Welcome to my blog :)
rss
Showing posts with label ကွန်ပျူတာ. Show all posts
Showing posts with label ကွန်ပျူတာ. Show all posts
Sunday, February 19, 2012
DVDFab.Passkey.8.0.5.0
ကျွန်တော့်ကိုမေးထားတာလဲ နည်းနည်းကြာသွားပါတယ်။ ကျွန်တော်တို့ DVD တွေကို Burn တဲ့ အချိန်မှာ ကူးလို့မရအောင် ဘယ်လိုကာကွယ်မလဲပေါ့နော်။ အဆင်ပြေတာလေးကိုရွေးရှာရင်းနဲ့ ဒီကောင်လေးကိုတွေ့တာနဲ့ နောက်ဆုံး Update လေးတင်ပေးလိုက်ပါတယ်။ DVD copy protections တွေကို မိမိတို့ နှစ်သက်သလိုပြုပြင်ပေးနိုင်ပါတယ်။ DVD folder ဒါမှမဟုတ် ISO image file တွေကိုပြောင်းပေးနိုင်သလို DVD folder ကနေ ISO image file တွေကို ပြောင်းလဲပေးနိုင်ပါတယ်။ အထဲမှာ သူ့ရဲ့ Features လေးတွေကို ကျွန်တော်ထပ်ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 18.9 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။
DVDFab.Passkey.8.0.5.0 
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Sunday, February 12, 2012
Window တင်ဖို့  လေ့လောနေတယ်ဆိုရင် သိထားသင့်တဲ့ ပညာလေးတစ်ခု
ဒီနည်းလေးက ၀င်းဒိုးတင်နေရင်း တိုင်ပတ်သွားတဲ့ ပြဿနာလေး တစ်ခုပါ တင်နေစဉ်
အတွင်းမှာ Error c000021 တက်လာတယ်။  အဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလိုက်ရှာ
လိုက်တာ အဆင်ပြေစွာ အောင်မြင်သွားတယ်။  ထို့ ကြောင့် တိုက်ဆိုင်သူများ  ရှိပါက
လွယ်ကူစွာ  အသုံးချနိုင်ရန် မှတ်တမ်းတင်ထားလိုက်ရပါသည် ။   မူရင်းဆိုဒ်မှ ကူးယူတင်ပြချင်းပါ...။
This is a list of the possible fixes I have found.
1 Turn off UDMA in BIOS
2 Replace bios battery
3 Replace the hard drive
4 Try a different cd rom
မူရင်းဆိုဒ်မှာလေ့လာပါ - http://www.techsupportforum.com/forums/ 
Window 7 နဲ့  window XP အတွက်ဆောင်ထားသင့်တဲ့Genuine Remover
ဒီပြဿနာကိုတော့ ကျနော် ဖိုးခွားတို့ ဆီသွားလည်ထဲက တွေ့ ရပါတယ် ညီညီ
ကွန်ပျူတာကလည်း အတူတူပါပဲ Window တင်ပီး Active Key မရှိတော့ဖြစ်
တတ်သလို Update လုပ်ရင်လည်း အလားတူပြဿနာဖြစ်တတ်ပါတယ်ဘာမှ
တော့မခက်ပါဘူး မေးထဲကနေမေးလာတဲ့သူလည်းအဆင်ပြေမယ်ထင်ပါတယ်
အားလုံအတွက် ပညာဖြစ်အောင်  ရေးတင်လိုက်ပါတယ် ဘယ်နေရာမှာသုံးရ
တာလည်းဆိုတာအရှည်ပြောပြရရင်Update လုပ်တဲ့အခါဖြစ်သွားတတ်ပါတယ်
သိချင်ရင် Window Update လုပ်ကြည့် Orginal တင်မထားဘူးဆို Geniune
ဖြစ်တယ် ဆိုတာတက်လာမှပဲအဖြစ်များတဲ့ပြဿနာတော့မဟုတ်ပါဘူးတစ် ခါ
တလေလုပ်ရင်းကလိရင်းဖြစ်သွားတတ်ပါတယ်လိုအပ်ရင်သုံးရအောင်တင်
ထားလိုက်ပါတယ် Window7  ရော  Xp  အတွက်ပါ တစ်ခါထဲ  ယူထားလိုက်ပါ
ပြဿနာဖြစ်တယ်ဆိုတိုင်ပင်ဆွေးနွေးလို့ ရပါကြောင်းနဲ
နောက်တစ်ခုကWindow genuine ဖြစ်နေရင်Miscrosoft Security Essensial
အင်စတောလုပ်မရဘူးတခြားဆော့ဝဲတွေအင်စတောလုပ်တဲ့နေရာမှာတော့ပြ
ဿနာမ၇ှိနိုင်ပါကြောင်း........................။
ဒီမှာ Download ယူပါ Window Genuine Remover For 7 and XP
မူရင်းလင့်တွေမှာလည်းလေ့လာပါ  http://www.divanoli.com
ကွန်ပျုတာအတွက် showyoe diectionary unicode အဘိဓာန်ဆော့ဝဲလေးပါ
ဒီဆော့ဝဲလေးကတော့ ကွန်ပျုတာထဲမှာ အင်စတောလုပ်ပီး  သုံးဖို့   အဘိဓာန်ဆော့ဝဲ
ကောင်းလေးပါ တစ်ခု မဟုတ်တစ်ခု ပြောင်းသုံးချင်ရင်ယူထားလိုက်ပါ အသေးစိတ်ကို
မူရင်းလင့်မှာဖတ်ကြည့်ပါ Unicode Font ရှိမှရမှာနော် ကဲလိုချင်ရင်ဆွဲ.................။
ဒီမှာ Download ယူပါ    Showyoe မြန်မာ  <= = => အင်္ဂလိပ်  အဘိဓာန်
မူရင်းလင့် - http://www.myanmartutorials.com/announcements/shweyo
ကွန်ပျူတာအတွက်အဘိဓာန်ဆော့ဝဲကောင်းလေးတစ်ခု(ကောင်းပါဧ။်)
အခုမှပေါ်တာလေးထင်တာပဲအခုမှတွေ့ လို့ ပြန်လည်မျှဝေလိုက်ပါတယ်အလွယ်တကူ
ပဲကွန်ပျုတာထဲမှာတင်ဝက်ဆိုဒ်တွေဖတ်ရင်းနားမလည်တဲ့စကားလုံးအမြန်ရိုက်ရှာလို့ 
လွယ်တာပေါ့စာအုပ်လှန်ရှာရတာကြာတယ်အခုဒီဆော့ဝဲလေးကပိုလို့ တောင်းအဆင်
ပြေသေးတယ်အရင်Wxpidytထက်ကောင်းတယ်အဲ့အဘိဓာန်က360နဲ့ Scan ဖတ်ပြီး
၇ှင်းလိုက်တာTrojam virus ပြနေတာနဲ့ ဖျက်ထုပ်လိုက်တာအခုအသစ်ရပြီဒါလေးက
ပိုကောင်းတယ်ဗျလိုချင်ယူမလိုချင်ရင်လည်းယူကောင်းလွန်းလို့ ပေးတာနော..
မြန်မာကျောင်းသားတွေထွင်းထားတာတဲ့..ကဲသုံးပေအုံးရော......။
မူရင်းဆိုဒ်မှာ Download ယူလိုက်ပါ Computer English-Myanmar အဘိဓာန်
မူရင်းဆိုဒ်မှာလေ့လာပါ http://www.whizzosystem.com
ကွန်ပျူတာထဲမှာထည့်ဖို့ အင်္ဂလိပ်မြန်မာအဘိဓာန်ဆော့ဝဲလေးပါ
ဒီဆော့ဝဲလေးကတော့ Cbox မှာတောင်းထားတဲ့သူငယ်ချင်းလေးအတွက်ပါကောင်း
တာကတော့အထွေအထူးပြောစရာမလိုတော့ပါဘူးဆော့ဝဲရေးတဲ့သူကိုပဲကျေးဇူးတင်
ရမှာပါတကယ်အဆင်ပြေတယ်စာအုပ်လှန်ရှာနေရတာကြာတယ်ကွန်ပျုတာသုံးနေ
ရင်းမသိတာလေးတွေရိုက်ရှာလိုက်အဆင်ကိုပြေလို့ ...မြန်မာလိုရိုက်လည်းရတယ်
အင်္ဂလိပ်လိုရိုက်လည်းအဆင်ပြေတယ်ကဲအဆင်ပြေပါစေသူငယ်ချင်;...........
ဒီမှာDownload ယူပါ  ကွန်ပျူတာအတွက်English <> Myanmar အဘိဓာန်ဆော့ဝဲ
ကွန်ပျုတာသုံးနေရင်း ပုံတွေရိုက်ယူချင်ရင် လွယ်ကူသောနည်းလမ်းတစ်ခု
ဒီနည်းက Window 7 မှာပါတဲ့ Snapping Tools ကိုသုံးပြီးရိုက်တာ( Window 7 only)
ဒီနည်းလေးကလည်း လွယ်ကူပါတယ် ။ Window7 မှာပါလာပြီးသားSnipping Tool
ကိုသုံးပြီး လိုချင်တဲ့နေရာကို ဓာတ်ပုံအဖြစ်  ရိုက်ယူလို့ ရပါတယ်။ ဆော့ဝဲတွေသုံးပြီး
လုပ်ရင်လည်းရသလို Print Scrn Sysrq နဲ့ လုပ်ရင်လည်း  ရပါတယ်။ အခုဒီနည်းက
ဘာဆော့ဝဲမှ  ထပ်မလိုပါဘူး ။ Window တင်ထဲက Miscrosoft က ထည့်ပေးလိုက်
ပြီးသားပါ ။ Search ကနေ Snapping Toolလို့ ရိုက်ရှာရင်လည်း ရပါတယ် ။ အဲ့လိုမှ
မဟုတ်ရင်   Start => All Programs => Accessories ကနေ ယူလိုက်ရင်လည်း
ရပါတယ် Video ကြည့်နေရင်းလည်း လိုချင်တဲ့နေရာတွေကို ဖြတ်ရိုက်လို့ ရပါတယ်
အခုလိုရိုက်ယူတဲ့  နည်းလမ်းတွေက  အခြေခံပညာသင်တွေ တတ်ထားသင့်ပါတယ်
ဘာလို့ လည်းဆိုတော့ ကွန်ပျုတာသုံးနေရင်း နားမလည်တဲ့  နေရာတွေကို ပုံအဖြစ်
ရိုက်ပြီး နားလည်တဲ့သူတွေဆီကို မေးမြန်းလို့ လွယ်တယ် အဲ့တော့ မဖြစ်မနေ တတ်
ထားသင့်တဲ့ ပညာလေးတစ်ခုအဖြစ် ယူဆမိပါကြောင်း...................................။
နောက်ထပ် နည်းလမ်း - ၁ ဓာတ်ပုံရိုက်ဖို့ နဲ့  Video Record လုပ်နည်း Fs63
နောက်ထပ်နည်းလမ်း - ၂ Keyboard ကနေ Print Scrn Sysrq သုံး၍ ရိုက်နည်း
ဘလော့ဂါများနဲ့  အခြေခံညာသင်တို့ အတွက် ပုံရိုက်ဖို့  ၊ Record လုပ်ဖို့ Fs63
အခုတင်ပေးတဲ့ ဆော့ဝဲနဲ့  ရိုက်လို့ ရသလို Print Sys Rq နဲ့ လည်းရတယ်နော် နမူနာရိုက်ပြတာ
ဒီဆော့ဝဲလေးကတော့ ကွန်ပျုတာထဲမှာ ဓာတ်ပုံရိုက်သလိုမျိုး အသုံးပြုချင်ရင် အဆင်
ပြေစေနိုင်တဲ့ Portable လေးတစ်ခုပါ ကီးဘုတ်မှာပါတဲ့ Print Screen ကိုနှိပ်ပြီး Paint
မှာ Paste လုပ်ရင်လည်း  အဆင်ပြေနိုင်ပါတယ် ။ ဘလော့ရေးသူတွေ အနေနဲ့ လည်း
အကြောင်းရာတစ်ခုခုကို ရှင်းပြချင်တဲ့အခါ  ကွန်ပျုတာထဲက  ပုံလေးတွေကို ရိုက်ယူဖို့ 
လိုပါတယ် နောက်တစ်ခုက Video recording ဖိုင် လုပ်ရင်လည်းရပါတယ်။ မိမိရှင်းပြ
လိုတဲ့ ဆော့ဝဲတစ်ခုအကြောင်း  နည်းပညာတစ်ခုအကြောင်း နမူနာလုပ်ပြနေတဲ့ အခါ
ကွန်ပျုတာမှာ ကိုယ်လုပ်နေသမျှကို Vedeo file အဖြစ် Recording ယူမှာဖြစ်ပါတယ်
ဘလော့ရေးသူ ၊နည်းပညာအကြောင်းရှင်းပြသူတွေအတွက် အတော်လေးအသုံးဝင်မဲ့
ဆော့ဝဲကောင်းလေးတစ်ခုဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်..............။
ဒီမှာ Download ယူပါ  -  Fastone Screen Capture (Portable )
ဒီမှာလည်း ယူလို့ ရတယ် -  http://www.portablefreeware.com/?id=775
အသေစိတ်မူရင်းလင့်မှာ ဖတ်ပါ - http://www.faststone.org/FSCapture
Features :
  • A small handy Capture Panel that provides quick access to its capture tools
  • Global hotkeys to activate screen capturing instantly
  • Capture windows, objects, menus, full screen, rectangular/freehand 
  • Capture multiple windows and objects including multi-level menus
  • Options to specify output destination (internal editor, clipboard, file, printer ...)
  • Draw annotation objects such as texts, arrowed lines, highlights, watermarks, 
  • Apply effects such as drop-shadow, frame, torn-edge and fade-edge 
  • Add image caption
  • Resize, crop, rotate, sharpen, brighten, adjust colors ...
  • Undo/Redo
  • Support external editors
  • Save in BMP, GIF, JPEG, PCX, PNG, TGA, TIFF and PDF formats
  • Convert images to multi-page PDF file
  • Send captured images by email
  • Send captured images to Word and PowerPoint documents
  • Send captured images to a Web (FTP) server
  • Record screen activities and sound into video files
  • Screen Color Picker
  • Screen Magnifier
  • Screen Ruler
  • Support multiple monitors
  • Run when Windows starts (optional)
  • Minimize to System Tray area
  • Small footprint in memory
  • And many more ...
Desktop ပေါ်က Short Cut Arrowလေးများကိုပျောက်စေချင်ရင်ဒီလိုလုပ်
ဆော့ဝဲမသုံးပဲ ဖျောက်လို့ ရတဲ့ နည်းတော့ရှိပါတယ် ဆော့ဝဲနဲ့ ဆိုပိုမြန်တာပေါ
ကလစ်  တစ်ချက်ပေးလိုက်ရုံပဲ  WindowVista   အတွက်လို့  ရေးထားပေမယ့်
Window7 မှာလည်းရတယ်းသုံးWindow XPသမားတွေကတော့ကိုယ်တိုင်စမ်း
ကြည့်ဗျာ ၀တို့ အလုပ်မှာက အဆင်မပြေဘူး ခုံတွေကမန်နေဂျာနဲ့ ရှေ့ နောက်
ထားလိုက်တော့ ဘလော့လေး ကြည့်ဖို့ အရေး ကို မန်နေဂျာ မလာပါစေနဲ့ ဆု
တောင်းနေရတယ် အဆင်ပြေရင် ရုံးက XPစမ်းကြည့်ပေးမယ်ဗျို့ .................။
မူရင်းလင့်မှာယူလိုက်ပါ  www.askvg.com/windows-vista-shortcut-
ဆော့ဝဲမသုံးချင်ရင် ဒီမှာကြည့်  http://www.tweaks.com
စာစီစာရိုက်သမားများနဲ့ အခြေခံသမားတွေပါသိထားသင့်တဲ့Errorတစ်ခု
ခေါင်းစဉ်ကတော့အကြီးကြီးပါပြောချင်တာကတော့Print Preview ကြည့်မရလို့ error
တက်လာဖူးလားမသိဘူးကျုပ်တော့အခုမှကြုံတာပဲExcel နဲ့ စာရိုက်ပြီးPrintPreview
ကြည့်မ၇တော့လို့ လေအကယ်၍ပြဿနာတူရင်ဝါသနာတူသူငယ်ချင်းတွေကိုပညာ
ရစေခြင်းအလို့ ငှာရေးပြရရခြင်းပါလုပ်နည်းကတော့လွယ်ပါတယ်.....။
(၁) Window +R ကနေ Run box ခေါ်လိုက်ပါ
(၂) Run box ထဲမှာ services.msc လိုရိုက်လိုက်ပါ
(၃)ပေါ်လာတဲ့အထဲမှာမှ Print Spooler ရှာပြီး2ချက်နှိပ်ပါ
(၄)ထပ်ပေါ်လာတဲ့ဘောက်မှာ Startup Type မှာ Automaticပြောင်းပြီOk လုပ်
Computer ကိုRestart လုပ်လိုက်ရင်အဆင်ပြေသွားမှာပါ....။လုပ်နည်းကတော့အများ
ကြီးပါလွယ်တဲ့နည်းလေးပြောပြတာပါစာစီစာရိုက်နဲ့ ရုံးမှာလုပ်တဲ့သူများကြုံလာရင်သုံး
ရအောင်ကဲလေ့လာကြည့်.ရနေလည်း Services.msc တောရိုက်ကြည့်လေ့လာစရာ
တွေအများကြီးနော..ကဲကလိထားမယ်.ကောင်းနေလည်းကလိကြည့်ဗျာ Autoဖြစ်နေ
ရင်Manual ပေးပြီး Restart လုပ်စာစီစာရိုက်လုပ်ပြီး Preview ကြည့်ကြည့်ရလားလို့ 
ကဲအနှီစာကတော့ဒီလောက်ပါတယ်(ဖြစ်တော့ဖြစ်ခဲပါတယ်ဗျာ).......။
ကွန်ပျူတာစဖွင့်တာနှေးနေရင်မြန်အောင်လုပ်နည်းလေးတစ်ခု
ကွန်ပျူတာစဖွင့်တာနှေးနေရင်စောင့်ရတာပျင်းစရာကောင်းသလိုအချိန်မရတဲ့သူတွေ
အတွက်တော့ဒီနည်းလေးကအဆင်ပြေနိုင်မယ်ထင်ပါတယ်အခြေခံသမားလေးတွေသိ
ထားသင့်တယ်ထင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်လုပ်နည်းလေးက.......။
(၁) Window+R ကနေ Runbox ခေါ်လိုက်ပါ
(၂)Runbox ထဲမှာ msconfig လို့ ရိုက်ပြီး Enter နှိပ်ပါ
(၃)Start up ထဲမှာမလိုအပ်တာတွေဖြုတ်ပါ Apply လုပ်ပြီး Ok နှိပ်ပါ
ပြီးရင် ကွန်ပျူတာကိုRestart ပြန်လုပ်ပြီးမှာသုံးပါအဲ့ဆိုမြန်လာလိမ့်မယ်တဲ့...........။
မူရင်းလင့်ကတော့ဒီမှာဖတ်လိုက်http://www.pcworld.com လေ့လာကြည့်လိုက်ပါ
အရေးကြီးတာတွေမပိတ်သင့်ပါသိချင်ရင်ဒီမှာဖတ်ကြည့်နော် Disable မပေးလိုက်နဲ့ 
လုပ်ပုံလေးကလွယ်သလိုအကျိုးကျေးဇူးလည်းများလှပါတယ်ကွန်ပျူတာစဖွင့်ရင်ချက်
ချင်းသုံးမရလို့ စောင့်ရတဲ့ဝဋ်ကနေကျွတ်တာပ(မြန်လာလိမ့်မယ်)တဲ့လို့ ရေးတာကသူ
များရေးတာဖတ်လိုက်ရလို့ ပါဒီနေရာမှာ Disable all ပေးပြီးလုပ်ရင်ပိုမြန်တာတွေ့ ရ
ပါတယ်ရေးတဲ့သူတွေလည်းရေးနေကြပါတယ်အနှီအကြောင်းရာကိုကျုပ်အနေနဲ့ ပြော
ရရင် Disable all မလုပ်သင့်ပါဘူး Startup မှာအရေးကြီးတဲ့Program တွေနဲ့ အမြဲ
တမ်းAuto Loading ဖြစ်နေသင့်တာတွေရှိပါတယ်ဥပမာ Anti Virus ဆော့ဝဲဟာ
ကွန်ပျူတာဖွင့်တာနဲ့ ဝင်းဒိုးစတက်တာနဲ့ Runနေသင့်ပါတယ်အဲ့လိုပေါ့ဗျာအရေးမကြီး
တဲ့ဟာတွေ၇ှိပါတယ်Startup ထဲမှာဖတ်ကြည့်လိုက်အတိုပြောရရင် Adobe,Real
player,Cyber link,Nero,yahoo massager,google talk,Power DVD,VZO ဘာညာသရကာနေကြာကွာစိတွေပေါ့ဗျာအများကြီး၇ှိပါသေးတယ်တစ်ခုနဲ့ တခုမတူ
နိုင်လို့ ရေးမပြတော့ဘူးအခုရေးပြတာတွေကတော့သေချာတယ်မျက်စိမှိတ်ပြီးဖြုတ်
လိုက်ခင်များကွန်ပျူတာဘာမှမဖြစ်စေရဘူးစောစောကထက်တောါ့မြန်လာမှသေချာ
တယ်ကွန်ပျူတာဖွင့်တာနဲ့ အဲ့Program တွေကိုloading မစောင့်ရတော့ဘူးလေပြီး
တော့ဆော့ဝဲတစ်ခုအင်စတောလုပ်တိုင်းStartup ထဲဝင်လာတတ်ပါတယ်(ဆော့ဝဲ
တိုင်းမဆိုလိုဘူးနော်)အဲ့လိုဝင်လာရင်ဝင်ဒိုးတက်တဲ့အခါအဲ့ဒါတွေLoading လုပ်နေ
ရတာနဲ့ စောင့်နေရလို့ ကြာတာပါဒီတစ်ခါတော့တဲ့လိုမရေးတော့ဘူးကျုပ်အမြင်မလို့ 
လေဗျာခင်များတို့ လည်းမသိရင်မေးပေါ့ကျုပ်မသိတော့လည်းကျုပ်ဆရာတွေ၇ှိ
ပါတယ်ဘာပဲဖြစ်ဖြစ်ကလိပေါ့ဗျာတတ်ပါတယ်နောက်ဆိုအသေးမွှားလေးတွေကအ
စပညာ၇ှင်ကြီးဖြစ်လာနိုင်ပါတယ်ဗျာ.ကဲနှေးနေတဲ့သူများကလိကြည့်ပါDisable all
တော့မပေးနဲ့ နော်.မြန်လွန်းလို့ ဝင်းဒိုးပါကျသွားမယ်.........။
ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင်ဒီစာလေးဖတ်စေချင်တယ်
ကျနော်မေးခြင်တာလေးရှိလို့ပါကွန်ပြူတာတလုံးဝယ်မယ်ဆိုရင်   အဓိကအရေး
ကြီးစစ်ဆေးရမဲ့နေရာတွေကဘယ်နေရာလဲဆိုတာလေးကိုသြိခင်လို့ပါ။နောက်
တခုကfontတွေအကြောင်းပါ၊တချို့ ကွန်ပြူတာတွေမှာဆိုရင်မြန်မာလို ဖတ်လို့ရ
ပြီးတော့ ရိုက်လို့မရဖြစ်နေတယ်။အက်ဒါလေးသြိခင်လို့ပါ။ကျေးဇူးတင်ပါတယ်။
ဒီစာလေးကတော့မေးထဲကတောင်းဆိုလာတဲ့သူငယ်ချင်းတစ်ယောက်အတွက်ရယ်
အခြေခံပညာသင်တွေကွန်ပျူတာဝယ်ရင်ဘာဝယ်လို့ ဝယ်ရမှန်းဘာကြည့်လို့ ကြည့်ရ
မှန်းမသိတဲ့လုံးဝသုညသမားများအတွက်ရည်ရွယ်ပြီှးဗဟုသုတရစေချင်းအလို့ ငှာရေး
တယ်အခြေခံကတော့ဒီစာဖတ်ပြီးရင်ရမှာပါပထမအနေနဲ့ ကတော့.....။
(၁)ကိုယ်ဝယ်မယ့်ကွန်ပျူတာBrand ပေါ့ Dell လား Acer လား Compaq ,Sony,
Toshiba,Lenovo အများကြီး၇ှိပါသေးတယ်အများသုံးတစ်ခုကတော့ Acerပေါ့
MSI လည်းမဆိုးဘူးDell ကတော့ဈေးနဲနဲပိုမယ်ကောင်းတဲ့တံဆိတ်ယူရင်ဈေးပို
ပေးရမယ်အဲ့ဒါပထမအခြေခံအကြောင်းပေါ့အဲ့ပေါ်မှာမူတည်ပြီးဈေးတွေကွာ
နိုင်ပါတယ်...။
(၂)နောက်တစ်ခုကတော့ကိုယ်လိုချင်တဲ့ System ပေါ့လူတိုင်းကတော့မြန်တာကို
ပဲလိုချင်ကြတာလေကွန်ပျူတာကိုအရမ်းသွက်စေချင်တာ Copy ကူးရင်လည်းမြန်
ချင်ကြတာဖိုင်တွေဖွင့်ရင်လည်းLoading မကြာစေပဲချက်ချင်းပွင့်ချင်ကြတာပါဒါပေ
မယ့်ကွန်ပျူတာနှေးတာမြန်တာကSystemကောင်းတာပေါ်မှာပဲလုံးဝမူတည်နေ
တာမဟုတ်ပါဘူးပြုပြင်ထိန်းသိမ်းမှုမတတ်ရင်ကွန်ပျူတာကောင်းလည်းလေးသွား
တတ်ပါတယ်ပြောမယ်ဆိုပြောစရာတွေအများကြီးပါအခြေခံဖြစ်တဲ့အတွက်ဘိုလို
တွေမပြောတော့ဘူးဗျာအခုဝယ်မယ်ဆို  Window7နဲ့  XP တစ်ခုခုကိုယူ Processor
AMD ,Intel,အခုပေါ်နေတဲ့ i3,i5,i7ဆိုတာတွေကတော့အကောင်းဆုံးပေါ့တစ်ခုခုယူ
RAM memory ကတော့အရေးကြီးပြီWindow7ဆိုလို့ ကတော့ အနဲ့ ဆုံး2GB DDR2
DDR3 တစ်ခုခုယူမှရမယ်ဘာလို့ လည်းဆိုတော့Ram 1GB နဲ့ ဆိုမနိုင်ဘူးဗျXP ဆို
ရင်တော့ပြဿနာမရှိပါဘူးအခြေခံသင်သူတွေကတော့XP ကသုံးရတာကောင်းပါ
တယ်Window7ကတော့ Desktop ပေါ်မှာပြက္ခဒိန်လေးနာ၇ီလေးတွေအလှဆင်နိုင်
မယ်အားသာချက်တွေ၇ှိသလိုအားနည်းချက်တွေလည်းရှိတယ်ပြောရရင်အများကြီး
ပဲလောလောဆယ်2GB ယူလိုက်ဗျာအနေတော်ပဲအဲ့လောက်ဆိုရင်ကိုကွန်ပျူတာက
အခြေခံလုံလောက်ပါပြီလေ့လာမယ်ဆိုအများကြီးပေါ့Window ကတော့မူရင်းယူရင်
ဈေးပိုပေးရပြီးအခွေပါထည့်ပေးပါလိမ့်မယ်ဈေးက150RM လောက်ပိုပါတယ်300လဲ
ဖြစ်ချင်ဖြစ်မယ်မူရင်းအခွေပါတဲ့အတွက်ပျက်သော်ရှိပြန်တင်လို့ ရပါတယ်မတင်တတ်
ရင်တော့မထူးပါဘူးဈေးချိုတာပဲယူလိုက်ပါအခြေခံတွေပဲလေUpdate တော့လုပ်လို့ 
မရဘူးUpdatမရရင်ဆိုးကျိုးတော့မများပါဘူးအဲ့မှာလည်းပြောရရင်အရှည်ကြီးအ
ခြေခံဆိုမလိုပါဘူးထားလိုက်ပြီးရင်တော့ပြီးပါပြီဘုမသိသွားဝယ်မှာနဲ့ စာရင်ဆိုင်မှာ
နဲနဲတော့ဖြဲလို့ ရတာပေါ့ RAM Memory နဲ့  Hardisk Memory ကိုတော့မလွဲစေချင်
ဘူး HardiskMemoryအခုနောက်ပိုင်း160,320,500ပါနေပြီများများပါတော့များများ
သိမ်းချင်တာသိမ်းလို့ ရတာပေါ့ကိုယ်ကစီးပွားရေးလုပ်ငန်း၇ှင်လည်းမဟုတ်လေ့
လာ၇ုံဆိုရင်တော့မများလည်းကိစ္စမရှိပါဘူးအဲ့မှာRAMကတော့များမှကောင်းတယ်
အခြေခံအားဖြင့်မှတ်မယ်ဆိုRAM များမှစက်ကသွက်မှာဆိုတော့ကွဲပြားပြီးသိထား
သင့်တယ်အဲ့ဒါလေးလည်းကြည့်ရမယ်အားလုံးကိုခြုံပြောရရင်ကွန်ပျူတာမ၀ယ်ခင်
Desktop ပေါ်ကMy Computer ကိုRightClick(လက်ခလယ်)ထောက်လက်ခ
လယ်လက်ညိုးဆိုတာက၇ှင်းအောင်ပြောရတာထောက်လိုက်ရင်အောက်ဆုံးက
Propertiesကိုနှိပ်လိုက်ရင်ပေါ်လာပြီ Window Ram နဲ့ Processor တွေပေါ့
လာတာနဲရင်ကွန်ပျူတာမကောင်းဘူးများရင်တော့ကွန်ပျုတာကောင်းတယ်လို့ 
ထင်တတ်ကြပါတယ်တကယ်တော့အရေးမကြီးပါဘူးနောက်မှကိုသုံးမယ်ဆော့
ဝဲတွေထပ်ထည့်လို့ ရပါတယ်ဘာပဲလုပ်ချင်ချင်ပေါ့ဥပမာPhotoShop စာစီစာ
ရိုက်Miscrosoft တွေနဲ့ Applicationတွေအားလုံးပေါ့ပြီးမှထည့်လို့ ရပါတယ်ကဲ
အဲ့လောက်ကြည့်ဝယ်ရင်ကိုမဆိုးပါဘူးသုညအသိနဲ့ ဝယ်တာစာရင်အခြေခံရပြီ
ရေးရင်အများကြီးပဲသူငယ်ချင်းမေးတဲ့အဖြေကိုဒီလောက်နဲ့ ပဲဖြေလိုက်ပါတယ်
နောက်တစ်ခုက ကွန်ပျူတာဝယ်ရင်မြန်မာဖောင့်မပါလာဘူးအဲ့တော့အင်တာနက်
ချိတ်ပြီ;ကျနော့်ဆိုဒ်ထဲကယူနိုင်သလိုဘယ်ဆိုဒ်ကပဲဖြစ်ဖြစ်ပေါ့ယူပြီးအင်စတော
လုပ်လိုက်ရပြီမြန်မာလိုချက်တင်ထိုင်ဖို့ ပေါ့မြန်မာဖောင်မရှိသေးတဲ့အတွက်တဖက်
ကရိုက်တဲ့စာတွေကိုအတုံးလေးတွေပဲမြင်ရတာပါမြန်မာဖောင်ကတော့အင်တာနက်
ရှိမယ်ဆိုခဏလေးနဲ့ အဆင်ပြေမှာမလို့ ခေါင်းထဲထားစရာမလိုဘူးထင်ပါတယ်ဒီ
လောက်ဆိုပြည့်စုံပြီမဟုတ်တောင်အခြေခံတော့ရမယ်လိမ့်မယ်လို့ မျှော်လင်းရင်း...။
ကွန်ပျူတာရှိသူတိုင်းသိထားသင့်တဲ့Safe Mood အကြောင်းလေးပါ
အကြောင်းအမျိုးမျိုးကြောင့်ကွန်ပျူတာကိုShut Down မချပဲ Power ကနေပိတ်လိုက်
ရင်ဖြစ်ပေါ်တတ်တဲ့ပြဿနာအကြောင်းလေးပါကျနော်တို့ လိုအခြေခံပညာသင်လေး
တွေအတွက်ကတော့ပညာတစ်ခုပါပဲကျနော့်သူငယ်ချင်းတချို့ ရှိတယ်ကွန်ပျုတာပိတ်
Power ခလုပ်ပိတ်တာတစ်ခါတလေပလပ်ဆွဲဖြုတ်လိုက်တာအမှန်ဆိုလုံးဝမလုပ်သင့်
တာကွန်ပျူတာကအဲ့လိုပိတ်ရင်Window မှာပြဿနာတက်သွားနိုင်ပါတယ်ဖိုင်တစ်ချို့ 
လဲပျက်သွားတတ်ပါတယ်လုပ်ပါများရင်ဝင်းဒိုးတက်မလာတော့တဲ့အထိဖြစ်နိုင်ပါတယ်
အဲ့လိုလုပ်ရင်းနဲ့ ဝင်းဒိုးတက်မလားတော့မှကျနော်သိတာသေပီဆရာပဲပြန်လုပ်လို့ 
ရလို့ တော်သေးတယ်မြန်မာပြည်မှဆိုမီးအားကမငြိမ်ဘူးလေအ၀င်မီးက180လောက်
ရှိတာကွန်ပျူတာသုံးရင်220အပြည့်ရဖို့ မီးအားမြင့်စက်ကနေလုပ်ရတယ်တိုက်ရိုက်
ချိတ်လို့ မရတော့UPS ခံထားရတယ်အဲ့လိုမှမခံရင်မီးခဏခဏပျက်ရင်ကွန်ပျူတာပါ
ပိတ်6ခါလောက်ပိတ်လိုက်ရင်ဝင်းဒိုးလည်းလည်းသွားပီနိုင်ငံခြားမှာတော့ဖြစ်ခဲပါ
တယ်မြန်မာပြည်မှာဆိုခဏခဏဖြစ်တတ်တယ်ဒီမှာတော့ဘယ်ပလပ်ပေါက်းထိုးထိုး
220အပြည့်ရှိတယ်မီးလည်ငြိမ်တယ်Window7က Xp ထက်အတိမ်းအစောင်းခံ
တာတွေ့ ရတယ်ဒါပေမယ့်ပြဿနာတော့များတယ် Ram 1Gb နဲ့ 7သုံးတဲ့ကွန်ပျူတာ
တွေမှာပိုပီးပြဿနာများတယ်ဟမ်းတယ်ပေါ့ဘာပဲဖြစ်ဖြစ်အသေးမွှားလေးဆိုပေ
မယ့်ကွန်ပျူတာကိုကြာခြေခံစေနိုင်တဲ့ပညာလေးတစ်ခုပေါ့ အဲ့လိုများအကြောင်း
တစ်ခုခုကြောင့်ပိတ်ခဲ့ရင် Safe Mood ကနေပြန်ပီးတက်ပါSystem Recover လုပ်အောင်လေအဲ့ဒါမှဖိုင်တွေမပျက်မှာဖြစ်သလိုဝင်းဒိုးကိုလည်းမထိခိုက်တော့
ဘူးလုပ်နည်းကတော့ဘာမှမခက်ပါဘူးကွန်ပျူတာကိုပြန်ဖွင့်ပီးဝင်းဒိုးမတက်
လာခင် F8 ကိုနှိပ်ထားပြီးSafe Mood ကိုမျှားလေးနဲ့ ရွေးပီး Enter နှိပ်လိုက်ရုံပါ
ပဲ အဲ့ဆို Safe ဖြစ်ပီ ခဏနေRestart ပြန်ချလိုက်ရင်အေးဆေးဖြစ်ပီရေးချင်တာ
တွေများနေတော့အကြောင်းရာတွေရောနေပီဗျာရေးချင်တာက Safemood
အကြောင်း Window7 နဲ့  XP ကွားခြားချက်တွေနဲ့ ဝင်းဒိုးမှာဖြစ်တတ်တဲ့ပြဿ
နာတွေအကြောင်းအလုပ်တွေများလို့ သူများတွေလိုမရေးနိုင်
ကွန်ပျူတာမှာပြဿနာတစ်ခုတက်တိုင်းဒီနည်းလေးကိုသတိရပါ
 အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးကွန်ပျူတာပြင်နည်းလေးတစ်ခုကိုပြပါဆိုရင်ဒီနည်း
လေးကိုပြောရမှာပဲကျနော်အပါအ၀င်လူတော်တော်များများရဲ့ပြဿနာတွေကိုအခုကျ
နော်ပြောတဲ့နည်းလေးနဲ့ အဆင်ပြေခဲ့တာပါကွန်ပျူတာမှာအလိုလျောက်ပါတဲ့ပြုပြင်
နည်းလေပါSystemRestoreအကြောင်းကိုဆရာသမားတော်တော်များများသိထား
ကြပါတယ်အခြေခံပညာသင်ဝါသနာတူသူငယ်ချင်းတွေအတွက်ပြန်လည်မျှဝေလိုက်
ပါအကြောင်းအမျိုးမျိုးကြောင့်ကွန်ပျူတာတစ်ခုခုဖြစ်သွားတဲ့အခါအသံမလာတာ တို့ 
ဖိုင်တွေပျောက်သွားတာတို့ Settingတစ်ခုခုလွဲသွားတာအစုံပါပဲမူလအခြေနေကိုပြန်
ရောက်စေပါတယ်ဥပမာကွန်ပျူတာအသံမလာတော့ဘူးမနေ့ ကအကောင်း ဒီနေ့ 
မှဖြစ်သွားတာဆိုရင်SystemRestore ပြန်လုပ်ပီးမနေ့ ကSetting ကိုပြန်ယူရင်အရင်
နေ့ တိုင်းအကောင်းဖြစ်ပါတယ်ဟိုတစ်နေ့ ရုံကကွန်ပျူတာမှာဘယ်သူလုပ်လိုက်လဲ
မသိဘူးDesktopပေါ်မှာRecycleBinနဲ့ AntiVirusဆော့ဝဲတစ်ခုပဲကျန်တယ်ဖျက်သွား
တယ်ဆိုရင်လည်းRecycle Bin ထဲကျန်ရမှာဘယ်သူလုပ်လို့ ဘယ်လိုပြောင်းသွားမှန်း
ကိုမစဉ်းစားတတ်ဘူးပုံစံက Windowပြန်တင်ခါစပုံစံဖြစ်နေတာဂျာကြီးလည်းမသိလို့ 
အပြင်ပညာရှင်တွေခေါ်ခိုင်းမယ်ဆိုပီးထားလိုက်တာကျနော်စမ်းကြည့်လိုက်တာအ
ဆင်ပြေသွားပါတယ်ဂျာကြီးကပြောတယ်ရှဲရှဲတဲ့ငါတောင်မစဉ်းမိဘူးတဲ့တကယ်ဗျာ
အဲနည်းနဲ့ ကျနော်ပြင်ပေးတဲ့ကွန်ပျူတာမနည်းတော့ဘူးတစ်ခုသတိထားရမှာကဟို
နေကအကောင်းကြီးအခုဒီနေ့ မှဖြစ်သွားတာဆိုရင်တော့ဒီနည်းနဲ့ အဆင်ပြေမှာသေ
ချာတယ်ပီနန်းကသူငယ်ချင်းတစ်ယောက်လည်းအကိုအင်တာနက်ချိတ်မရတော့ဘူး
အရင်ရတယ်ဆိုတော့ကျနော်အခုနည်းလေးနဲ့ ရှင်းလိုက်တာသူအဆင်ပြေသွားတယ်
တဲ့သူကတောzawnainglinn2008ပါအဆင်မပြေတဲ့တဲ့သူများကျနော့်နဲ့ နီးစပ်ရာဘော်
ဒါတွေဆီမှာမေးမြန်းနိုင်ပါတယ်ဗျာkst2011@gmail တို့ ကိုလည်းအဆင်မပြေတဲ့နည်း
ပညာတွေကိုမေးမြန်းနိုင်ပါတယ်အချိန်မရလို့ အိုတီတွေဆင်းနေရတာကြောင့်အိမ်
အလည်အပတ်မရောက်ဖြစ်တဲ့ဘလော့ဂါဆရာသမားဘော်ဒါများနဲ့ မေးထဲရောက်
လာတဲ့မြန်းစာတွေကိုအချိန်မှီမပြန်နိုင်တာကိုနားလည်ပေးလိမ့်မည်ဟုမျှော်လင့်ပါ
ကြောင်း....။လုပ်ပုံလေးကတော့...
Start = All Program = Acceessories = System tool = System Recovery
ကိုဆက်တိုက်နှိပ်ပြီးအဆင်ပြေတဲ့ရက်စွဲတစ်ခုပြန်ရွေး next ကိုနှိပ် Finished ကို
ဆက်နှိပ်ရုံပါပဲWindow Xp နဲ့  Window 7လုပ်ပုံသိပ်မကွာသလိုဒီနည်းကသုံး
တတ်ရင်သုံးတတ်သလို အဆင်ပြေတဲ့အတွက်ဥာဏ်ရှိသလိုသုံးကြပါလို့ .......။
အလွယ်တကူ Copy ယူနည်းလေးတစ်ခုနဲ့ မထင်မှတ်တဲ့နည်းလေးတစ်ခု
ဒီနည်းလေးကိုအမှတ်မထင်အခုမှတွေ့ တာမလို့ အမှတ်တရတင်ပေးလိုက်ပါတယ်အ
လိုအခါမျိုးမှာကိုလိုချင်တဲ့စာလေးတွေကဗျာလေးတွေကိုဒီနည်းလေးနဲ့ ယူကြည့်ပါ
ဘာမှမခက်ပါဘူးလိုချင်တဲ့ကဗျာတွေစာတွေကိုမောက်နဲ့ ဖိပြီး(Hightlight )ဆွဲလိုက်ပါ
ပြီးရင်ကီးဘုတ်မှာပါတဲ့ Ctrl နဲ့ C ကိုတွဲနှိပ်ပါ သာမာန်Copy နည်းလေးတစ်ခုပေမယ့်
Java Script ကိုကျော်လို့ ရတာဘာကြောင့်လဲတော့မသိပါ Right ကလစ်ကနေCopy
ယူလို့ မရပေမယ်Keyboard ကနေယူလိုက်ရင်ကူးလို့ ရပါတယ်ကျနော်စမ်းသပ်ပီးပါ
ပြီကျနော့်ဆိုဒ်မှာလည်းစမ်းထားပါတယ်ကော်ပီယူမရအောင်ဒါပေမယ့်ကျနော်ပြော
သလိုKeyboard ကနေCopy ယူပီး စာရိုက်တဲ့Miscrosoft Word ကိုဖွင့်ပြီ Ctrl နဲ့  V
ကိုတွဲနှိပ်လိုက်ရင် Java Script နဲ့ ရေးထားတဲ့ကုဒ်တွေအလုပ်မလုပ်တာကိုတွေ့ ရပါ
တယ် Firefox Tools ကနေ Enable Javescript ကိုအမှန်ချစ်ဖြုတ်လည်းရပါတယ် တခြားနည်းတွေအများကြီး၇ှိပါတယ်အလွယ်ဆုံးနဲ့ အမြန်ဆုံးကတော့
Ctrl +C နဲ့ Copy ယူပီး Ctrl+V နဲ့  Paste လုပ်လိုက်ရင်အဆင်ပြေပါကြောင်း
Computerလေ့လာသူတိုင်းသိထားသင့်တဲ့နည်းလေးတစ်ခု
 အထက်ကလိုပုံလေးတွေလုပ်ချင်တဲ့အခါအသုံးပြုရတဲ့နည်းလေးတစ်ခု
ပြောပြချင်ပါတယ်လူတော်တော်များများသတိမထားမိကြဘူးဘာဆော့
ဝဲမှာသုံးစရာမလိုဘူးလုပ်နည်းက........
၁။ Paint ကိုဖွင့်(Paint ဆိုတာကတော့ကွန်ပျုတာတိုင်းမှာပါရှိပါတယ်
    လေ့လာခါစသူတွေကတော့သုံးဖူးမှာမဟုတ်ပါဘူးအခြေခံလေးတွေ
    ကတော့ Window7မှာ Start ကိုနှိပ် Search မှာpaint လို့ ရေးလိုက်
    P နဲ့ စတာတွေပေါ်လာလိမ့်မယ်WindowXPသမားတွေကတော့လုပ်
    Start=All Programs=Accessoriesဆက်တိုက်သွားလိုက်..ဖွင့်ပြီး
    ရှင်းရှင်းပြောရရင်-အနုတ်ကလေးနဲ့ ပိတ်ထားTaskbar မှာဆင်းနေ
    လိမ့်မယ်)
၂။ ရိုက်ချင်တဲ့ပုံရောက်ရင်Keyboard မှာPrint Screen Sys Rq လို့ 
    ရေးထားတဲ့ခလုပ်လေးပါတယ်အဲဒါလေးနှိပ်လိုက်
၃။ ပြီးရင်Paint ကိုဖွင့်စောစောကကြက်ခြေခတ်နဲ့ ပိတ်ထားတဲသူတွေ
    ကတော့အစကနေpaint ပြန်ဖွင့်(ကွန်ပျုတာတွေနီးစပ်ရာသင်ပေး
   ရင်းရလာတဲဗဟုသုတက..Right Click နှိပ်ဆို နား၇ှင်းအောင် လက်
   ခလယ်ကလစ် လက်ညိုးကလစ်နဲ့ ပိတ်ဆိုရင်လည်းကြက်ခြေခတ်နဲ့ 
   လား..အနုတ်ကလေးနဲ့ လားဆိုတဲ့သူကပါသေးတယ်တချို့ ကတော့
၎။ ဒါကတော့Paint ပွင့်လာရင်Edit ကနေ Paste နဲ့ ချလိုက်အဲဆိုရပြီ
၅။ပြီးရင် File ကနေ Save as နေSave လိုက်File type ကတော့
   JPEGမှSaveနော်...PNG လည်းရပါတယ်..JPEG ကပိုပြီး KB
   နဲမယ်ထင်လို့ ..အဲဆိုအဆင်ပြေကြမှာပါ( ဖတ်နေရင်းမပြုံးရ)
Computerတိုင်းမှာရှိသင့်သော WinRAR ဆော့ဝဲလေးပါ ( System 32 & 64 )
ဒီဆော့ဝဲဟာ ကွန်ပျုတာတစ်လုံးမှာ ရှိနေသင့်တဲ့ ဆော့ဝဲလေးပါ ။ ဘာလို့ လည်းဆို
ကိုဖွင့်လို့  မရဖြစ်တတ်ပါတယ် ။ Zip ဖိုင်ခေါ်မှာပေါ့မြန်မာMP3albumဆိုဒ်ကဒေါင်း
ကြည့်ရင် သိပါလိမ့်မယ် ။ကြားဖြတ်ပြောရရင်တော့Mp3 albumဆိုဒ်မှာသီချင်းတွေ
တော်တ်ာများများဒေါင့်လို့ ရတယ်ဗျ ။ဆက်ပြောရရင်ဘာပဲဖြစ်ဖြစ်ကွန်ပျုတာထဲမှာ
WinRar winzip ဆော့ဝဲလေး ရှိနေသင့်တယ်လို့ ထင်ပါတယ်။
ဒီမှာ Download ယူပါ  -  Win Rar for 32bit
ဒီမှာ Download ယူပါ  -  Win Rar for  64 bit
မူရင်းဝက်ဆိုဒ်က http://www.freenew.net/freeware/WinRAR-4.0
Memory အကြောင်းသိကောင်းစရာ
 အထက်ပါပုံလေးတွေကိုသေချာလေ့လာပါ အခြေခံအနေနဲ့ 
ကွန်ပျူတာသုံးတဲ့ သူတွေသိထားသင့်ပါတယ်နားမလည်တဲ့
သူလေးတွေအတွက်ပါဆရာကြီးတွေအနေနဲ့ ကတော့အသေး
မွားလေးတွေဆိုပေမယ် ကျွန် တော် စလေ့လာခါစတုန်းဆိုအ
ခုလိုပြောပြပေးမယ့်သူမရှိပါဘူးဘယ်လိုပဲဖြစ်ဖြစ်သိထားရမှာ
တွေပါ 1GB မှာ 1000MB လို့   အကြမ်းလေ့လာထားရင်ကိုအ
တော်အဆင်ပြေနေပါပြီးလုံးဝမသိသေးတဲ့သူငယ်ချင်းတွေအတွက်
ပါပြောပြတာနော် နောက်ပိုင်းသီချင်းတွေEdit လုပ်တဲ့အခါ MP3
Mp4။MPEG/AAC/3GP ဆိုတဲ့ ဟာတွေလေ့လာတော့မယ်
Flash Song လုပ်တော့မယ်ဆိုရင်ကို Memory အနဲအများပြောင်း
ဖို့ လိုလာပါပြီ Mp3 သီချင်းနဲ့ MPEG နဲ့ MP4 နဲ့ MB ကွာသွားတာ
တွေလည်းလေ့လာကြရမှာပါ
Gmail သုံးနေရင်း သတိထားရမယ့်အချက်လေးတစ်ချက် (တန်ဖိုးရှိတယ်နော်)
Gmail Version အသစ်နဲ့ ပြတာမလို့  အဟောင်းမှာလည်း အတူတူပဲနော် Details ကိုသာရှာကြည့်
ဒီနည်းလေးကတော့ ကိုယ့်အီးမေးကို ဘယ်နိုင်ငံကဖွင့်လည်း သိသာစေတဲ့ နည်းလေး
တစ်ခုပါ ။အကောင့်ဟက်ခံရပြီဆိုရင် ဟက်တဲ့သူက  အကောင့်ကို ဖွင့်ကြည့်သေးလား
စစ်ကြည့်လို့ ရပါတယ် ။ဟိုးတလောက ဟက်တော့ ဟက်တာပဲ။  ဖိုးမောင် ဖွင့်မကြည့်
နဲ့ နော် ။ ဦးလေးဖွင့်မကြည့်နဲ့ နော် ဆိုတာတွေကြားရပါတယ်။ တကယ်လည်း ကျနော်
ဘယ်သူ့ အကောင့်မှဖွင့်မကြည့်ပါဘူး ။ချစ်သူအကောင့်က လွဲလို့ ပေါ့ ။ဖွင့်မကြည့်တာ
မချစ်လို့ မဟုတ်ဘူးနော်။ Personal ကိုအလေးထားလို့ ပါ။အဲ့နည်းကလွယ်သလိုလိုနဲ့ 
ပြဿနာအတော်များတဲ့နည်းပါ ။လုပ်နည်းအသေးစိတ်တင်ပေးချင်ပေမယ့် တင်မပေး
တာကောင်းပါတယ် ဆောင်ရန်ရှောင်ရန်အပိုင်းလေးတော့ အသေးစိတ်ရေးပါအုံးမယ်
အဟက်ခံရရင်တောင် ဖွင့်လားမဖွင့်လားဆိုတာ အခုဒီနည်းနဲ့ စစ်လို့ ရပါတယ် ။ အခု
ကျနော့အကောင့် နဲ့ နမူနာပြထားပါတယ် ။Malaysia IPမဟုတ်ပဲMyanmar IPနဲ့ ဖွင့်
နေတာ တွေ့ ရတယ်။ သူခိုးကတော့ အိမ်တွင်းသခိုး ဟန်ဂျီအင်းပဲဖြစ်ပါတယ် ။ အဲ့လို
ဖွင့်ရင် စာတန်းတစ်ခုပေါ်လာသေးတယ်။အခုနောက်ပိုင်း ဟက်ရတာမလွယ်တော့ပါ
Google ရဲ့ မြင့်မားလာတဲ့ Security တွေကြောင့် IP Location ကွာရင် ပတ်စ၀ပ်သိ
ပါလျှက်နဲ့  အကောင့်ဖွင့်မရတာ ရှိပါတယ်။ မေးလိပ်စာတိုင်းတော့ မဟုတ်ပါဘူး။ ဖြစ်
တတ်တာကိုပြောတာ ဖွင့်မကြည့်ဘူး နောက်သတိ
ရှိဖို့ ပညာပေးတဲ့သဘောပါ။ပြဿနာတက်သွားကြတဲ့ စုံတွဲများလည်း တောင်းပန်ပါ၏
အခုလို ပြောတော့ သိလည်းသိရ ပညာလည်းတိုးတာပေါ့နော် ။ထို့ ကြောင့် သက်ဆိုင်
သူ မောင့်ကို စိတ်မခုကြပါနဲ့    နောက် မဟက်တော့ပါဘူးလို့ အဲ့နည်းက မြန်မာလိုဆို
ငါးမျှားတဲ့နည်းပေါ့ အဲ့ထက်ရက်စက်တဲ့နည်း 2009 လောက်ကပဲ အဆင်ပြေသေးတာ
အခုဆိုရင် Google က Security ကို ထပ်တိုးလိုက်လို့ သိပ်သုံးမရတော့ဘူး ဒါပေမယ့်
ရရင်အဲ့နည်းက ပွဲချင်းပီး။အခုနည်းက ဘယ်သူဖွင့်လည်းစစ်ကြည့်ရုံပါပဲ အခြေခံပညာ
ဆိုတော့သာမာန် အခြေနေမှာပဲ ရမှာ ။ အရေးပေါ်ဆိုရင်တော့ အထူးကုနဲ့ ပြမှရမယ်
မောင်တလုံးက အခုမှ လေ့လာ စမ်းသပ် ပညာရှာနေတာဆိုတော့ တွေ့ သမျှ ဝေရတဲ့
သဘောလေးဖြစ်ကြောင်း ပြောကြားရင်း Gmail သုံးရင် Details ကို မမေ့ပါနဲ့ လို့ ....။
ချစ်သူအကောင့်ကမေးတွေကိုယ့်ဆီအကုန်ဝင်လာအောင်လုပ်နည်းနဲ့ GmailGtalk အကြောင်းစာအုပ်လေး
Gmail Gtalk အကြောင်းစုံလင်အောင်ရေးထားပါတယ်အကောင့်အသစ်မလုပ်တတ
တဲ့ ကျနော့သူငယ်ချင်းများဖတ်ရမယ့်စာအုပ်လေးပါမေးထဲကနေတောင်းထားတဲ့
အကောင့်အခိုးမခံရအောင်လုပ်တဲ့နည်းလည်းဒီစာအုပ်လေးဖတ်ကြည့်လိုက်ပါတ
ကယ်ကောင်းတဲ့စာအုပ်လေးပါဒီစာအုပ်လေးထဲမှာ....
အကောင့်အသစ်လုပ်နည်းများ..အကောင့်မသုံးချင်တဲ့အခါဖျက်တဲ့နည်းမ၀င်လာ
စေချင်တဲ့မေးတွေကိုတားနည်း..သူငယ်ချင်းတစ်ယောက်မေးထားသလိုမျိုးချစ်သူ
ရဲ့အကောင့်ထဲမှာစပိုင်ထဲ့ထားတဲ့နည်းလေးချစ်သူဆီမေးဝင်ရင်ကိုယ့်ဆီပါCopy
တစ်ဆောင်ရောက်လာအောင်လုပ်တဲ့နည်းလေးပါတကူတကကိုယ့်ချစ်သူဆီသွား
စစ်စရာမလိုပဲကိုယ့်ချစ်သူကိုဘယ်သူတွေမေးပို့ နေတယ်ဆိုတာအကုန်သိနိုင်ပါ
တယ်ပြီးတော့ဟိုးအရင်မေးတွေကအစပြန်ဝင်လာတာတွေ့ ရပါတယ်ဝင်လာတဲ့
မေးတွေကိုလည်းခေါင်းစဉ်ခွဲလေးနဲ့ ထားလို့ ရပါတယ်ဥပမာချစ်သူဆီမှမေးများ
သူငယ်ချင်းဆီမှမေးများဖတ်ကြည့်ရင်တကယ်အကျိုး၇ှိမယ့်စာအုပ်လေးပါပုံက
တော့ဟာသနော်အတည်မမှတ်ကြပါနဲ့ ..ကဲလက်တို့ လိုက်တယ်နော်.........
စာအုပ်ကိုဒီမှာDownload ယူပါ  Gmail Gtalk ရဲ့အခြေခံလျိုဝှက်ချက်များ
ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ
# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)
အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်
မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ