မနေ့က ကနေဒီယန်း လေတပ်က လေယာဉ်ပျက်ကျခဲ့တဲ့ အချိန်မှာ လွတ်မြောက်သွားတဲ့ လေသူရဲ Brian Bews (၃၆) နှစ်ပုံဖြစ်ပါတယ်။ CF-18 ဖိုက်တာဂျက် အမျိုးအစားဖြစ်ပြီး လေပေါ်မှာ စက်ချို့ယွင်းမှု့ကြောင့် ရုတ်တရက် စက်သေသွားပြီး ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်တန်ကြေးကတော့ စတာလင်ပေါင် ၃ဝ မီလီယံ ဖြစ်ပါတယ်။ ကနေဒါ Alberta နားက Lethbridge County လေဆိပ်မှာ လေယာဉ် ပြပွဲအတွက် လေ့ကျင့်ပျံသန်းနေစဉ် ထိုကဲ့သို့ ဖြစ်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်မှူး Brian Bews ကတော့ လေထီးနဲ့ မြေပေါ်ဆင်းချိန်မှာ ဒရွတ်တိုက် ဆွဲသလိုဖြစ်ခဲ့တဲ့အတွက် ဒါဏ်ရာအနည်းငယ် ရရှိလို့ ဆေးရုံတင်ထားပြီး ဒီတစ်ပါတ်အကုန်လောက်မှ ဆင်းမယ်လို့ သိရပါတယ်။









0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။