိမ် အမျိုးသားလွှတ် တော် ဒုတိယပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် (တနင်္လာနေ့) တွင် စတင်ကျင်းပရန်ခေါ်ယူကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၂၀၁၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။
အဆိုပါလွှတ်တော် အစည်းအဝေးများတွင် ပြည်ထောင်စု အစိုးရသစ်ဘက်က ပြဋ္ဌာန်းလိုသည့် ဥပဒေကြမ်းများကို တင်သွင်းသွားဖွယ်ရှိပြီး အဆိုပါဥပဒေကြမ်းများကို မဲခွဲ ဆုံးဖြတ် အတည်ပြုဖွယ် ရှိကြောင်းနှင့် အစည်းအဝေးများကို သီတင်းသုံးပတ်မှ လေးပတ်ကြာ ပြုလုပ်သွားဖွယ်ရှိကြောင်း စုံစမ်း သိရှိရသည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်း အဝေးများကို နေပြည်တော်၌ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက် နေ့တွင် စတင်ကျင်းပခဲ့ပြီး မတ်လ ၃၀ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယ ပုံမှန်အစည်း အဝေးကို နေပြည်တော်၌ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် (တနင်္လာ နေ့) တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ၂၀၁၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို နေပြည်တော်၌ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် (တနင်္လာနေ့) တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေ မန်းက ၂၀၁၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
လွှတ်တော် အစည်းအဝေးများတွင် ပြည်ထောင်စု အစိုးရသစ်ဘက်က ပြဋ္ဌာန်းလိုသည့် ဥပဒေကြမ်းများကို တင်သွင်းသွားဖွယ်ရှိပြီး အဆိုပါ ဥပဒေကြမ်းများကို မဲခွဲဆုံးဖြတ် အတည်ပြုဖွယ် ရှိကြောင်းနှင့် အစည်း အဝေးများကို သီတင်းသုံးပတ်မှ လေးပတ်ကြာ ပြုလုပ်သွားဖွယ်ရှိ . . . |
အဆိုပါလွှတ်တော် အစည်းအဝေးများတွင် ပြည်ထောင်စု အစိုးရသစ်ဘက်က ပြဋ္ဌာန်းလိုသည့် ဥပဒေကြမ်းများကို တင်သွင်းသွားဖွယ်ရှိပြီး အဆိုပါဥပဒေကြမ်းများကို မဲခွဲ ဆုံးဖြတ် အတည်ပြုဖွယ် ရှိကြောင်းနှင့် အစည်းအဝေးများကို သီတင်းသုံးပတ်မှ လေးပတ်ကြာ ပြုလုပ်သွားဖွယ်ရှိကြောင်း စုံစမ်း သိရှိရသည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေး၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်း အဝေးများကို နေပြည်တော်၌ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက် နေ့တွင် စတင်ကျင်းပခဲ့ပြီး မတ်လ ၃၀ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။
Labels:
သီတင်း
အသက် ၁၅ နှစ်နှင့် အထက် လူငယ်များ ပညာရေးထက် လုပ်ငန်းခွင်ဝင်ရောက်မှု ပိုမိုလာ
အသက် ၁၅ နှစ်နှင့်အထက် လူငယ်များသည် ပညာသင်ယူချိန် ဖြစ်သော်လည်း ပညာရေးထက် လုပ်ငန်း ခွင်ဝင်ရောက်ခြင်းဖြင့် မိသားစု ရပ်တည်ရေးကို တစ်ထောင့်တစ်နေရာမှ ကူညီပံ့ပိုးလုပ်ဆောင်မှု ပိုမိုလာကြောင်း သတင်းရရှိပါသည်။
“အခု အခြေခံလူတန်းအများစု ရှိတဲ့ ကျွန်တော်တို့ လှိုင်သာယာဘက် မှာဆိုရင် အသက် ၁၀နှစ်နဲ့ ၁၅ကြား၊ အသက် ၁၅ နှစ်အထက် လူငယ်တွေဟာ ပညာဆက်လက်သင်ယူမှုထက် မိသားစုရပ်တည်ရေးကို ကူညီတဲ့အနေနဲ့ သူတို့အရွယ်နဲ့ လုပ်နိုင်တဲ့ဘက်ကနေ အလုပ်ဝင်လုပ်ကြတာကို ပိုမိုတွေ့မြင်လာရပါတယ်။ တချို့ကလေးတွေက မိဘကကျောင်း ထားပါလျက် သူတို့ကိုယ်၌က ကျောင်းမနေချင်တာ။ တချို့ကလေးတွေက မိဘကိုယ်၌က အလုပ်ခိုင်းတာရှိတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ပါစေ။ ဒါဟာ နိုင်ငံအတွက် ဆုံးရှုံးမှုပါပဲ”ဟု လှိုင်သာယာမြို့နယ်နေ ပင်စင်စားဝန်ထမ်း တစ်ဦးက ပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် စသည့်ဒေသများ ၀န်းကျင်ရှိ အသက် ၁၀ နှစ်နှင့် ၁၅ နှစ်ကြား ကလေးများသည် စားသောက်ဆိုင်၊ အရောင်းဆိုင်ကြီးများ၊ လက်ဖက်ရည်ဆိုင် စသည့်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်မှုများကြောင်း သိရသည်။ အဆိုပါ အသက်အရွယ်ရှိ ကလေးအချို့သည် အဝေးပြေးဝင်း၊ ဈေး၊ ဘူတာကြီးစသည့် လူများရာနေရာများတွင် ပလတ်စတစ်အိတ်၊ ကော်တိုကော်စများ၊ ရေသန့်ဘူးများ၊ သံတိုသံစများကို လိုက်လံကောက်ယူသည့် အလုပ်များ၌ လုပ်ကိုင်မှုများလည်း ရှိသည်။ ယင်းကောက်ယူမှုမှရရှိသော ၀င်ငွေမှာ ကလေးတစ်ဦးလျှင် တစ်ရက် အနည်းဆုံး ကျပ် ၁၀၀၀ ၀န်းကျင်ရ ရှိကြသည်ဟု စုံစမ်းသိရှိရပါသည်။ အသက် ၁၅ နှစ်နှင့်အထက် ကလေး အချို့မှာ ဆောက်လုပ်ရေးလုပ်ငန်းများ၊ မုန့်လုပ်ငန်း၊ ဆံပင်တုလုပ်ငန်း၊ စသည့် လက်မှုလုပ်ငန်းအချို့နှင့် စက်မှုဇုန်လုပ်သားများ အဖြစ် ၀င်ရောက်လုပ်ကိုင်ကြသည်ဟု သိရှိရပါသည်။
“ကျွန်တော်က သုံးတန်းထိ ပညာသင်ယူခဲ့ပါတယ်။ ကျွန်တော့် အမေက စားဝတ်နေရေးအတွက် ကျွန်တော့်ရဲ့ ကူညီမှုကို ယူတာပါ။ ကျွန်တော် အိမ်ကနေ နံနက် ၆ နာရီ မှာ စထွက်တယ်။ အောင်မင်္ဂလာ အဝေးပြေးဝင်း တစ်ခုတည်းမှာပဲ ပလတ် စတစ်နဲ့ သံတိုသံစ၊ ရေသန့်ဘူးခွံတွေ ကိုလိုက်ကောက်ပြီး ပြန်ရောင်းတာပါ။ မရတဲ့နေ့ဆိုရင်ကျပ် ၁၅၀၀ လောက် ရတယ်။ ရတဲ့နေ့ဆိုရင်တော့ ကျပ် ၂၅၀၀ လောက်ရပါတယ်။ ကျွန်တော် နဲ့အတူ သူငယ်ချင်းငါးယောက်လောက် ရှိပါတယ်။ သူတို့လည်း အတူတူပါ ပဲ” ဟု မင်္ဂလာဒုံမြို့နယ် လေးထောင့်ကန်ရပ်ကွက်နေ အသက် ၁၂ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးက ပြောပါသည်။
လက်ဖက်ရည်ဆိုင်တွင် အလုပ် လုပ်ကိုင်သော ကလေးများသည် လုပ်ခ ခံစားခွင့်အဖြစ် ထမင်းစရိတ်ငြိမ်း တစ်လကျပ်တစ်သောင်းခွဲ ၀န်းကျင် ရရှိကြသည်ဟု သိရသည်။ မုန့်ဆိုင်၊ ဆံပင်တုလုပ်ငန်း ကဲ့သို့သော လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်သူများသည် အနည်းဆုံးတစ်ရက်ကျပ် ၇၅၀ မှ ကျပ် ၁၀၀၀ ၀န်းကျင်ရရှိကြသည်ဟု သိရှိရပါသည်။
“ကျွန်တော်တို့ မန္တလေးမှာ စားဝတ်နေရေးခက်ခဲတဲ့ မိသားစုဝင် ကလေးတွေက အသက် ၁၀ နှစ်ဝန်းကျင် ကလေးအရွယ်ကစပြီး နွေကျောင်းပိတ်ချိန်တွေမှာ မိသားစုကိုကူညီတဲ့ အနေနဲ့ အလုပ်လုပ်ကြတယ်။ လက်ဖက်ရည်ဆိုင်၊ မုန့်ဆိုင်၊ ဆံပင်တုလုပ်ငန်းတွေမှာ ၀င်လုပ်တာ များတယ်။ ကလေးတချို့က ဘူတာလို နေရာမျိုး မှာ ခရီးသွားတွေ ပစ်ချတဲ့ ရေသန့်ဘူးခွံတွေကို ကောက်ယူပြီး ပြန်ရောင်းတဲ့ အလုပ်လုပ်ကြတယ်။ ကျောင်းဖွင့်ချိန်ဆို ကျောင်းပြန်တက်ကြတယ်။ များသောအားဖြင့်ကတော့ အထက်တန်း ပညာသင်အရွယ် ရောက်ရင် ကျောင်းပညာကိုစွန့်ပြီး လုပ်ငန်းခွင်ဝင်ကြတာ ပိုများလာတယ်”ဟု မန္တလေးမြို့နေ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးက ရှင်းပြခဲ့ပါသည်။
အသက် ၁၅ နှင့်အထက်ရှိ လူငယ်များသည် ကားမှတ်တိုင်များ၌ ကွမ်းယာ၊ ရေသန့်အစရှိသည့် အရာများကို လိုက်လံရောင်းချခြင်း၊ အခြားသော နေ့စားအလုပ်များကို လုပ်ကိုင်သည်များ ရှိသည်ဟု သိရသည်။
“နိုင်ငံတစ်နိုင်ငံရဲ့ Human Resources ဆိုတာ တကယ်တမ်း လုပ်ငန်းခွင်မှာ ၀င်ရောက် အလုပ်လုပ်ကိုင် နေသူတွေကို သတ်မှတ်တာပါ။ အဲဒီ လူတွေထဲမှာမှ ကာယလုပ်သားနဲ့ ဥာဏလုပ်သားခွဲခြားမှု ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက ကာယလုပ်သားများနေတယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားက ပညာတတ်ဘွဲ့ရတစ်ယောက်ရဲ့ ၀င်ငွေနဲ့ပညာ မတတ်ဘဲ အလုပ်လုပ်နေသူတွေရဲ့ ၀င်ငွေက မကွာတော့ ပညာကိုဦးစားပေးမှု လျော့သွားတာပါ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေနဲ့လည်း ဆိုင်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ အာဆီယံလွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိလာတဲ့အခါ ကျွန်တော်တို့ တိုင်းပြည်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာမှာပါ။ ဒါကြောင့် ကျွန်တော်တို့ သင်တန်းပို့ချတဲ့အခါမှာ နောင်ဖြစ်လာမယ့် အလုပ်အကိုင်အခွင့်အလမ်းကို ဦးတည်ပြီး လိုအပ်တဲ့ ပညာတွေ ကိုသင်ပေးနေရပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာယလုပ်သားထက် ဥာဏလုပ်သား ပိုများနေရမှာပါ”ဟု Western Manament Centrer မှ Training Director ဦးမျိုးမင်းဦးက ရှင်းပြခဲ့သည်။
ပညာတန်ဆောင်မှ ဆရာမတစ်ဦးက “ရပ်ရွာအခြေပြု ကျောင်းပြင်ပရောက် ကလေးများအတွက် စဉ်ဆက်မပြတ် တိုးချဲ့ပညာသင်ယူခြင်း လုပ်ငန်းအစီအစဉ်တွေနဲ့ ရှေးဦးကလေး သူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာ ရှိပါတယ်။ အဲဒီထဲမှာမှ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်ကြား ရှိကလေးတွေကို အဓိကသင်ကြားပေးတဲ့ ရပ်ရွာအခြေပြု ကျောင်းပြင်ပရောက် ကလေးတွေအတွက် စဉ်ဆက်မပျက် တိုးချဲ့ပညာသင်ကြားခြင်းလုပ်ငန်းက ပိုမိုလုပ်ဆောင်ရပါတယ်။ ကလေးတွေက ပညာသင်ချိန်မှာ ကျောင်းပြင်ပရောက်ပြီး လုပ်ငန်းခွင် ၀င်ရောက်မှု ပိုမိုလာပါတယ်”ဟု ပြော ကြားခဲ့ပါသည်။
“အခု အခြေခံလူတန်းအများစု ရှိတဲ့ ကျွန်တော်တို့ လှိုင်သာယာဘက် မှာဆိုရင် အသက် ၁၀နှစ်နဲ့ ၁၅ကြား၊ အသက် ၁၅ နှစ်အထက် လူငယ်တွေဟာ ပညာဆက်လက်သင်ယူမှုထက် မိသားစုရပ်တည်ရေးကို ကူညီတဲ့အနေနဲ့ သူတို့အရွယ်နဲ့ လုပ်နိုင်တဲ့ဘက်ကနေ အလုပ်ဝင်လုပ်ကြတာကို ပိုမိုတွေ့မြင်လာရပါတယ်။ တချို့ကလေးတွေက မိဘကကျောင်း ထားပါလျက် သူတို့ကိုယ်၌က ကျောင်းမနေချင်တာ။ တချို့ကလေးတွေက မိဘကိုယ်၌က အလုပ်ခိုင်းတာရှိတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ပါစေ။ ဒါဟာ နိုင်ငံအတွက် ဆုံးရှုံးမှုပါပဲ”ဟု လှိုင်သာယာမြို့နယ်နေ ပင်စင်စားဝန်ထမ်း တစ်ဦးက ပြောကြားခဲ့ပါသည်။
နိုင်ငံတစ်နိုင်ငံရဲ့ Human Resources ဆိုတာ တကယ်တမ်း လုပ်ငန်းခွင်မှာ ၀င်ရောက် အလုပ်လုပ်ကိုင်နေသူတွေကို သတ်မှတ်တာပါ။ အဲဒီလူတွေထဲမှာမှ ကာယလုပ်သားနဲ့ ဥာဏလုပ်သား ခွဲခြားမှုရှိပါတယ်။ကျွန်တော်တို့ နိုင်ငံမှာက ကာယလုပ်သားများနေတယ် . . . |
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသူများအား ဇူလိုင်လအတွင်းက တွေ့ရစဉ်
လက်ဖက်ရည်ဆိုင်တွင် အလုပ် လုပ်ကိုင်သော ကလေးများသည် လုပ်ခ ခံစားခွင့်အဖြစ် ထမင်းစရိတ်ငြိမ်း တစ်လကျပ်တစ်သောင်းခွဲ ၀န်းကျင် ရရှိကြသည်ဟု သိရသည်။ မုန့်ဆိုင်၊ ဆံပင်တုလုပ်ငန်း ကဲ့သို့သော လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်သူများသည် အနည်းဆုံးတစ်ရက်ကျပ် ၇၅၀ မှ ကျပ် ၁၀၀၀ ၀န်းကျင်ရရှိကြသည်ဟု သိရှိရပါသည်။
“ကျွန်တော်တို့ မန္တလေးမှာ စားဝတ်နေရေးခက်ခဲတဲ့ မိသားစုဝင် ကလေးတွေက အသက် ၁၀ နှစ်ဝန်းကျင် ကလေးအရွယ်ကစပြီး နွေကျောင်းပိတ်ချိန်တွေမှာ မိသားစုကိုကူညီတဲ့ အနေနဲ့ အလုပ်လုပ်ကြတယ်။ လက်ဖက်ရည်ဆိုင်၊ မုန့်ဆိုင်၊ ဆံပင်တုလုပ်ငန်းတွေမှာ ၀င်လုပ်တာ များတယ်။ ကလေးတချို့က ဘူတာလို နေရာမျိုး မှာ ခရီးသွားတွေ ပစ်ချတဲ့ ရေသန့်ဘူးခွံတွေကို ကောက်ယူပြီး ပြန်ရောင်းတဲ့ အလုပ်လုပ်ကြတယ်။ ကျောင်းဖွင့်ချိန်ဆို ကျောင်းပြန်တက်ကြတယ်။ များသောအားဖြင့်ကတော့ အထက်တန်း ပညာသင်အရွယ် ရောက်ရင် ကျောင်းပညာကိုစွန့်ပြီး လုပ်ငန်းခွင်ဝင်ကြတာ ပိုများလာတယ်”ဟု မန္တလေးမြို့နေ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးက ရှင်းပြခဲ့ပါသည်။
အသက် ၁၅ နှင့်အထက်ရှိ လူငယ်များသည် ကားမှတ်တိုင်များ၌ ကွမ်းယာ၊ ရေသန့်အစရှိသည့် အရာများကို လိုက်လံရောင်းချခြင်း၊ အခြားသော နေ့စားအလုပ်များကို လုပ်ကိုင်သည်များ ရှိသည်ဟု သိရသည်။
“နိုင်ငံတစ်နိုင်ငံရဲ့ Human Resources ဆိုတာ တကယ်တမ်း လုပ်ငန်းခွင်မှာ ၀င်ရောက် အလုပ်လုပ်ကိုင် နေသူတွေကို သတ်မှတ်တာပါ။ အဲဒီ လူတွေထဲမှာမှ ကာယလုပ်သားနဲ့ ဥာဏလုပ်သားခွဲခြားမှု ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက ကာယလုပ်သားများနေတယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားက ပညာတတ်ဘွဲ့ရတစ်ယောက်ရဲ့ ၀င်ငွေနဲ့ပညာ မတတ်ဘဲ အလုပ်လုပ်နေသူတွေရဲ့ ၀င်ငွေက မကွာတော့ ပညာကိုဦးစားပေးမှု လျော့သွားတာပါ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေနဲ့လည်း ဆိုင်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ အာဆီယံလွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိလာတဲ့အခါ ကျွန်တော်တို့ တိုင်းပြည်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာမှာပါ။ ဒါကြောင့် ကျွန်တော်တို့ သင်တန်းပို့ချတဲ့အခါမှာ နောင်ဖြစ်လာမယ့် အလုပ်အကိုင်အခွင့်အလမ်းကို ဦးတည်ပြီး လိုအပ်တဲ့ ပညာတွေ ကိုသင်ပေးနေရပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာယလုပ်သားထက် ဥာဏလုပ်သား ပိုများနေရမှာပါ”ဟု Western Manament Centrer မှ Training Director ဦးမျိုးမင်းဦးက ရှင်းပြခဲ့သည်။
ပညာတန်ဆောင်မှ ဆရာမတစ်ဦးက “ရပ်ရွာအခြေပြု ကျောင်းပြင်ပရောက် ကလေးများအတွက် စဉ်ဆက်မပြတ် တိုးချဲ့ပညာသင်ယူခြင်း လုပ်ငန်းအစီအစဉ်တွေနဲ့ ရှေးဦးကလေး သူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာ ရှိပါတယ်။ အဲဒီထဲမှာမှ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်ကြား ရှိကလေးတွေကို အဓိကသင်ကြားပေးတဲ့ ရပ်ရွာအခြေပြု ကျောင်းပြင်ပရောက် ကလေးတွေအတွက် စဉ်ဆက်မပျက် တိုးချဲ့ပညာသင်ကြားခြင်းလုပ်ငန်းက ပိုမိုလုပ်ဆောင်ရပါတယ်။ ကလေးတွေက ပညာသင်ချိန်မှာ ကျောင်းပြင်ပရောက်ပြီး လုပ်ငန်းခွင် ၀င်ရောက်မှု ပိုမိုလာပါတယ်”ဟု ပြော ကြားခဲ့ပါသည်။
Labels:
သီတင်း
ရှမ်းပြည်နယ် မြောက်ပိုင်းသည် လူကုန်ကူးမှု ဖြစ်ပွားရာ အများဆုံးဒေသ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့မှာ ဒုတိယအများဆုံးဖြစ်
မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ် မြောက်ပိုင်းသည် လူကုန်ကူးမှု ဖြစ်ပွားရာ အများဆုံးဒေသ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့မှာ ဒုတိယအများဆုံး ဖြစ်ကြောင်း သတင်းရရှိပါသည်။
ထို့ပြင် ငါးနှစ်ကျော် အတွင်း လူကုန်ကူးမှု ၇၀၀ ကျော်ကို ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၂၇၀၀ ကျော်အား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။လူကုန်ကူးမှုများတွင် အဓိကအားဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များသည် အများဆုံး လူကုန်ကူး ခံရသူများ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ၁၉၉၆ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုစဉ်က ဥပဒေ မပေါ်ပေါက်သေးသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဦးဆောင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၁၉၉၇ ခုနှစ်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် အဖြစ် သတ်မှတ် ပြဋ္ဌာန်းခဲ့ကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ မပြဋ္ဌာန်းရသေးသော်လည်း ပြစ်မှုဆိုင်ရာဥပဒေ အခန်း (၁၆) ပါ လူ့ကိုယ်ကို ထိခိုက်သည့် ပုဒ်မများ ဖြစ်သည့် ပုဒ်မ ၃၆၆ မှ ပုဒ်မ ၃၇၃ အထိ ပုဒ်မများဖြင့် အရေးယူခဲ့ကြောင်း၊ အဆိုပါ ပုဒ်မများသည်လည်း ထိရောက်သော ပြစ်ဒဏ်များ ဖြစ်သဖြင့် ပြစ်မှုကျူးလွန်သူများအား ဟန့်တားလောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် လူကုန်ကူးမှုများကို ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
ခုနှစ် | အမှု | တရားခံ | ကယ်တင်နိုင်ခဲ့သည့် လူကုန်ကူးခံရသူ |
---|---|---|---|
၂၀၀၆ | ၅၂ | ၁၈၅ | ၂၇၅ |
၂၀၀၇ | ၁၂၇ | ၃၀၃ | ၃၆၄ |
၂၀၀၈ | ၁၃၄ | ၃၅၉ | ၅၃၅ |
၂၀၀၉ | ၁၅၅ | ၄၆၄ | ၇၃၃ |
၂၀၁၀ | ၁၇၃ | ၅၀၂ | ၇၂၉ |
၂၀၁၁ (ဇွန်လအထိ) | ၆၈ | ၁၆၇ | ၁၂၆ |
Labels:
သီတင်း
Subscribe to:
Posts (Atom)