
ရေတံခွန်ဆိုတာ လှပါတယ်။ မီးတံခွန်ဆိုတာကတော့ သင့်ဘဝမှာ မြင်ဘူးတာမပြောနဲ့ ကြားဘူးမှာတောင် မဟုတ်ဘူးလို့ထင်တယ်။ ဒီမီးတံခွန်ကတော့ ကယ်လ်ဖိုးနီးယား က Yosemite ဥယဉ် မှာဖြစ်ပါတယ်။ တောင် အမေရိကတိုက်မှာရှိတဲ့ Horsetail ဆိုတဲ့ မီးတံခွန်ဆိုတာ တင်စားခေါ်နေကြခြင်းသာဖြစ်ပြီး အမှန် စင်စစ်ကတော့ ရေတံခွန်ဘဲဖြစ်ပါတယ်။ ထို ရေတံခွန်ကို ဒီလိုပုံစံမျိုးအတိုင်းတွေ့ရတာ တစ်နှစ်မှာ နှစ်ပါတ်ခန့်သာ တွေ့ရတာဖြစ်ပြီး ဆောင်းအကုန် နွေဦး ရာသီအစ ကာလဖြစ်တဲ့ ဖေဖော်ဝါရီလ ထဲမှာဖြစ်ပါတယ်။ နေရောင်ချည်ရဲ့ ရောင်ပြန်မှု့နဲ့ ထိုကဲ့သို့ အရောင် ဖြစ်သွားရခြင်းဖြစ်ပါတယ်။ ထိုရေတံခွန်များ တောင်ပေါ်မှ စီးကျခြင်းဟာ အရှေ့ဖက် အခြမ်း ရော အနောက်ဖက် အခြမ်းပါဖြစ်ပြီး အရှေ့ဖက်အခြမ်းမှာ ၄၇ဝ မီတာနဲ့ အနောက်ဖက် အခြမ်းကတော့ ၄၈ဝ မီတာဖြစ်ပါတယ်။ အမြင့်ပေက တော့ ၆၅ဝ မီတာဖြစ်ပါတယ်။ ထိုကဲ့သို အရောင်ပေါ်ချိန်က ညနေ နေဝင်ချိန် မှာသာဖြစ်ပါတယ်။
http://www.youtube.com/watch?v=n1PjugGtteA&feature=player_embedded
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။