မိမိရဲ့ iPad,iPhone ထဲမှာသွင်းထားတဲ့ application(.ipa ဖိုင်) တွေကို ကွန်ပျူတာထဲကို ပြန်လည်ရယူချင်ကြမှာပေါ့။ ရယူနည်းကိုပြောပြပါမယ်။
အရင်ဆုံး iFunBox ဆိုတဲ့ application လေးကိုကွန်ပျူတာထဲကို အရင်သွင်းလိုက်ပါ။ ဆော့ဝဲကို အောက်မှာရယူနိုင်ပါတယ်။
iFunBox အားရယူရန်
download လုပ်ပြီးပြီဆိုရင် အဲဒီ iFunBox ဆော့ဝဲလေးကို ကွန်ပျူတာထဲကို install လုပ်လိုက်ပါ။ Install လုပ်ပြီးရင် run လိုက်ပါ။ ပြီးရင် မိမိရဲ့ iPad/iPhone ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ iFunBox ဆော့ဝဲမှာ မိမိရဲ့ device ချိတ်ထားတာကိုသိပြီး ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ User Applications
ထဲကိုသွားပါ။ အောက်ကပုံအတိုင်းပါ။
အဲဒီမှာ ကိုယ့်ရဲ့စက်ထဲမှာသွင်းထားတဲ့ application တွေပေါ်လာပါလိမ့်မယ်။ ပြန်လည်ရယူချင်တဲ့ application ပေါ်မှာ right click နှိပ်ပြီး “Backup to ipa package” ကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းပါ။
ပြီးရင် ကိုယ့်ကွန်ပျူတာထဲကို ပြန်ကြည့်လိုက်ပါတော့။ ခုနက ပြန်ယူထားတဲ့ application installer ဖိုင် လေးကွန်ပျူတာထဲကို ရောက်ရှိနေတာတွေ့ရပါလိမ့်မယ်။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ Thet Naing Soe
(Myanmar Mobile Application Store)
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။