Welcome to my blog :)

rss
Showing posts with label ဘာသာရေး/အစ္စလမ်. Show all posts
Showing posts with label ဘာသာရေး/အစ္စလမ်. Show all posts

Friday, April 22, 2011

ဝူဇူပြုလုပ်ခြင်းနှင့် စည်းကမ်းချက်များ

အစ္စလာမ်မို့အလိုင်းကွန်မ်

Photo Credit: www.eduardoleal.co.uk
ဒီတစ်ခါတော့ လွယ်လွယ်လေးပေမဲ့ ခဏခဏမေ့တတ်တဲ့ ၀ူဇူနဲ့ သက်ဆိုင်တဲ့ဖရပ်ဇ်တွေ၊ စွန္တာတ်တွေ၊ မွစ်သဟဗ်များနဲ့ ၀ူဇူပျက်စေတဲ့အရာများကိုတင်ပေးလိုက်ပါတယ်။
ဝူဇူဖရပ်ဇ် – လေးချက်
  • မျက်နှာဆေးခြင်း
  • တတောင်ဆစ်အပါအ၀င် လက်ဆေးခြင်း
  • ခေါင်းလေးပုံတစ်ပုံကို မစဟ်ပြုလုပ်ခြင်း
  • ခြေနှစ်ဖက်ကို ခြေမျက်စီထိတိုင်အောင်ဆေးခြင်း
ဝူဇူ၏ စွန္နသ်များ
  • နိယသ်ပြုခြင်း
  • ဗိစ်မိလ္လာဟ်ဆိုခြင်း
  • လက်ဖျားမှ လက်ကောက်ဝတ်အထိဆေးခြင်း
  • မစ္စ၀ါက်(တံပူ)တိုက်ခြင်း
  • အစိတ်အပိုင်းတိုင်းကိုသုံးကြိမ်ဆေးခြင်း
  • ဦးခေါင်းတစ်ခုလုံးကို မစဟ်ပြုလုပ်ခြင်း
  • နားနှစ်ဖက်ကို မစဟ်ပြုလုပ်ခြင်း
  • အစိတ်အပိုင်းတစ်ခု မခြောက်မီအခြားအစိတ်အပိုင်းတစ်ခုကိုဆေးခြင်း
  • အစဉ်လိုက်ဝူဇူပြုခြင်း
ဝူဇူ၏ မွစ်သဟဗ်များ
  • ကိဗ်လဟ်လဘက်သို့ မျက်နှာမူခြင်း
  • သန့်သောမြင့်သောနေရာမှာထိုင်ခြင်း
  • အခြားသူ၏ အကူအညီကိုမယူပဲ ဝူဇူပြုခြင်း
  • သတ်မှတ်ထားတဲ့ နေရာထက်ကျော်၍ဆေးခြင်း
  • လက်ယာလက်ဖြင့် ပလုတ်ကျင်းခြင်း
  • လက်ဝဲလက်သန်းဖြင့် နှာခေါင်းအတွင်းဆေးခြင်း
  • အစိတ်အပိုင်းတစ်ခုကိုဆေးတိုင်း ဗစ်စ္စမစ်လ္လာဟ် ရူအာဒသ်ဆိုခြင်း
  • လက်စွပ်ကို လှုပ်ရှားပေးခြင်း
  • ၀ူဇူပြီး ဒုအာရွတ်၍ စူရဟ်ကဒရ်ဖတ်ခြင်း
ဝူဇူပျက်စေသောအချက်များ
  • ကျင်ကြီးကျင်ငယ်စွန့်ခြင်း (သို့) ယင်းနှစ်နေရာမျ တစ်စုံတစ်ရာထွက်ခြင်း
  • လေလည်ခြင်း
  • သွေးသို့ပြည် ယိုစီးခြင်း
  • ပါးစပ်အပြည့်အန်ခြင်း
  • လဲလျောင်း၍ဖြစ်စေ မှီ၍ဖြစ်စေအိပ်ပျော်သွားခြင်း
  • သတိလစ်သွားခြင်း
  • နမာဇ်ဝတ်ပြူနေစဉ် ကျယ်လောင်စွာရယ်မောခြင်း
အကယ်လို့ ရေမရတဲ့နေရာမှာ ၀ူဇူဘယ်လိုလုပ်မလဲ …သယမ်မွမ်လုပ်လို့ရပါတယ်။ ရေမရလို့သော် လည်းကောင်း ရောဂါတိုးမှာကို ကြောက်လို့သော်လည်းကောင်း ၀ူဇူမလုပ်နိုင်ဘူးဆိုရင် ..သယမ်မွမ်ကို အစားထိုးလုပ်နိုင်ပါတယ်။ သယမ်မွမ်ကို ရေးချိုးခြင်းရော၊ ၀ူဇူပြုခြင်းနှစ်ရပ် လုံးအတွက်အစားထိုးလုပ်နိုင်ပါတယ်။  သို့သော်လည်း ရေရနိုင်မယ်လို့ထင်ပါက ခြေလှမ်းတစ်ရာခန့်သွား၍ ရေရှာရပါမယ်။ တစ်စုံတစ်ဦးထံမှ ရေရနိုင်ချေရှိရင်လည်း တောင်းယူရပါမယ်။
သယမ်မွမ်လုပ်နည်း (သို့) သယမ်မွမ်ဖရပ်ဇ်များ
  • သန့်ရှင်းမူကိုယူရန် နိယာသ်ပြုခြင်း
  • လက်ဝါးနှစ်ဖက်ကို မြေပေါ်ပုတ်၍ မျက်နှာတစ်ပြင်လုံးကို ပွတ်သပ်ခြင်း
  • တဖန်မြေပေါ်ရိုက်၍ လက်နှစ်ဖက်ကို တတောင်ဆစ်အပါအ၀င် ပွတ်သပ်ခြင်း
ဒါလေးတွေကတော့ ၀ူဇူရဲ့ စည်ကမ်းချက်လေးအကြောင်း Youtube Video ဖြစ်ပါတယ်။
ကိုးကား: မော်လာနာဟာဖိဇ် အဗ်ဒွလ်ကာဒိရ် – မဟ်မူဒီ ၏ ဒအ်ဝါသ်ခရီးဆောင်

Friday, October 29, 2010

> အစ္စလမ်သာသနာ၏မုတိဆိတ်ရှည်ထားခြင်းဏ္ဍ

မုတ်ဆိတ်ရှည်ထားခြင်းသည်ရှရီအတ်တရာတော်အတွင်းအရေးပါပုံ


အစ္စလမ်ဘာသာဝင်မွစ်လင်များသည် ကမ္ဘာပေါ်တွင် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် အခြားတစ်ပါးမှ အတုခိုးကူးချစရာမလိုသော် အမျိုးအစားများဖြစ်ပြီး အများ
နှင့်သီးသန့် အယူဝါဒနှင့် ကျင့်ကြံ နေထိုင်နိုင်သော် အရာများကိုပိုင်ဆိုင်သူများဖြစ်ပါတယ်။ခိုဒါအသျှင်မြတ်သည် မွစ်လင်မ်တို့အား တစ်ကမ္ဘာလုံးအတွက်
တရားမျှသမှု သက်သေခံသူများအဖြစ်နှင့် စေလွတ်တော်မူခဲ့လေသည်။

အာယတ်တော် .........(ကျွန်တော်အာရဗီလက်ကွက်ရေးလို့မရလို့ အာယတ်တော်ကိုမရေးပြနိုင်သလို ဆကင်နာလည်းမရှိတဲ့အတွက် စကင်ဖတ်ပြီး
တင်ပေးဖိုလည်းအခက်အခဲရှိပါတယ်.....နောက်ပြီး အရင်တုံးကရေးခဲ့တဲံ့စာအုပ်ဖြစ်တဲ့အတွက် အာယတ်တော်ရဲ့ နံပါတ် နေရာကိုထညိ့မရေးထားလို့
ဖေါ်ပြပေးဖို့လည်းအခက်အခဲဖြစ်နေပါတယ်...ဒါ့ကြောင့်အာယတ်တော်လို့ဖဲရေးလိုက်ပါ့မယ်....

အဓိပါယ် " ငါအသျှင်မြတ်သည် အသင်တို့အားအလွန်တရာမျှသသော် အုပ်စုတစ်စုအဖြစ်ဖန်ဆင်းတော်မူခဲ့သည်။ သို့မှတာ အသင်တို့သည် လူသားအားလုံး၏
သက်သေခံသူများဖြစ်ပြီး အသင်တို့အတွက်မူကား ရစူလ်ကိုတော်မြတ်သည်သက်သေခံသူဖြစ်လီမ့်မည်။ အသင်တို့သည် အမွန်မြတ်ဆုံး အွမ္မသ်များဖြစ်လူသား
တို့အကျိုးရှိရန်အတွက် ထင်ပေါ်စေခဲ့ခြင်းဖြစ်၏ (ကိုရ်အန်ကျမ်းမြတ်)

သို့သော်လည်းဝမ်းနဲစရာကောင်းသည်မှာ-သည်အွမ္မသ်သားတို့သည် မိမိတို့၏ဘာသာရေးနှင့် လူနေမှုတို့၏ ထူးခြားချက်များကို ဥပခါပြုထားခဲ့သည်မှာ
ကြာခဲ့ပေပြီး...ယနေ့မိမိတို့ယဉ်ကျေးမှု လူနေမှုတို့၏ လက္ခဏာဝိသေသများကို မိမတို့၏လက်တော်ဖြင့်ဖျက်စီးနေကြပြီး ထံးတမ်းစဉ်လာတွင် အိန္ဒိယ
ယဉ်ကျေးမှု အနောက်တိုင်းယဉ်ကျေးမှုများနောက်ကိုကောက်ကောက်ပါအောင်လိုက်နေကြပါတယ်။

ယနေ့မျက်မှောက်ကမ္ဘာကြီးအတွင်း ကမ္ဘာ့လူတန်းစားတိုင်းသည် မိမိတို့ကိုယ်ပိုင်ဘဝနှင့် မိမိတို့အမျိုးသားတို့၏ ထူးခြားချက် နမိတ်လက်ခဏာများ
မပျောက်ပျက်အောင်ထိန်းသီမ်းစောင့်ရှောက် နိုင်ဖို့ အပူတပြင်း ကြိုးစားလျှက်ရှိကြပေသည်။မွစ်လင်တို့မူကား အနောက်တိုင်း ယဉ်ကျေးမှုကို အတုခိုးလျှက်
မိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် လူနေမှုတို့ကို စတေးလျှက်ရှိကြပေသည်။
အလွန်အံပေစွတကား အကြင်အမျိုးသားတို့သည် ကုန်လွန်ခဲ့ပြီးသော် အတိတ်ကာလ တစ်ချိန်က မိမိတို့၏ယဉ်ကျေးမှုဖြင့် တစ်ကမ္ဘာလုံးကိုလင်းဝင်းစေခဲ့ပြီး
အများတကာအတုယူစရာဖြစ်စေခဲ့သော်ငြားလည်း ယနေ့အလွန်လျှင်မြန်စွာဖြင့် တစ်ပါးသူတို့၏ယဉ်ကျေးမှုတွင်းသာ စီမ့်ဝင်နေကြပေသည်။
ထို့ထက်မက ထိုကဲ့သို့ပြုမူခြင်းကိုပဲ ခေတ်မှီ တိုးတက်သည်ဟုမှတ်ယူ ခံယူကျင့်သုံးနေကြပေသည်။

ဧကန်အမှန် အမြှော်ရှိသူတိုင်း၏အမြင်တွင် ယင်းဖြစ်ရပ်မှာ အဆုံးအစွန်ထိ ခေတ်နောက်ကျမှုနှင့် မိမိတို့၏အမျိုးသားများအတွက်အဆိပ်ပင်ရေလောင်း
သကဲ့သို့ဖြစ်နေပေသည်။ဖါရစီကဗျာတစ်ပုတ်တွင်.......
ကဗျာ...............အိုတော်သား အသင်သည်အဘယ်ကဲ့သို့ ကအ်ဘာကျောင်းတော်သို့ရောက်နိုင်မည်နည်း ......အသင်သွားနေသည့်ဖက်မှာ တူ
ရကီနိုင်ငံဖက်ဖြစ်နေသော်ကြောင့်ဖြစ်သည်.....။

မုတိဆိတ်ထားခြင်းသည်အစ္စလမ်သာသနာတော်တွင် ထင်ရှားသော် နမိတ်လက်ခဏာတစ်ရပ်ဖြစ်ရုံတင်မကပဲ လူသားပင်ကို၏ လှပသင့်တယ်ခြင်းလည်းဖြစ်ပါတယ်။သို့သော်ဝမ်းနဲစရာကောင်းသည်မှာ သူများတစ်ကာထက်ပို၍ မွစ်လင်တို့သည် မွစ်လင်အမျိုးသားတို့၏
ဝိသေသလက်ခဏာတော်ဖြစ်သော် မုတ်ဆိတ်ကိုရိတ်ရန်ပင်ဆော်သြလျှက်ရှိကြပေသည်။
ဤနည်းဖြင့် မွစ်လင်အမျိုးသားတို့၏ ဝိသေသလက်ခဏာကိုမျက်နှာလွှဲစေပြီး လူမှုရေးနယ်ပယ်တွင် အများကျီးစယ်စရာဖြစ်ရန်အကြောင်းဖြစ်နေ
ပေတော့်သည်။

လတ်တလော်အနေဖြင့် အီန္ဒိယနိုင်ငံ မေထရီမြို့မှ ပညာတတ် ကော်လိပ်ကျောင်းသားတစ်ဦး၏ ပေးစာတစ်စောင် မော်လာနာဆိုင်ယဒ်ဟူဆိုင်းအဟ်
မဒ် (မဒနီ )သခင်ထံကိုရောက်လာခဲ့ပြီး ဖတ်ဝါနှင့် ယင်းအပြင် မျက်မှောက်ကာလတွင် အစ္စလမ့်ယဉ်ကျေးမှုနှင့် လူနေမှုတို့ကို လိုက်နာစောင့်ထိန်းခြင်းနှင့်
အထူးသဖြင့်မုတ်ဆိတ်ရှည်ထားခြင်းတွင် တွေ့ကြုံရသော် အခက်အခဲများကို ရင်ဖွင့်လျှက် မုတ်ဆိတ်ထားခြင်းဆိုင်ရာ လော်ကီ လော်ကုတ်တရာ ကောင်းကျိုး
ကောင်း၇ာများနှင့် ပညတ်ချက်များကိုမေးမြန်းထားပါသည်။။။
ဆရာသခင်ကြီးကတော့် တမန်တော်မြတ်ကြီးရဲ့ ဟူစိန်သခင်မှရည်တွက်လျှင် အဆက် ၄၀ မြောက်တမန်တော်မြတ်ကြီး၏ မျိုးနွယ်တော်ထဲကဖြစ်ပြီး
ဝိညင်ဆိုင်ရာအစွမ်းသတ္တိနှင့်ပညာရပ်နယ်ပယ်မှာ ထိပ်ခေါင်ဆရာတစ်စူဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဝိညည်ရေးရာကိုယ်စားလည် ဖြစ်တဲ့ မော်လာနာ
ဇဖဲရ်အဟ်မဒ် (မောင်းတော်) ဟာလည်းသူတော်စင်ကြီးတစ်ပါးဖြစ်သလို ကျွန်တော်တို့ဟာလည်း ထိုသူတော်စင်ကြီးရဲ့ ဝိညည်ရေး ဆိုင်ရာ နောက်
လိုက်တပည့်တွေဖြစ်ပါတယ်...(စကားချပ်)

ဆရာသခင်ကြီးအနေဖြင့် အလုပ်မအားတဲ့ကြားက အဖြေချီးမြှင့်ပေးခဲ့ပါတယ်။ ယင်းအဖြေတွင် မုတ်ဆိတ်၏ ယုတ္တိဗေဒဆိုင်ရာ ဆန်းစစ်ချက်များနှင့် ခရယ်
စေ့တွင်းကျသုံးသပ်ချက်များကိုပါ တင်ပြပေးသွားမှာဖြစ်ပါတယ်......အားလုံးသော် မွစ်လင်များ သဘော်ပေါက်နိုင်ပြီး ကျင့်သုံးနိုင်ကြပါစေ



မေးခွန်း===(လေးစားအပ်ပါသော်ဆရာသခင် ခင်ဗျာ)




ရိုသေစွာပန်ကြားလိုသည်မှာ ကျွန်နုပ် ဆရာအား ဒုက္ခပေးသလိုဖြစ်မည်ကိုသိသော်လည်း ကျွန်နုပ်အား မေတ္တာရှေ့အဖြေပြန်ကြားပေးမည်ကိုမျှော်လင့်ပါတယ်။
ကျွန်တော်သည် အိန္ဒိယပြည် မေထရီမြို့ရှိ ကော်လိပ်ကျောင်းတွင် တက်ရောက်ပညာသင်ကြားလျှက်ရှိပါသည်။ကျွန်တော်သည်အစ္စလမ့်ရှရီအတ်အတိုင်း နေ
ထိုင်သူတစ်ဦးဖြစ်ပါသည် ။ ယင်းတို့နေထိုင်ရာတွင် မုတ်ဆိတ်ထားခြင်းသည်လည်းပါရှိလေရာ ကျွန်တော်သည်လည်း မုတ်ဆိတ်ထားလျှက်ရှိပါတယ် ။သို့သော်
လည်းမုတ်ဆိတ်ထားခြင်းမှ အလွန်သောကရောက်လျှက်ရှိပါသည်။
အဘယ်ကြောင့်ဆိုသော် ကော်လိပ်ကျောင်းနယ်ပယ်တွင် မုတ်ဆိတ်ထားခြင်းမှာအပါင်းအသင်းများကို နောက်ပြောင်သကဲ့သို့သော်လည်းကောင်း
စိတ်ထိခိုက်စရာဖြစ်ပေါ်စေသကဲ့သို့သော်လည်းကောင်းဖြစ်နေပါသည်။ အပေါင်းအသင်းများကပြောနေကြသည်မှာ

(၁) မုတ်ဆိတ်ထားတဲ့သူဟာ လူဆိုးနှင့်တော်သားနှင့်တူပါတယ်ကွာ
(၂) ကျွန်နုပ်တို့ရဲ့ နဗီတမန်တော်မုတ်ဆိတ်ထားခဲ့ပါတယ်၊ဒါပေမယ့်အဲ့ဒီအချိန်တုန်းက အာရဗ်လူမျိုးတွေရဲ့ ဓလေ့ဖြစ်လို့ထားခဲ့တာ
အခုဓလေ့မဟုတ်တော့်ဘူး ဒါ့ကြောင့် မုတ်ဆိတ်ထားရန် အခုမလိုအပ်တော့်ဘူး။
(၃) ယနေ့ခေတ်သမယမှာ ပြိုင်ဆိုင်ဖြေဆိုရသည့် စာမေးပွဲများမှာလဲ မုတ်ဆိတ်ထားခြင်းကြောင့် ဆုံးရှုံးမှု တွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။
ဘာကြောင့်လဲဆိုရင်စာစစ်ဆရာက မုတ်ဆိတ်ထားတဲ့လူကို အသက်ကြီးပြီးလို့ထင်တယ် ၊ဒါမှမဟုတ်ခေတ်နောက်ကျတဲံ့ တဖက်စွန်းရောက်
သူလို့ယူဆလေ့ရှိပါတယ်။

သို့ရှီရာ စော်ဒကတက်သူများအမျိုးမျိုးဝေဖန်ကြတာကို ခြေပပြောဆိုရန်အတွက် တမန်တော်မြတ်ထားလို့ ငါလည်းထားတယ်ဆိုတဲ့အဖြေမျိုးနဲ့တင်
မကျေနပ်သည့်အတွက် ဆရာသခင်ထံအကူအညီ တောင်းခံခြင်းဖြစ်ပြီး ဆရာသခင်သည်သာသနာ့ပညာတွင်သာမက လော်ကဓါတ်သိပ်ပံ ပညာရပ်များကို
ပါနှံစပ်ကျွမ်းကျင်သည့်အတွက် မုတ်ဆိတ်ထားခြင်းသည် ရှရီအတ်တရားတော်တွင် အရေးပါပုံနှင့် ယင်း၏အကျိုးသက်ရောက်ပုံအကြောင်းကို ရှင်းပြပေးပါရန်
သို့မှသာကျွန်နုပ်သည်လည်းကျွန်နုပ်သည်လည်း တစ်ပါးသူများကိုပြန်လည်ညေခပပြောဆိုနိုင်မည်ဖြစ်ပါသည်။

ဖြစ်ရပ်တစ်ခုမှာမော်လဝီဆပ်တစ်ပါးအား မေးမြန်းကြည့်ရာ မုတ်ဆိတ်ထားခြင်းမှာ စန္နသ်တော်ဖြစ်ခဲ့တယ်ငြားလည်း ယခုအရေးမကြီးတော့်ပါဟု
ဖြေကြားထားရာ ဆရာသခင်၏ ဖသိဝါ ဓမသတ်ဆုံးဖြတ်ချက်ကို စောင့်မျှော်လျှက် ယင်းအတိုင်းသာ ကျင့်ကြံနေထိုင်သွားမည်ဟု ဆုံးဖြတ်ထားပါသည်


ရိုသေစွာဖြင့်
ကော်လိပ်ကျောင်းသားတစ်ဦး
အိန္ဒိယပြည် ၊ မေထရီမြို့


အဖြေ=ဟဇရတ်မော်လာနာ ဆိုင်ယဒ်ဟိုဆိုင်းန် အဟ်မဒ် (မဒနီ) ရှိုင်ခွလ်အစ္စလမ် နောင်ဝရလ္လာဟု သခင်ကြီး၏ဖြေကြားချက်


လေးစားအပါပသော် ကော်လိပ်ကျောင်းသားခင်ဗျာ...
ပို့လိုက်သ်ာစာစောင်ကိုလက်ခံရရှိပြီး ဝမ်းညေမှာက်ဂုဏ်ယူမိပါတယ်....ကျွနနုပ်မှာအလုပ်အလွန်များပြီး မအားလပ်သည်ကတစ်ကြောင်း အသက်အရွယ်
အိုမင်းသည်ကတစ်ကြောင်း ကျမ်းမာရေးချို့ယွင်း ထိခိုက်ပြီး စသည့်အကြောင်းများကြောင့် ဖြေကြားရန်ကြန့်ကြာခဲ့ပါတယ်။ယနေ့ရော်ဂါဘယအနည်းငယ်
သက်တာလာတဲ့အတွက် အကျဉ်းချုံးပြီး ဖြေသွားပေးပါ့မယ်။ သိုသော်လိုရင်းကိုမတင်ပြမှီအလျှင် အရေးကြီေးသာ် နိဒါန်းတစ်ခုကို လူကြီးမင်း တွေးဆနိုင်၇န်
တင်ပြလိုက်ပါတယ်။


ကမ္ဘာ့ဥပဒေ၏ရှုဒေါင့်မှ ယူနီဖေါင်း၏အရေးပါပုံ



အုပ်ချုပ်ရေးတိုင်း၏စီမံကိန်း နှင့် နိုင်ငံတိုင်းတွင် ယူနီဖေါင်းအမျိုးမျိုး သတ်မှတ်ပြဌါန်းလေ့ရှိပါတယ်။ ရဲတပ်ဖွဲံ့၏ယူနီဖေါင်း စစ်တပ်၏ယူနီဖေါင်း
အစီးအနင်း၏ယူနီဖေါင်းနှင့် ခြေလျှင်တပ်၏ ဝတ်စုံ ၊တဖန်ကုန်းတပ်နှင့် ရေတပ်၏ဝတ်စုံ ၊စာတိုက်နှင့် မီးရထားဌါန၏ဝတ်စုံ အကြီးအကဲခေါင်းဆောင်
များ၏ဝတ်စုံ များ အမှုထမ်းအရာထမ်း လက်အောက်ငယ်သား တို့၏ ဝတ်စူံဆိုပြီး ခွဲခြားပြထါန်းလေ့ရှိပါတယ်။
ယင်းဝတ်စုံများကို သတ်မှတ်ထားရုံမက ယင်းတို့အားလေးစားရန်တင်ကျပ်မှုများလည်း ပြုလုပ်ကြပါတယ်။ဆိုလိုသည်မှာတာဝန်ထမ်းဆောင်ချိန်
အတွင်း ဝန်ထမ်းတစ်ယောက်အားယူနီဖောင်းမပါရှိပါက ယင်းအားပြစ်မှုကျူးလွန်သူလို့သတ်မှတ်ပြီး ဒဏ်ခတ်အပြစ်ပေးလေ့ရှိပါတယ်။ အထူးသဖြင့်
ဘုရင့်တပ်မတော်၏ ယူနီဖောင်းနှင့် ဝန်ကြီး မှုးမတ် များသည်ပင်လျှင် ယူနီဖောင်း၏ဥပဒေများကိုတင်းကျပ်စွာလိုက်နာရပေသည်။
ဖေါ်ပြပါအခြေအနေမှာ အုပ်ချုပ်ရေးတစ်ခုတည်း၏ သာဓကဖြစ်ပါတယ်။အမှန်တကယ်ဌါနဆိုင်ရာတိုင်းတွင်သက်ဆိုင်ရာယူနီဖေါင်းများ
ထားရှိပါတယ်။ဤကဲ့သို့ပင် တာဝန်ထမ်းဆောင်ချိန်တွင် ယူနီဖေါင်းမဲ့စွာ ရှိနေသူအားအပြစ်ရှိသူအဖြစ် သတ်မှတ်ကြသည့်အပြင် ဌါနတစ်ခုက တစ်ခြားဌါ
နတစ်ခု၏ ယူနီဖေါင်းကိုဝတ်ဆင်ပါက ထိုသူသည် ယောင်ဆောင်သူ အလွှဲသုံးစားပြုလုပ်သူဟု သတ်မှတ်ပြီး ပြင်းထန်သော်ပြစ်မှုကျူးလွန်သူ တရားခံအ
ကြီးစားဖြစ်သည်ဟူ၍သတ်မှတ်ပါတယ်။
အုပ်ချုပ်ရေးစီမံကိန်းတိုင်းနှင့် တရားဥပဒေတိုင်းတွင် ယူနီဖေါင်းသည် အရေးပါကြောင်းခံယူကျင့်သုံးသကဲ့သို့ပင် လူမျိုးစုတိုင်းနှင့် တိုင်းပြည်တိုင်းတွင်လည်း ယူနီဖေါင်းများ တိုင်းရင်းသားဝတ်စုံများ ဟူ၍ ဂရုတစိုက်သတ်မှတ်ကျင့်သုံးကြပါတယ်။အကယ်၍လူကြီးမင်း စိစစ်လေ့လာပါက အင်္ဂလိပ် ပြင်သစ် ဂျာမန်
အီတလီ သြစတေးလျှနှင့် အမေရီကန်တို့တွင်လည်း သက်ဆိုင်ရာအမျိုးသားဝတ်စုံများရှိကြောင်း တွေ့ရပါလီမ့်မည်။
၎င်းတို့သည်မိမိတို့၏နမိတ်လက်ခဏာများ ကိုယ်ပိုင်အလံများနှင့် ကွဲပြားခြားနားသော်ဝတ်စုံများကို ကိုယ်စီထားရှိကြပါသည်။ ကျွမ်းကျင်သည့် ပုဂ္ဂိုလ်က ယူနီဖောင်းနှင့် သင်္ကေတကိုကြည့်ရုံဖြင့် တစ်ဦးနှင့်တစ်ဦး တစ်နိုင်ငံနှင့်အခြားနိုင်ငံဟူ၍ ခွဲခြားနိုင်ပါတယ်။ယင်းဖြစ်ပင်
စစ်တပ် နိုင်ငံနှင့် အဆင့်အတန်းများကိုခွဲခြားသိရှိနိုင်ပါတယ်။ အမျိုးသားတိုင်းနှင့် နိုင်ငံတိုင်းသည်လည်းမိမိတို့၏ယူနီဖောင်းနှင့် သင်္ကေတလက်ဏာများကို
ထိန်းသီမ်းစောင့်ရှောက်ရန်အထူးအရေးကြီးကြောင်း ခံယူထားတတ်ကြပါတယ်။
တစ်ခါတစ်ရံယင်းတို့၏သတ်မှတ်ချက်များကိုထိပါးလာပါက သို့) စော်ကားခံရပါက ကြီးမားပြင်းထန်သော် အရေးယူဆောင်ရွက်မှုများပြုလုပ်ကြပါတယ်။
အုပ်စုတစ်စု၏အလံတော်အား မရိုမသေညဖစ်စေ လှဲချသည်ဖြစ်စေ မြေမှစွဲနှုတ်သည်ဖြစ်စေ ဖြစ်ခဲ့သော် စစ်တိုက်ရန်အတွက် အသင့်ဖြစ်သွားကြလေသည်။
ယူနီဖေါင်းကို အဝတ်အထည်တွင်မဆိုထားနှင့် လူသား၏ကိုယ်ခန္ဒာပင်လျှင် အချို့အမှတ်အသားကိုသေရာပါ အမာရွတ်များအဖြစ်ပြုလုပ်လျှက် ထားရှိကြပါသေးတယ်။ အချို့အမျိုးသားများသည် မိမိတို့၏လက်နှင့် ခန္ဒာကိုယ်များတွင် ဆေးမှင်ကြောင်များ ထိုးကြပါသေးတယ်။အချို့သည်နားရွက်နှင့်
နှာခေါင်းများတွင် အပေါက်ဖေါက်၍ကွင်းများကိုဝတ်ဆင်ကြသည်။အချို့သည်ဆံပင်ကိုကွက်၍ တနေရာတည်းအရှည်ထားခြင်းဖြင့် အချို့သည်ဆံပင်ကို တီ
ကျစ်၍ထားခြင်းများလည်းရှိကြပါသည်..........


လက္ခဏာသင်္ကေတများအား စွန့်လွတ်ခြင်း၏ရလဒ်




အချုပ်အားဖြင့်ဆိုရသော တင်ပြခဲ့သည့်အတိုင်း လူမျိုးစုများ အမျိုးမျိုးနှင့် နေရာဒေသအသီးသီး တွင် ကွဲပြားခြားနားမှု ထင်ပေါ်စေရန် လက္ခဏာသင်္ကေတများ
ထားရှိကြညသည့်အစဉ်အလာရှိခဲ့ကြပေသည်။ အထက်ပါအတိုင်းကျင့်သုံးမှုမရှိပါက တစ်မျိုးသားနှင့်တစ်မျိုးသား တစ်ဖွဲံ့နှင့်တစ်ဖွဲ့ တစ်နိုင်ငံနှင့်တစ်နိုင်င်ငံ
ခွဲခြား၍ရနိုင်တော့်မည်မဟုတ်ပေ။ ကျွန်နုပ်သို့ဘယ်လိုခွဲခြားသိရှိနိုင်တော့်မည်နည်း။ဒီလူသည် စစ်သားလား ပြည်သူလား ပြည်သူ့ရဲလား စာပို့သမားလား
မီးရထားဝန်ထမ်းလား သင်္ဘေသားလား အရာရှိလား လက်အောက်ငယ်သားလား ဗိုလ်ချုပ်လား မန်နေဂျာလား စသည်ဖြင့် ခွဲခြားရန်ဖြစ်နိုင်မည်မဟုတ်ပါ။
ဤနည်းအတိုင်းပဲ နိုင်ငံတိုင်းသည်လည်း မိမိတို့၏အမျိုး ဘာသာ သာသနာနှင့် နေရာဒေသတို့၏ နမိတ်လက္ခဏာသင်္ကေတများကို ထိန်းသီမ်းစောင့်ရှောက်ခြင်းအရေးပါကြောင်း ခံယူထားကြသည်ချည်းဖြစ်သည်။
အကြင်လူမျိုးတို့သည်မိမိတို့၏ ကိုယ်ပိုင်ယူနီဖေါင်းနှင့် အမှတ်သင်္ကေသများကို ထိန်းသီမ်းမှုမရှိပါက များမကြာသော်ကာလတွင်
အခြားတစ်ပါးသော်လူမျိုးများလက်အောက်သို့ကျရောက်သွားမည်ဖြစ်ပါသည်။ထို့ထက်မက ရာဇဝင်သမိုင်းမှာပင်လျှင် အမည်တင်ကျန်ရစ်တော့်မည်မဟုတ်ပါ။
အီန္ဒိယနိုင်ငံအားလေ့လာကြည့်ပါက ယူနန်လူမျိုးများချင်းနင်းဝင်ရောက်ခဲ့ဘူးသည်။ ဆင်းလူမျိုးများလက်အောက်ရောက်ခဲ့ဘူးသည်။ အာဖဂန်၏ကို
လိုနီဖြစ်ခဲ့ဘူးသည်။ အာရီယာနှင့် မွန်ဂိုတာတာများ၏သီမ်းပိုက်ခြင်းနှင့် တူရကီနှင့် အီဂျစ်တို့၏လွမ်းမိုးမှုကိုခံခဲ့ရသည်။ဆူဒန်၏လက်ဝေခံလည်းဖြစ်ခဲ့ဘူးသည်။
မွစ်လင်များသည်လည်းအိန္ဒိယသို့ လာရောက်နေထိုင်ခဲ့သည့်အပြင် ယင်းထက်ဦးစွာလာရောက်ခဲ့သော် အမျိုးသားများလည်းရှိခဲ့ပါတယ်။ သိုသော်လည်းယနေ့
အခါသမယတွင် အိန္ဒိယပြည်တွင် ယင်းကျူးကျော်သူများနှင့် ၄င်းတို့၏အမျိုးသား ရေးလက်ဏာများကျန်ရစ်ခဲ့ပါသလော်။ မကျန်ရှိခဲ့ပါ။ အားလုံးအားလုံးသည်
ဟိနဒူစတန် ခေါ် အိန္ဒိယ ယဉ်ကျေးမှုနှင့် လူနေမှုစနစ်၏ နမိတ်သင်္ကေတများအဖြစ်တာ ကမ္ဘာကသိရှိအသိအမှတ်ပြုကြ ရပါသည်။
အကြောင်းမှာ သူတို့သည် အများစု၏ယူနီဖေါင်းကိုရွေးချယ်ခဲ့ကြ ခြင်းကြောင့်ဖြစ်ပါသည်။ အမျိုးသားဝတိစုံဖြစ်သော် ဒိုတီနှင့် ဦးခေါင်းဆံပင်အား
ကျိုတီအဖြစ်ထားခဲံကြပြီး အမျိုးသမီးများအတွက် ဆာရီဝတ်စုံနှင့် ဓလေ့ထုံးတမ်းများတွင် အိန္ဒိယယဉ်ကျေးမှု၏အစဥအလာကိုဦးစားပေးခဲ့ကြပြီး အခြားလူမျိုး
များကိုပါ စီမ့်ဝင်လိုက်နာကျင့်သုံး စေသော်လိမ္မာပါနပ်မှုကြောင့်ဖြစ်ပါတယ်။သို့ပါသော်လည်းကျူးကျော်သူတို့၏ မျိုးဆက်ရှိခဲ့သော်ငြားလည်း ၄င်းတို့၏ယဉ်
ကျေးမှုများသည် အီန္ဒိယယဉ်ကျေးမှုအားလွမ်းမိုးမနိုင်ခဲ့ကြပါ။
ယုံကြည်ကိုးကွယ်မှုနှင့် ဘာသာ သာသနာကွဲပြာပစေ အားလုံးကိုဟင်ဒီအမျိုးသား ဟူ၍သာ မှတ်ယူခံယူကြပါတာကိုတွေ့ရမှာဖြစ်ပါတယ်။
အခြားအမျိုးသားတို့အား ကွဲပြားစွာ နားလည်သိရှိရသော် နမိတ်လက်ဏာဟူ၍လုံးဝမကျန်ရစ်ပါ။
သတိချပ်ရန်အရေးကြီးသည်မှာ အဘယ်အဘယ်သော်အမျိုးသားများသည် မိမိတို့၏အမျိုးသားယူနီဖောင်းနှင့် အမှတ်သင်္ကေသများကိုစောင့်ထိန်းရိုသေပါက ယဖန့တိုင် မိမိအမျိုးသား မိမိထီးနန်း မိမိနိုင်ငံဟူ၍ ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာတည်ရှိနေမည်ဖြစ်ပါသည်။
လွန်ခဲ့သော်တစ်ချိန်က ပါရှန်းပင်လည်ကွေ့မှ ပါရှင်းဖါရစီလူမျိုးများ အိန္ဒိယသို့ဝင်ခဲ့ကြသည်။ဟင်ဒီအမျိုးသားများနှင့် ယင်းတို့၏စော်ဘွားများက ၄င်းတို့အားဝါးမျို၇န်ကြံစည်ခဲ့ကြလေသည် ။ အမျိုးသမီးများ၏ ယူနီဖေါင်းဝတ်စားဆင်ယင်မှု အသွင်ပြောင်းခဲ့ကြသည်။ လူနေမှုနှင့်ဘာသာစကားကိုလည်းပြောင်းလဲခဲ့ကြပေသည်။သို့သော်အမျိုးသားများ၏ဦးထုတ်ဆောင်းသော်ဓလေ့ကို မပြောင်းလဲခဲ့ပေ ။အဆုံးဆိုရသော်
ယနေ့ကမ္ဘာ့အလယ်တွင်ယင်းပါရှင်းအမျိုးသားများသည် ရှင်သန်လျှက်ရှိသော အမျိုးသားဂုဏ်သိက္ခါ ဝင့်ထည်သော် လူမျိုးစုအဖြစ်ရပ်တည်လျှက်ရှိပေသည်။
ဆီးခ်ပန်ချာပီများလည်း မိမိတို့အမျိုးသားပိုင် ယူနီဖေါင်းဝတ်စားဆင်ယင်မှုကိုတည်ထွင်ခဲ့လေသည်။ဦးခေါင်း ဆံပင်နှင့် မုတ်ဆိတ်များကို
မရိပ်မညှပ်ပဲ အရှည်ထားကြသည်။ထို့ကြောင့် ၄င်းအမျိုးသားများသည်လည်းအများအသိအမှတ်ပြုသော် ဂရုစိုက်ခံရသော် လူမျိုးစုအဖြစ် ထင်ရှားစွာရှိနေသည်
ရှင်သန်သော်လူမျိုးစုအဖြစ် သတ်မှတ်ခံနေရပါသည်။
အင်္ဂလိပဗြိသိသျှများသည် ဆယ့်ခြောက်ရာစုအဆုံးပိုင်းတွင်အိန္ဒိယသို့ဝင်ရောက်ခဲ့ပါသည်။နှစ်ပေါင်းတစ်ရြ့င်းဆယ်ခန့်နေထိုင်ခဲ့ပါသည် ၄င်းတို့၏မွေးရပ်ဌါနေမှာအလွန်အေးမျှပါသည်။သို့သော် ၄င်းတို့သည် မိမိတို့၏အမျိုးသားယူနီဖေါင်းဖြစ်သော် ကုတ်အင်္ကျီ ဘောင်းဘီရှည် ဦးထုတ် ကော်လံ
နှင့် နက်တိုင်လ်များကိုအင်မတန်ပူပျင်းသော် ရာသီဥတုပိုင် အိန္ဒိယတွင်ဝတ်ဆင်ခဲ့ကြပါသည်။ထိုကဲ့သို့သော်ဇွဲသတ္တိဖြင့် မိမိတို့၏ယူနီဖောင်းကို စောင့်သိရိုသေ
ခြင်းကြောင့် တိုင်းရင်းသားလူမျိုး ၃၅၀၀၀ ကျော်ရှိသော်အိန္ဒိယယဉ်ကျေးမှုက ယင်းတို့အားမပြောင်းလဲနိုင်ခဲ့ပါ။ ၄င်းတို့သည်ကမ္ဘာ့အလည်တွင်တသီးတစ်ခြား
အမျိုးသားများအဖြစ်တည်ရှိနေပါသည်။ ၄င်းတို့၏ထိုစောင့်ထိန်းသတ်မှုဂုဏ်ဒါပ်သည်လည်းဂုဏ်ယူ လေးစားထိုက်ပေသည်။
မွစ်လင်များသည်လည်း အိန္ဒိယပြည်တွင် နှစ်ပေါင်း တစ်ထောင်ကျော် နေထိုင်ခဲ့ကြသည်။ အကယ်လို့ထိုသူများလည်း မိမိတို့၏ယူနီဖေါင်းကို
ထိန်းသီမ်းစောင့်ရှောက်မှမြရှိခဲ့ပါက ယနေ့အခါသမယတွင် ဟင်ဒီအမျိုးသားများအသွင်တွေ့မြင်ရမည်ဖြစ်ပေသည်။ ထိုကဲ့သို့ မွစ်လင်များထက် ဦးစွာအိန္ဒိယသို့ ရောက်ခဲ့သူများ ဝါးမျိုခံရသကဲ့သို့ ဖြစ်သွားပေလီမ့်မည် ။ယင်းတို့သည် မိမိတို့၏ကိုယ်ပိုင်နမိတ်လက်ဏာများ ပင်လျှင် ကမ္ဘာ့ရာဇဝင်တွင်မကျန်ရှိနိုင်တော့်ပေ။ယနေ့ကမ္ဘာ့မြေပုံတွင်လည်း ယင်းတို့၏သမိုင်းကြောင်းမကျန်ရစ်တော့်ပေ။
မွစ်လင်များသည်မိမိတို့၏ဆောင်ရွက်ချက်များတွင် ပိုင်ဂျမာဘောင်းဘီ ကိုရ်သာအင်္ကျီ အဘာ ကဗာချုံထည်များနှင့် အမာမဟ်ခေါင်းပေါင်းများကိုလည်း ထိန်းသီမ်းခဲ့ကြသည်။အမျိုးသား အမျိုးသမီးများ၏အမည်မည့်ခေါ်ခြင်နှင့် နှုတ်ခွန်းဆက်စကားပြောခြင်းဆိုင်ရာများ ထုံးတမ်းစဉ်လာများနှင့် ဘာသာစကား
အိမ်ယာများစောင့်လုပ်ခြင်း ဗိသုကာပုံစံများပါမကျန်ထိန်းသီမ်းခဲ့ကြကြောင်းကမ္ဘာ့သမိုင်းတွင် အထင်အရှားတွေ့ရမည်ဖြစ်ပေသည်။ထို့ကြောင့် ယင်းတို့၏ဂုဏ်ဒြပ်သည် အိန္ဒိယနိုင်ငံမှာပင်လျှင် တစ်သီးတစ်ခြားရပ်တည်ကျန်ရစ်လျှက် ၇ှိနေပေသည်။အဘယ်အချိန်ထိထိန်းသီမ်းမည် ထိုအချိန်ထိကျန်ရစ်နေမည်ဖြစ်ပြီး ဘယ်အခါစွန့်လွတ်မည် ထိုအခါပပျောက်သွားမည်ဖြစ်ပေသည်။


လူမျိုးစုများနှင့် နိုင်ငံများ၏ တိုးတက်ခြင်းဆိုင်ရာလျှို့ဝက်ချက်


ကမ္ဘာတွင်တိုးတက်သည်ဆိုသော အမျိုးသားတိုင်းသည် မိမိ တို့၏ယူနီဖောင်း ယဉ်ကျေးမှုနှင့်ဘာသာစကားများကို တိုင်းတစ်ပါးလူမျိုးခြားများထံ လွမ်းမိုးရန် ပျံနှံရေပန်းစားရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရှိရပေလီမ့်မည်။ အာရိယာ အမျိုးသားသမိုင်းကိုကြည့်ပါ။ ဖာရစီများရဲ့ရာဇဝင်ကိုကြည့်ပါ။ ကုလ်ဒါနီနှင့် အီဗရာနီသမိုင်းကိုကြည့်ပါ။ ယဟူဒီများနှင့်ခရစ်ယန်များအကြောင်းတွေးကြည့်ပါ။ အဝေးကြီးကိုထားပါအုံး အာရဗ်များနှင့်မွစ်လင်များ၏ ကြိုးပမ်းဆောင်ရွက်ချက်များမှာ ကျွန်နုပ်တို့၏လက်တစ်ကမ်းတွင်မျက်ဝါးထင်ထင်ရှိနေ၏။ အာရဗ်ဘာသာစကားသည်
အာရဗ်နိုင်ငံပိုင်စကားသက်သက်ဖြစ်ပါသည်။ အီရတ်ဆီးရီးယား ပါလက်စတိုင်း အီဂျစ် ဆူဒန် အလ်ဂျီးရီးယား တူနီးရှား
ဖာရစီ၏တော်အရပ်ဖြစ်သော လီဗီးယားနှင့် စီနီဂေါလ် တစိတ်တစ်ဒေသ စသော နိုင်ငံများရှိ လူပိုဂ္ဂိုလ်တိုင်းသည် အာရဗ်စကားမပြောတတ်ပါ။ အစ္စလမ့်ယဉ်ကျေးမှုနှင့် ထုံးထမ်းစဉ်လာများသည်လည်းမသိရှိကြပါ။ သို့သော်လည်းအာရဗ်လူမျိုးများသည် ယင်းနိုင်ငံများတွင် မိမိတို့၏ဘာသာစကား ယဉ်ကျေးမှု လူနေမှုနှင့် သာသနာကို
ပါထွန်းကားပြန့်ပွါးရန်ကြိုးစားခဲ့ကြပါသည်။ ယင်းနိုင်ငံများရှိဘာသာခြားများပင်လျှင် ယနေ့တိုင်အာရဗီစကားနှင့် ယဉ်ကျေးမှုများကို မိမိတို့ပိုင်ဟူ၍ ခံယူလျှက် ရှိကြပေသည်။

အစ္စရေးလူမျိုးများ ကုလ်ဒါနီမျိုးဆက်များနှင့် တူရကီသားချင်းများ၏ မျိုးနွယ်စုအမြောက်အများသည် မိမိမွေးရပ်ဌါနမှာပင်လျှင် အာရဗ်ယသ်ကျေးမှု၏ လွမ်းမိုးကြီးစိုးမှုကို ခံယူရပေသည်။ တစ်စုံတစ်ယောက်ကမိမိတို့၏
ဇာတိဇစ်မြစ်အမှန်ကို သိရှိဖေါ်ထုတ်ပြောကြားပါက ထိုလုပ်ရပ်ကို ကဲ့ရဲ့ရှုတ်ချလေ့ရှိပြီး မိမိတို့ကို မိမိတို့ အာရဗ်ဟူ၍
သာ မှတ်ထင်ကြပြီး အာရဗ်ဖြစ်ကြောင်းကြွေးကျော်ဂုဏ်ယူကြပေသည်။

တဖန်အင်္ဂလီပ်များကိုကြည့်မည်ဆိုပါက ၄င်းတို့သည် မိမိတို့ကျွန်းဆွယ်မှထွက်၍ ကနေဒါ သြစတေးလျှ အမေရိက
နယူးဇီလန် ကိစ်ပ်တောင်းနှင့် တောင်အာဖရိက အစရှိသော်နိုင်ငံများတွင် အလွန်ဒုက်ခခံကာ ကြိုးပမ်းအားထုတ်၍
မိမိတို့၏ဘာသာစကား ယဉ်ကျေးမှု သာသနာနှင့်ဝတ်စားဆင်ယဉ်မှုများကို ပါမကျန် ဖြန်ချီထွန်းကားစေခဲ့ပါသည်။
ခရစ်ယန်ဘာသာမဟုတ်သူများ၌ပင်လျှင် အင်္ဂလိပ်ယဥကျေးမှုနှင့် ဖက်ရှင် ဝတ်စားဆင်ယဉ်မှုများ စီမ့်ဝင်နေပေသည်။

ထိုစီမ့်ဝင်မှုသည် တစ်နေ့တစ်ခြား အီန္ဒိယနိုင်ငံတွင်လည်း တိုးတက်ပြန့်ပွါးလျှက်ရှိပါသည်။ ဟိန္ဒုဝံသာနုရက္ခိတရှင်များက
လှိုင်းတံပိုးကိုကြည့်၍ မိမိတို့၏ ပျောက်ကွယ်သီမ်မြှုပ်လျှက်ရှိပြီးသမိုင်းအထောက်အထားအရ အများသုံးစကားလည်းမဖြစ်ခဲ့ အိန္ဒိယနွယ်ဖွါး တိုင်းရင်းသား အာရိယာမျိုးနွယ်၏ စကားဟုလည်း အခိုင်အမာကောက်
ချက်ချ၍မရနိုင်သော် စန်ကရစ် ဘာသာစကားကို ဖြန့်ချီလျှက်ရှိပေသည်။ဟော်ပြောမှုများတွင် စန်ကရစ်ဘာသာစကား
ရိာုင်နှုန်း 50 ခန့်ထည့်သွင်းပြီး လူအများနားမလည်အောင်ပြုလုပ်သကဲ့သို့ရှိနေပေသည်။ ၄င်းတို့အမျိုးသားများကိုတိုင်
ထိုစကားကို နားလည်သိရှိခြင်းမရှိပေ။ ၄င်းပြင်ဘာသာရေးစကားဟောဆရာများက ၄င်းတို့၏ဟောကြားချက်များတွင်
80 နှင့် 90 ၇ာခိုင်နှုန်းခန့်အထက်ပါဘာသာစကားနှင့် ဘာရှားဘာသာစကားကို ရော်နှော်ပြောဆိုကြသည်။
သိုကသော်လူအများသည် ယင်းဘာသာစကားကိုနဝင်ပီယံ နားထောင်ခြင်းမှလွှဲ၍ သိ၇ှိနားလည်းခြင်းမရှိကြပါ။
အနုပညာကျောင်းများ ဘာသာစကားပညာရှင်များ ထားရှိ၍ငွေကုန်ကျေးကျခံကာ ဖြန့်ချီလျှက်ရှိပြီး ဆုနှင်းသဘင်များကျင်းပခြင်းကိုလည်း ပြုလုပ်နေကြပါသည်။သို့သော်လည်းတစ်ကမ္ဘာလုံးတွင် တီမ်ညမှုပ်ပျောက်ကွယ်နေသော သိသူမရှိသလောက်ရှားပါးသော်စကားဖြစ်သကဲ့သို့ စတင်ပေါ်ပေါက်စဉ်ကလည်းအများပြည်သူသုံးစကားမဟုတ်ပေ။

သို့သောလည်းအားတွန်ခွန်စိုက် ကြိုးပမ်းလျှက် ထိုစကားနှင့်ထုံးတမ်းစဉ်လာကို အီန္ဒိယတစ်ပြည်ထောင်လုံ၌ ထွန်းကားပြန့်
ပွါးအောင်အားတွန်ခွန်စိုက်ကြိုးပမ်းနေကြပေသည်။အမှန်တကယ်တွင်လည်း အခြေမခိုင် ယိုင်နဲ့မပြည့်စုံသော ယဉ်ကျေး
မှုတာလျှင်ဖြစ်သည်။ ဒိုဘီဝတ်ခြင်းကိုမစွန့်လွတ်ရန် M.L.C နှင့် M.L.A အစည်းအရုံးများ၏ ဆုတံဆိပ်များ ကောင်စီ၏ဆုတံဆိပ်များသတ်မှတ်ခြင်းနှင့် ထိုအမျိုးသား၏ဝန်ကြီးများ အရာရှိကြီးများနှင့် ခေါင်းဆောင်များသည် ဒိုဘီ
ဝတ်၍ ကမီးစ်အင်္ကျီခြုံကာဦးထုတ်မဆောင်းပဲ လူပုံအလည်တွင် လူထုအစည်းအဝေးပွဲများကိုတက်ရောက်လျှက်ရှိပါသည်။
မှန်တကယ်၌ ဒိုဘီဝတ်ခြင်းမှာ ပါဂျမာဘောင်းဘီထက် အဝတ်အထည်ပိုမိုကုန်ကျပြီး ခန္ဓာကိုယ်လည်း လုံခြုံအောင်ဖုံးဖုံးဖိဖိ
မရှိသလို အပူအအေးဒါဏ်ကိုလည်း ကာကွယ်နိုင်ခြင်းမရှိ သောအဝတ်အစားဖြစ်ပါသည်။ သို့ပေသော်ငြားလည်း ပါဂျမာဘောင်းဘီကို မရွေးချယ်ပါ။ ဆံပင်ကျိုတီကျစ်ခြင်း လည်ပင်းတွင် ကြိုးထုံးဝတိခြင်းကို အလေးထားဆောင်ရွက်ကြပါသည်။ဒါတွေအားလုံးဟာဘာ့အတွက်ကြောင့်ပါသလဲ။ ဒါတွေဟာကိုယ်အမျိုးသားတွေရဲ့ ဝိသေတလက္ခဏာကြီးတွေမဟုတ်ပါလား။ အမျိုးသားယူနီဖောင်းမဟုတ်ပါလား ယင်းအတွက်ကြေင့်ပင် သူတို့သည်
မိမိတို့၏ဂုဏ်ဒြပ်ကို ထိန်းသီမ်းရန် ပုံစံများထုတ်ယူ ဆောင်ရွက်ခြင်းများ မဟုတ်ပါလား။

ဂုရုနာနတ်နှင့် ၄င်း၏နောကိုက်များသည် မိမိတို့၏တစ်သီးတစ်ခြားဂုဏ်ဒြပ်ကို တည်ဆောက်ကြပါသည်။ ဆံပင်မညှပ်မရိတ်ပဲ အရှည်ထားခြင်း မုတ်ဆိတ်ထားခြင်း သံကွင်းများဝတ်ဆင်ခြင်းနှင့် ကွမ်းယာစားခြင်းကို အမျိုးသား
ယူနီဖေါင်းအဖြစ်ပြုလုပ်ခဲ့ကြပါသည်။

ယနေ့ထိုယူနီဖေါင်းကြောင့် ဆ(ခ်) ပန်ချာပီ လူမျိုးများအသက်ပေးရန်ဝန်မလေးပေ။ပူပြင်းသော်နိုင်ငံတွင်ပင်ဒက်ခအမျိုး
မျိုးခံခဲ့ကြပေသည်။ သိုကသော်ဆံပင်ရိပ်ခြင်းနှင့် ညှပ်ခြင်းကိုလက်သင့်မခံခဲ့ပေ။
အကယ်လို့ထိုအရာများကိုစွန်ကလွတ်လိုက်ပါက ကမ္ဘာ့အလယ်တွင် ၄င်းတို့၏သီးခြားဆန်းသစ်သောဂုဏ်ဒြပ်နှင့် အမျိုးသားရေးတည်ရှိမှုကိုသင်္ဂြိုလ်သကဲ့သို့ဖြစ်သွားပေလီမ့်မည်။


မုတ်ဆိတ်ထားခြင်းသည် အစ္စလမ့်ဝိသေသလက္ခဏာရပ်ကြီးဖြစ်ခြင်း

အထက်တွင်ဖေါ်ပြခဲ့ပြီးသော အကြောင်းအချက်များဖြင့် ထင်ရှားနေသည်မှာ လောကကမ္ဘာ၌ သီးခြားကိုယ်ပိုင်ဘဝဖြင့်ရပ်တည်နိုင်ရန်နှင့် သမိုင်းတွင်ရစ်ရန်မှာ မိမိတို့၏ ကိုယ်ပိုင်ထူးခြားဆန်းသစ်သော ဝိသေသလက္ခဏာများဖြစ်သော အနေအထိုင် ယဉ်ကျေးမှု လူမှုဆက်ဆံရေးနှင့် ဘာသာစကားများဖြင့် ကွကြွဲပြားပြားကျင့်သုံး ကြရပေမည်။

သို့ပါသောကြောင့် အထူးအရေးကြီးသည်မှာ အစ္စလမ်ဘာသာ သာသနာသည် ယုံကြည်ချက် စာရိတ္တ အကျင့်သီလနှင့်
အရေးကိစ္စတိုင်းတွင် လော်ကရှိ အခြားဘာသာများနှင့် တူညီမှုမရှိစေရပဲ တမူထူးခြား သီးသန့်ဖြစ်ပြီး ကွဲပြားနေစေရမည်။
ထူးခြားသောလက္ခဏာဝိသေတများ သတ်မှတ်ထားရှိခြင်းနှင့် ယင်းတို့ကိုရိုသေကိုင်းရှိုင်းအရေးထားလျှက် ထိန်းသီမ်းခြင်းကို အမျိုးသားရေး ဘာသာရေးထိန်းသီမ်းမှုဟူ၍ ခံယူထားကြရပေမည်။ယင်းအတွက်အသက်စတေးရမည်ဆိုလည်း စတေးရမည်။ ထို့ထက်ပိုအရေးကြီးသည်မှာ အစ္စလမ်၏ ဝိသေတလက္ခဏာများနှင့် ယူနီဖေါင်းသည် အလ္လဟ်အမိန့်နာခံသူများ အလ္လဟ်အသျှင့်ကျေးကျွန်များ၏ယူနီဖေါင်းလည်းဖြစ်
သည်။ ယင်းကိုလိုက်နာကျင့်သုံးခြင်းဖြင့်၊ အလ္လဟ်အမိန်ကဖီဆန်သူ ဓမ္မအန္တ၇ယ်များနှင့် ကွဲပြားခြားနားအောင် နေထိုင်ကြ
ရမည် ထိုကဲ့သို့နေထိုင်ခြင်းဖြင့် သွေဖီညင်းဆန်သူများနှင့် မိမိ၏ကြားခြားနားပြစ်ရမည်ဖြစ်ပါသည်။

မမာဆိုရသော်.......
မည်သူမဆိုတစ်ပါးသူ၏ အတုယူခဲ့သော ထိုသူသည်အတုယူခံရသူများအနက်မှဖြစ်သည်ဟု ဟဒီးစ်တော်မြတ်လာရှိထားပေသည်။မုတ်ဆိတ်ကိစ္စနှင့် ပတ်သက်ပြီးလူငယ်များကိုပြောပါက စိတ်ဆိုးသွားတတ်ကြပေသည်။
ယင်းနှင့်ပတ်သက်၍ ရစူလွလ္လဟ် (ဆွ) က မိမိအနွံတာခံ နောက်လိုက်များကို ခြားနားသောယူနီဖေါင်းများသတ်မှတ်ပေးခဲ့ပါသည်။ တနေရာ၌ မိန့်တော်မူသည်မှာ မွတ်ရှ်ရိက် တုပကိုးကွယ်သူများနှင့်
မွစ်လင်များအကြား ခြားနားမှုမှာ မွစ်လင်များသည် ဦးထုတ်ဆောင်းပြီးမှ ခေါင်းပေါင်းကို စည်းနှေင်ကြသည်ဟူ၏။

ယင်းကိစ္စနှင့်သက်၍ စံပင်အလည်ခွဲခြင်းကိုလည်း ညွန်းကြားခဲ့ခြင်းဖြစ်သည်။ ခြေမျက်စိပေါ်အောင် ဝတ်စားကြရမည်ဟူ
၍လည်း ဘာသာခြားများနှင့်ခြားနားရန်မိတ်ကြားခဲ့ခြင်းဖြစ်သည်။ မာနထောင်လွှားသူများ ဟန်ကြီးပန်ကြီးသူများ၏
ဓလေ့ဖြစ်သော် ခြေဒရွတ်တိုက်ဝတ်ဆင်ခြင်းကို ဆန့်ကျင်စေရန်အတွက်မိန့်ကျားခဲ့ခြင်းဖြစ်ပြီး သာသနာတော်၏ပညတ်ချက်များတွင် ဤကဲ့သို့သော ပုံစံများအမြောက်အများပါရှိပါသည်။စာရှည်သြွးမည်ကိုစိုးရသောကြောင့်အချုပ်သဘော်တင်ပြပါအံ။ရဟူဒီများ၊နဆွာရာများ၊
မဂျူဆီမီးပူဇော်သူများ မွတ်ရှ်ရိက်တုပကိုးကွယ်သူများနှင့် ခြားနားစွာနေထိုင်ရန် အမိန့်ပေးထားခဲ့ပါသည်။
ထိုအမိန့်နာခံခြင်းကိုပင်လျှင် သူတို့နှင့် မိမိတို့၏ ခြားနားသောဝိသေသလက္ခဏာရပ်ကြီးများအဖြင့် ပြုလုပ်ထားပေသည်။

ထိုအတွက်ကြောင့်ပင် အမျိုးသမီးနှင့် အမျိုးသားများကြား၌လည်း ခြားနားသောယူနီဖေါင်းများသတ်မှတ်ထားပြီး လိုက်နာရန်အရေးတယူတင်းကျပ်ထားသည်။ အမျိုးသမီးယူနီဖေါင်းနှင့် အမျိုးသားကိုသော်၎င်း အမျိုးသားယူနီဖေါင်းနှင့်
အမျိုးသမီးကိုသော်၎င်း ကိုယ်တော်မြတ်(ဆွ)က လအ်နသ်ပြု ကြီမ်ဆဲတော်မူထားခဲ့ပါသည်။

ထိုကိစ္စမျိုးနှင့်ပတ်သက်၍ပင် အာရဗီဘာသာဖြင့် ခွသ်ဗဟ်ဖတ်ခြင်းလည်းပါဝင်သည်။ နှုတ်ခမ်းမွှေါ်ညှပ်ခြင်း ရိတ်ခြင်းနှင့် မုတ်ဆိတ်မွေးလက်တစ်ဆုတ်ခန့်ထိရှည်အောင်ထားစေခြင်းများလည်းပါဝင်သည်။


(၁) "မွတ်ရှ်ရှိက် တုပကိုးကွယ်သူများနှင့် ဆန့်ကျင်ကြ ၊မုတ်ဆိတ်ရှည်ထားကြ ၊နုတ်ခမ်းမွှေးဖြတ်ကြ "(မွတ်စလင်မ်ကျမ်းတွဲ
(၁)စာ-227-ဘူခါရီ-စာ-78) နောက်ဟဒီးစ်တော်တစ်ပါး၌ လာရှိသည်မှာ---------

(၂) "နှုတ်ခမ်းမွှေး ရိတ်ခြင်းနှင့် မုတ်ဆိတ်မွှေးထားခြင်းဖြင့် မဂျူဆီမီးပူဇော်သူများနှင့် ဆန့်ကျင်ကြ"(မွစ်လင်မ်ကျမ်း၊ စာ-327)

(3) နှုတ်ခမ်းမွှေးမရိတ်မညှပ်သူသည်ငါ၏အသင်းသားမဟုတ်။(သီရ်မေဇီနှင့် နစာအီကျမ်း)

အထက်ပါဟဒီးစ်ဆင့်ပြန်ချက်များနှင့်အတူ ဆင့်ပြန်ချက်အမြှောက်အမြား ဟဒီးစ်ကျမ်းဂန်များတွင် ပါရှိသေးသည်။ ယင်းဖြင့်သိရသည်မှာ ထိုခေတ်သမယက မွတ်ရှ်ရိက်များနှင့် မဂျူဆီများသည် မုတ်ဆိတ်ရိတ်ကြသည်။နှုတ်ခမ်းမွှေးထားကြသည်။ ယင်းကိုယနေ့ခရစ်ယန်များနှင့် ဟင်ဒီများလက်ဆင့်ကမ်းကျင့်သုံးလျှက်ရှိကြပေသည်။ ဤသို့ပြုလုပ်ခြင်းသည်ပင်လျှင် ၄င်းတို့၏ ထူးခြားသောဝိသေတလက္ခဏာများနှင့်ယူနီဖေါင်းဖြစ်သည်။ ထိုသို့သောကြောင့် မွစ်လ 

 

> ကုဖုရ်နှင့် ရှိရိက်တို့၏လက္ခဏာများ

ကုဖုရ်နှင့် ရှိရိက်တို့၏လက္ခဏာများ


အလ္လဟ်အသျှင်မြတ်၏ နေအ်မသ်များကို နားလည်သဘောပေါက်ပြီးနောက် ငြင်းဆန်သူတို့ အားလုံးတို့သည်
ကာဖီရ်များဖြစ်ကြ၏ (ဆူရဟ်နဟလ် ၈၃)


အချို့သော ငါ၏နောက်လိုက်တို့သည် မနက်မိုးလင်းသည်နှင့် မွစ္စလင်အဖြစ်နှင့်ထကြသည်။အချို့သည်ကာဖီရ်အဖြစ်နှင့်ထကြသည်။။(အလ်ဟဒီးစ်)


မွစ်လင်ဟူသည် အလ္လဟ်အသျှင်မြတ်အား အစဉ်ရိုကျိုးကာဦးချရမည်။ မိမိကိုယ်၌သည်ဘာမှမဟုတ်ပဲ အသျှင်မြတ်တာလျှင်အရာရာကိုစိုးပိုင်တော်မူကြောင်း လုံးဝသိရှိနေရမည်။ မိမိထံပါးရှိမည်သည့်ပစ္စည်းကိုမဆို မိမိအပိုင်မဟုတ်သလို မိမိအသက်နှင့်ခန္ဓာကိုယ်သည်ပင် အသျှင်ပိုင် ပစ္စည်းဖြစ်ကြောင်း လုံးဝယုံကြည်ရမည်။
မိဘအမွေခံပစ္စည်းပင်ဖြစ်စေ ၄င်းသည်လည်းအသျှင်ပေးအပ်သည်ဟု လက်ခံရမည်။ ငြင်းဆန်မိလျှင် ကာဖီရ်
ဖြစ်သွားနိုင်ပေသည်။ ထိုသူသည်ချက်ချင်း အီစ်သီဂ်ဖွါရ်ဖတ်ကာ ခွင့်လွတ်မှုကိုတောင်းခံရပေမည်။ ထိုသို့မဖတ်မိလျှင်
ထိုသူသည် ကာဖီရ်ဖြစ်သွားတတ်သည်။ ထို့ကြောင့်မွစ်လင်မ်သည်နံနက်မိုးလင်း အိပ်ရာကထလျှင် မွစ်လင်အဖြစ်နှင့်ထသော်လည်း နိယသ်(သို့)စိတ်ကူးတွင် တစ်စုံတစ်ခု ချွတ်ချော်သွားသည့်အတွက် ကာဖီရ်ဖြစ်သွား
တတ်၏။ ထိုသို့စိတ်ကူးတွင် ချွတ်ချော်မှုမဖြစ်ရအောင် ကုဖ်နှင့်ရှရိက်မဖြစ်သွားရအောင် ကုဖ်နှင့်ရှရီးက်ဖြစ်တတ်သော
အချက်များကို သိထားသင့်ပေသည်။ ၄င်းအချက်များစိတ်ကူးတွငပေါ်လာတိုင်း မွစ်လင်တို့သည်ချက်ချင်း အီစ်သီဂ်ဖွါရ်ဖတ်ကာ
အသျှင်မြတ်ထံသော်၌ ခွင့်လွတ်မှုကိုတောင်းခံသင့်ပေသည်။ ၄င်းအချက်များမှာ......


(၁) ကုဖုရ်လုပ်ခြင်းကိုနှစ်သက်ခြင်း
(၂) ကုဖုရ်နှင့်ပတ်သက်သော်စကားများကိုနှစ်သက်ခြင်း
(၃) တစ်စုံတစ်ဦးအားကုဖုရ်စကားများပြောစေခြင်း
(၄) မွစ်လင်ဖြစ်ခြင်းကိုနောင်တရခြင်း(ဥပမာ) ငါသည်မွစ်လင်မဖြစ်ခဲ့လျှင် ရာထူးကောင်းကောင်းရနိုင်သည်ဟုနောင်တရခြင်း
(၅) သားသမီးတစ်ယောက်ယောက်၏သေဆုံခြင်းအပေါ် အလ္လဟ်အသျှင်မြတ်အား စိတ်ဆိုးကာ အပြစ်တင်ခြင်း။
(၆) အလ္လဟ်နှင့် တမန်တော်၏ အမိန့်တော်များကို အပြစ်မြင်ခြင်း
(၇) နဗီ(သို့) မလာအေကဟ် တစ်ဦးဦးအားအပြစ်တင်ခြင်း
(၈) ဝလီသူတော်စဉ် (သို့) ဆရာတစ်ဦးဦးသည် မိမိ၏ရှေးဖြစ်နှင့် နှေင်းဖြစ် အားလုံးကို တပ်အပ် ကုန်စဉ် သိမြင်သည်ဟု ထင်မြင်ခြင်း
(၉) နတ်ခက္ခတ္တပညာရှင်တစ်ဦး(သို့) လက္ခဏာပညာရှင်တစ်ဦး (သို့) ဗေဒင်ပညာရှင်တစ်ဦးထံမှ ရှေးဖြစ်နှေင်းဖြစ်များကို မေးမြန်းခြင်း အတိတ်နမိတ်လက္ခဏာများ တောင်းခံခြင်း

(၁၀) ဆရာတစ်ဦးဦးနှုတ်မှထွက်သော စကားကိုအတိတ်နမိတ်ကောက်ကာ မိမိတို့လုပ်ငန်းတွင်အသုံးပြုခြင်း
(၁၁) တစ်စုံတစ်ဦးဦးအား မိမိ၏အောင်မြင်စေသူ (သို့)ဆုံးရှုံး စေသူဟု လက်ခံခြင်း
(၁၂) တစ်စုံတစ်ဦးထံမှထင်မြင်ချက်တောင်းခံခြင်း
(၁၃) တစ်စုံတစ်ဦးထံမှ ရိုဇီရိက္ခာ တောင်းခြင်း သားသမီးမွေးဖွါးစေရန်တောင်းခံခြင်း
(၁၄) တစ်စုံတစ်ဦးအတွက်ရည်စူးကာ ရိုဇာစောင့်ထီမ်းခြင်း
(၁၅) တစ်စုံတစ်ဦးအား စဂ်ျဒါဦးချခြင်း
(၁၆) တစ်စုံတစ်ဦး အတွက်ရည်စူးကာ တိရိစ္ဆန်တစ်ကောင်ကောင် အားသတ်ဖြတ်ခြင်း
(၁၇) တစ်စုံတစ်ဦးနာမည်တမ်းတကာကိုးခြင်း
(၁၈) တစ်စုံတစ်ဦး၏ အီမ်(သို့) သင်္ချိုင်းအား သဝါဖ်လှည့်လည်ခြင်း
(၁၉) အလ္လဟ်အသျှင်မြတ်၏အမိန့်တော်နှင့် အမျိုးသားယဉ်ကျေးမှုတို့ ယှဉ်လာလျှင် အမျိုးသားယဉ်ကျေးမှကိုဦးစားပေးခြင်း
(၂၀) တစ်စုံတစ်ဦးအရှေ့တွင်ဦးခေါင်းငုံခြင်း (သို့)ကျောက်ရုပ်ကဲ့သို့ရပ်နေခြင်း
(၂၁) တစ်စုံတစ်ဦး၏နာမည်အားတမ်းတကာ တိရိစ္ဆန် တစ်ကောင်ကောင်အားသတ်ဖြတ်ခြင်း
(၂၂) ရှိုင်တွန်မိစ္ဆာထုတ်ရန်ဟုဆိုကာ သိုးဆိတ်တို့အားသတ်ဖြတ်ခြင်း
(၂၃) အဆောက်အအုံ တစ်ခုခုအား အသျှင့်အီမ်တော်ထက်တန်ဖိုးထားခြင်း
(၂၄) တစ်စုံတစ်ဦး၏အမည်ကိုတမ်းတကာ နားနှင့်နားခေါင်းပေါက် ဖေါက်ပေးခြင်း နားကွင်း(သို့) နားကပ်တပ်ပေးခြင်း
(၂၅) တစ်စုံတစ်ဦးနာမည်ရေးထားသော် လက်ဖွဲ့ကို လ်ာပင်းလက်မောင်းတို့တွင် ဝတ်ဆင်ခြင်း
(၂၆) တိရိစ္ဆန်တစ်ကောင်၏ လည်ပင်းတွင်သူတော်စဉ်တစ်ဦး၏ နာမည်တပ်ကာ ၄င်းတိရိစ္ဆန်ကို အလေးအမြတ်ထားခြင်း
(၂၇) နတ်ခတ်တို့၏ လှုပ်ရှား မှုသဘောကို လေ့လာကာ ကံကြမ္မာကို သတ်မှတ်ဆွေးနွေးခြင်း။
(၂၈) ရက်ကောင်းရက်မြတ်အားသတ်မှတ်ခြင်း ပြသာာဒါးရက်တို့အားသတ်မှတ်ခြင်း
(၂၉) ရက်(သို့) လ တစ်ခုခုကို မကောင်းသော ရက် လ ဟုသတ်မှတ်ခြင်း
(၃၀) တစ်စုံတစ်ဦး၏ဦးခေါင်းနှင့် အမည်အား တပ်ကာ ကြီမ်တွယ်ခြင်း
(၃၁) သက်ရှိတို့၏ကြီးမားသော ရုပ်ပုံများအား အီမ်တွင်ထားခြင်း
(၃၁) သူတော်စဉ် တစ်ဦးဦး၏ရုပ်ပုံကို မင်္ဂလာရှိစေရန် ရည်ရွယ်ချက်ဖြင့်ထားခြင်းနှင့် ၄င်းကိုအစဉ်လေးစားမှုပြုခြင်း

ဤအချက်များအပြင်နောက်လည်း ရှရီက်နှင့်ကုဖ်ဖြစ်စေသောအချက်များမြောက်များစွာရှိပါသည်...သိထားလျှင်...သတိ
ထားမည့်မည်ဖြစ်သောကြောင့် အားလုံးအတွက်ရည်စူးပြီးတင်ပြလိုက်ရပါသည်။

> ကြီးလေးသော ပြစ်မှု တစ်ခု (ပွဲလမ်းသဘင်များနှင့် ပတ်သက်၍)

ဟေရှမ်း(S-4) 53 days ago
ActivityRank: 6
မွတ်စ်လင်မ်တစ်ဦး အနေဖြင့် မိမိဘ၀ ဆောက်တည်ရာတွင် ကဏ္ဍတိုင်းအတွက်
လိုအပ်ချက်များကို ရှရီအသ် တရားတော်က ပြီးပြည့်စုံစွာ ရှင်းရှင်းလင်းလင်း
တင်ပြထားပြီး ဖြစ်သည်။ ဥပမာ - လူမှုရေး၊ သာရေး၊ နာရေး၊ စာရိတ္တ၊
ဝတ်စားဆင်ယင်မှု၊ ပြောဆိုနေထိုင်မှု၊ အခမ်းအနားများတွင် ပါဝင်မှုခြင်း စသည့်
ကဏ္ဍများနှင့် သက်ဆိုင်သော အမိန့်ပညတ်ချက်များကို အစ္စလာမ့် တရားတော်မြတ်က
ရှင်းရှင်းလင်းလင်း တင်ပြထားပြီးဖြစ်လျှက် ယနေ့ ကျွန်ုပ်တို့သည် အလေးမထား
လစ်လျူရှုနေကြသည်ကို ၀မ်းနည်းစွာ တွေ့မြင်နေရပါသည်။
မွတ်စ်လင်မ်တစ်ဦး အနေဖြင့် ဤသို့ အခြားဘာသာဝင်များ၏ ဓလေ့ ထုံးတမ်းစဉ်လာ
ရိုးရာဓလေ့နှင့် ယဉ်ကျေးမှု စသည်များကို အတုခိုးခြင်း ၊ ပုံတူကူးချ ခြင်း
များ ပြုလုပ်ရန် မလိုအပ်ပေ။

ယခုအခါ မွတ်စ်လင်မ်အချို့သည် ခရစ္စမတ်နှင့်
နှစ်သစ်ကူးကာလများတွင် ယင်းအခမ်းအနားများတွင် ပါဝင်နေကြောင်း
ဝမ်းနည်းစွာတွေ့ရှိရပါသည်။ အဘယ့်ကြောင့် ဆိုသော် အစ္စလာမ်တို့အား
အခြားသူတို့၏ ရိုးရာဓလေ့အရဖြစ်စေ၊ ဘာသာရေး အရဖြစ်စေ ကျင်းပသော အခမ်းအနား
များတွင်ပါဝင်ခြင်းမှ အထူးတလည် တားမြစ်ထားသောကြောင့် ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်တွင် - - - - -
"ထိုမှ တစ်ပါး အသင်တို့သည် (မိမိတို့ကိုယ်ကိုမိမိတို့ပင်) ညှင်းပန်းနှိပ်စက်ကြကုန်သော သူတို့အပေါ်ဝယ် ယုံကြည်စိတ်ချ
အားထားခြင်းမပြုကြကုန်လင့်၊

သို့(ယုံကြည်စိတ်ချအားထားကြ)ပါလျှင် အသင်တို့တွင် ငရဲမီး (ဘေး)သည်
ထိရောက်ပေမည်။ထို့ပြင် အလ္လာဟ့်အရှင်မြတ်မှ အပ သင်တို့ အဖို့ မိတ်ဆွေမွန်
တစ်ဦးတစ်ယောက်မျှပင်ရှိကြလိမ့်မည် မဟုတ်ပေ။ ထို့နောက် အသင်တို့သည် ကူညီ
မှိုင်းမ ခြင်းကို လည်း ခံကြရမည် မဟုတ်ပေတကား" (စူရာဟ်ဟူးဒ် - 113)

` ကျူးကျော်စော်ကားသူတို့အား မှီခိုအားထားခြင်းမပြုရ`

အထက်တွင် စည်းကမ်းမကျူးလွန်ရန် တားမြစ်ထားတော်မူ၏။ ယခုအာယသ်တော်တွင်
စည်းကမ်းကျူးလွန်လျက်ရှိသူများဘက်သို့ အနည်းငယ် စိုးစဉ်းမျှ
မယိမ်းယိုင်မိကြရန် တားမြစ်ထားတော်မူသည်။ ယင်းစည်းကမ်း
ကျူးလွန်လျက်ရှိသော သူများနှင့် ချစ်ခင်ရင်းနှီးမှု၊ ပေါင်းဖက်ဆက်ဆံမှု
၎င်းတို့အား အရိုအသေပေးမှု၊ ချီးမွန်းမှု၊
၎င်းတို့နှင့်နေထိုင်ဝတ်စားဆင်ရာတွင် ဆင်တူမှု၊ ပူးပေါင်းဆောင်ရွက်မှု
စသည့်ကိစ္စအားလုံးတို့တွင် တတ်စွမ်းနိုင်သမျှ ရှောင်ကြဉ်ကြရမည်။
သို့မဟုတ်ပါလျှင်ငရဲမီးသည် အသင်တို့ထံ သို့ ကူးစက်လာပေမည်။ ထိုအချိန်တွင်
အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်မှ တစ်ပါး ကူညီ ရိုင်းပင်းမည့်
အဆွေခင်ပွန်းဟူ၍ တစ်ဦးတစ်ယောက်မှ ရှိမည်မဟုတ်ပေ။ တစ်စုံတစ်ရာ အကူအညီ
လည်း အလျင်း ရရှိကြမည် မဟုတ်ပေ။ ထို့အတွက် ကြောင့် ယင်းကျူးကျော်
လျက်ရှိကြသူများဘက်သို့ အလျင်း မယိမ်းယိုင်ကြရ။
၎င်းတို့အားမှီခိုအားထားခြင်း အလျင်းမပြုကြရ။ (ကျမ်းမြတ် ကုရ်အာန်
ဘာသာပြန်ကျမ်း ၊ စာ -1286၊ စူရာဟ်ဟူးဒ် ကဏ္ဍ၊ အာယသ် 113)

အို ညီနောင်မွတ်စလင်မ်အသင်သည်မိမိကိုယ်ကိုကာဖရ်များနှင့်အတူပြန်လည် ထစေရက်သလား

ထို့အတူ ဟဒီးစ်တော်မြတ်များတွင်လည်း အခြားလူမျိုးများ၏ ရိုးရာ ဓလေ့
ထုံးတမ်း ၊ ယဉ်ကျေးမှု စသည်တို့အား အတုခိုးခြင်း၊ ပုံတူခိုးခြင်း ကို
ဟရာမ် (ပြုပိုင်ခွင့် မရှိသော လုပ်ရပ်) ဖြစ်ကြောင်းလာရှိပါသည်။
ဟဒီးစ်တော်တစ်ရပ်တွင် ----- အစ်ဗ်နို့အုမရ်(ရသွေ့) သခင်က
တမန်တော်မြတ်(ဆွ) ၏ အမိန့်တော်ကို ဤသို့ ဆင့်ပြန်တော်မူပါသည်။ မည်သူမဆို
လူမျိုးတစ်မျိုး၏ အတုကိုခိုးပြီး (ယင်းတို့လုပ်ရပ်ကဲ့သို့လုပ်ဆောင်လျှင်) ထိုသူသည် ကေယာမသ် ကမ္ဘာ့ တရားခွင်နေ့တွင်
မိမိ အတုခိုးခဲ့သောလူမျိုးတို့နှင့် အတူ ပြန်လည်ရှင်ထရမည်
(အဗူဒါဝူးဒ်ကျမ်း စာ 559)

ဤဟဒီးစ်တော် အရ အစ္စလာမ် သာသနာ လမ်းညွှန်မှုမှ အပ အခြားဘာသာ ၀င်များနှင့်
လူမျိုးတို့၏ လုပ်ရပ်နှင့် ဆင်တူအောင် ပြုလုပ်ခြင်းသည်ဟရာမ်ဖြစ်ကြောင်
ထင်ရှား၏။ ဤဟဒီးစ်တော် ကို ဆင့်ပြန်သော ဆွဟာဗာကြီး အစ်ဗ်နို့အုမရ်(ရသွေ့ဝ
ကမူ အထက်ပါအတိုင်း ပြုလုပ်သူကို ကာဖရ် ဖြစ်ကြောင်း မိန့ထားပါသည်။
(မွတ်စ်ဆလင်မ် အများစု နေထိုင်ရာရပ်ကွက်/ကျေးရွာ
တွင်နေထိုင်နိုင်ပါလျက်)မွတ်ရှရစ်က် များ၏ ပျော်ပွဲရွှင်ပွဲ များတွင်
သွားရောက်ပါဝင်သူ/၄င်းတို့၏ နည်းစနစ်ထုံးတမ်းအစဉ်အလာများကို အတုခိုးပြီး
ပြုလုပ်ဆောင်ရွက်သူသည် ကေယာမသ်နေ့ တွင် ထိုသူများနှင့် အတူပြန်လည်
ရှင်ပြန်ထရမည်။

ပျော်ပွဲရွှင်ပွဲ ဟုဆိုရာတွင် ၄င်းတို့၏ ဘာသာရေးအရဖြစ်စေ၊
ထုံးတမ်းအစဉ်အလာအရ ဖြစ်စေ ပြုလုပ်သော အခမ်းအနားများ၊ ဘုရားပွဲများ၊
စတိတ်ရှိုး၊ သင်္ကြန်၊ သီတင်းကျွတ်ပွဲ၊ တန်ဆောင်တိုင်ပွဲ၊ တပေါင်းပွဲ
စသည်တို့အပြင် အချို့မွတ်စ်စလင်မ် များ တည်ခင်းသောမင်္ဂလာ ဧည့် ခံပွဲများ၊
မွေးနေ့ပွဲ၊ ကလေးကင်မွန်းတပ် ထမင်း ဖိတ်ကျွေးမွေးခြင်းစသော တရားတော်နှင့်
ဆန့်ကျင်သည့် စုဝေးမှုအခမ်းအနားများ အားလုံးပါဝင်သည်။

==========================================================
မွဖ်သီ အဗ်ဒွလ်ရဟီးမ်း နှင့် အခြားသော အာလင်မ်ပညာရှင်များ(မြစ်ငယ်ကျောင်း) မှ ထုတ်ဝေ သော စာစောင်တစ်ခုမှ

> အစ္စလာမ့်ဖတ်စရာမှတ်စရာစာစုများ

Sulaiman 75 days ago
ActivityRank: 16
ကဇွာရိုဇာဟ်နှင့် ကဖာရဟ်ရိုဇာဟ် Qazawah and Kaffarah

ကဇွာရိုဇာဟ်နှင့် ကဖာရဟ်ရိုဇာဟ်များအကြောင်း

(၁) ရမ်ဇာမ်လမြတ်တွင် ဖရဇ်အဖြစ်စောင့်ထိန်းသင့်သည့် ရိုဇာဟ်များကို အကြောင်း အမျိုးမျိုးကြောင့် မထားနိုင်လျှင်၎င်း၊
(၂) ရက်လသတ်မှတ်ပြီး ကိုးထားသော ရိုဇာဟ် များကို သတ်မှန်အချိန်အတွင်း မထားနိုင်ခဲ့သော်၎င်း၊
(၃) နဖိလ်ရိုဇာကို စောင့်ထိန်း နေပြီးမှ ဖျက်လိုက်လျှင်၎င်း၊
ထိုရိုဇာဟ်များကို ပြန်လည်ဖြည့်စွက်ရမည်။ ကဇွာဖြည့် စွက်ခြင်းကို မြန်နိုင်သမျှမြန်အောင် ပြုလုပ်သင့်သည်။ ၄င်းရိုဇာဟ်များကို ရက်ဆက်၍ ၄င်း၊ ရက်ခြား၍၄င်းဖြည့်စွက်နိုင်သည်။

၎င်းကဇွာရိုဇာဟ်များကို မစောင့်ထိန်းနိုင်လောက်အောင်ဖြစ်နေလျှင်၎င်း၊ အိုမင်းယင့် ယော်လွန်းနေလျှင်၎င်း၊ ကျန်းမာလာလိမ့်မည်ဟု မမျှော်လင့်နိုင်တော့လျှင်၎င်း၊ ၄င်း တို့၏ ဆွေမျိုးသားချင်းများက ဖိဒ်ယာပေးရမည်ဖြစ်သည်။ ဖိဒ်ယာပေးရမည့် အခြေ အနေသည် ဂျုံဖြစ်လျှင် ၁ ပိသာ ၁ဝ ကျပ်သား မုယောဆန်ဖြစ်လျှင် ၃ ပိသာ ၂၀ ကျပ်သား၊ (သို့) ၄င်းတို့၏ တန်ဖိုးနှင့် ညီမျှသော ငွေကို၎င်း၊ သို့ ၄င်းတို့နှင့် တန်ဖိုးညီမျှ သော ဆီ၊ ဆန်၊ ဆား တို့ကိုလည်းပေးနိုင်သည်။ အကယ်၍ ရိုဇာဟ်ကဇွာစောင့်ထိန်း ရန်တာဝန်ရှိသူသည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားလျှင် ၄င်း၏ ဆွေမျိုး သားချင်းများအနေဖြင့် ၄င်းအတွက် ဖိဒ်ယာ ပေးပေးရမည်။

ဖရဇ်ရိုဇာဟ်များကို တမင်ဖျက်ပစ်လျှင် ကဖာရဟ်ထိုက်၏။ ကဖာရဟ်ဆောင်ရွက် နည်းနှစ်မျိုးရှိ၏။ တစ်မျိုးမှာ ရက်ပေါင်း ၆၀ ဆက်တိုက် ရိုဇာဟ်စောင့်ထိန်းရမည်။ အကယ်၍ ရက်ပျက်ဖြစ်ခဲ့လျှင် အစမှပြန်၍ ထားရမည်ဖြစ်သည်။ အခြားတစ်မျိုးမှာ ဆင်းရဲသား ၆၀ ဦးအား ထမင်း ၂ နှပ် အ၀ ကျွေး၇မည်။ ထမင်းမကြွေးနိုင်ဖြစ်လျှင် ဆင်းရဲသားတစ်ဦးအား ဂျုံဖြစ်လျှင် ၁ ပိသာ ၁ဝ ကျပ်သား မုယောဆန်ဖြစ်လျှင် ၃ ပိသာ ၂၀ ကျပ်သား (သို့) ၄င်းတို့၏ တန်ဖိုးနှင့် ညီမျှသော ငွေကို၎င်း၊ သို့ ၄င်းတို့နှင့် တန်ဖိုးညီမျှ သော ဆီ၊ ဆန်၊ ဆား တို့ကိုလည်းပေးနိုင်သည်။ ပေးနိုင်သည်။ ဆင်းရဲ သားတစ်ဦးတည်းကို ၆၀ ဦးအတွက်ပေးရမည့် ဂျုံနှင့် ၄င်း၏တန်ဖိုးညီသော ငွေများ အားလုံးကို တစ်ချိန်တည်း မပေးအပ်ရပါ။ သို့သော် ၄င်းဆင်းရဲသားတစ်ဦးကို တစ်ရက်လျှင် ထမင်း ၂ နပ် ရက်ပေါင်း ၆၀ ကျွေးလျှင်လည်း ပိုင်ပါသည်။ ဆင်းရဲသား တစ်ဦးကို တစ်ရက်အတွက် ထိုက်သော ကဖာရဟ်ထက် ပိုပေးခဲ့လျှင်လည်း ပိုသမျှ သည် အကျုံးမ၀င်ဘဲ တစ်ရက်အတွက်သာ ကဖာရဟ်ဖြစ်ပေမည်။ ကဖာရဟ် သတ် မှတ်ထားသည့် တန်ဖိုး (သို့) အလေးချိန်ထက် ရော့နည်းကာ ပေးအပ်လျှင်လည်း ကဖာရဟ်မပိုင်ပါ။ ရမ်ဇာမ်လ၏ ရိုဇာဟ်အချို့ပျက်ခဲ့လျှင်လည်း ကဖာရဟ်တစ်ခုသာ တာဝန်ရှိပါသည်။
 

Sulaiman 75 days ago
ActivityRank: 16
ဒီနှစ်မှ အရွယ်ရောက်တဲ့လူတွေ သို့ အကြောင်းအမျိုးမျိုးကြောင့် ရိုဇာမထားနိုင်တာ ကြာပြီဖြစ်တဲ့ လူတွေအတွက် အထောက်အကူ ပြုနိုင်မယ့် အချက်အလက်တွေပါ။

မူရင်းဆောင်းပါး >> http://www.iagd.net/LearnIslam/EidulFitrRamadan/Ramadantipsforfirst...

၁) ရက် ၃၀ ဆက်တိုက် ရိုဇာထားတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အလ္လာဟ်အရှင်မြတ်ရဲ့အကူအညီနဲ့ ဒီ ရက်၃၀ ဟာ သင့်အတွက် အဓိပ္ပာယ်အရှိဆုံး အကောင်းဆုံးရက်တွေ ဖြစ်လာမှာပါ။

၂) ရမ်ဇာန်လဟာ နေထွက်ချိန်မှ နေဝင်ချိန်အထိ အစားအသောက်ရှောင်ပြီး ဆင်းရဲသားများအတွက် ကိုယ်ချင်းစာတတ်စေရုံသာမကပဲ မိမိ၏ နှလုံးသားကို အပြစ်ရှိတဲ့ အတွေး အလုပ်များ အားလုံးမှ ရှောင်ကြဉ်ပြီး ဘဝရဲ့ အဓိပ္ပာယ် ကိုရှာဖွေရမယ့် အချိန်တစ်ခုပါ။ ရမ်ဇာန်လကို သင့်အတွက် အစားအသောက် ငတ်မွတ်ခြင်းများအတွက်ပဲ ကန့်သတ်မထားပါနဲ့။

၃) ဥပုသ်စောင့်ရင်းနဲ့ သင့်၏ အားနည်းချက် အားသာချက် တွေကိုမြင်သာလာအောင်လုပ်ပါ။ ရမ်ဇာန်လမှာ အလ္လာဟ်အရှင်မြတ်က ရှိုင်သွန် အားလုံးကို ထိန်းသိမ်းထားမှာဖြစ်တဲ့အတွက် မိမိရဲ့အပြစ်တွေဘယ်လောက်များနေလဲဆိုတာကို ဆန်းစစ်လို့ရပါတယ်။ ဒီအချိန်မှာတော့ ရှိုင်သွန်ကို ပုံချလို့မရတော့ဘူးလေ။ အကယ်၍ အပြစ်ရှိတဲ့အလုပ်တစ်ခုကို လုပ်ဖို့ စိတ်ထဲမှာပြင်းပြနေရင် တရားထိုင်သလိုမျိုး စိတ်ကိုငြိမ်အောင်ထားပြီး အဲဒီအလုပ်ကိုမလုပ်နိုင်အောင် ကြိုးစားပါ။

၎) လူတိုင်းကို ကောင်းကောင်းဆက်ဆံပါ။ သင့်အပေါ်အပြစ်လုပ်ခဲ့တဲ့လူတွေကိုလည်း ခွင့်လွှတ်ပေးပါ။ သူတို့ကို အဆက်အသွယ်လုပ်ပြီးတော့ သင်သူ့ကိုခွင့်လွှတ်ကြောင်း နဲ့ ကောင်းမွန်တဲ့ ရမ်ဇာန်လဖြစ်အောင် ဆုတောင်းပေးပါ။

၅) ဝါဖြေချိန်အတွက် အတတ်နိုင်ဆုံး သင်ရင်းနှီးတဲ့လူတွေအားလုံးနဲ့ အတူတူစားသောက်နိုင်အောင်စီစဉ်ပါ။ ဒါဟာ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ နဲ့ အဆက်အသွယ်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

၆) နေ့စဉ်စားသောက်တဲ့ အစီအစဉ်ထဲမှာ ဆင်းရဲသားများ မတတ်နိုင်သူများ အတွက် တတ်နိုင်သလောက် ပါဝင်ပါစေ။

၇) မိမိရဲ့ မိသားစု၊ သူငယ်ချင်းများကို သရဝီ ဖတ်ဖြစ်အောင် ခေါ်ဆောင်ပါ၊ တိုက်တွန်းပါ။

၈) ရမ်ဇာန်လမှာ သူတစ်ပါးအတွက် အကျိုးပြုနိုင်မယ့် အလုပ်များကို တတ်နိုင်သလောက်လုပ်ပါ။

၉) နောက်ဆုံးအချက်ကတော့ ရမ်ဇာန်လဟာ သင့်အတွက် မကောင်းမှုအားလုံးကိုဆင်ခြင်၊ ကောင်းမှုကုသိုလ်များများလုပ်ကာ အလ္လာဟ်အရှင်မြတ်နဲ့ အနှောက်အယှက်မရှိပဲ ဆက်သွယ်နိုင်မယ့် လတစ်ပါ။ ဤ ရမ်ဇာန်လကိုကောင်းမွန်စွာအသုံးချပါ။ အားလုံးအတွက် အကျိုးရှိတဲ့ လတစ်လဖြစ်ပါစေ။
Sulaiman 75 days ago
ActivityRank: 16

"အလ္လာဟ်အရှင်မြတ်၏ထံတော်ပါး၌ ရိုဇာဟ် ဥပုသ်စောင့်ထိန်းသူ၏ ဂုဏ်အဆင့်သည် အလွန်တရာပင် မြင့်မားလှပေသည်.. "

"အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုသက်သက်ကိုရှေးရှု၍ အကျိုး ဆဝါဗ် ကိုမျှော်ကိုးလျက် ရမသွာန် ၏ ရိုဇာဟ်ကိုစောင့်ထိန်း၏။ ထိုသူ၏ အတိတ်က အပြစ်များကို ခွင့်လွှတ်တော်မှုမည် ဖြစ်၏ .. "

"ရိုဇာဟ်စောင့်ထိန်းသူ၏ ပါးစပ်မှထွက်သော အနံ့အသက်သည် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ ကတိုးအနံ့ထက်ပို၍ မြတ်နိုးဖွယ်ရာ ဖြစ်ပေသည် .. "

"ကိယာမတ် နေ့တွင် ရိုဇာစောင့်ထိန်းသူတို့သည် ရိုဇဟ် ၏ ကြီးမားလှစွာသော အကျိုးဆုလာဘ်တော်များကိုရရှိကြမည် ဖြစ်သည်.. "

ရမသွာန် လ၏ပညတ်ချက်များ

၁) လမြတ် ရမသွာန် ၏ ရိုဇဟ် သည် ရူးသွပ်သူ နှင့် အရွယ်မရောက်သေးသူမှအပ အခြား မူစလင် တိုင်းအပေါ်၌ ဖရ်သွ် မလုပ်မနေရ တာဝန်ဖြစ်သည်။

၂) ဖဂ်ျရ် ဝင်ရောက်လာပြီး အချိန်မှစ၍ နေဝင်သည်အချိန်အထိ ရိုဇဟ် ၏ နီယတ်ဖြင့်စားခြင်း၊ သောက်ခြင်း နှင့် ကာမစပ်ယှက်မှု စွန့်လွှတ်ခြင်း ကို ယှရီအတ် တွင် ရိုဇာ ကိုခေါ်သည်။

၃) နှုတ်ဖြင့် နီယတ် ပြုခြင်း၊ တစ်စုံတစ်ရာကို မြွက်ဆိုခြင်းစသည်တို့ပြုလုပ်ရန်မလိုအပ်ချေ။ စိတ်အတွင်း၌ "ယနေ့ငါသည် ရိုဇာဟ် နှင့်ဖြစ်သည် " ဟု ရည်စူးလျက် တစ်နေ့လုံး တစ်စုံတစ်ရာ မစားမသောက် မေထုံမှု မပြုပဲ နေလိုက်လျှင် ရိုဇာဟ် အထမြောက်လေသည်။

၎) အကယ်၍ တစ်ဦးတစ်ယောက်သည် နံနက်မှ မိုးချုပ် သည်အထိ တစ်နေကုန် မစားမသောက်ပဲ နေခဲ့သည်။ စိတ်ထဲ၌ ရိုဇဟ် ကို ရည်စူးခြင်းမရှိ။ မဆာသဖြင့် သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် မစားမသောက်ခြင်းဖြစ်သည်။ ထိုအခါ ထိုသူ၏ ရိုဇဟ် သည် အထမမြောက်ချေ။ အကယ်၍ စိတ်ထဲ၌ ရိုဇာဟ် ၏ နီယတ် ပြုလိုက်လျှင် သူ၏ ရိုဇဟ် သည် အထမြောက်လေသည်။

၅) ယှရီအတ် တရားတော်အရ ရိုဇဟ် ၏ အချိန်သည် နံနက်အရုဏ်တက်ချိန်မှ စတင်လေသည်။ ထို့ကြောင့် အရုဏ်တက်ချိန် မရောက်မချင်း စားခြင်း သောက်ခြင်းစသည်တို့ပိုင်လေသည်။

၆) လမြတ်ရမသွာန်တွင် ညဥ့်အချိန်၌ ရိုဇဟ် ၏ နီယတ် ပြုလျှင်လည်း ဖရ်သွ် တာဝန်ကျေသွားလေသည်။ အကယ်၍ ညဥ့်အချိန် ရိုဇဟ် ထားရန်မရည်ရွယ် နံနက်မိုးလင်းသောအခါလည်း ယနေ့ရိုဇဟ် မထားတော့ဘူးဟုကြံရွယ်ခဲ့၏။ နေအတော်ကလေးမြင့်လာသော အခါ (နေမွန်းမတည့်ခင် တစ်နာရီအလိုအထိ) ဖရ်သွ် ရိုဇဟ် လွတ်ခြင်းမကောင်းဟု စဉ်းစားကာ နီယတ် ချည်လိုက်လျှင် ရိုဇဟ်အထမြောက်လေသည်။ သို့ရာတွင် နံနက်အချိန်၌ တစ်စုံတစ်ရာစားသောက်မိလျှင် နီယတ် မပြုအပ်၊ ရိုဇဟ် မပိုင်တော့ချေ။

စဲဟ်ရီစားခြင်းနှင့် အိဖ့်တွာရ်ပြုခြင်း (ဝါဝင် ဝါထွက် အစား စားသောက်ခြင်း)

၁) စဲဟ်ရီ စားသောက်ခြင်းသည် စုန္နတ်ဖြစ်လေသည်။ အကယ်၍ စွံပလွံသီး ၂ လုံး ၃ လုံးခန့်ဖြစ်စေ၊ သို့မဟုတ် အခြားအစားအစာ တစ်ခုခု အနည်းငယ်ဖြစ်စေ၊ သို့မဟုတ် ဘာတစ်ခုမျှ မစားသောက်ချင်လျှင်လည်း ရေအနည်းငယ်ဖြစ်စေ စားသောက်ရမည်။

၂) စဲဟ်ရီ စားသောက်ရာတွင် အတတ်နိုင်ဆုံး အချိန်ဆွဲဆိုင်းငံ့၍ စားလျှင် ကောင်း၏ .. ။ သို့ရာတွင် အရုဏ် တက်လာပြီး ရိုဇဟ် ပိုင်မည် မပိုင်မည် ဟု သံသယဖြစ်လာသည်အထိ နောက်ကျမခံရ။

၃) အကယ်၍ ညဥ့်အချိန်တွင် စဲဟ်ရီ စားရန် အိပ်ရာမှမနိုးပဲ အားလုံးအိပ်ပျော်နေကြသဖြင့် စဲဟ်ရီမစားဖြစ်သော်ငြားလည်း နံနက်တွင် ရိုဇဟ် ထားလိုက်ရပေမည်။ စဲဟ်ရီ လွတ်သွားသည့်အတွက် ရိုဇဟ် ကိုလွှတ်လိုက်ခြင်းသည် ကြီးလေးသော ဂုနာဟ် ထိုက်လေသည်။

၎) မိုးလင်းလေပြီဟု သံသယဝင်ဖွယ်ရှိသည်ခန့်မျှ အချိန်နောက်ကျသွားလျှင် စားသောက်ခြင်းမပိုင်တော့ချေ။ မက်ရူးဟ် ဖြစ်သည်။ ထိုသို့သောအချိန်၌ တစ်စုံတစ်ရာစားသောက်မိလျှင် ဂိုနာဟ် ဖြစ်လေသည်။ တစ်ဖန်မိုးလင်းနေပြီ ဖြစ်သောကြောင့် ထိုရိုဇဟ် ၏ ကသွာ ကိုထားရမည်။

၅) နေလုံးသည် လုံးဝဝင်သွားလေပြီဟု အတိအကျသိလျှင် သိချင်း ဝါဖြေလိုက်ခြင်း သည် မုစ့်တဟဗ် ဖြစ်လေသည်။ နေဝင်ပြီးနောက် ဝါဖြေရာတွင် အချိန်နောက်ကျခံခြင်းသည် မက်ရူးဟ် ဖြစ်လေသည်။

၆) စွံပလွံသီးဖြင့် ဝါဖြေခြင်းသည် မွန်မြတ်လှပေသည်။ သို့မဟုတ် အခြား ချိုမြသော ပစ္စည်းတစ်ခုခုဖြင့် ဝါဖြေရမည်။ အကယ်၍မလွယ်က ရေနှင့်ဖြေရမည်။ အချို့ယောက်ျား မိန်းမတို့သည် ဆားခဲဖြင့် ဝါဖြေလေ့ရှိကြသည်။ ထိုသို့ဝါဖြေရာတွင် အကျိုးဆဝါဗ် ရှိသည် ဟု ထင်မှတ်ယုံကြည်ကြသည်။ ဤကဲ့သို့အယူထားခြင်းသည် လုံးဝမှားယွင်းသည်။

၇) နေဝင်ရာတွင် သံသယရှိသမျှကာလပတ်လုံး ဝါဖြေခြင်း မပိုင်ချေ။
Sulaiman 75 days ago
ActivityRank: 16
ဇကာသ
ဇကာသ် ဟူသည် မိမိတွင်ရှိသော ပစ္စည်းဥစ္စာများအနက်မှ ရှရီအသ်တရားတော်က သတ်မှတ် ထားသော အစိတ်အပိုင်းကို အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညာတ်တော်အတိုင်း ဆင်းရဲသား များအား အပိုင်ပေးအပ်လှုဒါန်းခြင်းဖြစ်သည်။ ဆွလာသ်နှင့် ရိုဇာသည် ကိုယ်ကာယအားဖြင့် လုပ်ကိုင်ရသော အိဗါဒသ်ဖြစ်ပြီး ဇကာသ်သည် ဥစ္စာပစ္စည်းဖြင့် ပြုလုပ်အပ်သော အိဗါဒသ်ဖြစ် သည်။ ဇကာသ်ပေးခြင်းနှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် ( ၂း၂၇၇၊ ၆း၁၄၁၊ ၉း၅၊ ၄၁း၇၊ ၇၀း၂၄-၂၅၊ ၇၃း၂၀၊ ၉၈း၅) တွင်လာရှိပါသည်။ ဇကာသ်ပေးခြင်းသည် အစ္စလာမ်မဏ္ဍိုင်ကြီး ၅ ခုတွင်တစ်ခုအပါအ၀င်ဖြစ်ပြီး နိဆာဗ် ရှိသူတို့အဖို့ မဖြစ်မနေလုပ်ရမည် ဖရဖ် တာဝန်ဖြစ် သည်။ ဇကာသ်ပေးခြင်းကို ငြင်းဆန်သူသည် ကာဖိရ်ဖြစ်သည်။ ဇကာသ်ပေးဆောင်ရန်တာဝန် ရှိသောသူတို့မှာ- (၁) မွတ်စ်လင်မ်ဖြစ်ခြင်း၊ (၂) လွတ်လပ်သူဖြစ်ခြင်း (၃) အသိဥါဏ်ရှိသူဖြစ်ခြင်း၊ (၄) အရွယ်ရောက်သူဖြစ်ခြင်း၊ (၅) နိဆာဗ်ပစ္စည်းထက် ပိုမိုသော ပစ္စည်းဥစ္စာကိုပိုင်ဆိုင်ပြီး ကြွေးမြီကင်းသူဖြစ်ခြင်း၊ (၆) နိဆာဗ်ထက် ပိုသော ငွေကြေးများကို တနှစ်အနည်းဆုံး ပိုင်ဆိုင်သူဖြစ်ခြင်း။ လူတစ်ဦး တွင် ရွှေ ၇ ကျပ်သားခွဲခန့်ရှိလျှင် ထိုသူတွင် နိဆာဗ်ပမာဏ ရှိနေပြီဟု သတ်မှတ်ရမည်။ နိဆာဗ် နိဆာဗ်ဆိုသည်မှာ ရှရီအသ်တရားတော်က သတ်မှတ်ထားသည့် ဇကာသ်ပေးသင့်သည့် လူတစ်ဦးပိုင်ဆိုင်သော ငွေကြေးပစ္စည်း၏ ပိုင်ဆိုင်မှုသတ်မှတ်ချက်ဖြစ်သည်။ ဥပမာ လူတစ်ဦး ထံတွင် ချောင်လည်စွာ စားသောက် ၀တ်စား နေထိုင်နိုင်သည့် အနေအထားသည် နိဆာဗ် ပမာဏ ပင်ဖြစ်သည်။ လူတစ်ဦးတွင် ၄င်းပမာဏထက် ပိုသောငွေရှိပြီး အကြွေးလည်းကင်းသူ ဖြစ်က ထိုသူသည် ဇကာသ်ပေးဆောင်ရမည်။ ငွေကြေးပမာဏအနေဖြင့် လူတစ်ဦးတွင် ငွေသား ၅၄ ကျပ်ခွဲသားခန့် သို့ ရွှေ ၇ ကျပ်ခွဲသားခန့် သည်နိဆာဗ်၏ ပမာဏပင်ဖြစ်သည်။ သို့ဖြစ်၍ ထိုလူသည် ၄င်းငွေသား သို့ ရွှေသား၏ တန်ဖိုးကို တွက်ချက်ယူပြီး စုစုပေါင်းငွေသား ၏ ၄၀ ပုံ တစ်ပုံကို ဇကာသ်အဖြစ်ပေးရမည်။ တနည်းအားဖြင့် ၁၀၀ ကျပ်လျှင် ၂ကျပ် ၅၀ ပြား ပေးရမည်ကို ဆိုလိုသည်။ ဇကာသ်ပေးရန်မလိုသည့် ပစ္စည်းများ နိဆာဗ် အထက်ရှိသော မိမိပိုင်ဆိုင်သည့် ပစ္စည်းများတွင် မိမိနေထိုင်သည့် အိမ်၊ အသုံးအ ဆောင်ပစ္စည်းများ မပါဝင်ပါ။ ဥပမာ (၁) မိမိနေသည့်အိမ်၊ (၂) မိမိ ငှားရမ်းထားသည့်အိမ်များ၊ (၃) အိမ်အသုံးအဆောင်ပစ္စည်းများ မည်မျှ များသည်ဖြစ်စေ၊ (အ၀တ်အစား၊ အိုး၊ခွက်ယောက်၊ ပုကန်၊ ဆိုင်၊ ကား၊ စက်ဘီး၊ ဆိုင်ကယ်) (၄) အရောင်းအ၀ယ်အတွက်မဟုတ်သည့် ကျောက်မျက်ရတနာများ၊ (၅) လူတစ်ဦးထံတွင် ရွှေ ၃ (သို့) ၄ (သို့) ၅ (သို့) ၆ ကျပ်သားခန့်သာရှိလျှင် နိဆာဗ် ပမာဏဖြစ်သည့် ၇ ကျပ်ခွဲ သားခန့် မရှိသဖြင့် ဇကာသ်ပေးရန်မလိုပါ။ (၆) လူတစ်ဦးတွင် ရွှေ နှင့် ငွေသား ပမာဏ နှစ်ခုပေါင်းလျှင် ရွှေ ၇ ကျပ်ခွဲသား တန်ဖိုးနှင့် ညီမျှသွားလျှင်မူ ဇကာသ်ပေးရမည်။ ဇကာသ်ပေးအပ်ရမည့် ပစ္စည်းများ (၁) မိမိထံရှိ နိဆာဗ် ပမာဏ ပြည့်နေပြီဖြစ်သော ရွှေနှင့် ငွေများ၊ ရွှေခွက် ငွေခွက်များ၊ (၂) ရောင်းဝယ်ရန် ရည်ရွယ်ချက်ဖြင့် ၀ယ်ထားသောပစ္စည်းများ၊ · အသီးအနှံ၊ ကောက်ပဲသီးနှံများ၊ ပဲ၊ ပြောင်း၊ စပါး၊ မုယော၊ ဂျုံ၊ · အ၀တ်အထည်၊ · စားသောက်ဖွယ်ရာများ၊ · အိမ်သုံးပစ္စည်းများ၊ · အိမ်ထောင်ပရိဘောဂများ၊ · အိမ်၊ · ဆိုင်၊ · ကား၊ · ဆိုင်ကယ်၊ · တိရိစ္ဆာန်များ၊ · နွား၊ · ကျွဲ၊ · ကုလားအုပ်၊ · ဆိတ်၊ · သိုးနှင့် အခြားပစ္စည်းများ။ ဇကာသ်ပေးနည်း · ဇကာသ်ပေးဆောင်ရန် တာဝန်ရှိသူသည် ဇကာသ်စားထိုင်သူတစ်ဦးကို အလ္လာဟ် အရှင်မြတ် အဖို့ ရည်စူးလျှက် အပိုင်ပေး အပ်လိုက်ရမည်။ဇကာသ်ရသူသည် ၄င်းပစ္စည်း (သို့) ငွေကြေးကို မိမိနှစ်သက်သလို အသုံးပြု နိုင်သည်။ · ဇကာသ်ငွေကို လုပ်ခအဖြစ်၎င်း၊ အလုပ်တစ်ခုခု ခိုင်းသည့် အတွက် အသုံးမပြုနိုင်ပါ။ · သို့သော် ဇကာသ်ငွေမှ ပစ္စည်းဝယ်ပြီး ဆင်းရဲသားတို့အား ဝေငှခြင်းသည် ပြုပိုင်ခွင့် ရှိသည်။ · နိဆာဗ်ပစ္စည်းပိုင်ဆိုင်ခြင်း တစ်နှစ်ပြည့်လျှင် ပေးသင့်သောဇကာသ်ပစ္စည်းကို ချက်ချင်းပေးသင့်သည်။ · ဇကာသ်ကို ကြိုတင်ပေးထားခြင်းသည်လည်းပြုပိုင်သည်။ · ရမ်ဇာမ်လမရောက် ခင် ရှာဘာန်လကတည်းက ကြိုတင်ပေးကကောင်းသည်။အကြောင်းအမျိုးမျိုးကြောင့် လူတစ်ဦး အား (အလှုငွေဖြစ်စေ) ငွေပေးပြီးနောက် ၄င်းငွေကို ဇကာသ် အဖြစ် ပြောင်းလဲပိုင်ခွင့်မရှိပေ။ · မိမိသိသူတစ်ဦးအား ဇကာသ်ပေးချိန်တွင် ဇကာသ်ဟု မပြောဘဲ ချီးမြှင့်ငွေအဖြစ်၎င်း၊ အီဒ် လက်ဆောင်အဖြစ်ပြောပေးပိုင်ခွင့်ရှိသည်။ · မသိသူများကိုမူ ဇကာသ်အဖြစ်ပြောရမည်။ · နိဆာဗ်ပစ္စည်းပိုင်ဆင်ပြီး တစ်နှစ်ပြည့်ပြီးနောက် ဇကာသ်မပေးမီ ၄င်းပစ္စများ မီးလောင် ပျက်ဆီးဆုံးရှုံးသွားလျှင် ထိုသူအပေါ် ဇကာသ်တာဝန်မရှိတော့ပါ။ · တစ်နှစ်ပြည့်သည့်အချိန် မိမိပစ္စည်းများအားလုံးကို အလ္လာဟ်လမ်းတွင် ပေးလှူလိုက် လျှင် ဇကာသ်အတွက် ခွင့်လွှတ်ချက်ရရှိသွားပြီဖြစ်သည်။ ဇကာသ်မယူထိုင်သူများ နိဆာဗ် ပမာဏပစ္စည်းပိုင်ဆိုင်သူ။ ဆိုင်ယဒ်နှင့် ဗနီဟာရှင်အမျိုးအနွယ်များ။ ဇကာသ်ပေးသူ၏ အမိ၊ အဖ၊ အဖိုး၊ အဖွား၊ အထက်နှင့် အောက် အဆက် အနွယ်များ။ သားသမီး မြေး မြစ် နှင့် ၄င်းတို့မှ ဆင်းသက်လာသောသူများ။ ဇနိး (သို့) ခင်ပွန်း ကာဖိရ် ကြွယ်ဝချမ်းသာသူတို့၏ အရွယ်မရောက်သေးသော သားသမီးများ။ ဇကာသ်ယူထိုက်သူများ နိဆာဗ် ပမာဏမျှ ပစ္စည်းမရှိသူများ။ သူဆင်းရဲများ။ ပစ္စည်းရှိသော်လည်း အကြွေးပေးလိုက်လျှင် နိဆာဗ်ပမာဏမျှ တန်ဖိုပင် မရှိတော့သူများ။ လမ်းခရီးတွင် ငွေကြေးပြတ်လတ်နေသော ခရီးသည်များ။ ဆင်းရဲသော ဆွေမျိုးသားချင်းများ။ ဆင်းရဲသော အိမ်နီးနာချင်း၊ မြို့ရွာရှိ လူများ။ မိဘမဲ့များ၊ အစောင့်အရှောက်ကင်းသော အဖိုးအိုများ ဆေးကုသခံနေရသည့် သူဆင်းရဲများ။ ဇကာသ်ငွေမသုံးစွဲသင့်သည့်အခြေအနေ ဗလီတည်ဆောက်ခြင်း။ ဗလီအသုံးအဆောင်ပစ္စည်များ ၀ယ်ပေးခြင်း။ သေသူအတွက် ကဖန်ပိတ်ဝယ်ပေးခြင်း။ နာရေးအတွက်သုံးခြင်း။ သေသူ၏အကြွေးကို ပေးဆပ်ခြင်း။ ဗလီအတွက်ရေ၀ယ်ပေးခြင်း။ ဇကာသ်မပေးထိုက်သူတစ်ဦးကို ဇကာသ်ပေးအပ်ပြီးမှ ထိုသူမယူ ထိုက်မှန်းသိရလျှင်လည်း မိမိဇကာသ် အထမြောက် သွားပါမည်။ မြေထွက်သီးနှံများ၏ဇကာသ် · မြေထွက်သီးနှံများနှင့် ပတ်သက်လျှင် သီးနှံထွက်သည့်နေ့တွင်ပေးရမည်။ · ရေသွင်းခြင်းမပြုရဘဲ အလေ့ကြပေါက်သော သီးနှံများအတွက် ၁၀ ပုံ ၁ ပုံ။ · ရေသွင်းခြင်းဖြစ်ပေါက်သော သီးနှံများအတွက် ၂၀ ပုံ ၁ ပုံ။ · လယ်ယာတစ်ခုတွင် တစ်နှစ် ၂ ကြိမ်၊ (သို့) ၃ ကြိမ်သီးလျှင် သီးတိုင်း ဇကာသ်ပေးရမည်။ · လယ်ယာတစ်ကွက်ကို လူတစ်ဦးက ငှားရမ်းသီးနှံစိုက်ပျိုး၏။ ငှားသူကသာ ဇကာသ်ပေးရမည်။ လယ်ရှင်ပေးရန်မလိုပါ။ · မိမိအိမ်ဝန်းအတွင်း စိုက်ပျိုးထားသော စားသောက်ပင်များအတွက် ပေးရန် မလိုပါ။ ကျွဲနွားအတွက် ဇကာသ်ပေးနည်း · ပျမ်းမျှခြင်းအားဖြင့် ကျွဲနွားကောင်းရေ ၅၀ ရှိလျှင် ဇကာသ်ပေးဆောင်ရမည်။ · ကောင်ရေ ၄၀ တွင် ၂ နှစ်သား ၁ ကောင်။ · ကောင်ရေ ၆၀ တွင် ၁ နှစ်သား ၂ ကောင်။ · ကောင်ရေ ၈၀ တွင် ၂ နှစ်သား ၂ ကောင်။ · ကောင်ရေ ၉၀ တွင် ၁ နှစ်သား ၃ ကောင်။ · ကောင်ရေ ၁၀၀တွင် ၁ နှစ်သား ၂ ကောင်နှင့် ၁ နှစ်သား ၁ ကောင်။ သိုးဆိတ်အတွက် ဇကာသ်ပေးနည်း ဆိတ်ကောင်ရေ ၄၀ တွင် ၁ ကောင်။ ဆိတ်ကောင်ရေ ၁၂၀ တွင် ၂ ကောင်။ ဆိတ်ကောင်ရေ ၂၀၀ တွင် ၃ ကောင်။ ဆိတ်ကောင်ရေ ၄၀၀ တွင် ၄ ကာင်။ ၄၀ အထက်ကောင်ရေ ၁၀၀ မပြည့်မချင်း ၁ ကောင်သာပေးရမည်။
Sulaiman 75 days ago
ActivityRank: 16
ကျမ်းတော်မြတ်ကုရ်အာန်တွင်လာရှိသော(အလ္လာဟ်ဂျလ္လာဂျလာလူဟူး)၏အဆိုအမိန့်များ

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင် ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏နာမံတော်ဖြင့်(အစပြုပါ၏)


အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အားမွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခ၀ပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊အသင် တို့အလျင် အထက်ထက်အဆက်ဆက် ကရှိခဲ့ ဘူးသောရှေးပဝေဏီ လူဟောင်းများကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခ၀ပ်ကိုးကွယ်ကြမှသာလျှင်အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။


အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (နေထိုင်သွားလာနိုင်ရန်အလို့ငှာ) ဤပထ၀ီမြေပြင်ကို အခင်းအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ပြုလုပ်ပေးသနားတော်မူ၍ ယင်းမိုးကောင်းကင်မှပင်မိုးရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံအမျိုးမျိုးတို့ကိုအသင်တို့အဘို့ ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏၊သို့ဖြစ်ရာ အသင်တို့သည် (အနန္တကျေးဇူးတော်ရှင်ဖြစ်တော်မူထသော) အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာ ကိုမျှတွဲဖက်၍ ခ၀ပ်ကိုးကွယ်ခြင်းကို အလျှင်း မပြုကြလင့်၊ (သို့အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ ခ၀ပ်ကိုးကွယ်ခြင်း မပြုအပ်သည့်အကြောင်းကို) အသင်တို့ကိုယ်တိုင်လည်း အသိ ပင်ဖြစ်ကြသည်။

ငါ၏အစေတော် နဗီတမန်တော် မုဟမ္မဒ် (ဆွ)အထံသို့ ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော ကုရ်အာန်ကျမ်းမြတ်နှင့် စပ်လျဉ်း၍ အကယ်၍ အသင်တို့(စိတ်၌) ယုံမှားသံသယ ဒွိဟရှိခဲ့ပါလျှင် ထိုကျမ်းမြတ်နှင့်အလားတူ ကဏ္ဍတစ်ခုမျှ (စီကုန်း ရေးသား၍) ယူဆောင်လာကြကုန်လော့။အကယ်၍ အသင်တို့သည် (သစ္စ၀ါဒီ) မှန်ကန်သော စကားပြောဆိုသူများ ဖြစ်ကြပါလျှင် သို့စီကုန်းရေးသားရာ၌ အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ အသင်တို့အားကူညီ ယိုင်းပင်းမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။

အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို အတိတ်ကာလတွင် မလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက်ပစ္စုပ္ပန်ကာလတွင် လုပ်နိုင်ကြသည်လည်းမဟုတ်၊ နောင်အနာဂတ်ကာလတွင်လည်း အလျှင်းလုပ်နိုင်ကြမည် မဟုတ်ပေ၊ သို့ဖြစ်ရာ အသင်တို့သည် ငရဲမီးဘေးမှဝေးစွာရှောင်ရှားစွာရှောင်ရှားကြကုန်၊ ထိုမီး၏မီးစာမှာ (အယူမှောက်မှားသော)ကာဖိရ် မိစ္ဆာဒိဋ္ဌိကများနှင့် (ထိုမိစ္ဆာ ဒိဋ္ဌိကများ ဆည်းကပ်ကိုးကွယ်ကြသည့်) ကျောက်တုံး များ ဖြစ်ချေသည်။ ထိုမီးသည်ကာဖိရ် များအဘို့ အသင့်ပြုလုပ်ထားရှိပြီး ဖြစ်ပေသညှ်

အလုံးစုံသော ခြီးမွမ်း ထောမနာပြုခြင်း တို့သည်အလ္လာဟ်အရှင်မြတ် အဘို့သာတည်း။ ထိုအရှင်မြတ်သည် မိုးများနှင့် ပထ၀ီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အမှောင်များနှင့် အလင်းရောင်ကို ပြုလုပ်တော် မူခဲ့လေသည်။ သို့ပါလျက်နှင့်ပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ကား (အခြားသူတို့ကို) မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တန်းတူ မှတ်ယူထားရှိကြကုန်သတည်း။
 
Sulaiman 75 days ago
ActivityRank: 16
ကျမ်းတော်မြတ်ကုရ်အာန်တွင်လာရှိသော(အလ္လာဟ်ဂျလ္လာဂျလာလူဟူး)၏အဆိုအမိန့်များ

မပြတ်မစဲသနားကြင်နာ ညှာတာတော်မူထသော အနန္တကရုဏာတော်ရှင် ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏နာမံတော်ဖြင့်(အစပြုပါ၏)


အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အားမွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခ၀ပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊အသင် တို့အလျင် အထက်ထက်အဆက်ဆက် ကရှိခဲ့ ဘူးသောရှေးပဝေဏီ လူဟောင်းများကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခ၀ပ်ကိုးကွယ်ကြမှသာလျှင်အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။


အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (နေထိုင်သွားလာနိုင်ရန်အလို့ငှာ) ဤပထ၀ီမြေပြင်ကို အခင်းအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ပြုလုပ်ပေးသနားတော်မူ၍ ယင်းမိုးကောင်းကင်မှပင်မိုးရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံအမျိုးမျိုးတို့ကိုအသင်တို့အဘို့ ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏၊သို့ဖြစ်ရာ အသင်တို့သည် (အနန္တကျေးဇူးတော်ရှင်ဖြစ်တော်မူထသော) အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာ ကိုမျှတွဲဖက်၍ ခ၀ပ်ကိုးကွယ်ခြင်းကို အလျှင်း မပြုကြလင့်၊ (သို့အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ ခ၀ပ်ကိုးကွယ်ခြင်း မပြုအပ်သည့်အကြောင်းကို) အသင်တို့ကိုယ်တိုင်လည်း အသိ ပင်ဖြစ်ကြသည်။

ငါ၏အစေတော် နဗီတမန်တော် မုဟမ္မဒ် (ဆွ)အထံသို့ ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော ကုရ်အာန်ကျမ်းမြတ်နှင့် စပ်လျဉ်း၍ အကယ်၍ အသင်တို့(စိတ်၌) ယုံမှားသံသယ ဒွိဟရှိခဲ့ပါလျှင် ထိုကျမ်းမြတ်နှင့်အလားတူ ကဏ္ဍတစ်ခုမျှ (စီကုန်း ရေးသား၍) ယူဆောင်လာကြကုန်လော့။အကယ်၍ အသင်တို့သည် (သစ္စ၀ါဒီ) မှန်ကန်သော စကားပြောဆိုသူများ ဖြစ်ကြပါလျှင် သို့စီကုန်းရေးသားရာ၌ အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ အသင်တို့အားကူညီ ယိုင်းပင်းမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။

အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို အတိတ်ကာလတွင် မလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက်ပစ္စုပ္ပန်ကာလတွင် လုပ်နိုင်ကြသည်လည်းမဟုတ်၊ နောင်အနာဂတ်ကာလတွင်လည်း အလျှင်းလုပ်နိုင်ကြမည် မဟုတ်ပေ၊ သို့ဖြစ်ရာ အသင်တို့သည် ငရဲမီးဘေးမှဝေးစွာရှောင်ရှားစွာရှောင်ရှားကြကုန်၊ ထိုမီး၏မီးစာမှာ (အယူမှောက်မှားသော)ကာဖိရ် မိစ္ဆာဒိဋ္ဌိကများနှင့် (ထိုမိစ္ဆာ ဒိဋ္ဌိကများ ဆည်းကပ်ကိုးကွယ်ကြသည့်) ကျောက်တုံး များ ဖြစ်ချေသည်။ ထိုမီးသည်ကာဖိရ် များအဘို့ အသင့်ပြုလုပ်ထားရှိပြီး ဖြစ်ပေသညှ်

အလုံးစုံသော ခြီးမွမ်း ထောမနာပြုခြင်း တို့သည်အလ္လာဟ်အရှင်မြတ် အဘို့သာတည်း။ ထိုအရှင်မြတ်သည် မိုးများနှင့် ပထ၀ီမြေကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အမှောင်များနှင့် အလင်းရောင်ကို ပြုလုပ်တော် မူခဲ့လေသည်။ သို့ပါလျက်နှင့်ပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ကား (အခြားသူတို့ကို) မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တန်းတူ မှတ်ယူထားရှိကြကုန်သတည်း။
 
Sulaiman 75 days ago
ActivityRank: 16
ဗစ်မိလ္လားဟေ့၇်၇ဟ်မားနစ်ရ်၇ဟီးမ်

ဟဇ၇သ် အွစ်မာန်း ဗင်န် အဖ်ဖွာန်း (၇သွေ့ )သခင်ဆင့်ပြန်ခဲ့ သည်။
သခင်သည်တမန်တော်မြတ်(ဆွ)အားဂျန္နသ်သုခဘုံ၏ သော့ချက်နှင့်စပ်လျဉ်း၍
မေးမြန်းခဲ့သည်။ထိုအခါ တမန်တော်မြတ်(ဆွ)က ဟဇ၇သ် အွစ်မာန်း(၇သွေ့ )သခင်အား
“အို-အွစ်မာန်း အသင်သည်ကျွန်ုပ်အား မည်သူ တစ်ဦး တစ်ယောက်မျှ
မေးမြန်းခြင်းမရှိခဲ့ သောမေးခွန်းကို မေးမြန်းခဲ့သည်။
အို-အွစ်မာန်း အကြင်သူသည် (အောက်ပါဒိုအာကို တစ်နေ့ လျှင်အကြိမ် - ၁၀၀
ရွတ်ဖတ်ခဲ့လျှင် (အလ္လာဟ်အရှင်မြတ်သည်)အောက်ပါ
အခွင့်အေ၇း(၁၀)ခုကိုပေးသနားတော်မူမည်။


လားအိလားဟာ အစ်လ္လလ်လားဟု ၀လ်လားဟိုအက်ဗရ် ၀စွဗ်ဟားနလ်လားဟိ
ဝလ်ဟမ့်ဒိုလေ့လ်လားဟိ ၀ဆ်သဂ်ဖေရွလ်လားဟလ်လဇီး
လားအိလားဟာအစ်လ္လား ဟိုဝလ်အောင်ဝ်၀လို ၀လ်အားခိရို ၀ဇ်ဇွားဟိရို
ဝလ်ဘားသွေနို ယို့ ဟ်ယီး ၀ယိုမီးသို ၀ဟိုဝါ ဟိုင်းယ်ယွလ်လားယမူးသို
ဘေယဒေဟေ့လ်ခိုင်း၇် ၀ဟိုဝါ အလားကွလ်လေ ရှိုင်းအင်န်ကဒီး၇်

1. ယင်းဖတ်ရွတ်သူသည် ကျူးလွန်ခဲ့သော ဂိုနာအပြစ်ငရဲများအားလုံးကို
ခွင့်လွှတ်ခြင်းခံ၇မည်။
2. ဂျဟန္နမ်ငရဲဘုံ၏မီးဘေးဒဏ်မှ လွတ်ကင်းမှု၇ရှိမည်။
3. ဖရှီရ်တာကောင်းကင်တမန်(၂)ပါးက ဆိုးရွားသောေ၇ာဂါဖြစ်ခြင်းမှ ကာကွယ်ပေးတော်မူမည်။
4. ကုသိုလ် အကျိုးစ၀ါးဗ် မြောက်မြားစွာေ၇းမှတ်ခြင်းခံ၇မည်။
5. ဟဇရသ်အိစ်မာအီးလ်(အလိုင်း)၏မျိုးနွယ်မှကျွန်ပေါင်း(၁၀၀)ကိုသူကောင်းပြုသည့်
ကုသိုလ်ေ၇းမှတ်ခြင်းခံ၇မည်။
6. ကျမ်းကြီး(၄)ကျမ်းဖြစ်သောကျမ်းတော်မြတ်ကုရ်အာန်၊အင်ဂျင်လ်ကျမ်း
ဇဗူးရ်ကျမ်း၊ သောင်ရသ်ကျမ်းတို့ ကိုအာဂုံဆောင်ရွတ်ဖတ်သည့်ကုသိုလ်
ကဲ့သို့ ကောင်းမှုများေ၇းမှတ်ခြင်းခံ၇မည်။
7. ဂျန္နသ်သုခဘုံတွင် အဆောင်တစ်ဆောင်ချီးမြင့်ခြင်းခံ၇မည်။
8. (ဂျန္နသ်သုခဘုံရှိ)ဟူရ်ကညာပျိုတစ်ဦးနှင့် လက်ထပ်ပေး၇န်သတ်မှတ်တော်မူမည်။
9. ယင်း၏ဦးခေါင်းထက်၌ရိုသေသမှု၏သရဖူကိုဆင်မြန်းပေးခြင်းခံ၇မည်။
10. (ကိယာမသ်နေ့ ၌)ယင်း၏မိတ်ဆွေ(၇၀)ကို ကြားဝင်အသနားခံပေးနိုင်၍
(ထိုကြားဝင်အသနားခံပေးမှုသည်) လက်ခံခြင်းခံ၇မည်။



“အို-အွစ်မာန်း၊ အကယ်၍အသင်သည် ယင်း(ဒိုအာ)ကို နေ့ စဉ်အကြိမ် (၁၀၀)
ရွတ်ဖတ်ခဲ့မည်ဆိုလျှင် အောင်မြင်သူများအကြားတွင်ပင် ပိုသာ၍
ကြီးကျယ်သောအောင်မြင်မှုကိုရရှိပြီး ယင်းအောင်မြင်သူများသည်ပင်
အသင်၏နောက်လိုက်များဖြစ်သွားကြလိမ့်မည်။


အိဗ်နေ မာဒရ်ဝီ၊ အဗူယာလာ၊ အိဗ်နေအဗီ အာစင်မ်၊ (အဗူဒူ ဟာစန်မ်း ကာတန်၊
(အဘူ ကာဇီ)၊ စူနန်ကျမ်း၊ အိဗ်နေ မွန်ဇိ၇်၊ အိဗ်နေအဗီဟာသင်မ်၊ အိဗ်နေ
စာနီ၊ နှင့်ဗိုင်ဟကီကျမ်း၏အတ်စ်မာအ်နှင့် ဆွီဖသ် တို့ မှ ဆင့်ပြန်ခဲ့သည်။
 
 

> ရမ်ဇမ်လနှင့် ရိုဇာစောင့်ထိန်းခြင်း ဆောင်ပါးများ စုပေါင်းတင်ပြခြင်း

ရမ်ဇမ်လနှင့် ရိုဇာစောင့်ထိန်းခြင်း ဆောင်ပါးများ စုပေါင်းတင်ပြခြင်း
الحمد لله نحمده ونستعينه ونستغفره، ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا، من يهده الله فلا مضل له، ومن
يضلل فلا هادي له، وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمداً عبده ورسوله.

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့
ချီးမွမ်းခြင်း အပေါင်းတို့သည် အလ္လာဟ်အရှင် မြတ် အတွက်သာတည်း။ ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ထံတော်မှသာ အကူအညီတောင်းခံပါသည်။ ခိုလှုံခွင့်နှင့် ခွင့်လွှတ်မှုကို လည်းတောင်းခံပါသည်။ ထိုအပြင် ကျွန်ုပ်တို့ စိတ်အတွင်းရှိ မကောင်းမှုကို အားပေး သည့်လှုံဆော်မှုနှင့် ပြင်ပမှ ပြစ်မှုကျူးလွန် အောင်ပြု လုပ်သည့် လှုံဆော်မှုများမှ ကာကွယ်မှုရရန် အလ္လာဟ် အရှင်မြတ်ထံ ခိုလှုံပါသည်။ ထို့အပြင် တမန်တော်မြတ်(ဆွ) နှင့် မိသားစုဝင်များ အဆွဟာဗ်တော်များ အားလုံး အပေါ် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော် ဘရကသ်တော်များ ကျရောက်စေသားဟုလည်း ဆုမွန်ကောင်း တောင်း ခံအပ်ပါသည်။ အာမီးန် ကျမ်းမြတ်ကုရ်အာန်မှာ အမိန့်တော်လာရှိပါတယ်။
အို အီမာန် ယုံကြည်သူအပေါင်းတို့ အသင်တို့အရင်အမျိုးသားများအပေါ် ရိုဇာဥပုဒ် စောင့်ထိန်းခြင်းသည် ဖရဇ် တာဝန်တစ်ရပ်အဖြစ်သတ်မှတ်ခဲ့သလို အသင်တို့အပေါ်၌ လည်း ရိုဇာစောင့်ထိန်းခြင်းကို ဖရဇ်တာဝန်အဖြစ် သတ်မှတ်လိုက်သည်။ ၁၈၃
အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရယူရန် အီမာန်အပြည့်အ၀ဖြင့် ရိုဇာစောင့်ထိန်း ခဲ့လျှင် ထိုသူ၏ လုပ်သမျှသော အပြစ်များ ခွင့်လွှတ်ခြင်း ခံရမည်ဖ်ြစသည်။ (ဘိုခါရီနှင့် မွတ်စ်လင်မ်ကျမ်း)
ချစ်ခင်လေးစားရသော အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ် အမျိုးသား အမျိုးသမီး အပေါင်း တို့
ချီးမွမ်းထောပဏာပြုခြင်းအပေါင်းတို့သည် မိုးမြေအဆုံး စကြ၀ဠာ တစ်ခွင်လုံးကို ပိုင်စိုးတော်မူသော မဟာဂရုဏာ တော်ရှင် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပါ တယ်။ မကြာခင်ရောက်လာတော့မဲ့ မြင့်မြတ်လှတဲ့ လမြတ်ရမ်ဇာမ် ကို ကျွန်တော်တို့ အားလုံး မျှော်လင့်ချက်ကြီးမားစွနဲ့ စောင့်မျှော်ခဲ့ကြ တာ အခုလက်တွေ့ရောက်လာပြီ ဆိုတော့ ၀မ်းမြောက်ဝမ်းသာစွာနဲ့ ကြိုဆိုရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ ဟာ အလ္လာဟ်အရှင်မြတ်ကို အထူး ကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့က ရဂျဗ်လကတည်းက အလ္လာဟ်ထံပါးမှာ ကျွန်တော်တို့ ကို ရဂျဗ်လနှင့် ရှဗာန်လများမှာ ဗရ်ကသ်တွေပေးပါ၊ ရမ်ဇာမ်လမြတ်ရောက်သည့်တိုင်အောင် နေထိုင် ခွင့်ပေးပါဆို ပြီး ဆုတောင်းနေကြတယ်လေ။ ဒါကြောင့် အခုရမ်ဇာမ်လ ရောက်လာ တော့် အလ္လာဟ်အရှင် မြတ်ကို ကျေးဇူးတင် ရမယ်လို့ပြောတာပါ။ ကျေးဇူးတင်ထိုက်သူ ကို ကျေးဇူးတင်ရမယ်ဆိုတာဟာ အလ္လာဟ် အရှင်ကိုယ်တိုင် ကျွန်တော် တို့ကို မိန့်ကြားထားပါတယ်။
အသင်တို့သည် ငါအရှင်အား ကျေးဇူးသိတတ်လျှင် ငါအရှင်သည် အသင်တို့အား ငါ၏နေမသ်များကို ပိုမိုပေး အပ်မည်ဖြစ်သလို အသင်တို့အနေဖြင့် ကျေးဇူးမသိတတ် လျှင် ငါအရှင်၏ အပြစ်ဒါဏ်သည် အလွန်ပြင်းထန် ပေသည်။ ဒါကြောင့် အခု ရမ်ဇာမ် လမြတ်ကို လက်တွေ့မြင်ရသိရပြီဖြစ်လို ရူကရီယာ နဖိလ် နမာဇ် ရကအသ် ဖတ်ပြီးတော့ ကျေးဇူးတင်ကြောင်း ပြသရရမယ်။ တကယ်တော့ ကျေးဇူးသိ တတ်ခြင်း ဟာ ယဉ်ကျေးတဲ့ လူ့ အသိုင်းအ၀န်းရဲ့ ပြယုဂ်လက္ခဏာတွေဘဲဖြစ်ပါတယ်။ ဒါမှလည်း ကျေးဇူးဆပ်တဲ့အခါ အသိတရားအပြည့်နဲ့ ကျေးဇူးဆပ်ခြင်း မည်မှာဖြစ်ပါတယ်။ အဲ့ဒီလို ကျေးဇူးဆပ် ခြင်းဟာ အလွန်မြင့်မြတ်တဲ့ သဘောဆောင်ပါတယ်။ မြင့်မြတ်တဲ့ သဘေ တရားတွေဟာ အစဉ်အမြင့် ဆုံးနေရာတွေမှာ ရှိနေတတ်ပါတယ်။
ဟုတ်ပါတယ်။ ကျောက်မြတ်ရတနာအပေါင်းတို့အထဲမှာ ဟဂ်ျရိအဆ်ဝဒ်ရဲ့ တန်ဖိုးဟာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးအမြင့်ဆုံးဖြစ်သလို ဗလီဝတ်ကျောင်းတော်တို့အနက် ကအ်ဗဟ်ကျောင်းတော်ကြီးရဲ့ တန်ဖိုးဟာ အလွန်ကြီးမားမြင့်မြတ်လှပါတယ်။ အဲ့ဒီ အတိုင်းဘဲ ညတကာအပေါင်းတို့အနက် လိုင်လသွလ်ကဒရ်ညဟာ အလွန်မြင့် မြတ်တဲ့ညဖြစ်သလို လတကာအပေါင်းတို့အနက် ရမ်ဇာမ်လဟာ မြင့်မြတ်တဲ့လမြတ် ရမ်ဇာမ်ဖြစ် တယ်ဆိုတာ ကို သတိပေးစမ်းပါရစေခင်ဗျား။
ချစ်ခင်လေးစားရသော အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ် အမျိုးသားအမျိုးသမီး အပေါင်းတို့
ရိုဇာကို အရဗီလို ဆောမ် လို့ခေါ်ပြီး အများကိန်းအနေဖြင့် ဆွေယာမ်လို့ခေါ်ပါတယ်။ ဆောမ်ရဲ့ အဓိပါယ်က ရပ်ဆိုင်းခြင်း၊ ရပ်တန့်ခြင်းလို့ဆိုလိုပါတယ်။ ဒါကြောင့် ဆောမ်လို့ ဆိုလိုက်ရင် မိမိကိုယ်ကို စားသောက်ခြင်း မေထုံမီဝဲခြင်း စသည်တို့ကနေ ရပ်ဆိုင်းခြင်းဘဲဖြစ်ပါတယ်။သဘောကတော့ မိမိတို့ ခန္ဒာကိုယ်အတွင်းကို မည်သည့် အရာဝတ္ထုကိုမျှ မထည့်သွင်းဘဲ ထိန်းချုပ်တဲ့သဘောဘဲဖြစ်ပါတယ်။ အစာအိမ် အတွင်း အစာမရှိတဲ့အခါ လူဟာ ဆာလောင်မွတ်သိပ်ပြီး ပူးဆွေးသောက ရောက်ရ လေ့ရှိပါ တယ်။ ရမ်ဇာမ်ရဲ့ သဘောက အရဗီစကားမှာ ပူလောင်တဲ့ကျောက်တုံးလို့ သဘောရပါတယ်။ နေပြင်းတဲ့ ကန္တာရမှာ ကုလားအုပ်ရဲ့ခွာဟာ သဲပူများကြောင့် ပူ လောင်နေကြောင်းကို ဆိုလိုတယ်။
ဒါပေမဲ့ အဲ့ဒီပူလောင်ခြင်း ပူဆွေးခြင်းတို့ရဲ့နောက်မှာ ခွင့်လွှတ်မှုနှင့် အေးချမ်း မှုကို ရရိနိုင်ပါတယ်။ သဘောကတော့ ရမ်ဇာမ်လကို အချို့ပညာရှင်များက ဆောင်းတွင်း မှာ ရွာတဲ့မိုးလို့ဆိုလိုပြီး အဲ့ဒီမိုးနှင့် ထိလိုက်တဲ့ သီးနှံများဟာ အောင်မြင်ဖြစ်ထွန်း တတ်ကြောင်းဆိုကြပါတယ်။ ဒါကြောင့် ရမ်ဇာမ်ရဲ့ အဖြစ် က ပူလောင်ခြင်းလို့ဆိုကြ သလို ပူလောင်မှုဖြစ်ခြင်းနဲ့အတူ အေးချမ်းမှုလည်း အတူတွဲရှိနေတာကို ဖေါ်ကျူးကြတဲ့အတွက် အပူနှင့်အတူ အအေးရှိ သလို ပူဆွေးခြင်း ဆာလောင်ခြင်း ဒေါသဖြစ် ခြင်းများနှင့်အတူ အေးချမ်းခြင်း လွတ်မြောက်ခြင်း စိတ်အေးချမ်းမှုကို ရခြင်းများလည်း ပြိုင်တူဖြစ်ပေါ် လာတတ်ပါတယ်။
ဆက်လက်ဖေါ်ပြပေးသွားမည်
 

နောက်ပြီး အကျိုးဆက်အနေနဲ့ အပြစ်များမှ ခွင့်လွှတ်မှုကို ရရှိခံစားနိုင်ပါတယ်။ တနည်းအားဖြင့် ကြည့်လိုက်ရင် ရမ်ဇာမ်ဟာ ပူပြင်းခြင်းနှင့်လွတ်မြောက်ခြင်း သဘော ဆောင်ပြီး မိမိတို့ရဲ့ ဂိုနာများကို မြင်ယောင်တဲ့အခါ ခွတ်လွှတ်မှု ရနိုင်မလားဆိုတာ သောကရောက်နေရတတ်တယ်။ ဒါပေမဲ့ စိတ်သော ကရောက်နေချိန် စိတ်ရောကိုယ်ပါ ၀န်ချတောင်းပန်လိုက်ရင် ခွင့်လွှတ်မှုကို အမှန်တကယ် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရမ်ဇာမ်လဆိုတာ ခက်ခဲခြင်းရှိသလို တစ်ဆက်တည်း အပြစ်များမှ ခွင့်လွှတ် မှုနှင့် အကျိုးဆွဝါဗ်များဖြင့် အောင်မြင်နိုင်တဲ့လလည်းဖြစ်တယ်။
ချစ်ခင်လေးစားရသော အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ် အမျိုးသားအမျိုးသမီး အပေါင်းတို့
နောက်တစ်ခု ထူးခြားတဲ့အကြောင်းကတော့ အထက်ပါအာယသ်တော်အရ ရမ်ဇာမ် လမှာ အလ္လာဟ် အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ကို ချပေးခဲ့တဲ့အကြောင်းပါဘဲ။ အလ္လာဟ်အရှင်မြတ်က မိုးကောင်းကင်ရဲ့ ပထမအထပ်မှာရှိတဲ့ လောဟိမဟ်ဖူးဇ်လို့ ခေါ်တဲ့ ကျောက်ဖျာပေါ်မှာ ရမ်ဇာမ်လ အတွင်း ချပေးလိုက်ပြီးနောက်တော့ တမန် တော်မြတ် (ဆွ)အပေါ် ၂၃ နှစ်တာအတွင်း လိုအပ်သည့် အလျှောက် တဖြေးဖြေးချင်း ချပေးလိုက်တာဖြစ်ပါတယ်။ လူသားတွေအပေါ်မှာလည်း ကျမ်းမြတ် ကုရ်အာန်ကို တဖြေးတဖြေးသာ နားလည်သဘောပေါက်အောင် ဖတ်စေဖို့လည်း သဘောရှိပါတယ်။ ရဟူဒီတွေက ကျမ်းမြတ်ကုရ်အာန်ကို ဘာကြောင့် တဘရိတ်ထည်း မချပေး တာလည်းလို့ မေးကြ တယ်။ အဖြေကတော့ အထက်မှာပြောခဲ့တဲ့ လောဟိမဟ်ဖူးဇ်မှာ လိုင်လသွလ်ကဒရ်ညမှာ တကြိမ် တည်းနဲ့ အလ္လာဟ်အရှင်မြတ်က ချပေးလိုက်တာပါ။ နောက်ပြီး ဂျီဘရာအီးလ် ()ဟာ ရမ်ဇာမ်လမှာ တမန်တော်မြတ်(ဆွ)ထံ လာရောက် ပြီး သုံးရက်အတွင်း ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးကို ဖတ်ပြလေ့ရှိပါ တယ်။
မိရှ်ကာသ်ကျမ်းအကျယ်ဖွင့်ထဲ့မှာ တင်ပြတာက အလ္လာဟ်အရှင်မြတ်ဟာ တမန်တော် အီဗရာဟင် () ထံ ရမ်ဇာမ်လ သုံးရက်အတွင်း ကျမ်းတစ်စောင်ချပေးသလို၊ တမန်တော် မူစာ() ထံသို့လည်း ရမ်ဇာမ်လ ရက်အတွင်း ကျမ်းတစ်စောင့်ချပေးခဲ့ ပါတယ်။ ဒီအတိုင်းဘဲ တမန်တော် ဒါဝူးဒ် () ထံ ရမ်ဇာမ် ၁၈ ရက် အတွင်း ဇဗူးရ်ကျမ်းကို ချပေးခဲ့သလို၊ တမန်တော် အီစာ ()ထံသို့လည်း အီန်ဂျီးလ်ကျမ်းကို ၁၃ ရက်အတွင်း ချပေးခဲ့ပါတယ်။
ဘယ်သို့ပင်ရှိပါစေ၊ အလ္လာဟ်အရှင်မြတ်မိန့်တော်မူတာက ကျမ်းမြတ်ကုရ်အာန်ဟာ အားမန် တစ်ခုကို ဖော်ကျူးနေတာက ကုရ်အာန်ကျမ်းမြတ်သည် ဟရာမ်နှင့် ဟလာလ်ကို ခွဲခြားဖေါ်ပြထားသည့်အတွက် ဆုံးရှုံးနေတဲ့လမ်းကြောင်းမှ အောင်မြင် ရေးလမ်းကြောင်းပေါ်ကို ခေါ်ဆောင်ပေးတတ်ပြီး ရှရီအသ် ဥပဒေများကို လည်းဖေါ်ပြ ထားသည့်အတွက် အမှားမြင် အမှန်ပြင်တတ်အောင် ပုံဖေါ်ပေးနိုင်တဲ့ကျမ်းလည်းဖြစ်ပါတယ်။
နောက်ပြီး မြင့်မြတ်တဲ့ ကျမ်းမြတ်ကုရ်အာန်ကို ရမ်ဇာမ်လမှာ ချပေးသနားတဲ့အတွက် ရမ်ဇာမ်လမြတ် ဟာလည်း မြင့်မြတ်တဲ့ လမြတ်ရမ်ဇာမ်အဖြစ်ကို ရောက်ရှိလာပါတယ်။ ထိုလိုမြင့်မြတ်တဲ့ ရမ်ဇာမ်လမှာ စောင့်ထိန်းရတဲ့ ရိုဇာဥပုဒ်ဟာလည်း အတော့်ကို မြင့်မြတ်တဲ့ အကျိုးဆွဝါဗ်တွေ ရှိနေမယ်ဆိုတာကို ကျွန်တော်တို့ သံသယတွေ ထားစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ အင်ရှာအလ္လာဟ် အလ္လာဟ် အရှင် မြတ် နောက်ထပ် သောင်ဖီးက်ပေးရင် ဆက်လက်ပြီး ရမ်ဇာမ်လရဲ့ ဖဇီးလသ်တွေကို ဆက်လက် တင်ပြသွားအုံးမယ်။

بَارَكَ الله لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الآيَاتِ وَالِّذكْرِ الْحَكِيمِ ، وَتَقَبَّلَ مِنِّي وَمِنْكُمْ تِلاوَتَهُ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ، أَقُولُ قَوْلِي هذَا وَأَسْتَغْفِرُ الله الْعَظِيمَ لِي وَلَكُمْ، وَلِسَائِرِ الْمُسْلِمِينَ وَالْمُسْلِمَاتِ ، وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ ، فَاسْتَغْفِرُوهُ فَيَا فَوْزَ الْمُسْتَغْفِرِينَ وَيَا نَجَاةَ التَّائِبِينَ
 

ရိုဇာနှင့် ရမ်ဇာမ်လမြတ်အကြောင်း

ရမ်ဇာမ်လ၏ ဖရပ်ဇ် ရိုဇာစောင့်ထိန်းရန် တာဝန်ရှိသူများမှာ
အသိဥါဏ်ရှိသော အရွယ်ရောက်သူ မွတ်စ်လင်မ် ယောက်ျားများနှင့် မိန်းမများဖြစ်သည်။
အရွယ်မရောက်သေးသော ကလေးသူငယ်များ၊ ရူးသွပ်သူများနှင့် အိုမင်းရင့်ရောကာ အသိတရား မရှိတော့သူများ မပါဝင်ပါ။

ရိုဇာစောင့်ထိန်းရန် မလိုအပ်သူများ

အောက်ပါအခြေအနေတွင် ရိုဇာဟ်မစောင့်ထိန်းနိုင်လျှင် ရသော်လည်း အခြေအနေကောင်းလျှင် ပြန်လည် အစားဖြည့်ရမည်။

၁။ ခရီးသွားသူများ။ ခရီးတွင် အခက်အခဲမရှိလျှင် ရိုဇာဟ်စောင့်ထိန်းသင့်သည်။
၂။ ရောဂါသည်များ။
၃။ ကိုယ်ဝန်ရှိသူများ၊ ရိုဇာစောင့်ထိန်းလျှင် ကလေးသို့ မိခင်ကို အန္တရယ်ဖြစ်စေနိုင်ခြင်း။
၎။ နို့တိုက်မိခင်များ၊ ကလေးနှင့် မိခင်သည် ရိုဇာစောင့်ထိန်းမှုကြောင့် အန္တရယ်ဖြစ်စေနိုင်ခြင်း။
၅။ ဓမ္မတာလာနေသည့် မိန်မများနှင့် မီးတွင်း၌ရှိနေသော မိန်းမများ။

ရိုဇာဟ်စောင့်ထိန်းခြင်းနှင့် နိယသ်ပြုခြင်း
ရိုဇာစောင့်ထိန်းရာတွင် နိယသ်ပြုခြင်းသည် စည်းကမ်းချက်တစ်ခုဖြစ်သည်။ အကြောင်းကြောင်းကြောင့် နံနက်မှ နေ၀င်ချိန်ထိ စားခြင်း သောက်ခြင်းနှင့် မေထုံမီဝဲခြင်းကို မပြုခဲ့သော်လည်း ရိုဇာစောင့်ထိန်းရန် နိယသ် မပြုခဲ့ သော် ရိုဇာ မပိုင်ချေ။ ရမ်ဇာမ်လ ရိုဇာ၊ ကိုးသောရိုဇာ၊ အခြား စွန္နသ်နှင့် နဖိလ်ရိုဇာများကို ညအခါတွင်း နိယသ် ပြုရ၏။ သို့မဟုတ်က နံနက်ပိုင်းမှ နေ့ဝက်တိုင်း အချိန်အတွင်း နိယသ်လုပ်နိုင်ပါသည်။ နေ့ဝက်ဆိုသည်မှာ တစ်နေ့အချိန်၏ တစ်ဝက်ကိုဆိုလိုသည်။ ဥပမာ ဆုဗဟ် ဆွာဒစ်က် အချိန် ၄ နာရီ မှ ညနေ နေ၀င်ချိန် ၆ နာရီ အထိ သည် တစ်နေ့တာ သတ်မှတ်လျှင် ၄င်းနေ့သည် ၁၄ နာရီရှိသဖြင့် နေ့ဝက်သည် နံနက် ၁၁ နာရီဖြစ်သည်။ ထို့ကြောင့် နံနက် ၁၁ အချိန်ထိ ရိုဇာ၏ နိယသ်ပြုနိုင်သည်။
ကဇွာရိုဇာများအတွက်မူ နံနက် ဆုဗဟ် ဆွာဒိက်အချိန်မတိုင်မီ နိယသ်ပြုရမည်။ နိယသ်ပြုရာတွင် နုတ်မှ ရွတ်ဖတ်ကာ နိယသ်ပြုလျှင် ပိုင်သလို စိတ်အတွင်းမှ ရည်ရွယ်ကာ နိယသ်ပြုလုပ်လျှင်လည်း ပိုင်ပါသည်။

ရိုဇာဟ်ဥပုဒ်ဆိုသည်မှာ
နိယသ်ပြု၍ နံနက်မိုးသောက်ချိန်မှ နေ၀င်ချိန်အထိ စားသောက်မှုနှင့် ကာမဂုဏ်ကို စွန့်လွှတ်ခြင်းကို ရိုဇာဟ် စောင့်ထိန်းခြင်းဟုခေါ်သည်။ အာရဗီဘာသာဖြင့် ဆွေယာမ်ဟုခေါ်ကာ ရိုဇာဟ်ဖွင့်ခြင်း (၀ါ) ၀ါဖြေခြင်းကို အိဖ်သွာရ်ဟု ခေါ်ပါသည်။ ရိုဇာဟ် ၈ မျိုးရှိပါသည်။

၁။ ဖရဇ် မုအယ်ယိုင်န်
၂။ ဖရဇ် ဂိုင်းရ် မုအယ်ယိုင်န်
၃။ ၀ါဂျိဗ် မုအယ်ယိုင်န်
၎။ ၀ါဂျိဗ် ဂိုင်းမုအယ်ယိုင်န်
၅။ စွန္နသ်
၆။ နဖိလ် (သို့) မွတ်စ်သဟဗ်
၇။ မကရူးဟ်
၈။ ဟရာမ်

၁။ ဖရဇ် မုအယ်ယိုင်န်ရိုဇာဟ် ဆိုသည်မှာ တစ်နှစ်လျှင် တစ်လစောင့်ထိန်းရသော ရိုဇာဟ်ကို ခေါ်ဆိုသည်။

၂။ ဖရဇ် ဂိုင်းရ် မုအယ်ယိုင်န်ရိုဇာဟ် ဆိုသည်မှာ အကြောင်းတစ်ခုခုကြောင့် ရမ်ဇမ်လတွင် ပျက်ကွက်ခဲ့သော ရိုဇာဟ် ကို ကဇွာဟ်ဖြည့်ရသော ရိုဇာဟ်ကိုခေါ်သည်။

၃။ ၀ါဂျိဗ် မုအယ်ယိုင်န်ရိုဇာဟ် ဆိုသည်မှာ မည်သည့်နေ့ရက်တွင် စောင့်ထိန်းမည်ဟု ကိုးထားသောရိုဇာဟ်ကို ခေါ် သည်။ ဥပမာ ကျွန်ုပ်သည် စာမေးပွဲအောင်သည့်နေ့တွင် ရိုဇာဟ်စောင့်မည်ဟုကိုးခဲ့ပြီး အောင်သောအခါ ၄င်းနေ့ တွင် ရိုဇာဟ်စောင့်ထိန်းခြင်းကို ခေါ်သည်။

၎။ ၀ါဂျိဗ် ဂိုင်းမုအယ်ယိုင်န်ရိုဇာဟ် ဆိုသည်မှာ ကဖ်ဖါရာဟ်အဖြစ် စောင့်ထိန်းသောရိုဇာဟ်နှင့် ရက်သတ်မှတ်ချက်မ ထားဘဲ ကိုးထားသော ရိုဇာကို ခေါ်ဆိုသည်။

၅။ စွန္နသ်ရိုဇာဟ် ဆိုသည်မှာ တမန်တော်မြတ် (ဆွ) ကိုယ်တိုင် အခြားသူများကို စောင့်ထိန်းရန် လမ်းညွှန်ခဲ့သော ရိုဇာဟ်ဖြစ်သည်။ ဥပမာ၊ အာရူရာနေ့ ၂ ရက် အရဖာသ်နေ့ ၁ ရက် အယ်ယာမိဘီဇ် လ၏ ၁၃၊ ၁၄၊ ၁၅ ရက်နေ့ များတွင် ၃ ရက် ရိုဇာဟ်စောင့်ထိန်းခြင်းဖြစ်သည်။

၆။ နဖိလ် (သို့) မွတ်စ်သဟဗ်ရိုဇာဟ် ဆိုသည်မှာ ဖရဇ်၊ ၀ါဂျိဗ် နှင့် စွန္နသ် ရိုဇာဟ်များမှအပ ရိုဇာဟ်ကို ခေါ်သည်။

၇။ မကရူးဟ်ရိုဇာဟ် အာရူရဟ် ၁ ရက်တည်းရိုဇာဟ်စောင့်ထိန်းခြင်းနှင့် ဇနီးသည်မှ လင်သား၏ ခွင့်ပြုချက်မရှိဘဲ စောင့်ထိန်းသောရိုဇာဟ်ဖြစ်သည်။

၈။ ဟရာမ်ရိုဇာဟ် ဆိုသည်မှာ တစ်နှစ်တွင် ၅ ရက် ဖြစ်သော အီးဒ် ၂ ရက် အိုင်ယာမိ သရှ်ရီက် ၃ ရက် စုစုပေါင် ၅ ရက် ရိုဇာဟ်စောင့်ထိန်းခြင်းဖြစ်သည်။

ရိုဇာဟ်ပျက်စေသောအချက်များ
ရိုဇာဟ်ပျက်စေသော အချက် အဓိနှစ်ချက်ရှိသည်။ ပထမအချက်သည် ရိုဇာပျက်သဖြင့် ထိုရက်အတွက် အစားဖြည့်ရခြင်းဖြစ်သည်။ ဒုတိယအချက်သည် ရိုဇာပျက်သဖြင့် အစားဖြည့်ရမည့်အပြင် ရဖ်ဖါရာလည်း ထိုက် သည်။

ရိုဇာဟ်ပျက်သဖြင့် အစားဖြည့်ခြင်း
၁။ ရိုဇာဟ်စောင့်ထိန်းသူ၏ ပါးစပ်အတွင်းသို့ အခြားသူတစ်ဦးက အစားတစ်ခုခုကို အတွင်းထိုးသွင်းသဖြင့် လည်ချောင်းအတွင်းထိ ၀င်ရောက်သွားခြင်း။
၂။ ရိုဇာဟ်စောင့်နေကြောင်း သတိရှိလျှက်နှင့် ပလုပ်ကျင်းနေစဉ် လည်ချောင်းအတွင်းသို့ ရေ၀င်သွားခြင်း။
၃။ အန်လာသည်ကို လည်ချောင်းအတွင်းသို့ တမင် ပြန်ရောက်အောင်ပြုလုပ်ခြင်း။
၎။ တမင်ပါးစပ်ပြည့်အောင် အန်ခြင်း။
၅။ ကျောက်ခဲ့ ၀ါ မြေကြီး ၀ါ အုပ်ခဲစ ၀ါ သစ်စေ့ ၀ါ စက္ကူစတို့ကို တမင်မျိုချခြင်း။
၆။ သွားကြားညပ်နေသော ကုလားပဲစေ့ခန့်မျှ သို့ ထို့ထက်ကြီးသော အရာတစ်ခုခုကို လျှာဖြင့် ထုတ်ယူ၍ မျိုချခြင်း။
၇။ နားထဲ၌ ဆီထည့်ခြင်း။
၈။ နှာရူဆေး ရူခြင်း
၉။ သွားမှ ထွက်သောသွေးကို မျိုချခြင်း
၁၀။ မေ့လျှော့၍ စားသောက်မိပြီး ရိုဇာပျက်ပြီးဟုထင်၍ ထပ်မံစားသောက်ခြင်း။
၁၁။ အာရုံတက်ချိန်ရောက်ပြီးသောအခါ မိုးသောက်ချိန်မရောက်သေးဟု ထင်၍ စားသောက်မိခြင်း။
၁၂။ ရမ်ဇမ်လမှအပ အခြားရက်တွင်ထားသော နဖိလ်ရိုဇာဟ်ကို တမင်ဖျက်ခြင်း။
၁၃။ နေ့အချိန်မကုန်သေးဘဲ မိုးသားများကြောင့် နေ၀င်ပြီထင်၍ ၀ါဖြေခြင်း။

ရိုဇာဟ်မပျက်စေသောအကြောင်းများ
၁။ မေ့၍စားသောက်မိခြင်း။
၂။ မေ့၍မေထုံမီဝဲခြင်း။
၃။ အာခေါင်တွင်းသို့ ဖုံ၊ မီးခိုးနှင့် ပိုးမွှားများဝင်သွားခြင်းနှင့် စွရ်မာဟ် ဆွဲခြင်းတို့ဖြစ်၏။

ရိုဇာဟ်ပျက်၍ ကဖ်ဖါရာဟ်ထိုက်စေသော အချက်များ

ကဖ်ဖါရာဟ်သည် ရမ်ဇမ်လတွင် စောင့်ထိန်းရသော ဖရဇ် ရိုဇာဟ်အတွက်သာဖြစ်၏။ နဖိလ်ရိုဇာဟ်များကိုတမင် ဖျက်ရလျှင်လည်း ကဖ်ဖါရဟ် မထိုက်ပေ။

၁။ အစာအဟာရ သို့ ဆေးဝါး သို့ အရသာခံရန် သုံးဆွဲခြင်း
၂။ သတိရလျှက်နှင့် သံဝါသ ကာမဂုံ ပြုခြင်း။
၃။ စုတ်ထိုး၍ဖြစ်စေ စွရ်မာဆွဲ၍ဖြစ်စေ ရိုဇာဟ်ပျက်ပြီထင်ပြီးနောက် ထမင်းစားသောက်မိခြင်း။

ရိုဇာဟ်၏ မွတ်စ်တဟဗ်အချက်များ
၁။ စဟ်ရီစားခြင်း
၂။ ညအခါ၌ပင် နိယသ်ပြုခြင်း
၃။ အာရုဏ်တက်ချိန်၏ နောက်ဆုံးအချိန်တွင် စားသောက်ခြင်း
၎။ ၀ါဖြေချိန်ရောက်လျှင် စောလျှင်စွာ ၀ါဖြေခြင်း။
၅။ အတင်းစကား၊ မုသားစကားနှင့် ဆဲရေးတိုင်းထွာခြင်းများမှ ရှောင်ကြဉ်ခြင်း။
၆။ စွန်ပုလွန်သီးဖြင့် ၀ါဖြေခြင်း၊ မရှိလျှင် ရေဖြင့် ၀ါဖြေခြင်း။

ရိုဇာတွင် မကရူဖြစ်စေသော အကြောင်းများ။
၁။ တစ်စုံတစ်ရာဝါးခြင်း သို့ အရာဝတ္ထုတစ်ခုခုကို ငုံထားခြင်း။
၂။ အစားအစာ တစ်စုံတစ်ရာကို မြီးခြင်း။ မဖြစ်မနေလိုအပ်လျှင် မြီးကြည့်ပြီး ချက်ခြင်းထွေးပစ်ရမည်။
၃။ ကျင်ငယ်စွန့်ချိန်တွင် ခြေထောက်ကို များစွာချဲ၍ ထိုင်ခြင်း။
၎။ ပလုပ်ကျင်းရာတွင် ၄င်း နှာခေါင်းဆေးရာတွင် ၄င်း ရေများစွာထည့်ခြင်း။
၅ တံဆွေးများစွာ ငုံထားပြီး မျိုချခြင်း။
၆။ အတင်းပြောခြင်း၊ မုသားပြောခြင်း၊ ဆဲရေးတိုင်းထွာခြင်း။
၇။ မောပန်း၍ နွမ်းသောအသွင်ကို ပြခြင်း
၈။ မသန့်သော ခန္ဓာဖြင့် ကြာရှည်စွာနေခြင်း။
၉။ မီးသွေးခဲဖြင့် ၄င်း သွားတိုက်ဆေးဖြင့် ၄င်း သွားတိုက်ခြင်း။

ရိုဇာဟ်မကရူမဖြစ်သောအချက်များ
၁။ စွရ်မာဆွဲခြင်း။
၂။ ကိုယ်ပေါ် သို့ ခေါင်းပေါ် ဆီလိမ်းခြင်း။
၃။ ကိုယ်အေးစေရန် ရေချိုးခြင်း။
၎။ တံပူတိုက်ခြင်း။
၅။ ရေမွှေးနှင့် နံ့သာရူခြင်း လိမ်းခြင်း။
၆။ မေ့လျှော့၍ စားသောက်မိခြင်း။
၇။ မရည်ရွယ်ဘဲ အလိုအလျှောက်အန်ခြင်း။
၈။ မိမိ၏တံတွေးကို မျိုးချခြင်း။
၉။ မရည်ရွယ်ဘဲ လည်ချောင်းတွင်းသို့ ယင်ကောင်း သို့ မီးခိုးဝင်သွားခြင်း။ ဖေါ်ပြပါအချက်များသည် ရိုဇာဟ်လည်းမပျက် မကရူလည်း မဖြစ်ပေ။ 

ရိုဇဟ်နှင့်စိတ်ရောကိုယ်ပါကျန်းမာရေး

အစ္စလာမ်သာသနာတွင် ရိုဇဟ် ဥပုဒ် စောင့်ထိန်းခြင်းသည် အိဗါဒသ် တစ်ခုအဖြစ်ယူဆပါသည်။ ရိုဇဟ် စောင့်ထိန်းခြင်းသည် တစ်နည်းအားဖြင့် ကျန်မာရေးအတွက် အကျိုးပြုစေသော်လည်း စင်စစ် ရိုဇဟ်သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရယူရန် ရည်ရွယ်ချက်ဖြင့်သာ စောင့်ထိန်းရခြင်းဖြစ်ပါသည်။ ရိုဇဟ် စောင့်ထိန်းခြင်းသည် လောကုတ္တရာအတွက် အကျိုးကျေးဇူးများစွာရှိသလို လောကီအကျိုးကျေးဇူးများ လည်းရှိပါသည်။ အထူးသဖြင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုအတွက် အကျိုးများစွာရှိသည်ကို သုသေသန လုပ်ငန်းများအရသိရပါသည်။
အဟာရဗေဒပညာရှင်များသည် ဥပုဒ်စောင့်ထိန်းရာတွင် အရည်သောက်ခြင်းဖြင့်စောင့်ထိန်းရန် အကြံပေး ကြသည်။ ထိုအခါ လူတို့သည် အဖတ်မစားကြဘဲ အသီးအနှံနှင့် ဖျော်ရည်တို့ကိုသာ သောက်သုံးကြ လေသည်။ အချို့သောသူတို့သည် အရည်ကို၎င်း အဖတ်ကို၎င်း သတ်မှတ်သောအချိန်မှလွဲ၍ ကျန်သော အချိန်များတွင် ဥပုဒ်စောင့်ထိန်းသည့်အနေဖြင့် မစားသုံးရန် မှာကြားကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် လူသည် မိမိ၏ ခန္ဓာအတွင်းရှိ အစိတ်ဖြစ်စေသော အရာများ ရောဂါဖြစ်စေနိုင်သော အရာများကို ဖယ်ရှား ပစ်သလိုဖြစ်စေသည်။
ဆေးပညာအရ ကြည့်လျှင် ရိုဇဟ်ဥပုဒ်စောင့်ထိန်းခြင်းလုပ်ငန်းသည် ခန္ဓာအတွင်းရှိ ရောဂါအရပ်ရပ်ကို ဖယ်ရှားနေသည့် လုပ်ရပ်ဟုလည်းဆိုနိုင်ပါသည်။ ထိုသို့ ဥပုဒ်စောင့်ထိန်းနေစဉ် ခန္ဓာကိုယ်အတွင် အခြား မည်သည့် အစားအစာများ မရှိတော့သည့်အခါ ခန္ဓာအတွင်းရှိ အောင်းနေသော အဆီများသည် အစာအဖြစ် အသုံးဝင်လာပါသည်။ ဥပုဒ်စောင့်နေစဉ်အတွင် ခန္ဓာကိုယ်အပူချိန်ရော့နည်းလာတတ်သလို အခြားသော သွေးပေါင်ကျခြင်း၊ သွေးခုန်နှုံးကျခြင်းနှင့် အသက်ရှုနှေးခြင်း စသည့်အခြေအနေများလည်း ဖြစ်လာတတ် ပါသည်။ သို့ဖြစ်၍ ရိုဇဟ်စောင့်ထိန်းနေစဉ်လူသည် နွေးနွေးထွေးထွေး နေသင့်ပါသည်။ ဥပုဒ်စောင့် ထိန်းခြင်းသည် တနည်းအားဖြင့် ရောဂါများစွာကို ပျောက်ကင်းစေနိုင်ကြောင်း သိရှိလာပါသည်။ အဝလွန်ခြင်း၊ ဓါတုပစ္စည်များ လျော့ပါးစေခြင်း၊ ခန္ဓာကို ကိုက်ခဲခြင်း၊ အကြောရောဂါများ၊ အစာအိမ်နာ ရောဂါ၊ ဝမ်းနှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ပန်းနာရင်ကျပ်နှင့် စိတ်ဖိစီးမှုများကို ပျောက်ကင်းရော့ပါး စေကြောင်းသိရပါသည်။
ဥပုဒ်သီလစောင့်ထိန်းခြင်းသည် တနည်းအားဖြင့် ခန္ဓာနှင့် စိတ်ကို အနားယူစေကာ ရောဂါများမှာ ကာကွယ် မှုကိုပေးနေခြင်းဖြစ်သည်။ ဥပုဒ်သီလစောင့်ထိန်းခြင်းသည် ဆီးချိုရောဂါကို၎င်း၊ အစာအိမ်လမ်းကြောင်း ရောဂါကို၎င်း၊ ၀မ်းချုပ်ခြင်းကို၎င်း ပျောက်ကင်းသက်သာစေပြီး၊ ကိုလက်စ်ထရောလ် လီဗဲလ်ကိုညှိနှိုင်းပေး ခြင်းကိုလည်း ပြုလုပ်ပေးကြောင်း သုသေသနလုပ်ငန်းများအရ သိလာကြပါသည်။
ထိုသို့ လောကီဆိုင်ရာ ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းမွန်စေသည့်အပြင် လောကုတ္တရာ အာခိရသ်နှင့် ပတ်သက်သော အကျိုးဆွဝါဗ်များကာ ပြောပြမဆုံးနိုင်ပင်ဖြစ်သည်။ အချို့သော အကျိုးကျေးဇူးများကို တင်ပြရလျှင်-
သိရ်မိဇီကျမ်းတွင် တမန်တော်မြတ်(ဆွ) မိန့်ကြားချက်ကို တင်ပြသည်မှာ ကျမ်းမြတ်ကုရ်အာန်နှင့် ရိုဇဟ် စောင့်ထိန်းခြင်းသည် လူသားကို အလ္လာဟ်အရှင်မြတ်ထံမှာ အကာအကွယ်ကိုတောင်းခံပေးသည်ဟူ၍ဖြစ် သည်။ ရိုဇဟ်က အလ္လာဟ်အရှင်မြတ်ကို ပြောဆိုသည်မှာ အိုအလ္လာဟ် ကျွန်တော်မျိုးသည် ဤလူသားကို အစားအစာစားခြင်းမှ၎င်း၊ တဏှာကာမ အမှုကိစ္စမှ၎င်း နေ့အချိန်တွင် ကင်းအောင်ပြုလုပ်ခဲ့သည်။ သို့ဖြစ်၍ ဤလူသားအတွက် မိမိ၏ လွတ်ငြိမ်းချမ်းသာခွင့် ၀င်ရောက်တောင်းဆိုမှုကို လက်ခံတော်မူပါ။ ကျမ်းမြတ်ကုရ်အာန်ကလည်း ပြောဆိုသည်မှာ ကျွန်တော်မျိုးသည် ဤလူကို အိပ်ခြင်းမှာ ဝေးစေကာ ကျမ်းမြတ်ကုရ်အာန်အား ဖတ်နေစေခဲ့သည်။ သို့ဖြစ်၍ မိမိ၏ ကြားဝင် ပြောကြားခြင်းကို လက်ခံပါအရှင် ဟုဆိုသည်။ သို့ဖြစ် ၄င်းတို့၏ တောင်းဆိုမှုသည် လက်ခံကဗူလ်ဖြစ်ခဲ့သည်။
ဗူခါရီကျမ်းတွင် လာရှိသည်မှာ တမန်တော်မြတ်(ဆွ) မိန့်သည်မှာ- အလ္လာဟ်အရှင်မြတ်က ဤသို့ပြောဆို လေသည်- အာဒမ်၏ သားသမီးများအတွက် သူတို့လုပ်သမျှ အီဗါဒသ်များသည် သူတို့အတွက်ဖြစ်ကြသည်။ သို့သော် သူတို့စောင့်ထိန်းသောရိုဇဟ်သည် ငါအတွက်သာဖြစ်သည်။ ရိုဇဟ်အတွက် ငါအရှင်ကိုယ်တိုင် အကျိုးဆွဝါဗ်ပေးမည်ဖြစ်သည်။ အခြားဟဒီးဆ်တစ်ပုဒ်တွင် မိန့်သည်မှာ- ငါအရှင်သည်သာလျှင် ရိုဇာ စောင့်ထိန်းသူတို့အတွက် အကျိုးဆွဝါဗ်ပေးမည်။ အကြောင်းမှာ သူတို့သည် ငါအတွက် အစားကို၎င်း အသောက်ကို၎င်း ကာမစိတ်ကို၎င်း ချုပ်တည်းခဲ့ကြသည်။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ ရိုဇဟ်စောင့် ထိန်းခြင်းသည် ဒိုင်းသဖွယ်ဖြစ်ပြီး ငရဲမီးမှ ကာကွယ်ပေးပါသည်။ ထို့အပြင် ရိုဇဟ်စောင့်ထိန်းသူတို့သည် နှစ်ခုသော ၀မ်းမြောက်ခြင်းကို ရရှိကြမည်။ တစ်ခုသည် ရိုဇဟ်ဖြေသောအချိန်တွင်ဖြစ်ပြီး အခြားတစ်ခုမှာ သူသည် သူ၏ မွေးမြူဖန်ဆင်းရှင်နှင့် တွေ့ဆုံမည့်နေ့ဖြစ်သည်။ ထို့အပြင် ရိုဇဟ်စောင့်သူ၏နုတ်မှအနံ့ သည် အလ္လာဟ်ထံပါးဝယ် ကတိုးနံ့ထက်ပင် ကောင်းမွန်ကြောင်း မိန့်ဆိုသည်ကို သိရပါသည်။
ဗူခါရီကျမ်းတွင် လာရှိသည်မှာ ရိုဇဟ်စောင့်ထိန်းခြင်းသည် လူသားအဖို့ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ကို နာခံခြင်းဟူသည့် အလိုသဘောပါရှိသလို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုအတွက် စောင့်ထိန်းခြင်းဟူ သည် နိယသ်ထားရန်လိုအပ်သည်။ ထို့အပြင် မွတ်စ်လင်မ်တို့သည် ရိုဇဟ်စောင့်ထိန်းရာတွင် နှစ်ရက်ဆက် တိုက် စောင့်ထိန်းခြင်းအမှုကို မပြုထိုက်ပါ။ အိမာမ်မာလိက်(ရ) ၏ အလ်မုဝသ်သာ ကျမ်းတွင် တမန်တော်မြတ် (ဆွ) သည် နှစ်ရက် ဆက်တိုက် ရိုဇဟ်စောင့်ထိန်းခြင်းအမှုကို တားမြစ်ထားပြီး တစ်ရက် ရိုဇဟ်စောင့်ထိန်းပြီးတိုင်း ကြားတွင် အစာ စားရမည်ဖြစ်သည်။ ထို့အပြင် ရိုဇဟ်စောင့်ထိန်းခြင်းကို အီဒ်နေ့ နှစ်ရက်အတွက်၎င်း၊ အိုင်ယာမိ သရှ်ရိက်နေ့များတွင်၎င်း တားမြစ်ထားပါသည်။ ဇနီးမယားများသည် နဖိလ်ရိုဇဟ်ကို လင်ယောက်ျား၏ သဘောတူညီချက်မရှိဘဲ စောင့်ထိန်းခြင်းမပြုရပါ။
ရိုဇဟ်ဖြေသည်အခါ ရေတစ်ငုံသောက်ခြင်းဖြင့်၎င်း၊ စွန်ပုလွန်သီးတစ်လုံး စားသုံးခြင်းဖြင့်၎င်း ဖြေသင့်ပါ သည်။ အဘူဒါဝတ်ကျမ်းတွင် တမန်တော်မြတ် (ဆွ) မိန့်သည်မှာ အသင်တို့သည် ဥပုဒ်စောင့်ထိန်းပြီး ၀ါဖြေသည့်အခါ စွန်ပုလွန်သီးတစ်လုံးဖြင့် ၀ါဖြေသင့်သည်။ အကယ်၍ မည်သည့်အရာမှ မရရှိပါက ရေတစ်ငုံဖြင့် ၀ါဖြေသင့်သည်။ ရေသည် သန့်ရှင်းစေသောအရာဖြစ်သည်။ မွတ်စ်လင်မ်ကျမ်းတွင် လာရှိ သည်မှာ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ အဂ်ျဝ စွန်ပုလွန်သီးသည် အလွန်ကောင်းသောဆေးတစ်ပါး ဖြစ်သည်။ တဖန် တမန်တော်မြတ် (ဆွ) မိန့်သည်မှာ တနင်္လာနေ့နှင့် ကြာသာပတေးနေ့များတွင် ရိုဇဟ် စောင့်ထိန်းကြလော့၊ ထို့အပြင် လူတို့၏ လုပ်ရပ်အမလ်များကို တနင်္လာနေ့နှင့် ကြာသာပတေးနေ့များတွင် အလ္လာဟ်အရှင်မြတ်ထံတော်သို့ တင်ပြလေ့ရှိပါသည်။ ငါတမန်တော်လိုလားသည်မှာ ထိုသို့တင်ပြချိန်တွင် ထိုသူသည် ရိုဇာစောင့်ထိန်းနေသည့် အခြေအနေတွင် ရှိနေစေချင်ပါသည်။ ထိုအပြင် လတစ်လ၏ ၁၃၊ ၁၄ နှင့် ၁၅ ရက်များ (အိုင်ယာမိဘီဇ်နေ့များ) တွင် ရိုဇဟ်စောင့်ထိန်းနိုင်လျှင်လည်း အလွန်ကောင်းပါသည်။
တနှစ်တာအတွင်း ရမ်ဇမ်လမြတ်အတွင်း စောင့်ထိန်းရသော ဖရဇ်ရိုဇဟ်များကို စောင့်ထိန်းနေရသည်ဖြစ် စေ၊ ကျန်သော ရက်များတွင် နဖိလ် ရိုဇဟ်များ စောင့်ထိန်းနေရသည်ဖြစ်စေ လူသားတို့တွင် အကျိုးကျေးဇူး နှစ်ခု ရရှိကြောင်း သိရပြီ ဖြစ်သည်။ တစ်ခုမှာ အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင် ချီးမြှင့်မည့် ဆွဝါဗ် ဖြစ်ပြီး၊ အခြားတစ်ခုကတော့ လက်ရှိ ဤ ဒွန္နီယာလောကကြီးတွင် ရိုဇဟ်စောင့်ထိန်းသူ၏ ခန္ဓာအတွင်း ရောဂါများကို ပျောက်ကင်းစေခြင်းပင်ဖြစ်သည်။ မည်ကဲ့ သို့သော် အကျိုးကျေးဇူး ခန္ဓာအတွင်း ရရှိနေသည် ဖြစ်စေ ရိုဇဟ်စောင့်ထိန်းသူတစ်ဦး သဘောပေါက်သင့်သည်မှာ ၄င်းတို့သည် အလ္လာဟ်အရှင်မြတ်ချီးမြှင့် သည် ရဟ်မသ်တော်များသာဖြစ်ပါသည်။ သို့သော် ရိုဇဟ်စောင့်ထိန်းသူတစ် ဦးနားလည်သဘောပေါက် ထားရမည်မှာ ရိုဇဟ်စောင့်ထိန်းခြင်းသည် အဆိုပါ ဒွန္နီယာ၏ အကျိုးကျေးဇူးများ ရရှိရန်၊ ရောဂါများကို ပျောက်ကင်းရန်၊ ခန္ဓာကိုယ် ပိန်ပေါ့ပါးဖြတ်လတ်သွက်လက်ရန်၊ အစားအသောက် ထိန်းချုပ်ရန် စသည့် ရည်ရွယ်ချက်ဖြင့် စောင့်ထိန်း မမိရန်ပင်ဖြစ်သည်။ စင်စစ် ရိုဇဟ်စောင့်ထိန်းခြင်းသည် မိမိတို့အတွက် ပြင်းပြသည့် ဆန္ဒများကို ထိန်းချုပ်ရန်ပင်ဖြစ်ပါသည်။ အဆုံးအနေဖြင့် တင်ပြလိုသည်မှာ ရိုဇာစောင့်ထိန်း ခြင်းဖြင့် မွတ်စ်လင်မ်တို့ သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အကျိုးဆွဝါဗ် အမှန်ပင်ရရှိမည်ဖြစ်ပါကြောင်း သို့သော် မိမိရိုဇဟ်ကို ချို့ယွင်းစေမည့် မုသားပြောခြင်း၊ လိမ်လည်ခြင်း၊ သူများမကောင်းကြောင်း နောက်ကွယ်တွင်ပြောခြင်း၊ မကောင်းမှုဒုစရိုက်များကို လုပ်ခြင်း စသည့် လုပ်ရပ်များဖြင့် မိမိရရှိမည့် ဆွဝါဗ်များကို ယုတ်လျော့စေအောင် မပြုမိလုပ်ရန် အရေးကြီးပါကြောင်း။
အလ္လာဟ်အရှင်မြတ် ရေးသူ ဖတ်သူ အမလ်လုပ်သူများအားလုံး၏ အမလ်များကို လက်ခံတော်မူပါစေ။
 

ရမ်ဇမ်လတွင် လုပ်ထိုက်သော လုပ်ငန်းကြီးလေးရပ်

အို မွတ်စ်လင် အမျိုးသား အမျိုးသမီးအပေါင်းတို့

လမြတ်ရမ်ဇမ်တွင် အရေးကြီးသော လုပ်ငန်းကြီး လေးရပ်ကို အစဉ် လုပ်ကိုင်သင့်ပါသည်။ ၄င်း လုပ်ငန်းလေးခုဟာ သိပ်ပြီး ပင်ပန်းမှုမရှိသလို နေထိုင်သွားလာစားသောက်ရင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။ ထိုသို့လုပ်ကိုင် ဆောင်ရွက်ရင်း လူသားဟာ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရယူနိုင်ပြီး မိမိရဲ့ မီဇာန် အလေးချိန်ကိုလည်း အလေးစီးစေနိုင်ပါတယ်။

(၁) အစဉ် လာအိလာဟ အိလ္လလ္လာဟါကို ရွတ်ဖတ်နေခြင်း
(၂) အစဉ် အစ်သဂ်ဖိရွလ္လာဟ်ကို ရွတ်ဖတ်နေခြင်း
(၃) အစဉ် ဂျန္နသ်ဥယျဉ်ကို ရရှိရန် တောင်းခံခြင်း
(၄) အစဉ် ဂျဟန္နမ် ငရဲမီးမှ ကင်းလွတ်ခွင့် တောင်းခံနေခြင်း စသည်တို့ဘဲ ဖြစ်ပါတယ်။

(၃) နှင့် (၄) အတွက် အစဉ် ရဗ္ဗနာ အာသိနာ ဖိဒ္ဒြန္ယာ ဟစနသောင် ၀ဖိလ်အာခိရသိ ဟစနသောင် ၀ကိနာ အဇာဗိန်နာရ် ကို ဖတ်ပါ။

အဲ့ဒီလုပ်ငန်းကြီးလေးရပ်ဟာ အလွယ်တကူလုပ်ကိုင်ဆောင်ရွက်နိုင်သော်လည်း လွယ်လွန်းအားကြီးလို့ အထင်မသေးမိရန် အရေးကြီးပါ တယ်။ လွယ်သလောက်လည်း မေ့တတ်လွန်းတဲ့အတွက် လုပ်ဖို့မေ့သွားတတ်ပါတယ်။ ဒါကြောင့် ရမ်ဇာမ်လမှာ သစ်ဘီ တစ်ခုကိုအစဉ် ကိုယ်နဲ့အတူထားပြီး အားတာနဲ့ အနည်းဆုံး လာအိလာဟအိလ္လလ္လာဟ်ကို အနည်းဆုံး ၁၀၀ လောက်ဖတ်ပါ။ ထိုနည်းအတိုင်း အစ်သဂ်ဖိ ရွလ္လာဟ်ကိုလည်း ၁၀၀ နဲ့ ရဗ်ဗနာ..... ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါလို့ သတိပေးလိုက်ပါရစေ။

နောက်ထပ် တတ်နိုင်တဲ့လူတွေအတွက် ပြောချင်တာက ရိုဇဟ်လမြတ်မှာ ရိုဇာစောင့်ထိန်းခြင်းဟာ အလွန်အရးကြီးသလို ရိုဇာစောင့်ထိန်း သူတွေကို ပြုစုစောင့်ရှောက်တာဟာလည်း အလွန်မွန်မြတ်တဲ့ မြင့်မြတ်တဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ တမန်တော်မြတ် (ဆွ) မိန့်တော်မူ တာရှိပါတယ်။ မည်သူမဆို ရိုဇဟ်စောင့်ထိန်းသူတွေကို ၀ါဖြေပေးနိုင်ခဲ့ရင် အဲ့ဒီသူကို အလ္လာဟ်အရှင်မြတ်ဟာ မိမိရဲ့ ဟောဇေကောစရ် မှ
ဖျော်ရည်ကို တိုက်ကျွေးမှာဖြစ်ပါတယ်။ မည်သူမဆို အဲ့ဒီဖျော်ရည်ကို တစ်ခါသောက်မိခဲ့လျှင် နောင်ဘယ်တော့မှာ ရေငတ်တော့မှာ မဟုတ် တော့ဖူးလို့လည်း မိန့်ကြားပါတယ်။

ဆွဟာဘာကြီး စအီဒ် ခွဒ်ရီ (ရ) က တမန်တော်မြတ်ရဲ့ ဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ဆိုထားတာက အလ္လာဟ်အရှင်မြတ်ဟာ ရမ်ဇမ်လမှာ ဂျန္နသ်ဥယျဉ်ဘုံရဲ့ တစ်ခါချက်များအားလုံးကို တစ်လုံး ဖွင့်လှစ်ထားပါတယ်. အဲ့ဒီ ဂျန္နသ်ဥယျဉ်ဘုံအတွင်းမှာ နီတျာရဲနေတဲ့ ပတ္တမြားဖြစ်ပြီး တဲ့ ဟောနန်းတစ်ဆောင်အလား ကြီးကျယ်တဲ့ အိမ်ကြီးတစ်ခုကို ရိုဇာစောင့်ထိန်းသူအတွက် ပေးအပ်မယ်လို့ဆိုပါတယ်။ အဲ့ဒီအိမ်တော်မှာ တံခါးပေါက်ပေါင်း ခုနှစ်သောင်းကျော်ရှိပါမယ်။ အဲ့ဒီတံခါးများအားလုံးကို ရွှေဖြင့်ပြုလုပ်ထားပြီး ရွှေတံခါးချပ်တိုင်းပေါ်မှာ ပတ္တမြားတွေနဲ့ အလှ ဆင်ထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး မိန့်ကြားတာက မု့မင်န်တစ်ဦးဟာ ရမ်ဇာမ်လမှာ ပထမနေ့ ရိုဇဟ်စောင့်ထိန်းခဲ့ရင် အဲ့ဒီလူကို နောက်ဆုံးရမ်ဇာမ် ရက်များ အထိ သူ့ရဲ့အပြစ်ဂိုနာများကို ခွင့်လွတ်မှာဖြစ်ပါတယ်။ ဒုတိယနေ့တွင် မု့မင်န်တစ်ဦးသည် ရိုဇာဟ်စောင့်ထိန်းခဲ့လျှင် ထိုသူအတွက် ရမ်ဇာမ်တစ်လလုံးအတွက် ကဖ်ဖာရာများ ပေးပြီးဖြစ်သွားမည်ဖြစ်သည်။ ထို့နောက် ကျန်တဲ့ရိုဇဟ်များအားလုံးအတွက် ရိုဇဟ်တစ်လုံး ထားတိုင်း ဂျန္နသ်ဥယျဉ်အတွင်း ရွှေဖြင့်ပြီးသော အိမ်တစ်စောင်ကို ပေးအပ်မည်ဖြစ်ပါသည်။ အဲ့ဒိအိမ်မှာလည်း တံခါးပေါက်ပေါင်း တစ်ထောင်ကျော်ရှိပါတယ်။ နောက်ပြီး အဲ့ဒီမု့မင်န်အတွက် ကောင်းကင်တမန် ၇ သောင်းကျော်ဟာ ခွင့်လွတ်မှုအတွက် အစဉ် ဆုတောင်းနေပါတယ်တဲ့။ နောက်ပြီး ရမ်ဇာမ်လမှာ မုမင်န် တစ်ဦးရဲ့ စိဂ်ျဒဟ် တစ်ခုအတွက် တစ်ထောင့်ခုနှစ်ရာသော အကျိုးစ၀ါဗ်များကို ပေးအပ်မှာဖြစ်ပါတယ်။ နောက်ပြီး အဲ့ဒီစိဂ်ျဒဟ် အတွက် သစ်ပင်တစ်ပင်လည်း ရရှိမှာဖြစ်ပါတယ်။ ထူးခြားတာက အဲ့ဒီသစ်ပင်ရဲ့ အရိပ်ဟာ အလွန်ကြီးမားလွန်းပြီး လူတစ်ယောက်ဟာ အဲ့ဒီအရိပ်မှာ နှစ်ပေါင်းတစ်ထောင် မြင်းနဲ့ နှင်ရင်တောင် အဲ့ဒီ အရိပ်ဟာ ကုန်ဆုံးလိမ့်မည်မဟုတ်လို့ဆိုထားပါတယ်။


တမန်တော်မြတ် (ဆွ) ဆက်လက်မိန့်တော်မူတာက- အလ္လာဟ်အရှင်မြတ်ဟာ ရမ်ဇာမ်လရဲ့ ပထမညမှာ လူ့တိုင်းဋ္ဌာနေကို မျက်နှာတော်မူပါတယ်။ အကယ်၍ အရှင်မြတ်ရဲ့ အကြည့်ဟာ လူတစ်ဦးအပေါ်ကျရောက်ပြီဆိုရင် အဲ့ဒီလူဟာ ဘယ်တော့မှ အပြစ်ပေးခြင်းခံရတော့မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ နေ့စဉ် လူပေါင်းတစ်သန်းကို ငရဲမီးကနေ ကယ်တင်သွားပါလိမ့်မယ်။ အလ္လာဟ်အရှင်မြတ်ဟာ လူသားတွေကို အပြစ်တွေက ကယ်တင်တဲ့ အလုပ်တစ်ခုကိုသာ လုပ်တာမဟုတ်ပါဘူး၊ လူသားတွေကို နေမသ် တွေလည်း မြောက်များစွာပေးအပ်ပါတယ်။ သဘောက မည်သူမဆိုအပေါ် အလ္လာဟ်အရှင်မြတ်ရဲ့ အကြည့်တော် ကျရောက်ပြီဆိုရင် အဲ့ဒီလူသားဟာ နောင်ကို မည်သည့်အခါမျှ မကောင်းမှု လုပ်ချင်တဲ့ စိတ်ကူး မဖြစ်ပေါ်တော့ပါဘူး။ 

ကဇွာရိုဇာဟ်နှင့် ကဖာရဟ်ရိုဇာဟ်များအကြောင်း

(၁) ရမ်ဇာမ်လမြတ်တွင် ဖရဇ်အဖြစ်စောင့်ထိန်းသင့်သည့် ရိုဇာဟ်များကို အကြောင်း အမျိုးမျိုးကြောင့် မထားနိုင်လျှင်၎င်း၊ (၂) ရက်လသတ်မှတ်ပြီး ကိုးထားသော ရိုဇာဟ် များကို သတ်မှန်အချိန်အတွင်း မထားနိုင်ခဲ့သော်၎င်း၊ (၃) နဖိလ်ရိုဇာကို စောင့်ထိန်း နေပြီးမှ ဖျက်လိုက်လျှင်၎င်း၊ ထိုရိုဇာဟ်များကို ပြန်လည်ဖြည့်စွက်ရမည်။ ကဇွာဖြည့် စွက်ခြင်းကို မြန်နိုင်သမျှမြန်အောင် ပြုလုပ်သင့်သည်။ ၄င်းရိုဇာဟ်များကို ရက်ဆက်၍ ၄င်း၊ ရက်ခြား၍၄င်းဖြည့်စွက်နိုင်သည်။

၎င်းကဇွာရိုဇာဟ်များကို မစောင့်ထိန်းနိုင်လောက်အောင်ဖြစ်နေလျှင်၎င်း၊ အိုမင်းယင့် ယော်လွန်းနေလျှင်၎င်း၊ ကျန်းမာလာလိမ့်မည်ဟု မမျှော်လင့်နိုင်တော့လျှင်၎င်း၊ ၄င်း တို့၏ ဆွေမျိုးသားချင်းများက ဖိဒ်ယာပေးရမည်ဖြစ်သည်။ ဖိဒ်ယာပေးရမည့် အခြေ အနေသည် ဂျုံဖြစ်လျှင် ၁ ပိသာ ၁ဝ ကျပ်သား မုယောဆန်ဖြစ်လျှင် ၃ ပိသာ ၂၀ ကျပ်သား၊ (သို့) ၄င်းတို့၏ တန်ဖိုးနှင့် ညီမျှသော ငွေကို၎င်း၊ သို့ ၄င်းတို့နှင့် တန်ဖိုးညီမျှ သော ဆီ၊ ဆန်၊ ဆား တို့ကိုလည်းပေးနိုင်သည်။ အကယ်၍ ရိုဇာဟ်ကဇွာစောင့်ထိန်း ရန်တာဝန်ရှိသူသည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားလျှင် ၄င်း၏ ဆွေမျိုး သားချင်းများအနေဖြင့် ၄င်းအတွက် ဖိဒ်ယာ ပေးပေးရမည်။

ဖရဇ်ရိုဇာဟ်များကို တမင်ဖျက်ပစ်လျှင် ကဖာရဟ်ထိုက်၏။ ကဖာရဟ်ဆောင်ရွက် နည်းနှစ်မျိုးရှိ၏။ တစ်မျိုးမှာ ရက်ပေါင်း ၆၀ ဆက်တိုက် ရိုဇာဟ်စောင့်ထိန်းရမည်။ အကယ်၍ ရက်ပျက်ဖြစ်ခဲ့လျှင် အစမှပြန်၍ ထားရမည်ဖြစ်သည်။ အခြားတစ်မျိုးမှာ ဆင်းရဲသား ၆၀ ဦးအား ထမင်း ၂ နှပ် အ၀ ကျွေး၇မည်။ ထမင်းမကြွေးနိုင်ဖြစ်လျှင် ဆင်းရဲသားတစ်ဦးအား ဂျုံဖြစ်လျှင် ၁ ပိသာ ၁ဝ ကျပ်သား မုယောဆန်ဖြစ်လျှင် ၃ ပိသာ ၂၀ ကျပ်သား (သို့) ၄င်းတို့၏ တန်ဖိုးနှင့် ညီမျှသော ငွေကို၎င်း၊ သို့ ၄င်းတို့နှင့် တန်ဖိုးညီမျှ သော ဆီ၊ ဆန်၊ ဆား တို့ကိုလည်းပေးနိုင်သည်။ ပေးနိုင်သည်။ ဆင်းရဲ သားတစ်ဦးတည်းကို ၆၀ ဦးအတွက်ပေးရမည့် ဂျုံနှင့် ၄င်း၏တန်ဖိုးညီသော ငွေများ အားလုံးကို တစ်ချိန်တည်း မပေးအပ်ရပါ။ သို့သော် ၄င်းဆင်းရဲသားတစ်ဦးကို တစ်ရက်လျှင် ထမင်း ၂ နပ် ရက်ပေါင်း ၆၀ ကျွေးလျှင်လည်း ပိုင်ပါသည်။ ဆင်းရဲသား တစ်ဦးကို တစ်ရက်အတွက် ထိုက်သော ကဖာရဟ်ထက် ပိုပေးခဲ့လျှင်လည်း ပိုသမျှ သည် အကျုံးမ၀င်ဘဲ တစ်ရက်အတွက်သာ ကဖာရဟ်ဖြစ်ပေမည်။ ကဖာရဟ် သတ် မှတ်ထားသည့် တန်ဖိုး (သို့) အလေးချိန်ထက် ရော့နည်းကာ ပေးအပ်လျှင်လည်း ကဖာရဟ်မပိုင်ပါ။ ရမ်ဇာမ်လ၏ ရိုဇာဟ်အချို့ပျက်ခဲ့လျှင်လည်း ကဖာရဟ်တစ်ခုသာ တာဝန်ရှိပါသည်။
 
ဇကာသ်

ဇကာသ် ဟူသည် မိမိတွင်ရှိသော ပစ္စည်းဥစ္စာများအနက်မှ ရှရီအသ်တရားတော်က သတ်မှတ် ထားသော အစိတ်အပိုင်းကို အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညာတ်တော်အတိုင်း ဆင်းရဲသား များအား အပိုင်ပေးအပ်လှုဒါန်းခြင်းဖြစ်သည်။ ဆွလာသ်နှင့် ရိုဇာသည် ကိုယ်ကာယအားဖြင့် လုပ်ကိုင်ရသော အိဗါဒသ်ဖြစ်ပြီး ဇကာသ်သည် ဥစ္စာပစ္စည်းဖြင့် ပြုလုပ်အပ်သော အိဗါဒသ်ဖြစ် သည်။ ဇကာသ်ပေးခြင်းနှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် ( ၂း၂၇၇၊ ၆း၁၄၁၊ ၉း၅၊ ၄၁း၇၊ ၇၀း၂၄-၂၅၊ ၇၃း၂၀၊ ၉၈း၅) တွင်လာရှိပါသည်။ ဇကာသ်ပေးခြင်းသည် အစ္စလာမ်မဏ္ဍိုင်ကြီး ၅ ခုတွင်တစ်ခုအပါအ၀င်ဖြစ်ပြီး နိဆာဗ် ရှိသူတို့အဖို့ မဖြစ်မနေလုပ်ရမည် ဖရဖ် တာဝန်ဖြစ် သည်။ ဇကာသ်ပေးခြင်းကို ငြင်းဆန်သူသည် ကာဖိရ်ဖြစ်သည်။ ဇကာသ်ပေးဆောင်ရန်တာဝန် ရှိသောသူတို့မှာ-

(၁) မွတ်စ်လင်မ်ဖြစ်ခြင်း၊
(၂) လွတ်လပ်သူဖြစ်ခြင်း
(၃) အသိဥါဏ်ရှိသူဖြစ်ခြင်း၊
(၄) အရွယ်ရောက်သူဖြစ်ခြင်း၊
(၅) နိဆာဗ်ပစ္စည်းထက် ပိုမိုသော ပစ္စည်းဥစ္စာကိုပိုင်ဆိုင်ပြီး ကြွေးမြီကင်းသူဖြစ်ခြင်း၊
(၆) နိဆာဗ်ထက် ပိုသော ငွေကြေးများကို တနှစ်အနည်းဆုံး ပိုင်ဆိုင်သူဖြစ်ခြင်း။ လူတစ်ဦး တွင် ရွှေ ၇ ကျပ်သားခွဲခန့်ရှိလျှင် ထိုသူတွင် နိဆာဗ်ပမာဏ ရှိနေပြီဟု သတ်မှတ်ရမည်။

နိဆာဗ်

နိဆာဗ်ဆိုသည်မှာ ရှရီအသ်တရားတော်က သတ်မှတ်ထားသည့် ဇကာသ်ပေးသင့်သည့် လူတစ်ဦးပိုင်ဆိုင်သော ငွေကြေးပစ္စည်း၏ ပိုင်ဆိုင်မှုသတ်မှတ်ချက်ဖြစ်သည်။ ဥပမာ လူတစ်ဦး ထံတွင် ချောင်လည်စွာ စားသောက် ၀တ်စား နေထိုင်နိုင်သည့် အနေအထားသည် နိဆာဗ် ပမာဏ ပင်ဖြစ်သည်။ လူတစ်ဦးတွင် ၄င်းပမာဏထက် ပိုသောငွေရှိပြီး အကြွေးလည်းကင်းသူ ဖြစ်က ထိုသူသည် ဇကာသ်ပေးဆောင်ရမည်။ ငွေကြေးပမာဏအနေဖြင့် လူတစ်ဦးတွင် ငွေသား ၅၄ ကျပ်ခွဲသားခန့် သို့ ရွှေ ၇ ကျပ်ခွဲသားခန့် သည်နိဆာဗ်၏ ပမာဏပင်ဖြစ်သည်။ သို့ဖြစ်၍ ထိုလူသည် ၄င်းငွေသား သို့ ရွှေသား၏ တန်ဖိုးကို တွက်ချက်ယူပြီး စုစုပေါင်းငွေသား ၏ ၄၀ ပုံ တစ်ပုံကို ဇကာသ်အဖြစ်ပေးရမည်။ တနည်းအားဖြင့် ၁၀၀ ကျပ်လျှင် ၂ကျပ် ၅၀ ပြား ပေးရမည်ကို ဆိုလိုသည်။

ဇကာသ်ပေးရန်မလိုသည့် ပစ္စည်းများ

နိဆာဗ် အထက်ရှိသော မိမိပိုင်ဆိုင်သည့် ပစ္စည်းများတွင် မိမိနေထိုင်သည့် အိမ်၊ အသုံးအ ဆောင်ပစ္စည်းများ မပါဝင်ပါ။

ဥပမာ
(၁) မိမိနေသည့်အိမ်၊
(၂) မိမိ ငှားရမ်းထားသည့်အိမ်များ၊
(၃) အိမ်အသုံးအဆောင်ပစ္စည်းများ မည်မျှ များသည်ဖြစ်စေ၊ (အ၀တ်အစား၊ အိုး၊ခွက်ယောက်၊ ပုကန်၊ ဆိုင်၊ ကား၊ စက်ဘီး၊ ဆိုင်ကယ်)
(၄) အရောင်းအ၀ယ်အတွက်မဟုတ်သည့် ကျောက်မျက်ရတနာများ၊
(၅) လူတစ်ဦးထံတွင် ရွှေ ၃ (သို့) ၄ (သို့) ၅ (သို့) ၆ ကျပ်သားခန့်သာရှိလျှင် နိဆာဗ် ပမာဏဖြစ်သည့် ၇ ကျပ်ခွဲ သားခန့် မရှိသဖြင့် ဇကာသ်ပေးရန်မလိုပါ။
(၆) လူတစ်ဦးတွင် ရွှေ နှင့် ငွေသား ပမာဏ နှစ်ခုပေါင်းလျှင် ရွှေ ၇ ကျပ်ခွဲသား တန်ဖိုးနှင့် ညီမျှသွားလျှင်မူ ဇကာသ်ပေးရမည်။

ဇကာသ်ပေးအပ်ရမည့် ပစ္စည်းများ

(၁) မိမိထံရှိ နိဆာဗ် ပမာဏ ပြည့်နေပြီဖြစ်သော ရွှေနှင့် ငွေများ၊ ရွှေခွက် ငွေခွက်များ၊
(၂) ရောင်းဝယ်ရန် ရည်ရွယ်ချက်ဖြင့် ၀ယ်ထားသောပစ္စည်းများ၊
(၃) အသီးအနှံ၊ ကောက်ပဲသီးနှံများ၊ ပဲ၊ ပြောင်း၊ စပါး၊ မုယော၊ ဂျုံ၊
(၄) အ၀တ်အထည်၊စားသောက်ဖွယ်ရာများ၊
(၅) အိမ်သုံးပစ္စည်းများ၊
(၆) အိမ်ထောင်ပရိဘောဂများ၊
(၇) အိမ်၊
(၈) ဆိုင်၊
(၉) ကား၊
(၁၀) ဆိုင်ကယ်၊
(၁၁) တိရိစ္ဆာန်များ၊ နွား၊ ကျွဲ၊ ကုလားအုပ်၊ ဆိတ်၊ သိုးနှင့် အခြားပစ္စည်းများ။

ဇကာသ်ပေးနည်း

(၁) ဇကာသ်ပေးဆောင်ရန် တာဝန်ရှိသူသည် ဇကာသ်စားထိုင်သူတစ်ဦးကို အလ္လာဟ် အရှင်မြတ် အဖို့ ရည်စူးလျှက် အပိုင်ပေး အပ်လိုက်ရမည်။ဇကာသ်ရသူသည် ၄င်းပစ္စည်း (သို့) ငွေကြေးကို မိမိနှစ်သက်သလို အသုံးပြု နိုင်သည်။
(၂) ဇကာသ်ငွေကို လုပ်ခအဖြစ်၎င်း၊ အလုပ်တစ်ခုခု ခိုင်းသည့် အတွက် အသုံးမပြုနိုင်ပါ။
သို့သော် ဇကာသ်ငွေမှ ပစ္စည်းဝယ်ပြီး ဆင်းရဲသားတို့အား ဝေငှခြင်းသည် ပြုပိုင်ခွင့် ရှိသည်။
(၃)နိဆာဗ်ပစ္စည်းပိုင်ဆိုင်ခြင်း တစ်နှစ်ပြည့်လျှင် ပေးသင့်သောဇကာသ်ပစ္စည်းကို ချက်ချင်းပေးသင့်သည်။
ဇကာသ်ကို ကြိုတင်ပေးထားခြင်းသည်လည်းပြုပိုင်သည်။
(၄) ရမ်ဇာမ်လမရောက် ခင် ရှာဘာန်လကတည်းက ကြိုတင်ပေးကကောင်းသည်။အကြောင်းအမျိုးမျိုးကြောင့် လူတစ်ဦး အား (အလှုငွေဖြစ်စေ) ငွေပေးပြီးနောက် ၄င်းငွေကို ဇကာသ် အဖြစ် ပြောင်းလဲပိုင်ခွင့်မရှိပေ။
(၅)မိမိသိသူတစ်ဦးအား ဇကာသ်ပေးချိန်တွင် ဇကာသ်ဟု မပြောဘဲ ချီးမြှင့်ငွေအဖြစ်၎င်း၊ အီဒ်လက်ဆောင် အဖြစ်ပြောပေးပိုင်ခွင့်ရှိသည်။ မသိသူများကိုမူ ဇကာသ်အဖြစ်ပြောရမည်။
(၆) နိဆာဗ်ပစ္စည်းပိုင်ဆင်ပြီး တစ်နှစ်ပြည့်ပြီးနောက် ဇကာသ်မပေးမီ ၄င်းပစ္စများ မီးလောင် ပျက်ဆီးဆုံးရှုံး သွားလျှင် ထိုသူအပေါ် ဇကာသ်တာဝန်မရှိတော့ပါ။
(၇) တစ်နှစ်ပြည့်သည့်အချိန် မိမိပစ္စည်းများအားလုံးကို အလ္လာဟ်လမ်းတွင် ပေးလှူလိုက် လျှင် ဇကာသ်အတွက် ခွင့်လွှတ်ချက်ရရှိသွားပြီဖြစ်သည်။

ဇကာသ်မယူထိုင်သူများ

နိဆာဗ် ပမာဏပစ္စည်းပိုင်ဆိုင်သူ။
ဆိုင်ယဒ်နှင့် ဗနီဟာရှင်အမျိုးအနွယ်များ။
ဇကာသ်ပေးသူ၏ အမိ၊ အဖ၊ အဖိုး၊ အဖွား၊ အထက်နှင့် အောက် အဆက် အနွယ်များ။
သားသမီး မြေး မြစ် နှင့် ၄င်းတို့မှ ဆင်းသက်လာသောသူများ။
ဇနိး (သို့) ခင်ပွန်း
ကာဖိရ်
ကြွယ်ဝချမ်းသာသူတို့၏ အရွယ်မရောက်သေးသော သားသမီးများ။

ဇကာသ်ယူထိုက်သူများ

နိဆာဗ် ပမာဏမျှ ပစ္စည်းမရှိသူများ။
သူဆင်းရဲများ။
ပစ္စည်းရှိသော်လည်း အကြွေးပေးလိုက်လျှင် နိဆာဗ်ပမာဏမျှ တန်ဖိုပင် မရှိတော့သူများ။
လမ်းခရီးတွင် ငွေကြေးပြတ်လတ်နေသော ခရီးသည်များ။
ဆင်းရဲသော ဆွေမျိုးသားချင်းများ။
ဆင်းရဲသော အိမ်နီးနာချင်း၊ မြို့ရွာရှိ လူများ။
မိဘမဲ့များ၊ အစောင့်အရှောက်ကင်းသော အဖိုးအိုများ
ဆေးကုသခံနေရသည့် သူဆင်းရဲများ။

ဇကာသ်ငွေမသုံးစွဲသင့်သည့်အခြေအနေ

ဗလီတည်ဆောက်ခြင်း။
ဗလီအသုံးအဆောင်ပစ္စည်များ ၀ယ်ပေးခြင်း။
သေသူအတွက် ကဖန်ပိတ်ဝယ်ပေးခြင်း။
နာရေးအတွက်သုံးခြင်း။
သေသူ၏အကြွေးကို ပေးဆပ်ခြင်း။
ဗလီအတွက်ရေ၀ယ်ပေးခြင်း။
ဇကာသ်မပေးထိုက်သူတစ်ဦးကို ဇကာသ်ပေးအပ်ပြီးမှ ထိုသူမယူ ထိုက်မှန်းသိရလျှင်လည်း မိမိဇကာသ် အထမြောက် သွားပါမည်။

မြေထွက်သီးနှံများ၏ဇကာသ်

မြေထွက်သီးနှံများနှင့် ပတ်သက်လျှင် သီးနှံထွက်သည့်နေ့တွင်ပေးရမည်။
ရေသွင်းခြင်းမပြုရဘဲ အလေ့ကြပေါက်သော သီးနှံများအတွက် ၁၀ ပုံ ၁ ပုံ။
ရေသွင်းခြင်းဖြစ်ပေါက်သော သီးနှံများအတွက် ၂၀ ပုံ ၁ ပုံ။
လယ်ယာတစ်ခုတွင် တစ်နှစ် ၂ ကြိမ်၊ (သို့) ၃ ကြိမ်သီးလျှင် သီးတိုင်း ဇကာသ်ပေးရမည်။
လယ်ယာတစ်ကွက်ကို လူတစ်ဦးက ငှားရမ်းသီးနှံစိုက်ပျိုး၏။ ငှားသူကသာ ဇကာသ်ပေးရမည်။ လယ်ရှင်ပေးရန်မလိုပါ။
မိမိအိမ်ဝန်းအတွင်း စိုက်ပျိုးထားသော စားသောက်ပင်များအတွက် ပေးရန် မလိုပါ။

ကျွဲနွားအတွက် ဇကာသ်ပေးနည်း

ပျမ်းမျှခြင်းအားဖြင့် ကျွဲနွားကောင်းရေ ၅၀ ရှိလျှင် ဇကာသ်ပေးဆောင်ရမည်။
ကောင်ရေ ၄၀ တွင် ၂ နှစ်သား ၁ ကောင်။
ကောင်ရေ ၆၀ တွင် ၁ နှစ်သား ၂ ကောင်။
ကောင်ရေ ၈၀ တွင် ၂ နှစ်သား ၂ ကောင်။
ကောင်ရေ ၉၀ တွင် ၁ နှစ်သား ၃ ကောင်။
ကောင်ရေ ၁၀၀တွင် ၁ နှစ်သား ၂ ကောင်နှင့် ၁ နှစ်သား ၁ ကောင်။

သိုးဆိတ်အတွက် ဇကာသ်ပေးနည်း

ဆိတ်ကောင်ရေ ၄၀ တွင် ၁ ကောင်။
ဆိတ်ကောင်ရေ ၁၂၀ တွင် ၂ ကောင်။
ဆိတ်ကောင်ရေ ၂၀၀ တွင် ၃ ကောင်။
ဆိတ်ကောင်ရေ ၄၀၀ တွင် ၄ ကာင်။
၄၀ အထက်ကောင်ရေ ၁၀၀ မပြည့်မချင်း ၁ ကောင်သာပေးရမည်။
၄၀၀ အထက် ၁၀၀ ပြည့်တိုင်း ၁ ကောင်ပေးရမည်။ 
 
Retiring to a Mosque for Remembrance of Allah (I'tikaf) အိသိကာဖ်

တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ ရမ်ဇာန် လမြတ်၏ ပထမ ၁၀ ရက်သည် ရဟ်မသ်တော်များဖြင့် ပြည့်နက်နေပြီး ဒုတိယ ၁၀ရက်သည် ဘရ်ကသ် များဖြင့် ပြည့်ဝနေကာ နောက်ဆုံး ၁၀ ရက်သည် မဂ်ဖိရသ် ခွင့်လွှတ်ခြင်း ဖြင့် ပြည့်ဝနေသည်ဟူ၍ ဖြစ်သည်။ အထူးသဖြင့် တမန်တော်မြတ် (ဆွ) သည် နောက်ဆုံး ၁၀ ရက်ကို နှစ်စဉ် ဗလီဝတ်ကျောင်းတော်တွင် လုံးဝ အပြင်မထွက်ဘဲ အီဗါဒသ်တွင် နစ်မွန်းနေလေ့ရှိပါသည်။ ထိုနည်းအတူ မိမိ၏ အဆ်ဟာဗ် တော်များကိုလည်း ထိုသို့ အိဗါဒသ် လုပ်ရန်အတွက် တိုက်တွန်း ပြောဆိုလေ့ ရှိခဲ့ပါသည်။

ဘိုခါရီကျမ်း အတွဲ ၃ အပိုင်း ၃၃ ဟဒီးဆ် နံပါတ် ၂၄၃ တွင် အာအိရှာ (ရ) တင်ပြသည်မှာ- တမန်တော်မြတ် (ဆွ) သည် ရမ်ဇာန်လမြတ်၏ နောက်ဆုံး ၁၀ ရက်တွင် အစဉ် သေဆုံးချိန်တိုင်း အိသိကာဖ် ထိုင်လေ့ ရှိပါသည်။ တမန်တော်မြတ် ကွယ်လွန်ပြီးနောက် ဇနီးတော်သည် ဆက်လက်၍ အိသိကာဖ် ထိုင်လေ့ရှိ ပါသည်။ ဟဒီးဆ် နံပါတ် ၂၄၂ တွင် အဗ်ဒွလ္လာဟ် ဗင် အုမာရ် (ရ) တင်ပြသည်မှာ- တမန်တော်မြတ် (ဆွ) သည် ရမ်ဇာန်လမြတ်၏ နောက်ဆုံး ၁၀ ရက်တွင် အစဉ် အိသိကာဖ် ထိုင်လေ့ရှိပါသည်။

တမန်တော်မြတ် (ဆွ) အိသိကာဖ် ထိုင်ခြင်းနှင့် ပတ်သက်ပြီး အထောက်အထား ရရှိပြီးသည့်အခါ မည်သို့ မည်ပုံ အိသိကာဖ် ထိုင်သင့်ကိုလည်း သိရှိရန် လိုအပ်ပါသည်။ အစ္စလာမ် တရားတော်အရ အိသိကာဖ် ထိုင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြစ်သည်။ ဗလီဝတ်ကျောင်းတော် တွင်းသို့ အိဗါဒသ် ပြုရန် နိယသ် ဖြင့် ၀င်ရောက်ကိန်းအောင်းနေခြင်းကို အိသိကာဖ် ပြုခြင်းဟု ခေါ်ပါသည်။ သတိပြုရမည်မှာ အိသိကာဖ် ထိုင်သော ဗလီသသည် ဂျမာအသ်ဖြင့် ၀တ်ပြုသော ဗလီဝတ်ကျောင်းတော်ဖြစ်ရန်အရေးကြီးသည်။ အမျိုးသမီးတို့လည်း အိသိကာဖ်ထိုင်နိုင်သည်။ သို့သော် ဗလီဝတ်ကျောင်းတွင် မထိုင်ရဘဲ မိမိအိမ်၏ သန့်ရှင်းသော အခန်း သို့ နေရာ တစ်နေရာကို သတ်မှတ်ကာ နေထိုင်နိုင်သည်။ အိသိကာဖ် ထိုင်သူတို့သည် အပေါ့ အလေးသွားခြင်းမှ အပ မိမိနေရာမှ မရွေ့မိရန် သတိပြုရမည်။

အိသိကာဖ်ထိုင်ခြင်းတွင် အမျိုးအစား သုံးမျိုးရှိသည်ကို တွေ့ရသည်။ (၁) ၀ါဂျိဗ် (၂) စွန္နသ် မုအက္ကိဒဟ် (၃) မွတ်စ်သဟဗ် စသည်တို့ဖြစ်သည်။
(၁) ၀ါဂျိဗ်အိသိကာဖ်သည် ကိုးထားသော အိသိကာဖ်ဖြစ်သည်။ ဥပမာ စါမေးပွဲ အောင်လျှင် အိသိကာဖ် ၅ ရက်ထိုင်မည်ဟု ကိုခြင်း။
(၂) စွန္နသ်မုအက္ကိဒဟ်- ရမ်ဇာန်လ၏ နောက်ဆုံး ၁၀ ရက်တွင် ထိုင်သော အိသိကာဖ်ဖြစ်သည်။ ရမ်ဇာမ်လ ၂၀ ရက်နေ့ ညနေတွင် ရေမိုးချိုးပြီး နောက် ဗလီသို့ သွားရောက်ပြီး အိဒ်နေ့လမြင်ချိန်တွင် ဗလီမှ ထွက်ခြင်းဖြစ်သည်။ တရားတော်တွင် ထိုသို့ထိုင်ခြင်းသည် လူအချို့အနေဖြင့် ထိုင်လျှင် ထိုမြို့ရှိ လူတိုင်းအပေါ် တာဝန်ကျေသွားမည်ဖြစ်သဖြင့် ၄င်းကို စွန္နသ် မုအက္ကိဒဟ် အလ် ကိဖာယဟ် ဟုလည်းခေါ်ပါသည်။
(၃) မွတ်စ်သဟဗ် အိသိကာဖ်သည် ၀ါဂျိဗ် နှင့် စွန္နသ်မုအက္ကိဒဟ် အိသိကာဖ် များမှအပ ကျန်ရှိသမျှတို့ သည် မွတ်စ်သဟဗ် များဖြစ်သည်။ တနှစ်ပတ်လုံး ထိုင်ချင်သည့် အချိန် ထိုင်နိုင်ပါသည်။

အိသိကာဖ်၏ စည်းကမ်းချက်များ

(၁) မွတ်စ်လင်မ် ဖြစ်ရမည်။
(၂) (ဟဒါစ် အက်ဘရ်) ရေချိုးထိုက်သည့် အဖြစ်မှ လွတ်ကင်းသန့်ရှင်းသူ ဖြစ်ရမည်။
(၃) ရာသီလာသူ နှင့် မီးနေသည် မဖြစ်စေရ။
(၄) အသိဥါဏ် ရှိသူဖြစ်ရမည်။ (အသိတရားပြည့်ဝသူဖြစ်ပြီး၊ ရူသွပ်သူမဖြစ်စေရ)။
(၅) နိယသ်ပြုရန် အရေးကြီးသည်။
(၆) ဂျမာအသ်နှင့် ၀တ်ပြုသော ဗလီတွင်သာ အိသိကာဖ် ထိုင်ရမည်။
(၇) ရိုဇဟ်စောင့်ထိန်းခြင်းသည် အိသိကာဖ်ထိုင်သည့် အချိန်အတောအတွင်း မပျက်စေရ။

အိသိကာဖ် အချိန်

ဝါဂျိဗ် အိသိကာဖ် ထိုင်ရန်သည် အနည်းဆုံး တစ်ရက်ဖြစ်ပြီး ရိုဇာဟ်စောင့်ထိန်းခြင်းလည်းပြုရမည်။
စွန္နသ်မုအက္ကိဒဟ် ရမ်ဇာန် လ နောက်ဆုံး အပိုင်းတွင်ထိုင်သော ရိုဇာဟ်သည် ၁၀ ရက်ဖြစ်သည်။
မွတ်စ်သဟဗ် အိသိကာဖ်သည် အချိန် သတ်မှတ်ချက် မရှိဘဲ ကြိုက်သလို ၁ နာရီ ၁ ရက် ၁၀ ရက် ထိုင်နိုင်သည်။ ခေတ္တ ဗလီအတွင်းသို့ ၀င်ရောက်ခြင်းကိုပင် အိသိကာဖ် နိယသ်ဖြင့် ၀င်ရောက် ထိုင် နိုင်ပါသည်။

အိသိကာဖ်၏ မွတ်စ်သဟဗ် အချက်များ

(၁) မွန်မြတ်သော စကားများပြောဆိုခြင်း
(၂) ကုရ်အာန် ကျမ်းမြတ် ရွတ်ဖတ်နေခြင်း
(၃) ဒရူဒ် ရှရီဖ်နှင့် ဇိကိရ် ရွတ်ဖတ်နေခြင်း
(၄) သာသနာရေးပညာရပ်များ သင်ယူခြင်းနှင့် ပို့ချခြင်း
(၅) တရားဟောခြင်း
(၆) ဂျာမေ့ ဗလီတွင် နေထိုင်ခြင်း

ဗလီအပြင်သို့ ထွက်ခွင့်ရှိသော အချက်များ

(၁) ကျင်ကြီးကျင်ငယ် စွန့်ခြင်း
(၂) ရေချိုးရန်အတွက် ဖရပ်ဇ် တာဝန်ဖြစ်လာခြင်း
(၃) အိသိကာဖ် ထိုင်သည့်ဗလီတွင် ဂျွမ္မာ ဆွလာသ် မဖြစ်လျှင် ဖြစ်သည့် ဗလီသို့ သွားရောက်ကာ ဂျွမ္မာ ဆွလာသ် ဖတ်ခြင်း။
(၄) အာဇာန် ဆိုရန် ထွက်ခြင်း (အာဇာန်ပေးမည့်သူ မရှိမှသာ ထွက်ရမည်။)

ဗလီဝတ်ကျောင်းတော်အတွင်း လုပ်ပိုင်ခွင့်ရှိသော အချက်များ

(၁) စားခြင်း သောက်ခြင်း
(၂) အိပ်စက်ခြင်း
(၃) အလိုရှိသော ပစ္စည်း ဗလီတွင်းအရှိလျှင် ထွက်ဝယ်ခြင်း
(၄) ထိမ်းမြားခြင်း

မကရူးဟ် ဖြစ်စေသောအချက်များ

(၁) လုံးဝတိတ်ဆိတ်စွာနေခြင်း ထိုသို့နေခြင်းကို အိဗါဒသ် ဟုယူဆခြင်း
(၂) အရောင်းအ၀ယ်ပြုခြင်း
(၃) ခိုက်ရန်ဖြစ်ပွားခြင်းနှင့် မဖွယ်ရာသော စကားများပြောခြင်း

အိသိကာဖ်ပျက်စေသောအချက်များ

(၁) အကြောင်းမရှိဘဲ တမင်ဖြစ်စေ၊ မေ့၍ဖြစ်စေ၊ အပြင်သို့ ထွက်ခြင်း။
(၂) အိသိကာဖ် ထိုင်နေစဉ် ဇနီသယ်နှင့် သံဝါသပြုခြင်း။
(၃) အကြောင်းတခုခုကြောင့် အပြင်သို့ထွက်သည့်အခါ လိုသည်ထက် အချိန်ပိုကြာအောင်နေခြင်း
(၄) ရောဂါကြောင့်ဖြစ်စေ၊ ကြောက်လန့်၍ဖြစ်စေ ဗလီအပြင်သို့ထွက်မိခြင်း
မှတ်ချက် ၀ါဂျိဗ် အိသိကာဖ် ပျက်လျှင် ပြန်ထိုင်ရန် တာဝန်ရှိသည်။ သို့သော် အခြား အိသိကာဖ်များ ပျက်လျှင် ပြန်ထိုင်ရန် တာဝန်မရှိပါ။
 
 

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ