ကမ္ဘာ့ပေါ်ရှိ နိုင်ငံပေါင်း (၇)ခုမှာ ပြတိုက် ၁၅ ခုဖွင့်လစ်ခဲ့ပြီး မာမီ ရုပ်လောင်း ၄၅ ခုနှင့် သူတို့ရဲ့အနုပညာ လက်ယာတွေဖြစ်ကြသော ပစ္စည်းများ ၉၅ ခုကို ပြသခဲ့ပါတယ်။ ဒီနေ့တော့ ကယ်လ်ဖိုးနီးယား ပြည်နယ်က သိပ္ပံစင်တာမှာမာမီ ပြတိုက်ကိုဖွင့်လစ်ခဲ့ပါတယ်။ ထိုမှဓါတ်ပုံအချို့ကို ဖော်ခြင်းဖြစ်ပါတယ်။
ဒါကတော့ ပီရူးနိုင်ငံက The Detmold Child လို့နာမည်ပေးထားတဲ့ ခလေးမာမီ ရုပ်လောင်းဖြစ်ပါတယ်။ သူသေဆုံးချိန်မှာ အသက် ၁ဝ လ သား အရွယ်ထက်မပိုဘူးလို့ ဆိုပါတယ်။ ၄၅ဝ၄-၄၄၅၇ ဘီစီခန့်ကဖြစ်ပါတယ်။
လာရောက်ကြည့်ရှု့သူတစ်ယောက်ကြည့်နေတဲ့ မာမီရုပ်လောင်းကတော့ ၁၈ ရာစုနှစ်က ကွယ်လွန်သွားသော ဟန်ဂေရီ လူမျိုးတစ်ယောက်ဖြစ်တဲ့ Michael Orlovits ရဲ့ မာမီရုပ်လောင်းဖြစ်ပါတယ်။
Johannes Orlovitz ခေါ်တဲ့ တစ်နှစ်အရွယ် ခလေးငယ်ဖြစ်ပါတယ်။ သူသေဆုံးတဲ့အချိန် ကတည်းက ဝတ်ဆင်ပေးခဲ့တဲ့ အဝတ်အစားနဲ့ ဦးထုတ်ဖြစ်ပါတယ်။
ဘီစီ ၄ဝ၈ ခုနှစ်က သေဆုံးသွားခဲ့တဲ့ အီဂျစ်က ယောက်ျားတစ်ယောက်ရဲ့ မာမီရုပ်လောင်းဖြစ်ပါတယ်။
ပီရူးနိုင်ငံက ၁၃ရာစုနှစ်မှာ သေဆုံးခဲ့တဲ့ အရွယ်ရောက် အမျိုးသမီးတစ်ဦးရဲ့ မာပီယုတ်လောင်းဖြစ်ပါတယ်။ သူ့ရင်သား တစ်ဖက်မှာလဲ ဆေးမှင်ကြောင်တွေ ရေးထိုးထားတာ တွေ့ရပါတယ်။
ဒီမာမီယုတ်လောင်းကတော့ မိန်းမပုံစံဖြစ်နေပေမဲ့ မိန်းမမဟုတ်ပါဘူး အရွယ်ရောက် ယောက်ျားတစ်ယောက်ရဲ့ ရုပ်လောင်းဖြစ်ပါတယ်။ ချီလီနိုင်ငံ Atacama သဲကန္တာရမှ ဖြစ်ပါတယ်။






0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။