အိန္ဒိယကား ထုတ်လုပ်ရေးကုမ္ပဏီ တာတာမော်တာက နာနိုကားကို အင်ဒိုနီးရှားတွင် ထုတ်လုပ်ဖွယ် ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဇူလိုင်လ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။
တာတာ ကားထုတ်လုပ်ရေး အတွက် ထိုင်းနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံကို ရွေးချယ်ရာတွင် အင်ဒိုနီးရှားက အသာရရှိသွားဖွယ် ရှိကြောင်း သတင်းစာက ဖော်ပြခဲ့သည်။ အင်ဒိုနီးရှားက တာတာကို မက်လုံးများ ပိုပေးခဲ့ကြောင်း တာတာသည် ထိုင်းတွင် တိုးချဲ့မည့် အစီအစဉ်ကို ထက်ဝက်လျော့ရန် ဆုံးဖြတ်ခဲ့ကြောင်း အမည် မဖော်လိုသော သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ သတင်းစာက ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှု၊ ကားလုပ်ငန်းနှင့် ပတ်သက်သည့် အခွန်စနစ် တို့ကြောင့်လည်း တာတာက အင်ဒိုနီးရှားကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
တာတာသည် ၂၀၁၃ ခုနှစ် ကစ၍ ဂျကာတာတွင် တစ်နှစ်လျှင် နာနိုကား ၅၀၀၀၀ ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။ ဂျကာတာတွင် ထုတ်လုပ်သော ယင်းကားများကို ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့သို့ တင်ပို့သွားရန် စီစဉ်ထားကြောင်း ဘန်ကောက်ပို့စ်က ဆိုသည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။