ပထမဆုံး မိမိရဲ့ Gmail ကို ကွန်ပျူတာနဲ့ဝင်ပြီး Sign In ဝင်လိုက်ပါ။ ပြီးရင် Mail Setting ထဲကိုဝင်ပါ။ Forwarding and POP/IMAP ထဲကို ဝင်လိုက်ပါ ။ POP Download မှာ Enable လုပ်ပါ။ IMAP Access မှာ Enable လုပ်ပါ။ Save လိုက်ပါ။
ပြီးရင်တော့ iPhone ရဲ့ setting ထဲက Mail, Contacts, Calendars ထဲဝင်လိုက်ပါ ။ အဲဒီထဲက Add Account ထဲဝင်ပါ။
Microsoft Exchange ထဲဝင်ပါ။
ex; *****@gmail.com(Google Mail သမားတွေကလည်း ********@googlemail.com ဆိုပြီးထည့်ရမှာပါ။)
Domain မှာ Blank ထားပါ။
Username မှာ အပေါ်ကလိုပဲ Mail ကို အပြည့်ထည့်ပါ။
Password မှာ မိမိ Gmail Password ကို ထည့်ပါ။
Description မှာ မိမိ နာမည်ရေးပါ။
ပြီးရင် Next နှိပ်ပါ။ ခဏစောင့်ပါ။
ထပ်ပေါ်လာတဲ့ Sever မှာ m.google.com ထည့်ပါ။ Next နှိပ်ပါ။ ခဏစောင့်ပါ။
Mail ကို On ပါ ။ သတိထားရမှာတစ်ခုက Contacts ကို off လုပ်ပါ။ မဟုတ်ရင် Gmail Contact တွေ အကုန်လုံး Phone Contact ထဲရောက်လာပါလိမ့်မယ်။ ပြီးရင် Save လုပ်ပါ။ ဒါဆို Setting လုပ်တာပြီးပါပြီ။ ပြီးရင်တော့ iPhone setting ထဲက Mail, Contacts, Calendars ထဲမှာ မိမိနာမည်နဲ့ Account ပေါ်လာပါလိမ့်မယ်။ဝင်လိုက်ပါ။ Mail Days to Sync မှာ (No Limit, 1 Day, 3 Days, 1 Week, 2 Weeks, 1 Month) ဆိုပြီးရှိပါတယ်။ အဲဒီမှာ ကိုယ့် စိတ်ကြိုက်ကို Select လုပ်လို့ရပါတယ်။ တစ်ခုရှိတာက Mail အများ ကြီးဝင်တဲ့ လူတွေအနေနဲ့ ရက်ကြာကြာကို Select လုပ်ထားရင် Mail အများကြီး Down မှာမို့ Memory Usage များများသုံးပါလိမ့်မယ်။ 3 Days, 1 Week လောက်ကအတော်ပါပဲ ။ ပြီးရင်တော့ Mail ထဲဝင်ပြီး မိမိ Mail တွေကို သုံးနိုင်ပါပြီ။ Offline လည်း သုံးလို့ရပါတယ်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။