Welcome to my blog :)
rss
Showing posts with label စော့ဖ်ဝဲဒေါင်းလုပ်. Show all posts
Showing posts with label စော့ဖ်ဝဲဒေါင်းလုပ်. Show all posts
Thursday, March 8, 2012
ISO ဆိုတာ ဘာလဲ၊ ဘယ်လို Burn မလဲ၊ ဘယ်လို Mount မလဲ၊??
 ISO ဆိုတာ ဘာလည်းဆိုတာကနေ စကြပါစို့...ဒီတော့  ISOဆိုတာ အရှည်ကတော့ .  International Organization for Standardization   ပေါ့..Archive ဖိုင်အမျိုးအစားတခုပါပဲ..DISC Image အမျိုးအစားတခုလို့လည်း လူသိများပါသေးတယ်.။ သူကိုတော့ခုနောက်ပိုင်းတော်တော် များများကို ISO တွေနဲ့ပဲ ထွက်လာကြတာ သတိထားမိပါလိမ့်မယ်... Window ခွေဆိုလည်း ISO  Software  collection  ဆိုလည်း ISO နဲ့ တော်တော်လေးကို တွင်တွင်ကျယ်ကျယ်သုံးနေကြတာကိုတွေ့မိကြမှာပါ.။  နောက်ထပ် UDF ဆိုတာ ရှိတယ်.. ဒါဆို UDF ဆိုတာကဘာလည်း ထပ်ပေါ်လာပြန်ပါပြီ.. UDF ဆိုတာကရဲ့ အရှည်ကတော့  Universal Disk Format (UDF) ပါ.  ကျယ်ကျယ်ပြန်ပြန့်တော့ ရှင်းပြမနေတော့ပါဘူး။နောက်ဆုံးတခုအနေနဲ့ Universal Image Format (UIF) ဆိုတာလည်း ရှိပါသေးတယ်  Bootable ခွေ တခွေ အဖြစ် သို့မဟုတ် DVD /CD ခွေ တခွေဖြစ်အောင် ဖန်တီးနိုင်တဲ့Format အမျိုးအစားတွေပါပဲ့.။ ‘ဒီထက်ပိုပြီး ISO ကိုသေချာ သိချင်တယ်ဆိုရင် ဒီနေရာမှာ  သွားရောက်လေ့လာကြည့်နိုင်ပါတယ်။ အကျယ်တ၀င့် တွေ့နိုင်ပါတယ်...
ISO File ဘယ်လိုလုပ်ကြမလဲ??
ဖိုင်တဖိုင်ကို ISO လုပ်တော့မယ်ဆိုရင်တော့ လွယ်ပါတယ်။ ဥပမာ MagicISO နဲ့ လုပ်လုပ် Power ISO နဲ့လုပ်လုပ် လုပ်လို့ ရပါတယ်.  ဒါဆို Power ISO နဲ့  ISO ဖိုင်တခုလုပ်မယ်ဆိုကြပါစို့. ဒါဆို Power ISO ကိုဒေါင်းလုပ်ချ ရမ်းပါ. အရင်ဆုံး ဒေါင်းလုပ်ချ ဖို့ အောက်မှာပေးထားပါတယ်.. ကြိုက်တာကိုဒေါင်းယူပါ.. ပြီးရင်တော့ ကိုယ်လုပ်ချင်တဲ့ ဖိုင်ကို Power ISO ထဲ့ကို စွဲထည့်ပြီး Create Image လုပ်လိုက်ယုံပါပဲ့ ။ အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့ အြ့ကမ်းဖျင်း ရှင်းပြပေးပါဦးမယ်။
အဆင့် ၁ …
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ISO လုပ်ချင်တဲ့ ဖိုင်ကို Desktop ပေါ်တင်ထားလိုက်ပါ ပိုလွယ်အောင်လို့ပါ . ပြီးရင် ISO (Power ISO) ဖိုင်ကို ဖွင့်ပြီး ဆွဲထည့်လိုက်ပါ . အောက်က ပုံလေးလိုပါ....
အဆင့် ၂
ဒီအဆင့်ရောက်ပြီဆိုရင်တော့ Save ကို နိုပ်လိုက်ရင် ဘာနဲ့ Save မှာလည်းဆိုပြီးမေးပါလိမ့်မယ်။ ဒါကို သူမှာတော့ ၃ မျိုးပေးထားပါတယ်။ ကျွန်တော်တို့ က ISO လိုချင်တာ ဖြစ်တဲ့ အတွက် ISO ဆိုတာလေးကိုရွေးပြီး Save လိုက်ယုံပါပဲ။
အဲ့ထက်ပိုရှင်းသွားအောင် ကျွန်တော် အောက်မှာ Youtube လင့်နဲ့ ပြထားပါတယ်။ နောက်ထပ်လည်း မြန်မာက youtube ကြည့်လို့ မရတဲ့ လူတွေတွက် နောက်ထပ် Vimeo ကနေ တင်ပေးထားပါတယ် အောက်က Video နှစ်ဖိုင်ကို ကြည့်ကြည့်ပါ..
http://www.youtube.com/watch?v=f8CGxABmK5U
OR
http://vimeo.com/28589377
ကျွန်တော် အောက်မှာ Power ISO  . Magic ISO .,Ultra ISO နဲ့ WinISO ကို တင်ပေးထားပါတယ် တခုချင်းဆီ လိုချင်သူတွေတွက်လည်းအစဉ်ပြေအောင် အကုန်လုံးလိုချင်သူတွေတွက်လည်းအဆင်ပြေအောင် နှစ်မျိုးခွဲတင် ပေးထားပါတယ်
http://ifile.it/2k3qdo9
http://ifile.it/yn9j1m4
http://ifile.it/3wmchlg
http://ifile.it/k3dz1wp
OR
http://filebucket.info/file/u4d0n4c9v/MagicISO_Maker_v5.5_Build_276.rar.html
http://filebucket.info/file/cyyhc4cf8/PowerISO_v4.5.rar.html
http://filebucket.info/file/85utnxxep/UltraISO_Premium_Edition_v9.3.3.2685.rar.html
http://filebucket.info/file/wknkohhfh/WinISO_v5.3.rar.html
OR
http://www.multiupload.com/T1SPDJF6HS
http://www.multiupload.com/Y0LGY9VJ54
http://www.multiupload.com/77SB2PK6AW
http://www.multiupload.com/9LDW4AGJ0X
အကုန်လုံးလိုချင်သူများတွက် တလင့်တည်းကနေ ဒေါင်းယူနိုင်ပါတယ်။
http://www.mirrorcreator.com/files/1XEH8XDW/
OR
http://up4vn.com/files/20FOTXG7/MagicISO.Maker_PowerISO_UltraISO_WinISO_All-In-One_-Dr.Upload.rar.html
OR
http://filebucket.info/file/0z6jjxjcl/MagicISO.Maker_PowerISO_UltraISO_WinISO_All-In-One_-Dr.Upload.rar.html
File  တဖိုင်ကို  ISO  လုပ်ချင်တာကတော့ နည်းလမ်းအများကြီးရှိပါတယ်။ အများကြီးတည်းက နည်းလမ်းတခုလောက်ကို သေချာသိထားရင် နောက်ထပ် ဆော့ဝဲတွေနဲ့ လုပ်ပုံကိုင်ပုံချင်းလည်းသိပ်မကွာပါဘူး. နည်းနည်းလေး ပြောင်းလဲ သွားတာကလွဲလို့ ဘာမှ သိပ်ပြီးထူးထူးခြားခြားပြောင်းလဲမသွားပါဘူး..ဒီတော့ ISO ဖိုင်တဖိုင်ရလာပြီဆိုရင် ကျွန်တော်တို့ ဘယ်လိုမျိုး Bootable ခွေတခွေဖြစ်အောင် burn ကြမလည်းဆိုတာကို သိဖို့ လိုလာပါပြီ .. ဒါလည်းမခက်ပါဘူး။ အပေါ်မှာပေးထားတဲ့ Power ISO ပဲ ဖြစ်ဖြစ် Magic ISO ပဲဖြစ်ဖြစ် ရမ်းပြီး ဘမ်းလို့ ရသလို window 7 ဆိုရင် Window image burn ကို Build in ပါပြီးသားပါ ဒါကြောင့် မခက်ခဲပါဘူး။ ဥပမာအပေါ်က Video ထဲမှာ သတိထားကြည့်ရင် Burn ဆိုတာကိုတွေ့ပါလိမ့်မယ်။ ဒီထက်ပိုပြီးရှင်းသွားအောင်တော့ အောက်က Video ဖိုင်ကို ကြည့်ကြည်နိုင်ပါတယ်။
ဘယ်လို Burn ??
ကျွန်တော် ခွေဘမ်းဖို့တွက်ကိုတော့ img burn  နဲ့ ပြောပြပေးချင်ပါတယ်။တကယ်တော့ တခုနဲ့ တစ်တခုက သိပ်မကွာပါဘူး လုပ်ပုံကိုင်ပုံက … အရင်ဆုံး ကျွန်တော်တို့ Img burn နဲ့ ခွေဘမ်းမှာ ဖြစ်တဲ့ အတွက် Image burn ကို အရင်ဆုံးသွားဒေါင်းရပါမယ်။ Freeware ပါ. ဒီလင့်မှာ  သွားဒေါင်းပါ...
ဒေါင်းပြီးလို့ ရတဲ့ဖိုင်ကို ရမ်းပြီးရင် အပေါ်က ပုံလေးလိုပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် ဟိုးအပေါ်မှာ ISO ဆိုတာ Image file လို့ ကျွန်တော်ပြောခဲ့ပြီးပါပြီ.. ဒါကြောင့် ကျွန်တော်တို့ ပထမဆုံး ပုံလေးထဲ့က Write image file ကို ရွေးလိုက်ပါမယ်။
ကျွန်တော်တို့ အပေါ်မှာ Source နေရာမှာ အနီနဲ့ ၀ိုင်းပြထားတာလေး ရှိပါတယ် ဒီနေရာလေးမှာ မိမိ ခွေရိုက်ချင်တဲ့ ISO ရှိတဲ့ Location ကို ရွေးပေးပါ ပြီးရင် ကျွန်တော်တို့ Verify ကို အမှန်ခြစ်ပေးဖို့ မမေ့ပါနဲ့ ဘာလို့လည်းဆိုတော့ Verify ကိုပေးပြီး ခွေရိုက်ရင် ပိုပြီး တာရှည်ခံပါတယ်။ နောက်တခုက တော်ယုံလောက် ခွေ error ကိုလည်း အမှားခံပါတယ်။ နောက်ဆုံးရွေးပေးရမှာလေးကတော့ Setting မှာ Write Speed ပါ သူ့ကိုတော့ 4x ထားတာ အကောင်းဆုံးပါပဲ့ တာရှည်ခံပါတယ် .။ အောက်က Copies ကတော့ မိမိ Copy ဘယ်လောက် ပြန်ကူးခွင့်ပေးမယ်ဆိုတာပါပဲ့။ နောက်ဆုံးအားလုံး အဆင့်သင့်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ အနီင်္နဲ့ မြှားထိုးပြထားတာလေးကို နိုပ်လိုက်ရင် အောက်ကပုံလေးလို ခွေ စဘမ်းနေပါပြီ.
ဒါဆိုရင် ခွေဘမ်းတာကို အကြမ်းဖျင်းနားလည်လောက်ပါပြီ။
ဘယ်လို Mount ???
ကျွန်တော် အခုပြောပြမှာက ရှိနေတဲ့ ISO ဖိုင်ကို ဘယ်လို Mount မလဲ့ဆိုတာပါပဲ့ ..  ဒီတော့ ဒါလည်း လွယ်ပါတယ် မခက်ခဲ့ပါဘူး .. Mount ဆိုတာ နားလည်လွယ်အောင်ပြောရရင်တော့ မိမိစက်မှာ CD/DVD Drive မရှိတဲ့ အချိန်တွေမှာ ကျွန်တော်တို့ စက်ထဲ့မှာ CD/DVD Drive ကဲ့သို့ အသုံးပြုနိုင်အောင် အတု ပြုလုပ်တာပါပဲ့။ DVD Drive အတုပေါ့. အဲ့လို အတုတွေ ရှိမှပဲ့ Mount လို့ ရမှာဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့က ဘယ် Software က Free ရမလဲ့ တချက်ကြည့်ကြတာပေါ့။ ဒါပေ့မယ် လူကြိုက်လည်းများ အသုံးများတဲ့ ကောင်လေးတွေကိုပဲ့ ရွေးကြတာပေါ့။ . ဒီတော့ ကျွန်တော်တို့က Vitrual clonedrive နဲ့ Demon tool နှစ်မျိုးရှိပါတယ်  Demon tool ကတော့ ပိုက်ဆံနဲ့ ၀ယ်နေရပါလိမ့်ဦးမယ် ဒီတော့ ကျွန်တော်တို့ Vitrual clonedrive  ကိုပဲ့ သုံးကြတာပေါ့ အဲ့တော့ Vitrual clonedrive  ကို ဒီနေရာကနေ သွားဒေါင်းလိုက်ပါ
ဒေါင်းပြီးရင် ကျွန်တော်တို့ ISO ဖိုင်တိုင်းကို တိုက်ရိုက်ဖွင့်ပြီး DVD Drive ထဲ့ ထည့်ပြီး ခွေရိုက်သုံးသလို သုံးလို့ ရပါပြီ။ ISO ဖိုင်ကို ထောက်ပြီး Vitrual clonedrive ကို ရွေးပေးလိုက်ယုံပါပဲ့ ။ ပုံကိုကြည့်လိုက်ရင် ပိုမြင်ပါလိမ့်မယ်။
ဒီလို Mount လိုက်တော့ ဘာပိုထူးသွားလည်းဆိုတော့ DVD Drive မရှိတဲ့ ညီအကိုမောင်နှမတွေ အတွက်တော့ အဆင်ပြေသွားပါတယ် ။ နောက်ထပ်လည်း အတု အယောင်အနေနဲ့ အသုံးပြုခွင့်ရှိတဲ့အတွက် ISO ဖိုင်တိုင်းကို ခွေရိုက်ပြီးမှ အသုံးပြုလို့ ရတာတွေကိုလည်း ကျော်လွန်သွားနိုင်တာပေါ့။ ဒီလောက်ဆိုရင် Mount တက်လောက်ပါပြီ။
အောက်မှာတော့ Demon tool  ကို ကျွန်တော် Crack နဲ့ ရှာပေးထားပါတယ်။ Full သုံးလို့ ရပါတယ်။
အားလုံးပျော်ရွှင်ချမ်းမြေကြပါစေ..
Windows နှစ်ခုတင်ပြီး Windows တစ်ခုပဲ ပေါ်နေတယ်ဆိုရင်
ဒီနေ့ကျွန်တော့်စက်မှာ အရင်က Windows 7 တင်ထားတဲ့ အပေါ်မှာ Windows XP ထပ်တင်ချင်တာနဲ့ အရင်တင်ပြီးသား Windows 7 ကိုလည်း မဖြုတ်ချင်တာနဲ့ ဒီတိုင်းပဲ Windows 7 ပေါ်မှာပဲ Windows XP ကိုထပ် တင်လိုက်တယ် .. အားလုံးလည်း သိမယ်လို့ ထင်ပါတယ် .. ကျွန်တော် ရေးထားခဲ့ဖူးတာလည်း ရှိပါတယ် .. ပုံမှန်အတိုင်း ဆိုရင် အနိမ့်တင်ပြီးမှ အမြင့်ကို တင်ရမှာပေါ့နော် .. Windows XP တင်ပြီးမှ Windows 7 ပြန်တင်ရမှာပါ .. ဒါပေမယ့် Windows တစ်ခု တင်ရရင် အကုန်လိုက် လုပ်နေရတာနဲ့ အချိန်လည်း မပေးချင်တော့တာနဲ့ပဲ အမြင့်ပေါ်မှာ အနိမ့်ကိုပဲ Windows 7 တင်ထားပြီးသား ပေါ်မှာပဲ Windows XP ကို Drive တစ်ခုပေးပြီး တင်လိုက်တယ်ဗျာ .. Windows  XP လည်းတင်ပြီးရော အရင်တင်ပြီးသား Windows 7 ကတက်မလာတော့ပဲ  Windows XP ပဲတက်လာတော့တယ် .. 
ပုံမှန်အတိုင်းဆိုရင်တော့ Windows နှစ်ခုတင်ထားတယ် ဆိုရင် Boot တက်ပြီးသွားရင် Boot Menu မှာ Windows နှစ်ခုလုံး လာပေါ်နေပါလိမ့်မယ် .. မိမိတို့က ကိုယ်သုံးချင်တဲ့ Windows ထဲကိုဝင်ပြီး အသုံးပြုယုံပါပဲ .. 
အခုကျတော့ Windows တစ်ခုတည်း ပေါ်နေတယ်ဆိုတော့ Windows နှစ်ခုလုံးပေါ်အောင် ဘယ်လိုလုပ်ရမလည်း ဆိုပြီး အကိုတစ်ယောက်ကို အပူကပ်လိုက်တာ သူက EasyBCD ကို လမ်းညွန်လိုက်တာနဲ့ ကျွန်တော်လည်း နည်းနည်း Version ပြောင်းပြီး စမ်းသုံးကြည့်လိုက်တာ အဆင်ပြေသွားတာနဲ့ ကျွန်တော်တို့လိုမျိုး ကြုံလာခဲ့ကြရင် အဆင်ပြေအောင်လို့ အသုံးပြုနည်းလေးကို ရေးပေသွားမှာ ဖြစ်ပါတယ် .. 
ကျွန်တော်တို့ Windows နှစ်ခု တင်တဲ့သူများ Windows တင်ပြီးသွားတဲ့ အခါမှာ Dual Boot Menu ပေါ်မလာပဲ Windows တစ်ခုထည်း ပေါ်နေတယ်ဆိုရင် အခုကျွန်တော် အောက်မှာ ရှင်းပြပေးထားတဲ့ နည်းလမ်းလေး အတိုင်း လိုက်လုပ် ပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ် .. 
အရင်ဆုံး EasyBCD လေးကို မိမိတို့စက်မှာ Install လုပ်လိုက်ပါ .. ပြီးရင် အဲ့ဒီကောင်လေးကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Add New Entry ကိုသွားလိုက်ပါ ..
အောက်က ပုံအတိုင်း  Operating Systems ဆိုပြီး ပေါ်လာပြီဆိုရင်  ကျွန်တော်တို့ အနေနဲ့ Type မှာ Boot Menu မှာ မပေါ်တဲ့ Windows အမျိုးအစားကို ရွေးပေးရမှာ ဖြစ်ပါတယ် . အောက်ကပုံမှာကြည့်ပါ .. ကျွန်တော်က Windows XP ပဲသုံးလို့ရပြီး  Windows 7 က  Boot Menu မှာ မပေါ်တာ ဖြစ်တဲ့အတွက် Windows Vista/7 ကိုရွေးပေးလိုက်တာ ဖြစ်ပါတယ် .. တကယ်လို့ Boot Menu မှာ Windows XP ကမပေါ်တာ ဆိုရင် Windows XP ကိုရွေးပေးရမှာ ဖြစ်ပါတယ် .. ရွေးပြီးသွား ပြီဆိုရင်တော့ Add Entry ကိုနှိပ်လိုက်ပါ ..
အပေါ်ကပုံအတိုင်း  New Entry ကိုနှိပ်ပြီး သွားပြီဆိုရင်တော့ Edit Boot Menu ကိုပြန်သွားပြီး ကြည့်လိုက်ပါ .. 
Edit Boot Menu မှာ အပေါ်က ပုံမှာ ပြထားသလို Windows 7 ကအပေါ်မှာ Windows XP ကအောက်မှာ တွေ့ရမှာ ဖြစ်ပါတယ် .. အဲ့ဒါက ဘာကို ပြတာလည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့  Boot Menu ကိုရောက်လို့  မိမိတို့ စိတ်ကြိုက် Windows ကိုမရွေး မိလိုက်ဘူး ဆိုရင် ကျွန်တော်တို့က Windows 7 ကို အပေါ်မှာ ရွေးထားတဲ့ အတွက် Windows 7 ကို တန်းပြီးတက် သွားမှာ ဖြစ်ပါတယ် .. အဲ့ဒါကိုတော့ မိမိတို့ စိတ်ကြိုက် ထားလို့ ရပါတယ် .. အပေါ်မှာ  Up , Down ဆိုတဲ့ မြားလေးတွေကို နှိပ်ပြီး ရွေးချယ် နိုင်ပါတယ် .. ပြီးရင်တော့ Save Settings ကိုနှိပ် ပေးလိုက်ယုံပါပဲ ..
နောက်ဆုံး အဆင့်အနေနဲ့ အပေါ်မှာပြထားတဲ့ ပုံအတိုင်း Bootloader Setup ကိုသွားလိုက်ပါ .. ပြီးရင် MBR Configuration Options မှာ  Install the Windows Vista / 7 bootloader  နဲ့  Install the Windows XP bootloader မှာ ကျွန်တော်က Windows XP ကိုပဲ သုံးလို့ရပြီး Windows 7 မတက်တာ ဖြစ်တဲ့အတွက် Windows Vista / 7 bootloader   ကိုရွေးပေးထားတာ ဖြစ်ပါတယ် .. Boot Menu မှာ မပေါ်တဲ့ Windows အမျိုးအစားကို ရွေးပေးလိုက်ပါ .. ပြီးရင်တော့ Write MBR ကိုနှိပ်ပေးလိုက်ပါ .. 
ပြီးရင်တော့ မိမိတို့ ကွန်ပျူတာကို Restart ချလိုက်ပါ .. ပြီးရင် Boot Setting  ပြီးတာနဲ့  Boot Menu ပေါ်လာတဲ့ အချိန်မှာ  Windows  နှစ်ခုလုံး အသုံးပြုလို့ ရသွားပါလိမ့်မယ် .. 
ဒီလောက်ဆိုရင်တော့ အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ် .. EasyBCD 2.0 Beta - Build 93  ကိုတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
Wednesday, February 22, 2012
CyberLink PowerDVD 12 (latest version)
အထဲမှာ လိုင်စင်ဗားရှင်းလုပ်ဖို့အတွက် တစ်ခါတည်း ပါပြီးသားပါ. စမ်းပြီးမှ တင်ပေးလိုက်တာပါ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. သူကတော့ အားသာချက်တစ်ချက်ပါပါတယ်. 3D မျက်မှန်ရှိရင် 3D ပါ ကြည့်လို့ရပါတယ်တဲ့. ကဲအဆင်ပြေ ပါစေဗျာ လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူလိုက်ပါ။
Download ifile | Mediafire | Mirrorcreator
Ubuntu Linux မှာ မြန်မာဖောင့်သွင်းနည်း
ကဲ ubuntu ကို စမ်းသုံးနေသူများ မြန်မာဖောင့် မထည့်တတ်တဲ့အခါ အကူအညီရအောင်လို့ ဒီစာအုပ်လေးကို တင်ပေးလိုက်ပါတယ်ဗျာ . အဆင်ပြေမယ်လို့
 မျှော် လင့်ပါတယ် . လိုချင်ရင် အောက်မှာ download လုပ်လိုက်ပါ .
Download ifile.it | Mediafire | Zshare | Ziddu | megaupload
PDF Converter Pro 6.1
Quickly convert 100 file formats to pdf including searchable
Word(doc) to PDF,
Excel(xls) to PDF,
PowerPoint(ppt) to PDF,
TXT to PDF,
PSD to PDF ,
DWF to PDF,
EMF to PDF ,
TIF to PDF ,
PNG to PDF ,
GIF to PDF ,
PCD to PDF ,
PSP to PDF ,
EPS to PDF ,
TGA to PDF ,
BMP to PDF ,
ICO to PDF,
DWG to PDF,
DXF to PDF,
CMW to PDF,
IMG to PDF,
IFF to PDF,
J2K to PDF,
JP2 to PDF,
Jpeg to PDF,
Html to PDF,
WMF to PDF,
DCR to PDF,
PPM to PDF,
PTK to PDF,
PCD to PDF,
JBG to PDF and many more.
ကဲ အဲ့ဒါလေးတွေကို pdf ဖိုင်အဖြစ်လုပ်ပေးနိုင်ပါတယ် . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် . လိုချင်ရင် အောက်မှာ Download လုပ်လိုက်ပါ .
Download ifile.it
| Mediafire | Zshare | Ziddu | Megaupload
အလွယ်ကူဆုံး window admin password ကို ဖျက်ကြည့်ရအောင်
ကွန်ပျူတာတွေမှာ window log in password ပေးထားတတ်ကြပါတယ်. အဲ့လိုပေးထားတဲ့ နေရာမှာ တစ်ချို့က ပေးထားတဲ့ password ကို မေ့သွားလို့၊ တစ်ချို့က password ပေးထားတဲ့ စက်ကို မကြည့်ပဲ ၀ယ်မိလို့၊ ဘယ်လိုအကြောင်းအရာပဲ ဖြစ်နေ ဖြစ်နေ admin password ပေးထားတဲ့ ကွန်ပျူတာကို ၀င်လို့ရအောင် ပေးထားတဲ့ admin password ကို ဖျက်ပစ်လိုက်ကြည့်ရအောင်. အရင်က ပေးထားတဲ့ နည်းက နည်းနည်းလေး အဆင့်များပါတယ်၊ လုပ်နည်းတွေ တောင်လိုပုံနေပါတယ်။ အဲ့ဒီ့အထဲမှာမှ ဒီနည်းလေးက အကောင်းဆုံး၊ အမြန်ဆုံး၊ အလွယ်ဆုံးလို့ ပြောလို့ရပါတယ်။ window xp| window vista | window 7 စတဲ့ window os အားလုံးရဲ့ password တွေကို ဖျက်ပေးနိုင်ပါတယ်။ နောက်ဆုံးထွက်တဲ့ version ပါ။ လုပ်နည်းကအစ ပြောပြပေးပါ့မယ်။
ပေးထားတဲ့ Download link ကနေ Reset Windows Password software ကို Download လုပ်လိုက်ပါ။ ဖိုင်(၃)ဖိုင်ရလာပါလိမ့်မယ်။
အထဲကနေမှ ResetWindowsPwd.iso ဖိုင်ကို nero နဲ့ အခွေ Burn လိုက်ပါ။
အခွေ မ burn တတ်သူများအတွက်ကိုပါ ထပ်ပြောပေးလိုက်ပါ့မယ်။ အရင်ဆုံး nero တင်ထားပေးပါ။ ပြီးရင် ရလာတဲ့ ResetWindowsPwd.iso ဖိုင်ကို Double click နှိပ်ပါ(Double click နှိပ်လို့မှ nero တက်မလာရင် ResetWindowsPwd.iso ဖိုင်ကို right click ထောက်ပြီး open with ကနေ nero express (or) nero burningroom ကိုရွေးပေးလိုက်ပါ)
Nero တက်လာတာနဲ့ burn ကို နှိပ်ပြီးတော့ CD နဲ့ အခွေ ကူးထားလိုက်ပါ။
ရလာတဲ့ ဖိုင်(၃)ဖိုင်ထဲက keygen ကို Double click နှိပ်ပြီး ဖွင့်လိုက်ပါ။
ပြီးလျှင် Name အကွက်ထဲမှာ မိမိနာမည်ကို ရိုက်ထည့်လိုက်ပါ။ အောက်မှာ နံပါတ် အလုံး(၂၀)ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ့ပေါ်လာတဲ့ မိမိနာမည်နဲ့ နံပါတ်ကို စာအုပ်မှာဖြစ်ဖြစ် အခုနက ကူးထားတဲ့ CD မှာ ဖြစ်ဖြစ် ရေးပြီးမှတ်ထားလိုက်ပါ။ ဘာဖြစ်လို့လဲဆိုရင် register version မဟုတ်ဘူးဆိုရင် user account ကိုပဲ ဖွင့်လို့ရပါတယ်. admin account ကို ပေးမဖွင့်ပါဘူး။ register version ဖြစ်မှသာ admin password ကို ပေးဖျက်ပါတယ်။ အဲ့ဒါကြောင့် မှတ်ထားခိုင်းတာပါ။ name အကွက်မှာ ဘာပဲရိုက်ထည့်ရိုက်ထည့် အဲ့ရိုက်ထည့်တဲ့ နာမည်ရယ် အောက်ပါပေါ်တဲ့ နံပါတ် အလုံး(၂၀)ရယ်ကို မှတ်မိရင်ရပြီ။
အခုအခွေလဲ ကူးပြီးပြီ။ name and password ကိုလဲ မှတ်ထားပြီးပြီဆိုတော့ admin password ပေးထားတဲ့ စက်တစ်လုံးဆီကို ခုနက အခွေယူသွားပြီး ထည့်လိုက်ပါ။ တစ်နည်းအားဖြင့် Reset Windows Password CD ထည့်ပြီးတော့ boot တက်လိုက်ပါ။
Boot တက်လာရင် ခဏစောင့်နေလိုက်ပါ အားလုံးပြီးသွားရင် Reset Windows Password program ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့အထဲက About ကို mouse နဲ့နှိပ်ပြီး ခုနက မှတ်ထားခဲ့တဲ့ Username နဲ့ Registration code အလုံး(၂၀)ကို ရိုက်ထည့်လိုက်ပါ။ ပြီးတာနဲ့ ok ကိုနှိပ်ပါ။
Administrator ကိုရွေးပြီးတော့ reset ကို နှိပ်လိုက်ပါ။
နောက်ဆုံး ပုံမှပြထားတဲ့ restart ကိုနှိပ်ပြီး ကွန်ပျူတာကို restart လုပ်လိုက်ပါ။ ပြီးလျှင် အခွေပြန်ထုတ်ထားလိုက်ပါ။
ဝင်းဒိုးတက်လာတာနဲ့ ၀င်မရတဲ့ admin account ၀င်လို့ရသွားပါလိမ့်မယ်။
Download mirrorcreator | ifile.it | Mediafire | ziddu | zshare
Sunday, February 19, 2012
Speed Install v2.0.1.1534
ကျွန်တော်အခု ကျွန်တော်တို့ရဲ့ စက်မှာ လိုအပ်တဲ့   Browsers တွေ  Software  လေးတွေအတွက်  Speed Install  လေးတစ်ခု တင်ပေးလိုက်ပါတယ်။   ဒီကောင်လေးတစ်ခု  ရှိရုံနဲ့  ကျွန်တော်တို့ရဲ့  တစ်နေရာထဲက
နေ Download ဆွဲပြီး တင်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ OS တွေနဲ့ ကိုက်ညီတဲ့ current version, language
နဲ့bitness တွေကိုတစ်ခါတည်း ခွဲခြားပေးပြီး Download လုပ်ပေးပါတယ်။ သူ့ရဲ့databaseထဲမှာapplications
ပေါင်းတော်တော် များများကိုပါဝင်ပါတယ်။ အလိုလျောက် silent installation ပြည့်စုံအောင်ပြုလုပ်ပေးနိုင်ပါ
တယ်။  နောက်ထပ် applications တွေရဲ့ latest versions လေးတွေကို Download လုပ်ပေးပါတယ်။
နောက်ထပ် Features လေးတွေလည်း တော်တော်များများပါဝင်ပါသေးတယ်။ သုံးကြည့်လိုက်ပါဗျာ။
ကျွန်တော်အောက်မှာတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေယူသွားလိုက်ပါဗျာ။
Speed Install v2.0.1.1534
Downloading from up4vn
3D Destop လေးပါ......
ဒီတခါတော့ကျွန်တော် 3D Destopလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်နော်.......စိတ်ပါဝင်စားသူတွေသုံးကြည့်
လိုက်ပါနော်......ကျွန်တော်အောက်မှာပုံလေးတွေနဲ့ဖော်ပြပေးထားပါတယ်နော်.....သုံးနည်းလေးကိုတော့နည်း
နည်းပြောပြချင်ပါတယ်.....ဘာမှတော့မခက်ပါဘူး.......3D Destop လေးပေါ်မှာမိမိစိတ်ကြိုက် Icons လေး
တွေကိုထုတ်ပြီးတင်လို့၇တဲ့အပြင်...မိမိတို့၇ဲ့ပုံလေးတွေကို Slite Showေ လးတွေနဲ့ လဲ နံ၇ံမှာ ပန်ချီကား လေးတွေချိတ်ဆွဲထားသလိုအသုံးပြုနိုင်ပါတယ်........ပုံလေးတွေကိုအကြီးအသေးနဲ့မိမိ စိတ်ကြိုက်ထားလို့၇ ပါတယ်......အ၇င်ဆုံးပုံလေးကို Right click လေးပေးလိုက်ပါ....(Shrink )    (Grow) နဲ့    (More...) ဆိုတဲ့စက်ဝိုင်းပုံလေးကိုတွေ့ ၇မှာဖြစ်ပါတယ်.....ပုံလေးတွေကိုဆိုဒ်သေးလေးနဲ့ထားချင်၇တော့ (Shrink ) ကိုနှိပ်လိုက်ယုံပါပဲ......ဆိုဒ်ကြီးလေးနဲ့ထားချင်၇င်တော့(Grow)ဆိုတာကိုနှိပ်လိုက်ယုံပါပဲတကယ်လို့မိမိကြိုက်တဲ့ပုံလေးတွေကိုတင်
ချင်တင်ဆို၇င်တော့ (More...)ကိုနှိပ်လိုက်ပါ... Change Photo Frame ကိုနှိပ်လိုက်ပါ..ဘောက်လေးကျ
လာပါက Local Directory or Image File ထဲမှာမိမိထည့်ချင်တဲ့ပုံလေးတွေ၇ဲ့ Folder လေးကိုေ၇ွးပြီးထည့်
ပေးလိုက်ပါနော်......အောက်မှာကျွန်တောပုံလေးနဲ့လဲပြထားပေးပါတယ်......
အာလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ......
photoshop ဆိုင်၇ာစာအုပ်များနှင့် Cs ( 1 , 2 , 3 , 4 , 5 ) Portable လေးတွေပါ
ကျွန်တော်ဒီနေ့တော့ကျွန်တော်စုဆောင်ထားတဲ့ Photoshop ဆိုင်၇ာစာအုပ်လေးတွေနဲ့ အလွယ်တကူသုံးစွဲလို့ ရအောင် Photoshop Cs ( 1 , 2 , 3 , 4 , 5 ) Portable လေးတွေကို၇ှာပြီးတင်ပေးလိုက်ပါတယ်ဗျာ..အားလုံး ပဲအဆင်ပြေပြေနဲ့အလွယ်တကူ သုံးနိုင်မယ်ဆိုရင်ပဲကျွန်တော်ကျေ နပ်ပါပြီ။စာအုပ်လေးတွေကတော့..... E-Book လေးတွေ ကိုပုံလေးတွေကိုကလစ်ပြီးယူပါခင်ဗျာ......
1.တပ်မတော်သုံးကွန်ပျူတာလက်စွဲ ( InDesign 3 )
2.Adoble Photoshop 7.0
3.Photoshop Note ( 1 ) ( မြန်မာမိသားစုဖိုရမ် )
4.Photoshop Note ( 2 ) ( မြန်မာမိသားစုဖိုရမ် )
5.Photoshop CS
1.  Photoshop Cs 1 Portable
2.  Photoshop Cs 2 Portable
3.  Photoshop Cs 3 Portable
4.  Photoshop Cs 4 Portable
5.  Photoshop Cs 5 Portable
အားလုံးပဲအဆင်ပြေကြပါစေ......ကျေးဇူးတင်ပါတယ်ခင်ဗျာ.......
DVDFab.Passkey.8.0.5.0
ကျွန်တော့်ကိုမေးထားတာလဲ နည်းနည်းကြာသွားပါတယ်။ ကျွန်တော်တို့ DVD တွေကို Burn တဲ့ အချိန်မှာ ကူးလို့မရအောင် ဘယ်လိုကာကွယ်မလဲပေါ့နော်။ အဆင်ပြေတာလေးကိုရွေးရှာရင်းနဲ့ ဒီကောင်လေးကိုတွေ့တာနဲ့ နောက်ဆုံး Update လေးတင်ပေးလိုက်ပါတယ်။ DVD copy protections တွေကို မိမိတို့ နှစ်သက်သလိုပြုပြင်ပေးနိုင်ပါတယ်။ DVD folder ဒါမှမဟုတ် ISO image file တွေကိုပြောင်းပေးနိုင်သလို DVD folder ကနေ ISO image file တွေကို ပြောင်းလဲပေးနိုင်ပါတယ်။ အထဲမှာ သူ့ရဲ့ Features လေးတွေကို ကျွန်တော်ထပ်ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 18.9 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။
DVDFab.Passkey.8.0.5.0 
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Sunday, February 12, 2012
သီချင်းများကိုဖြတ်တောက်ပြီဖုန်းခေါ်ရင်မြည်တဲ့ Rington လုပ်ချင်သူများ
သီချင်းလေးတွေကိုလိုအပ်တဲ့နေရာမှာဖြတ်တောက်ပြီးဖုန်းထဲမှာခေါ်ရင်မည်တဲ့စိတ်
ကြိုက်ဖြတ်အသံလေးလုပ်ချင်သူများအတွက်ပါဘာမှမလို့ တဲ့ဖ၇ီးပါအင်စတောလုပ်ပြီး
သုံးရုံပါပဲဖလက်သီးချင်းတွေလုပ်တဲ့အခါမှာလဲသီချင်းမလာခင်ကြာနေတဲ့အချိန်နဲ့ သီ
ချင်းပြီးကြာနေတဲ့အချိန်ပိုနေတာလေးတွေကိုဖြတ်တောက်ဖို့ အဆင်ပြေပါတယ်လိုအပ်
တဲ့သူများယူနိုင်ရန်ရှိသမျှဆော့ဝဲတွေမျှဝေပါတယ်......။အသုံပြုပုံကလွယ်ပါတယ်ကိုယ်
ကြိုက်တဲ့နေရာကစမှတ်ပြီးဆုံးချင်တဲ့နေရာလေးမှတ်ပြီးဆေ့ပေးရုံပါပဲ......။
ဒီမှာDownloadယူပါ     MP3 Cutter
MP3/MP4 /အခွေလုပ်ချင်သူများသိထားသင့်သောthe best softwere
MP3/MP4ပြောင်းချင်တဲ့သူတွေအတွက်အကောင်းဆုံးလို့ပြောလို့ ရ တဲ့ ဆော့ဝဲလေးတစ်ခုတင်ပေးလိုက်ပါတယ်သုံးကြည့်တာတော်တော်လေး
အဆင်ပြေပါတယ်အထူးသဖြင့်Flasongလေးတွေလုပ်ချင်တဲ့သူများအ
တွက်လည်းMP3 size ပြောင်းလို ရပါတယ်သာမာန်အားဖြင်MP3သီ
ချင်းတစ်ပုဒ်မှာ4MB ရှိတယ်နောflash song လုပ်တဲ့အခါမှာပုံတွေစာ
တန်းတွေထည့်ရင် Memory ပိုပြီးကြီးလာပါတယ်အင်တာနက်မှာ5MB
ကျော်ရင်တင်လို့ ခက်တတ်ပါတယ်အင်တာနက်ချစ်သူတို့ ချော့ကလက်
မြို့ တော်တို့ နောက်မြန်မာချစ်သူစတဲ့ Naing website တွေမှာလည်း
သတ်မှတ်ထားတဲ့ပမာဏ၇ှိနေလေတော့Memory နဲ့ လေuploadတင်
တာမြန်လေနားထောင်တဲ့သူလည်းMemoryသေးတော့LoadingTime
မကြာတော့ဘူးပေါ့ဒါကတော့Flash Song လုပ်ချင်တဲ့သူတွေအတွက်
ပါMP3MP4ပြောင်းချင်တဲ့သူကတော့အခုတင်ပေးတဲ့FormatFactory
ဆော့ဝဲလေးဟာတော်တော်လေးအဆင်ပြေပါတယ်သုံးရတာလွယ်ကူ
တယ်ကောင်းလည်းကောင်းပါတယ်ဗဟုသုတအနေနဲ့ ပြောရရင်တော့
အင်တာနက်ကဒေါင်းလုပ်ယူထားတဲ့ဖိုင်တွေဟာFlash ဖိုင်တွေမလို့ 
အောက်စက်မှာပြန်ဖွင်ဖို့ အခွေနဲ့ ကူးမယ်ဆိုရင်အောက်စက်ကလက်
ခံတဲ့ File type တစ်ခုခုပြောင်းပေးရပါမယ်သူငယ်ချင်းတချို့ ကပြော
တယ်အခွေထုတ်တာဘာမှမလာလို့ တဲ့ကျနော်ကြည့်ကြည့်တော့
File Type မပြောင်းပေးလို့ ပါ အခွေထုတ်ချင်ရင်တော့ MPEG ကို
ပြောင်းပြီးမှထုတ်ကြဖို့ ဗဟုသုတပြောပြတာပါ ဒီဆော့ဝဲကFile Type
မျိုးစုံပြောင်းလို့ ရပါတယ်တစ်ခုထဲနဲ့ အစုံပါတာပေါ့ဟိုးအရင်ကျနော်
သုံးတတ်ခါစက ImToo တို့  Xilisoft တို့ က တစ်မျိုးပဲရတာ VCD to
Mp3 အခုဆော့ဝဲကအကုန်ရတာ MP3 Mp4 3GP MPEG1 MPEG2
All to.. ဆိုတော့ကြိုက်တာလာခဲ့အလိုရှိတာပြောင်းပေးရုံပါပဲနောက်
ဖုန်းတို့ MP3 Player တို့ MP4 Player တို့ ထဲထည့်ချင်တဲ့သူတွေအ
တွက်ပါကျနော့သူငယ်ချင်းတွေပါပဲ VCD အခွေဲထဲကသီချင်းကိုဖုန်း
ထဲထည့်တာမလာလို့ တဲ့ဖြစ်တတ်ပါတယ်ကျနော်လည်းအရင်ကအဲ့
လိုပဲထင်တာပါကျနော်နားလည်လွယ်အောင်ပဲရှင်းပြပါတယ်အောက်
စက်မှာဖွင်တဲ့အခွေလေဖုန်းထဲထည့်ချင်ရင်တော့ကိုယ့်ဖုန်းကလက်ခံ
တဲ့File Type အမျိုးစားပြောင်းပေးရုံပါပဲလို့ ရုပ်မပါချင်တော့ရင်တော့
VCD ကနေ MP3 ပြောင်းလိုက် ရုပ်လေးပါကြည့်ချင်ရင်တော့MP4ကို
ပြောင်းလို့ အကြံပေးလိုက်ပါတယ် နောက်ထပ်ဗဟုသုတကတော့ဖုန်း
တိုင်းMP4 ကိုမဖတ်ပါဘူး တရုပ်ဖုန်းတွေပေါ့သေချာတာကတော့3gp
ကိုပြောင်းရင်ဖုန်းတော်တော်များများမှာအဆင်ပြေပါတယ်ဒါပေမယ့်
3gp ကMP4 လောက်ရုပ်သံQuality မကောင်းတာကိုတော့သတိရပေါ့
ဆော့ဝဲကတော့ဒီမှာ...MP3MP4 ပြောင်းတဲ့ FFTဆော့ဝဲ
ဒီမှာလည်းရတယ်မူရင်းလင့် MP3MP4ပြောင်းတဲ့ဆော့ဝဲ
 အလကားပေးတဲ့ဆော့ဝဲတွေပါ serie key ,Crack ဘာမှမလိုပါဘူး
Saturday, February 11, 2012
ကွန်ပျုတာနဲ့  ကာရာအိုကေဆိုချင်သူများအတွက်Cyber Link Power DVD
ကွန်ပျုတာနဲ့ ကာရာအိုကေ ဆိုချင်ရင်တော့  ဒီဟာလေးနဲ့ အဆင်ပြေတယ် ဆို
ချင်သူများ  လေ့လာလိုသူများ အတွက်ပြန်လည်မျှဝေလိုက်ပါတယ်.. Key gen
တော့ပါတယ် Anti Virus က အင်စတောလုပ် နေဆဲမှာ တားထားတယ်ဆိုရင်
ဗိုင်းရပ် မဟုတ်ပါဘူး Allow ပေးပြီးမှ အင်စတော ပီးအောင်လုပ်ပါ key ထည့်
ဖို့ က Name နေရာမှာ နာမည်တစ်ခုခုရေးပြီး generate ကိုနှိပ် ရလာတာကိုမှ
ရိုက်ထည့်ပါ အကယ်၍ မရဘူးဆိုရင် Regeristy setting ပြင်ပေးဖို့ လိုပါတယ်
ဘာကွာလည်း မသိပေမယ့် သူငယ်ချင်း တစ်ယောက်ရဲ့ကွန်ပျုတာမှာ ထည့်လို့ 
မရတာနဲ့  Registery ကိုပြင်ပေးလိုက်တာ အဆင်ပြေပါတယ်  အဆင်မပြေရင်
လုပ်နည်းကို ဒီမှာဖတ်ပါ  www.megarelease.net ကွန်မန့် မှာရေးပေးထားတဲ့
နည်းနဲ့  Registery Value ကိုပြင်ပေးမှ KeyGen ကအလုပ်လုပ်တာကိုတွေ့ ရပါ
၁၀ ကတော့ ဘာမှမလိုဘူး ။ကွန်ပျုတာနဲ့ တွဲပြီး သီချင်းဆိုချင်တယ်ဆိုရင်တော့
ဒီလိုဆော့ဝဲလေးလိုပါတယ် မဆိုဘူးဆိုရင်တော့ ဖိုင်ဆိုဒ်ကြီးတော့ စက်လေးနိုင်
တယ် ဒေါင်းရတာလည်း မလွယ်ဘူး တင်ရတဲ့လူလည်း  မလွယ်ဘူးဗျာ စက်ရုံက
လိုင်းမလို့  ရတာဗျို့  Umobile က Gtalk တောင်  အနိုင်နိုင်ရယ် မြန်မာပြည်ကို
ပြန်ရောက် နေသလိုပဲ ......။သီချင်းကို  သူနဲ့ ဖွင့်မှ ကာရာအိုကေ ပြောင်းလို့ ရ
တာ တခြား  ပလေယာတွေမှာတော့ မတွေ့ မိဘူး  ရုပ်ရှင်ကြည့်လို့   လည်းရပါ
တယ်  ၁၀ ကလည်း  အဆင်ပြေပါတယ်  ကြိုက်ရာယူပါ...........................။
ဒီမှာ Download ယူပါ Cyber Link Power DVD 11
ဒီမှာ Download ယူပါ Cyber Link Power DVD 10
မူရင်လင့်များ http://www.megarelease.net/2011/
မူရင်လင့်များ http://www.youtube.com/watch?
မူရင်လင့်များ http://www.oneddl.com/apps/
Monday, July 25, 2011
Deepfreeze နဲ့ပါတ်သတ်သမျှ
ကျွန်တော်အရင်ကတော့ပို့စ်လေးတစ်ခုရေးမလို့ပါပဲ..။အခုတော့အကိုတစ်ယောက်ကလဲမေးထားတာနဲ့
ကျွန်တော်မှာရှိတာလေးတွေတင်ပေးလိုက်ပါတယ်..။Deepfreeze အကြောင်းရှင်းပြထားတဲ့ E-Book လေး
ရယ် Deepfreeze Installation Guide E-Book နှစ်အုပ်ရယ် ၊အသုံးပြုချင်သူတွေအတွက် Software လေးပါ
တင်ပေးထားပါတယ်..။သိမ်းထားတာလေးတွေဆိုတော့စာအုပ်တွေကိုတော့ဘယ်ကနေရလာတာလဲဆို
တာမမှတ်မိတော့တဲ့အတွက် Credit  မပေးနိုင်တာကိုတော့ခွင့်လွတ်ပေးပါခင်ဗျာ..။အရင်ဆုံး Deepfreeze
ဆိုတာဘာလဲမသိသေးသူများအတွက်  Deepfreeze  အကြောင်းရေးသားထားတဲ့  E-Book လေးကိုအရင်
ဖတ်ပါ..။ပြီးတော့မှအသုံးပြုချင်တယ်ဆိုရင်  Installation Guide မှာရှင်းပြထားသလိုတစ်ဆင့်ချင်းလိုက်လုပ်
သွားယုံပါပဲ..။Installation  Guide E-Book ထဲမှာ Uninstall  လုပ်နည်းလေးပါရှင်းပြပေးထားပါတယ်..။လိုအပ်
တဲ့သူများကတော့အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ..။
Deepfreeze  အကြောင်း  (  E-Book )
Download   From  Ifile.it
Download   From   Mediafire
Deepfreeze  Installation  Guide  ( E-Book ) ( 1 )
Download   From  Ifile.it
Download   From   Mediafire
Deepfreeze  Installation  Guide  ( E-Book ) ( 2 )
Download   From   Ifie.it  
Download   From  Mediafire
Deepfreeze 7  +  Serials  Download  
Download   From   Ifile.it
Download   From   Mediafire
အားလုံးပဲအဆင်ပြေကြပါစေ......ကျေးဇူးတင်ပါတယ်ခင်ဗျာ...
ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ
# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)
အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်
မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ