
သမိုင်းမတိုင်မှီ အချိန်မှာ ရှိခဲ့ဖူးတဲ့ ရေသတ္တဝါတစ်ကောင်က အလွန်ကိုကြီးမားတယ်လို့ တွေ့ရှိမှု့များနှင့် ဆက်လျှင်း၍ ပြောဆိုခဲ့ကြပါတယ်။ ထိုသတ္တဝါဟာ T Rex လို့ခေါ်တဲ့ ဒိုင်နိုဆောမျိုးတွေကိုတောင် Dorset ကမ်းခြေ အောက်မှာ သတ်ဖြတ်စားသောက်ခဲ့တယ်လို့ဆိုပါတယ်။ ထိုသတ္တဝါကြီးကိုတော့ pliosaur လို့ခေါ်ပြီး လွန်ခဲ့တဲ့နှစ် သန်းပေါင်း ၁၅ဝ လောက်က ကမ္ဘာပေါ်မှာရှိခဲ့တဲ့ ဒိုင်နိုဆော တစ်မျိုးဘဲ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများကတော့ ထိုသတ္တဝါရဲ့ ဦးခေါင်းရိုးတစ်ခုဟာ ၈ ပေလောက်ရှိ ရှာဖွေတွေ့ ရှိ့ခဲ့ကြတဲ့ ဒိုင်နိုဆော သတ္တဝါကြီးတွေထဲက တမျိုးပင်ဖြစ်ကြောင်းဆိုပါတယ်။ အရိုးစုများကို တိုင်းတာမှု့အရ ထိုသတ္တဝါရဲ့ အရှည်ဟာ ၅၂ ပေရှိတယ်လို့ဆိုပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း အရိုးတွေကိုတော့ အခြားနေရာမှာ မတွေ့ခဲ့ရဘဲ Heritage Jurassic ကမ်းခြေ နှင့် ၉၅မိုင်အကွာ Dorset နှင့် အရှေ့ Dorset ကြားရှိ ကျောက်ထရံ တစ်ဝိုက်က ပင်လယ်အောက်မှာသာ တွေ့ရတာဖြစ်ပါတယ်။ pliosaur ဟာ ဒိုင်နိုဆောတစ်မျိုးဖြစ်ပြီး ကြီးမားတဲ့ သွေးနွေး ရေသတ္တဝါ အုပ်စုထဲမှာ ပါဝင်ပါတယ်။ လည်ရိုးက တိုပြီး ဦးခေါင်းကတော့ မိချောင်းနဲ့ဆင်ပါတယ်။ ကြီးမားတဲ့ မေးရိုးများ၊ ချွန်ထက်သော သွားကြီးများနှင့် လျှင်မြန်စွာ သားကောင်ကို ဖမ်းစီးနိုင်ပါတယ်။ ထိုအချက်တွေကတော့ pliosaur နဲ့ ပါတ်လျှင် ကျွမ်းကျင်သူ Dr Richard Forrest မှ တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကိုးကားပြီး ပြောခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး တော့ Forrest က အလွန်ကြီးမားတဲ့ ဧရာမ သွေးနွေး သတ္တဝါကြီးတွေ ဖြစ်ပါတယ်။ သူရဲ့ မေးရိုးတွေ ကျဆင်းပုံကြည့်ပြီး အလွန်ကို ကိုက်ဖြတ်တဲ့နေရာမှာ သန်မာမယ်လို့ ယုံကြည့်ရပါတယ်။ ကားတစ်စီးလောက်ကို အခက်အခဲမရှိ နှစ်ပိုင်းပြတ်အောင် ကောင်းကောင်း ကိုက်ဖြတ်နိုင်မဲ့ သဘောရှိပါတယ်။ လူဆိုရင်တော့ အာမထိ လျှာမထိ စားလို့ရတာပေါ့။ သိပ္ပံပညာရှင်များကတော့ ထိုသတ္တဝါဟာ ပြိုင်ဖက်ကင်း အကြီးဆုံးသတ္တဝါမျိုး ဖြစ်တယ်လို့ သတ်မှတ်ခဲ့သော်ငြားလည်း မကြာသေခင်က နော်ဝေ နိုင်ငံ Svalbard တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ဟာလည်း ဒိုင်နိုဆောမျိုး တစ်မျိုးဖြစ်ပြီး အရွယ်အစားကတော့ ၄၉ ပေခန့်ရှိတယ်လို့ သိရတဲ့အတွက် ပြိုင်ဖက်ကင်း ဆိုတဲ့ ထင်မြင်ချက်စကားတွေအတွက် သံသယ ဖြစ်စရာ ဖြစ်လာပြီဖြစ်ပါတယ်။




0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။