Welcome to my blog :)

rss
Showing posts with label ဖက်ရှင်. Show all posts
Showing posts with label ဖက်ရှင်. Show all posts

Monday, July 18, 2011

‘မြန်မာ-သြစတြေးလျ ကပြား ဆိုပေမယ့် မေဂရေ့စ် မြန်မာလူမျိုးတွေရဲ့ နေထိုင်မှုစရိုက်ကို မြတ်နိုး တန်ဖိုးထားပါတယ်’ ၊မော်ဒယ်လ် မေဂရေ့စ်ပယ်ရီနှင့် တွေ့ဆုံခြင်း

e4145
ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံပေးမည့်သူက ဆယ်ကျော်သက် မော်ဒယ်လ်တစ်ဦး။ ထူးထူးခြားခြား ရဟတ်ယာဉ်ပေါ်တွင် ကြော်ငြာ ရိုက်ကူးထားသည့် KTM  သောက်ရေသန့်၏ မော်ဒယ်လ်ဟု ဆိုလျှင် မှတ်မိလိမ့်မည် ထင်သည်။ အချိန်တိုအတွင်း ရုပ်သံကြော်ငြာ၊ billboard နှင့် မီဒီယာ စာမျက်နှာများထက် နေရာယူလာခဲ့သူ သရုပ်ဆောင်မော်ဒယ်လ် မေဂရေစ့်ပယ်ရီက မြန်မာ-သြစတြေးလျ ကပြားသူလေး ပင်ဖြစ်သည်။ မေဂရေ့စ်နှင့် တွေ့ဆုံဖြစ်သည့် အခိုက် အနုပညာလမ်းကြောင်းပေါ်က တစ်နှစ်တာ အချိန်ကာလကို သိလိုရာရာ မေးမြန်းဖြစ်ခဲ့ရာတွင်တော့ ယခုလိုဖြေကြားပေးခဲ့ပါသည်။
မေး ။ မေဂရေ့စ်ရဲ့ အနုပညာခရီးလမ်းအစ အကြောင်း ပြောပြပေးပါလား။
ဖြေ ။ မေဂရေ့စ်ကျောင်းတက်နေရင်းနဲ့ ကျောင်းပိတ်ရက်မှာ စတား မော်ဒယ်လ်အေဂျင်စီမှာ မော်ဒယ်လ် သင်တန်းသွားတက် ဖြစ်ပါတယ်။ သင်တန်းတက်ပြီး သိပ်မကြာခင်မှာပဲ wedding fair မှာ မော်ဒယ်လ်ဝင် လျှောက်ရတယ်။ အဲဒါကတော့ ပထမဆုံးလုပ်ဖြစ်ခဲ့တဲ့ အနုပညာ လှုပ်ရှားမှုပေါ့။ ပြီးတော့  Idea မဂ္ဂဇင်းကာဗာရိုက်တယ်။ အဲဒီက တစ်ဆင့် ဒါရိုက်တာဇော်ကိုကို ရိုက်ကူးတဲ့ ‘ကော်ဖီချစ်သူ’ ဗီစီဒီမှာ သရုပ်ဆောင်ဖြစ်ပါတယ်။
မေး ။ ကြော်ငြာတွေမှာ သရုပ်ဆောင်ဖြစ်တာ ကရော။
ဖြေ ။ ပထမဆုံးက Max အချိုရည် ကြော်ငြာ billboard ရိုက်ကူးတာပါ။ ပြီးတော့ BSC  ၊ MIKKO Coffee Billboard တွေဆက်ရိုက်ဖြစ်တယ်။ နောက်ပြီးတော့ Air X ကြော်ငြာကို ပထမဆုံးရုပ်သံကြော်ငြာ အဖြစ် ရိုက်ကူးဖြစ်တယ်။ ဒုတိယက KTM  ရေသန့်၊ အခုနောက်ဆုံးကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ J Donuts ကြော်ငြာရိုက်ဖြစ်တာပါ။ မေဂရေ့စ်နဲ့အတူ မာရီနာရယ်၊ သဉ္ဇာနွယ်ဝင်းရယ်လည်း ပါပါတယ်။ ခေါင်းဆောင်အဖြစ် ဆရာဓာတ်ပုံ ဦးမိုးမင်းက ပါဝင်ပါတယ်။ ဆရာက အစစအရာရာအများကြီး ကူညီပေးခဲ့ပါတယ်။
မေး ။ ကြော်ငြာရိုက်ဖြစ်တဲ့ အတွေ့အကြုံနဲ့ မော်ဒယ်လ်ရှိုးလျှောက်ရတာနဲ့ ဘာကွာလဲ။
ဖြေ ။ ကြော်ငြာရိုက်တာကတော့ ဒါရိုက်တာကလည်း သင်ပေးသလို မေဂရေ့စ် စိတ်ကူးထဲမှာရှိတာနဲ့လည်း ပေါင်းစပ်ပြီး လုပ်ရတာပေါ့လေ။ သီချင်းပါတယ်ဆိုလည်း သီချင်းအလိုက် ခံစားပြီး သရုပ်ဆောင်ရတာမျိုးဆိုတော့ အခက်အခဲအများကြီးရှိတယ်လို့တော့ ပြောလို့မရပါဘူး။ ဒါပေမယ့် နည်းနည်းတော့ စိတ်လှုပ်ရှားတာမျိုး ရှိတယ်။ မော်ဒယ်လ် လျှောက်တာကတော့ ပရိသတ်ရှေ့မှာ လျှောက်ရတာ ဆိုတော့ မှားသွားရင်လည်း ပြင်လို့မရဘူး။ ဒီတော့ ပိုပြီးဂရုစိုက်ရပါတယ်။ ဆရာဂျွန်လွင်တို့ သင်တဲ့အပေါ်မှာ မှ ကိုယ်လေ့လာထားတဲ့အတိုင်းပဲ  ကြိုးစားပြီး လျှောက်ဖြစ်တာပါပဲ။
မေး ။ မေဂရေ့စ်က ကျောင်းတက်နေဆဲ ကျောင်းသူတစ်ယောက် ဖြစ်သလို ဆယ်ကျော်သက်လေး ဖြစ်နေတယ်နော်။ ဒီအနုပညာ လှုပ်ရှားမှုတွေကိုရော ဘယ်လိုထိန်းကျောင်းမှုတွေနဲ့ လုပ်ဖြစ်နေလဲ။
ဖြေ ။ ဟုတ်ပါတယ်။ မေဂရေ့စ်က ကျောင်းတက်နေဆဲ ကျောင်းသူတစ်ယောက် ဖြစ်တာကြောင့် အနုပညာ အတွက်က အချိန်တော့ သိပ်အများကြီး မပေးနိုင်ပါဘူး။ လုပ်ရမယ့်အလုပ်တွေ အားလုံးကို မေမေကပဲ စီစဉ်ပေးတာပါ။ ကျောင်းအားချိန် ညနေပိုင်းတွေမှာ ဓာတ်ပုံရိုက်တို့၊ မော်ဒယ်လ်ရှိုး လျှောက်ဖို့တို့ လက်ခံပေးသလို ကျောင်းပိတ်ရက်တွေကျမှပဲ ကြော်ငြာရိုက်တာတို့ ဗီစီဒီရိုက်တာတို့အတွက် လက်ခံဖြစ်ပါတယ်။ မေဂရေ့စ်က ငယ်သေးတဲ့အတွက် ဘယ်ကိစ္စမဆိုတော့ မေမေဆုံးဖြတ်ပေးတဲ့ အတိုင်းပဲ လက်ခံပြီးလုပ်ဖြစ်တယ်။ ငယ်ငယ်ကတည်းကလည်း ကျောင်းနဲ့အိမ်နဲ့ ပဲ သွားဖြစ်တာဆိုတော့ ဘာမှသေချာ နားမလည်ဘူး။ ဒါကြောင့် ကိစ္စအားလုံးကို မေမေပဲဆုံးဖြတ်ပေးပါတယ်။
မေး ။ မေဂရေ့စ်က မြန်မာ-သြစတြေးလျ ကပြားသူလေးဆိုတော့ နေထိုင်မှုပုံစံကို ဘယ်လို ပိုပြီး နေထိုင်ကျင့်သုံးဖြစ်လဲ။
ဖြေ ။ မေဂရေ့စ်က မေမေကမြန်မာ၊ ဖေဖေက သြစတြေးလျဆိုပေမယ့် မွေးကတည်းက မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့ရတာပါ။ ဒါကြောင့် မြန်မာ-သြစတြေးလျ ကပြားဆိုပေမယ့် မေဂရေ့စ် မြန်မာလူမျိုးတွေရဲ့ နေထိုင်မှုစရိုက်ကို မြတ်နိုးတန်ဖိုးထားပါတယ်။ ကျောင်းတက်တော့လည်း အင်္ဂလိပ် ကျောင်းဆိုပေမယ့် ကျောင်းကပြန်လာတဲ့ အချိန်မှာတော့ မြန်မာစကားပဲ ပြောဖြစ်တာလေ။ မေမေကိုယ်တိုင်ကလည်း မြန်မာ တွေရဲ့နေထိုင်မှုပုံစံ၊ အကျင့်စရိုက်၊ ဘယ်အရာတွေကို ထိန်းသိမ်းရမယ်၊ ဘယ်အရာတွေကို စောင့်ရှောက်ရမယ်စတဲ့ အချက်တွေကို သင်ပေးပါတယ်။ အခု အနုပညာအလုပ်တွေ လုပ်တော့လည်း မြန်မာအမြင်မှာ သင့်တော်နိုင်တဲ့၊ မြန်မာတွေရဲ့ လက်ခံထားတဲ့ ဓလေ့ထုံးတမ်းအတိုင်း ဖြစ်အောင် ကျင့်သုံးဖြစ်မှာပါ။
မေး ။ အချိန်တိုအတွင်းမှာ ပရိသတ် သတိထားမိ သွားတယ်နော်။
ဖြေ ။ အဲဒါကလည်း မေဂရေ့စ် ကံကောင်းတယ်လို့ ဆိုရမှာပါ။ မေဂရေ့စ် တတ်စွမ်းသလောက်လေး ကြိုးစားတာကို အခုလို အချိန်တိုအတွင်း အသိအမှတ်ပြုပေးတဲ့အတွက်လေ။ မေဂရေ့စ်ကို လက်တွဲခေါ်ယူပေးတဲ့၊ သင်ကြားပြသပေးတဲ့၊ ဂရုစိုက် စောင့်ရှောက်ပေးတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အဲဒီအတွက်လည်း ဆက်ပြီးကြိုးစားသွားမှာပါ။
မေး ။ မေဂရေ့စ်ရဲ့ရည်မှန်းချက်ကရော။
ဖြေ ။ အနုပညာနဲ့ ပတ်သက်လို့ကတော့ ပရိသတ်တွေ အများကြီးက ချစ်ခင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခွင့်ရချင်ပါတယ်။ နောက်ထပ် ရည်မှန်းချက်တစ်ခုက မေဂရေ့စ် စိတ်ပညာ ဘာသာရပ်ကို အရမ်းစိတ်ဝင်စားတယ်။ စိတ်ပညာနဲ့ပတ်သက်လို့ အထူးပြု လေ့လာသင်ယူချင်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်တာကိုလည်း စိတ်ဝင်စားမှုရှိပါတယ်။
မေး ။ ပရိသတ်ကိုပြောချင်တဲ့ စကားမျိုးရှိသေးလား။
ဖြေ ။ မေဂရေ့စ်ကို ကြည့်ဖြစ်တဲ့ ပရိသတ်တွေက တစ်စုံတစ်ခုသော အတိုင်းအတာ အထိ အသိအမှတ် ပြုပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အခုက ကျောင်းတက်နေတုန်း ဖြစ်တာကြောင့် အနုပညာ အလုပ်တွေကို လုပ်ခွင့်ရသလောက် ကြိုးစားပြီး လုပ်ဖြစ်နေပါတယ်။ အနုပညာနဲ့ ပတ်သက်လို့ မေဂရေ့စ် လိုအပ်တာတွေကိုလည်း ပရိသတ်တွေက ၀ိုင်းပြီး အကြံဥာဏ်ပေးကြပါလို့ ပြောချင်ပါတယ်။

Thursday, April 21, 2011

ဆံပင်ပျော့ ဆေး အသုံးဝင်ပုံများ


ဆံပင်ပျော့ဆေးရည် ကို ဆံသားတစ်ခုတည်း အတွက်သာ မဟုတ်ဘဲ အခြားသော အသုံးဝင်မှုများ ရှိနေသည် ကို သိပါသလား......

 နေ့ စဉ် ကျွန်မတို့ အသုံးပြုနေတဲ့ သတ္တူအခြေခံ ပစ္စည်းတွေ ဖြစ်တဲ့ စတီးရေနွေးအိုး၊ ဂတ်စ်မီးဖို မျက်နှာပြင်စတဲ့ ပစ္စည်းတွေ အရောင်မွဲမှိန် လာတဲ့အခါ မူလအရောင် ပြန်လည်ရရှိစေဖို့  ဆံပင်ပျော့ဆေး အနည်းငယ်ကို ချည်သားအ၀တ်ကို အသုံးပြု ပွတ်တိုက်ပေးတဲ့အခါ  မူလအသစ်အတိုင်း ပြန်လည်မြင်တွေ့ ရပါလိမ့်မယ်။





 ဆက်ပြီးဖက်ရှင်မတို့  မိန်းကလေးတွေအတွက် အကုန်အကျသက်သာ တဲ့ သတင်း တစ်ခုလည်း ရှိပါတယ်။ လိမ်းခြယ်ထားတဲ့ မိတ်ကပ်၊နုတ်ခမ်းနီတွေ ကို ဂွမ်းစလေးပေါ်မှာ ဆံပင်ပျော့ဆေးရည် တင်ပြီး မျက်နှာပေါ်က မလိုအပ်တာတွေကို အချိန်တိုအတွင်း ဖယ်ရှားပေးနိုင်ပါပြီ။ မိတ်ကပ်ကုမ္မဏီတွေ သိကုန်ရင်တော့ ဖက်ရှင်မ ပြေးပေါက် ရှာရလိမ့်မယ်
ထင်ပါရဲ့ ။








တန်ဖိုးကြီးအိပ်တွေမှာ ဇစ်တွေ ကြပ်ညပ်ကုန်တာမျိုး သားရည်ဂျာကင်တွေမှာ ဇစ်တွေ ဖွင့်ပိတ်ခက်နေရတာမျိုးတွေကို ကော်ဒီရှင်နာ ခေါ် ဆံပင်ပျော့ဆေးရည် အနည်းငယ် သုတ်လိမ်းပေးပြီး အဖွင့်အပိတ် ပြုလုပ်ပေးလိုက်ရုံနဲ့ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။









 ကြွတ်ဆပ်လွယ်တဲ့ သားရည် လည်သာ အပြောင်စားမျက်နှာပြင်တွေ အခြစ်ရာ အစင်းရာတွေ ဖြစ်ပေါ်နေတဲ့အခါမှာလည်း စိတ်မညစ်ပါနဲ့။ ဆံပင်ပျော့ဆေးရည် နဲနဲလောက် ရှိလိုက်တာနဲ့ အထက်ပါနည်းအတိုင်း သုတ်လိမ်း တိုက်ချွတ်ပေးလိုက်ရင် ပကတိအသစ်အတိုင်း ပြန်လည် အသုံးပြုနိုင်ပါပြီ။ လည်သာ အရောင်တင်ဆေးရည်ဆိုပြီးတော့ ဆံပင်ပျော့ဆေးရည်ကို ဗူးထဲထည့် ရောင်းဖို့တော့ မကြံကြနဲ့ဦးနော်။







 အသားထဲ နစ်ဝင်နေတဲ့ လက်စွပ်၊ လက်ကောက်တွေအချွတ်ရခက် တဲ့ အခါ ဆပ်ပြာကို အသုံးပြုသလိုဘဲ ဆံပင်ပျော့ဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။ဆံပင်ပျော့ဆေး တစ်မျိုးတည်း နဲ့ တော်တော် အသုံးတည့်သွား ပြီနော်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ