Welcome to my blog :)

rss
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Sunday, July 17, 2011

အပျင်းလည်းပြေအသက်ရှည်ဖို့ ဟာသဖတ်ကြပါဖို့ 

စောင့်နေသူ

တစ်ခါကအရူးဆေးရုံတစ်ခုရဲ့ ဆေးရုံအုပ်ကြီးက လူနာတွေရဲ့ အခြေအနေကို သိချင်တဲ့အတွက်စမ်းသပ်မှုတစ်ခုလုပ်တယ်။ သူ

စမ်းသပ်ပုံက လူနာတွေကို လက်ဖက်ရည်တစ်ခွက်စီပေးလိုက်တယ်။

" ကဲ..မင်းတို့ကိုလက်ဖက်ရည်တိုက်မယ်။ အားလုံးတန်းစီ "

လူနာတွေအားလုံး တန်းစီကြသည်။ အဲဒီမှာ ဆေးရုံအုပ်ကြီးက ဘာမှထည့်မထားတဲ့ ဓာတ်ဘူးအလွတ်တစ်လုံးနဲ့ လက်ဖက်

ရည်တွေ လိုက်ထည့်ပေးတဲ့ ပုံစံလုပ်ပြီးတော့...

" ကဲ...လက်ဖက်ရည်ထည့်ပြီးပြီ၊ အားလုံးသောက်လို့ရပြီ " လို့ပြောလိုက်တယ်။

လူနာတွေကလည်း ဘာမှမရှိတဲ့ လက်ဖက်ရည်ခွက်ကို အားရပါးရမော့သောက်လိုက်ကြသည်။

အဲဒီထဲမှာ လူနာတစ်ယောက်ကတော့ မသောက်ဘဲနဲ့ လက်ဖက်ရည်ကို စိုက်ကြည့်နေတာကို ဆေးရုံအုပ်ကြီးကမြင်တော့

" အင်း..ဒီလူနာကတော့ အတော်လေးရောဂါသက်သာသွားပြီထင်တယ် " လို့တွေးလိုက်မိပြီး လူနာကိုမေးလိုက်တယ်။

" သူများတွေ အားလုံး လက်ဖက်ရည်သောက်နေကြပြီး၊ မင်းကဘာလို့ မသောက်ဘဲ လက်ဖက်ရည်ခွက်ကို ကြည့်နေတာလဲ"

လူနာကပြန်ဖြေလိုက်တယ်။

" ပူနေသေးလို့ ခင်ဗျ "


စိတ်ညှို့ကုသခြင်း

စိတ်ရောဂါ အထူးကုဆေးခန်းတွင်ဖြစ်သည်။ ဆရာဝန်ကပြောတယ်။

" ကဲ......ကျနော် ပြောသလို လိုက်ဆိုပါ။ ငါနေကောင်းသွားပြီ။ ငါ...နေကောင်းသွား....ပြီ။

...........နေကောင်းသွား.....ပြီ......။"

သတ်မှတ်ချိန်ရောက်တော့ လူနာရောဂါ တကယ်သက်သာလာတယ်။

" ကဲ...ခင်ဗျား လုံးဝ သက်သာသွားပြီ။ ဘာမှ မဖြစ်တော့ဘူး။ ဥာဏ်ပူဇော်ခ တစ်သောင်းကျပါတယ်။"

" ဆရာ...ကျနော်ပြောသလို လိုက်ဆိုပါ။ ငါ့ကို ..... ပိုက်ဆံပေးပြီးပြီ ငါ့ကို...ပိုက်ဆံ....ပေး.....ပြီးပြီ.....။"





အင်္ဂလိပ်စာတတ်သလား

မောင်မြ ။ ။ " ကျောင်းမှာ ဘာတွေသင်သလဲကွ"

မောင်လှ။ ။ " မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ"

မောင်မြ ။ ။ " ဒါဆို မင်းက အင်္ဂလိပ်စကားတတ်သလား"

မောင်လှကလည်း ခပ်ကြွားကြွားနဲ့ပြန်ဖြေတယ်။

" တတ်တာပေါ့ကွာ"

မောင်မြ ။ ။ "ဒါဆို ဒီကိုလာဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောသလဲ "

မောင်လှ။ ။ " ဒါလေးများလွယ်လွန်းလို့။ Come Here လို့ပြောရတယ် "

မောင်မြ ။ ။ " အလဲ့..တယ်ဟုတ်ပါလား။ ဒါဆို ဟိုကိုသွားဆိုရင်ရော "

ဆရာမ သင်ပေးတဲ့အထဲမှာ အဲ့ဒါမပါသေးတော့ မောင်လှ အခက်တွေ့သွားတယ်။ ဒါပေမဲ့ ခပ်တည်တည်နဲ့ပြန်ဖြေလိုက်သည်။

" ဒါလေးများ လွယ်လွန်းလို့။ ဟိုဘက်ကို သွားပြီးတော့ Come here လို့ပြောလိုက်"



သယ်ရင်းတို့အားလုံးပျော်ရွှင်ပါစေ......

တဆင့်ဝေငှသည်

ရယ်စရာဟာသအတိုအထွာ

1 .၀မ်းနည်းပါတယ် “ဘူးတာရုံကိုသွားဖို့ အတိုဆုံးလမ်းကို ကျေးဇူးပြုပြီး
ညွန်းပြစေချင်ပါတယ်” “၀မ်းနညမ်းပါတယ် ၊ မပြနိုင်ပါဘူး”
“ အော် ၊ ခင်ဗျားက ဒီအရပ်က မဟုတ်ဘူးနဲ့ထင်တယ်”
“ဒီအရပ်သားပါပဲ ၊ ဒါပေမယ့် ကျွန်တော်က တက္ကဆီသမားပါ”

2.ပိန်ဆေး
“ဂျင်နီ ၊ ယူ့ယောင်္ကျား အတော့်ကို ပိန် သွားပါလား ၊ ဘာဆေးသောက်သလဲ”
“ဘာဆေးမှ မသောက်ပါဘူး ၊ နေ့တိုင်းငါးသွားမျှားတယ်”
“ငါးမျှားတာနဲ့ ပိန်တာ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ ၊ သူက သူမျှားလို့ ရတဲ့ငါးနဲ့မှ ထမင်းစားတာလေ”

3.မတွန်းနဲ့
ဘတ်စ်ကားပေါ်တွင်
“ခင်ဗျား ကျွန်တော်ကို ချည်းဘာဖြစ်လို့ တွန်းနေရတာလဲဗျာ”
“ကားက ဒီလောက်ကျပ်နေတဲ့ ဥစ္စာ လူရွှေးတွန်းနေရအုန်းမှာလား ဗျ”

4.ဆေးကောင်း
အလုပ်သင်ဆရာဝန်မှ ၀ါရင့်သမားတော်ကြီးအား မေးသည်။
“ဒေါက်တာခင်ဗျာ ၊ ချောင်းဆိုးရောဂါအတွက် ၊ ဘာဆေးညွန်းပေးလေ့ ရှိပါသလဲဗျာ”
“၀မ်းနှုတ်ဆေး”
“ဘာ ၊ ဘာ ၀မ်းနှုတ်ဆေး ၊ ဟုတ်လား ၀မ်းနှုတ်ဆေးက ချောင်းဆိုးတာကို
သက်သာစေလို့လားဗျာ”
“၀မ်းနှုတ်ဆေးစားထားတဲ့ လူတစ်ယောက်က တော်ရုံ ၊ တန်ရုံနဲ့
ဘယ်ချောင်းဆိုးရဲတော့မလဲ ၊ စဉ်းစားကြည့်စမ်းပါ”

5.ငါမဟုတ်ဘူး
သစ်ခုတ်သမား နှစ်ဦးသည် အိမ်တစ်အိမ်၏ ရှေ့တွင် ရပ်လိုက်ပြီး တံခါးကို
ခေါက်လိုက်သည်။
“နေကောင်းရဲ့လား ၊ ဂျက်”
“ကောင်းတယ် ၊ သူငယ်ချင်းတို့”
“ငါနဲ့ အယ်ဒီနဲ့ အခုပဲတောထဲမှာ လူသေ အလောင်းတစ်လောင်းတွေ့ခဲ့တယ် ၊ ငါတို့က
သေတဲ့သူက မင်းထင်လို့”
“ဒါနဲ့ သူပုံပန်းက ဘယ်လိုရှိလဲ”
“အရပ်အမောင်းက မင်းအရွှယ်ပဲ”
“ရှပ်အင်္ကျီ အနီရောင်နဲ့လား”
“မဟုတ်ဘူး အညိုရောင်ကွ”
“ဒါဆိုရင်တော့ ငါ မဟုတ်ဘူး”

6.ခေတ်ဆိုး
ဆိုင်တစ်ဆိုင်ကိုဖောက်ခိုးနေသော သူခိုးကို ရဲသားက လက်ပူး လက်ကြပ်မိသွားသည်။
ရဲသား - “ မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ”
သူခိုး - “ကျွန်တော်အိမ်နဲ့ နီးလို့ပါ ၊ သိတဲ့အတိုင်းခေတ်က မကောင်းတော့
အိမ်ကိုပစ်ပြီး အကြာကြီး မသွားချင်လို့ပါဗျာ”

7.သိရအောင်ပါ
ဆံရှည်ကိုယ်တော်တစ်ဦး ဆံပင်ညှပ်နေစဉ် ဖြစ်သည်။
လူငယ်“ဆံပင်ညှပ်နေတုန်းမှာ ဘာဖြစ်လို့ ကျွန်တော် နှာခေါင်းကို
ကိုင်ထားရတာလဲဗျာ”
ဆံပင်ညှပ်ဆရာ “အော် ဒါလား ၊ မင်းမျက်နှာ ဘယ်ဘက်မှာ ရှိလဲဆိုတာ သိရအောင်လိုပါ”

8.အရှုံးပေးပါပြီ
ဇိမ်ခံ သင်္ဘောပေးတွင် လိုက်ပါလာလာ ခရီးသည်များအား ဖျော်ဖြေရန်မျက်လှည့်စရာ
တစ်ဦးက မျက်လှည့်ပြသည်။ သင်္ဘောပေါ်မှ ကြက်တူရွှေးသည် မျက်လှည့်ဆရာ
မျက်လှည့်ပြသည့်အခါတိုင်း
အမျိုးမျိုး ဒုက္ခပေးလေသည်။
“ဖဲချပ်တွေ သူ့လက်ထဲမှာ ”
“ သူထုပ်ပြတဲ့ ယုန်ုဟာ အစစ်မဟုတ်ဘူး ၊ ပလစ်စတစ်” ထိုသို့ မျက်လှည့်စရာ၏
လျို့ဝှက်ချက်များကိုကြက်တူရွှေး
က ဖော်ထုတ်နေသည်။မျက်လှည့်စရာလဲ ရှက်ရှက်နဲ့
အောင့်အီးသည်းခံ နေရလေသည်။တစ်နေ့တွင် သင်္ဘောနစ်မြုပ်ပြီး မျက်လှည့်ဆရာ ၊
ကြက်တူရွှေး ၊
သစ်သားတစ်ချပ်သာ ရေပေါ်တွင် ကျန်နေ၏။ မျက်လှည့်ဆရာလည်း သစ်သားပြားကို ဆွဲယူကာ
ရေပေါ်တွင် ကိုယ်ဖော့နေလေသည်။ထိုအခါ ကြက်တူရွှေးက “ ကျွန်တော် အရှုံးပေးပါပြီ
ခင်ဗျာ ၊ ဒါပေမယ့် သင်္ဘောကို ခင်ဗျားဘယ်မှာ ၀ှက်ထားသလဲဆိုတာတော့
ပြောပြသစမ်းပါ”ဟုဆိုလိုက်သည်။

9.တစ်ခုပဲ
အိပ်ခန်းအသစ်ရသူကို ရုံးမှ လုပ်ဖော်ကိုင်ဖက်များက ၀မ်းသာ စကားပြောကြသည်။
“အိပ်ခန်းမှာ ဘာချို့ယွင်းချက်တွေ တွေ့လဲဗျ”
“လောလောဆယ်တော့ တစ်ခုပဲ”
“ချို့ယွင်းချက် တစ်ခုတည်း ဟုတ်လား ၊ဒါဆိုကံကောင်းတယ်ဆိုရမယ်၊ ဒါနဲ့
ဘာချို့ယွင်းချက်လဲ”
“အ၀င်တံခါးဖွင့်ကို ဖွင့်လို့ကို မရဘူး”

10.ချစ်သူတွေ ၀ိုင်းဝိုင်းလည်
မိန်းမ-“အပျို ဘ၀တုန်းကများ ကျွန်မကို ပိုးပန်းတဲ့ လူတွေ အများကြီးပဲ ၊ ကျွန်မက
အာလုံးကိုငြင်းခဲ့တာရှင့်”
ယောင်္ကျား-“အဲ့ဒီလူစုထဲမှာ ငါမပါတာ ၀မ်းနည်းလိုက်တာ”

11.မြန်မြန်နှင့်မှန်မှန်
မြန်မာနိုင်ငံ စာရေးဆရာအဖွဲ့ တစ်ဖွဲ့သည် နိုင်ငံတစ်ခုသို့
ချစ်ကြည်ရေးခရီးသွားခဲ့သည်။ ထိုနိုင်ငံရောက်စဉ် ဧည့်ခံပွဲ တစ်ခုပြုလုပ်ရာ
မြန်မာစာရေးဆရာများက ကျေးဇူးတင်ကြောင်း မိန့်ခွန်းတစ်ခုကို ပြောကြားသည်။
စာရေးဆရာတို့ပြောသမျှကို ဘာသာပြန်သူက ပရိသတ်ကို ချက်ချင်း ဘာသာပြန် ၍
ပြောနေသည်။ စာရေးဆရာတစ်ဦးက စကားစပ်မိ၍ ဟာသပုံပြင်တစ်ခုကို
မိန့်ခွန်းထဲထည့်ပြောလိုက်သည်။ ဘာသာပြန်ကလည်း အလွန်လျင်မြန်စွာ ဘာသာပြန်၍
ပြောပြလိုက်ရာ ပရိသတ်လည်း ဝါးခနဲ ပွဲကျသွားလေ၏။ သို့နှင့်
ဧည့်ခံပွဲပြီးဆုံးသွားသောအခါ ထိုစာရေးဆရာက ဘာသာပြန်သူအားခေါ်၍
စောစောကသူ့မိန့်ခွန်းထဲက ဟာသပုံပြင်ကို ဤမျှ မြန်မြန်နဲ့
မည်သို့ဘာသာပြန်သနည်းကို သိလိုသဖြင့်မေးကြည့်ရာ……
“ ကျွန်တော် ဘယ်လိုဘာသာပြန်သလဲဆိုတော့ အခုဒီစာရေးဆရာကြီးက
ရယ်စရာဟာသတစ်ခုကို ပြောလိုက်ပါတယ် ၊ အားလုံးရယ်ကြပါ ခင်ဗျာလို့
ပြန်ပြောလိုက်တာပါ ”


12.ပိုဆိုးတယ်

စတိုးဆိုင်ပိုင်ရှင်တစ်ဦးသည် ဆိုင်စဖွင့်သည်မှာ နှစ်ရက်မျှသာရှိသေးသော
သူ၏ စတိုးဆိုင်အသစ်သို့ ရောက်လာပြီး အရောင်းစာရေးမလေးအား ဆိုင်၏
ရောင်းမှုအခြေအနေကို မေးမြန်းလိုက်သည်။ ဆိုင်ရှင်ကြီး ။ ။ဘယ်လိုလဲ
ဒီနေ့ရောင်းရတဲ့ အခြေအနေရော။
စာရေးမလေး ။ ။ မနေ့ကထက် ပိုဆိုးတယ်ဆရာ ။
ဆိုင်ရှင်ကြီး ။ ။ မနေ့က အင်္ကျီတစ်ထည်ရောင်းရတယ်လေ၊ ဒီနေ့
ပိုဆိုးတယ်ဆိုတော့ တစ်ထည်မှမရောင်းရဘူးလား ။
စာရေးမလေး။ ။ ဒါ့ထက်ပိုဆိုးပါတယ်ရှင် ၊ မနေ့က အင်္ကျီဝယ်သွားတဲ့သူက
မကြိုက်လို့ဆိုပြီး ဒီနေ့လာပြန်လဲသွားလို့ပါ ။


13.ဆွေမျိုးတွေ

တစ်ခါကရွာတစ်ရွာတွင် ကလေးသုံးယောက်နှင့် ကျန်ခဲ့သော
မုဆိုးဖိုကြီးဦးလှနှင့် ကလေးလေးယောက်နှင့်ကျန်ခဲ့သော ဒေါ်မြဆိုသူ
မုဆိုးမတို့ ရှိကြ၏။ ငါးနှစ်ခန့်ကြာသောအခါ ဦးလှနှင့် ဒေါ်မြတို့တွင်
သားသမီးသုံးယောက် ထပ်မံထွန်းကားလာလေ၏ ။ တစ်နေ့တွင် ကလေးများရန်ဖြစ်ကြရာ
ဒေါ်မြက အော်ကြီးဟစ်ကျယ်နဲ့ ရပ်ရွာကို အကူအညီတောင်းလိုက်ပုံမှာ……
“ လာကြပါဦးရှင် ကျွန်မရဲ့  ကလေးတွေနဲ့ ကိုလှရဲ့  ကလေးတွေက ကျွန်မနဲ့
ကိုလှ ရဲ့  ကလေးတွေကို ဝိုင်းရိုက်နေကြတယ် ”

တဆင့်ဝေငှသည်။

ဟာသ တိုထွာ

အလင်းစေတမန် မှ မေးလ်လေးပါ...
...................
..................................................................

သူ့နေရာသူပြန်သွား

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီ
လဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊
ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။
ရှင့်ဆီးအိမ်ထဲကခွဲထုတ်ထားတဲ့ဟာတွေရှင့် "

မေးမှသိတယ်

" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ
ဝမ်းသာတယ်ကွာ၊နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့
မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "


ပြောချင်တာကဒီလိုပါ

" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။
ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။
ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း .....
ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။
အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ "

ဘယ်သူမှမပြောနဲ့နော်

" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊
ဓူဝံကြယ်တောင်ဘက်ကိုပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ "

စနစ်တကျအသုံးပြုနည်း

" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ
၊ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ယပ်တောင်ဟာ
လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို
ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား "

နားလေးသူမို့ပါ

" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် "


ဟိုတစ်မျိုး ဒီတစ်မျိုး

" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။
သူ့အခန်းထဲဝင်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့
သူ့အိမ်ထဲဝင်ခိုးတာသေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် "

မေမေ့တာဝန်ထားလိုက်

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။
သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့
မေမေ့တာဝန်ထားလိုက်စမ်းပါ "

အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။
ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ "

မမြောက်ပါနဲ့ဗျာ

" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ်
၊ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊
အိမ်သားတွေတစ်ယောက်မှမနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ
ချီးကျူးပါတယ်ကွာ "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ "

အထင်နဲ့အမြင်

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ
၊ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "

ထင်တာကတခြား

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး
လူရှင်းတဲ့နေရာရောက်မှပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက
ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင် "

သိချင်လို့

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "

ပြင်ပအစားအစာ

" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ်
မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊
မိကျောင်းမွေးမြူရေးစခန်းမှာပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို
သူမသိလို့ထင်တယ် "

သမ်းပြတာမဟုတ်ပါ

" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို
လက်ဝါးနဲ့မကာဘဲသမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော်
တစ်ခုခုပြောဖို့ကြံတိုင်းခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ "

ယောက်ျားဆိုတာ

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ
၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "

တလွဲမထင်ပါနဲ့

" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊
ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ "

ဆရာ့ညွှန်ကြားချက်

" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုလိမ့်မယ် "

လိုချင်ရင်ပြောပါ

" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
~~~ ပျော်ရွှင်ကြပါစေ~~~~

Wednesday, May 4, 2011

အသွင်တစ်မျိုးနဲ့ ကျူမဲ့ ဘောလုံးရည်းစားစာ

အခုဆိုရင် ကမ္ဘာကြီးကအရာပြောင်းလဲကုန်ပြီ။

ယောင်္ကျားလေးလဲ ဘောနဲ့မိန်းကလေးလဲ ဘောနဲ့ (ဘောလုံးပြောပါတယ်) အရမ်းစိတ်ဝင်စားနေပြီ။ အဲတော့ ချစ်သူကိုဘယ်လိုချစ်စကားပြောမလဲ အနုအရွတွေက ရိုးတယ်။ တစ်ချို့စာသားတွေက
လူရွင်တော်တွေပျက်တယ် (၀န်ခံတာပါ) တစ်ချို့စကားလုံးတွေကတော့ ကိုယ့်ဟာကိုတွေးတာများပါတယ်။ အဲတော့ အချစ်ကိုဘောလုံးလို့ သဘောထားပြီး ချစ်သူနဲ့ ကမ္ဘာအနှံ့ခြေဆန့်ရအောင်။ ချစ်သူတွေအဆင်ပြေပါစေ။  ကဲ.....စပြီနော်.... ရဲဘော်တို့



အခုစစချင်း မင်းရဲ့အလှတရားကို တို့က ကမ္ဘာဖလားနဲ့ တောင်မလဲနိုင်တဲ့အကြောင်း စပြောပါရစေနော်။

အချစ်ဆိုတာ ရီးရဲမက်ဒရစ်လို ပိုက်ဆံချမ်းသာတိုင်း ၀ယ်လို့မရနိုင်ဘူးဆိုတာ မင်းအနည်းနဲ့အများတော့
နားလည်လိမ့်မယ်လို့ထင်ပါတယ်။

မန်ယူလို အကြံတူတဲ့လူတွေရှိနေမှန်းလဲသိပါတယ်။ မင်းရဲ့အနားမှာ စည်းကြပ်ဒိုင်တွေရှိလို့ အနီးကပ်တောင်မထိုင်ရဲပါဘူးကွာ။ တို့ကို အဖြောင့်တည်ကြည်သဘောနဲ့ ထောင့်တည်ဘော တစ်လုံးလောက်မျှော်လင့်ခွင့်ပေးပါလား။

မင်းရဲ့အချစ်တွေက တို့အပေါ်မှာ ဘလက်ဘန်းလို အရမ်းလန်းနေတော့ တို့ရင်ထဲမှာ ဖူလ်ဟမ်လို
လိုအပူကန်နေပါတယ်ချစ်သူရယ်။

မင်းကိုတို့က ဆီနီဂေါ လို တစ်ကယ် အပီပြောမယ်ကြံကာမှ မင်းက ဘရာဇီးလို အထာကြီးနဲ့နေနေတဲ့အတွက် တို့မှာ အင်္ဂလန်လို ရင်ခံနေရပါတယ် ချစ်သူရယ်။

အဲဒီအတွက်မင်းက လစ်ဗျားလို အပြစ်စကားဆိုရင်လဲ တို့လက်ခံပါ့မယ်။

တို့ကမင်းကို ဟော်လန်လို အပျော်ကြံတာမဟုတ်ပဲ ပြင်သစ်လို အရင်ချစ်ခဲ့တဲ့အတွက် မင်းအနားကို
ဒိန်းမတ်လို တစ်စိမ်းကပ်တာတောင်မကြိုက်ပါဘူး

ယူဂိုဆလပ်လိုအူတိုမတတ်ချစ်ခဲ့ တာကို မင်းကဂရုမစိုက်ပဲ စပါးစ်လို ကုလားတစ်ယောက်နဲ့ စကားပြောနေတာကိုမြင်လိုက်ရတဲ့တို့မှာ လီဗာပူးလို အတည်ငါရူးနေပြီဆိုတာ မင်းတွေးမိသေးရဲ့လား?

မင်းရဲ့အကြည့်တစ်ချက်က တို့ရဲ့ရင်ထဲကို ဘိုင်ယန်မြူးနစ်လို အမှန်တစ်ကယ်စူးနစ်နေပြီ။

မင်းရဲ့အနားလာ ကပ်ပြီး ဂျပန်လို မဟန်တော့မှ နောက်ဆုတ်သွားတဲ့လူမျိုးတွေထဲမှာ တို့မပါဘူးဆိုတာ
မင်းသိစေချင်တယ်ကွာ။

မင်းတို့ကို ဆက်ဆံပုံက ပါးမားလို တစ်အားများပြီးမှားရင်တော့ တို့က အေစီလို သေပြီပေါ့ကွာ။

မင်းကို ဆမ်ဒိုးရီးယားလို မြတ်နိုးမိရသူပါ စတုဂတ်လို ဘုပြောတတ်တဲ့ မင်းကိုချစ်တယ်။

ဒါကို ဟန်နိုဗာလို အပိုပါလို့ မပြောနဲ့နော်.။

မင်းကို ပို့စ်မောက်လို အမျိုးတစ်ယောက်လို ကြင်နာမှုမျိုးတွေနဲ့ ထားချင်တယ်။

လက်ဆောင်ပေးတိုင်း အနားမှာတွေ့တာနဲ့ ၀ုပ်ဖ်ဘတ်လို ထုတတ်တဲ့ အပြုအမူတွေ နောက်တစ်ခါမလုပ်နဲ့တော့နော်။

တို့ကို အင်တာလို အစဉ်သာကြင်နာပေါ့။

ပြီးတော့ ဗီလာလို ကြည်ကြည်သာသာလေးနေနော်။

ရိုးမားလို တစ်မျိုးစကားပြောရရင် ရေးစင်းလို ပြေးမနင်းနဲ့ (ဆိုက်ကားပြောပါတယ်) မင်းကို ဟမ်းဘတ်လို အရမ်းဖက်ချင်တယ်သိလား။

အခုပြောနေတာတွေက ဂီဂျွန်လို အပီတွန်နေတယ်လို့ ထင်နေတယ်မဟုတ်လား။

ဟွန်းနော်..

ပြီးတော့မှ မာဆေးလ်လို အထာမပေးနဲ့ ဂျာမနီလို အသာတစ်ကြည် မလာတော့ဘူးမှတ်။

အခုပြောနေတာတွေကို နယူးကာဆယ်လို ရူးပါတယ်လို့ဝေဖန်ရင်လဲ ကျေနပ်ပါတယ်။

ရင်ထဲက ခံစားချက်တွေကို နာပိုလီလို စာတွေစီနေတဲ့အတွက် တိုဂိုလို အပိုတစ်လုံးမှမပါဘူးဆိုတာ ယုံစေချင်တယ်။

အီကွေဒေါလို တစ်ကယ်အတည်ထပ်ပြောမယ် ယူကရိန်းလို တစ်ကယ်မစိမ်းပါနဲ့ လိုင်လီလို ဆိုင်သည်လို့ပဲပြောထားပါရစေနော်

မင်းနဲ့ ဖရီးကစ်လို တစ်သီးတစ်ခြားမဖြစ်ပါစေနဲ့လို့ ဆုတောင်းတယ်သိလား။

တို့ရဲ့ရင်ခွင်ထဲကိုမင်းက ချဲလ်ဆီးလို အပြတ်ကြီးနဲ့ အာဆင်နယ်လို လာချင်တယ်ဆိုရင် မန်စီတီးလို အနမ်းကြီးပေးပြီးကြိုမယ်နော်။

ဒီစာလေးကို ဘာစီလို မင်းက အသာတစ်ကြည်နဲ့ ယူမယ်ဆိုရင်တော့ ကိုလုံးလို အပျော်ဆုံးဖြစ်နေမဲ့ လူလို့ ပြောရင်း ဂီတာဖေးလို အပီစာပေးလိုက်ပါတယ်ကွာ.....။      ။



Forwardmail မှ ကူးယူဖော်ပြပါသည်။

ကမ္ဘာတစ်လွား အားကစား လောကမှ အကောင်းဆုံး ဟာသ ပုံရိပ်များ

ကမ္ဘာတစ်လွားရှိ အားကစားပွဲများတွင် တစ်ဘက်နှင့် တစ်ဘက် အကြိတ်အနှယ် ယဉ်ပြိုင်ကစားကြရာ အားကစားသမားများနှင့် ကြည့်ရှု အားပေးသူများ၏ အချို့သော  လှုပ်ရှားမှု ပုံရိပ်များကို လျှပ်တစ်ပျက် ရိုက်ကူး၍ ရရှိလာသော ဓါတ်ပုံများသည် မမျှော်လင့်ဘဲ အကောင်းဆုံး ရှုထောင့်မှ ရိုက်ကူးထားသော ရယ်ရွင်ဖွယ် ပုံရိပ်များ ဖြစ်နေသည်ကို အားကစား လောကမှ ဟာသ ပုံရိပ်များ အဖြစ် မြင်တွေ့ကြရသည်။
sport 01 jpg
sport 02 jpg
sport 03 jpg
sport 04 jpg
sport 06 jpg
sport 07 jpg
sport 10 jpg
sport 11 jpg
sport 13 jpg
sport 15 jpg
sport 16 jpg
sport 17 jpg
sport 18 jpg
sport 19 jpg
sport 20 jpg
sport 21 jpg
sport 22 jpg
sport 23 jpg
sport 24 jpg
sport 25 jpg
sport 26 jpg
sport 28 jpg
sport 29 jpg
sport 35 jpg
sport 38 jpg
sport 39 jpg
sport 41 jpg
sport 43 jpg
sport 44 jpg
sport 45 jpg
sport 46 jpg
sport 47 jpg
sport 48 jpg
sport 50 jpg

shots-0001
shots-0002
shots-0003
TENNIS-WTA-ATP-AUS-BAGHDATIS_6_56_08_AM
shots-0005
shots-0006
shots-0007
Mvd269375
shots-0009
shots-0010
shots-0011
shots-0012
shots-0013
shots-0014
shots-0015
FRANCE FRENCH OPEN TENNIS
shots-0017
shots-0018

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ