ဇူလိုင်လ ၁၁ ရက်နေ့က အာသံပြည်နယ်၊ ဘက်ကူချီ ကျေးရွာတွင် ဖြစ်ပွာခဲ့သော ရထား လမ်းချော်တိမ်းမှောက်မှု
ဥတာပရာဒေ့ရှ်ပြည်နယ် မြို့တော် Lucknow မှ ၉၅ မိုင် အကွာတွင် ခရီးသည်တင် ရထားတစ်စီး လမ်းချော်ခဲ့ပြီး ရထားတွဲ ဒါဇင်ပေါင်း များစွာမှာ မြောက်တက်သွားခြင်း၊ တစ်ခုနှင့်တစ်ခု ထပ်မိခြင်း ဖြစ်ခဲ့သည်။ ကိုလ်ကတ္တားမှ နယူးဒေလီသို့ သွားရောက်သည့် ရထားပေါ်တွင် ခရီးသည် ၁၀၀၀ ခန့် လိုက်ပါလာခဲ့ပြီး သေဆုံးသူ ၆၇ ဦးတွင် ဆွီဒင် နိုင်ငံသား နှစ်ဦးလည်း ပါဝင်သည်။ အာသံပြည်နယ်တွင် National Democratic Front of Bodolan NDFB ဟု ခေါ်သော မျိုးနွယ်စု ခွဲထွက်ရေး အဖွဲ့က ထောင်ထားခဲ့သည်ဟု ယူဆရသော ဗုံးတစ်လုံးကြောင့် ခရီးသည်တင် ရထားတစ်စီးမှာ လမ်းချော်ခဲ့သည်။ ရထားတွဲလေးခုမှာ လိမ့်ထွက်သွားခဲ့ပြီး အနည်းဆုံးလူ ၁၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၇ ရက်ကလည်း ဥတာပရာဒေ့ရှ် ပြည်နယ်တွင် ရထားတစ်စီးနှင့် ဘတ်စကားတစ်စီး တိုက်မိမှု တို့ကြောင့် လူ ၃၈ ဦးခန့် သေဆုံးခဲ့သည်။ အိန္ဒိယတွင် ပုဂ္ဂလိက လေကြောင်းလိုင်းများ အပြိုင်အဆိုင် ထွက်ပေါ်လာသော်လည်း လူ ၁၈ ဒသမ ၅ သန်းကျော် နေ့စဉ် စီးနင်းနေသည့် ရထားလမ်း ကွန်ရက်မှာ လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။

0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။