iOS အတွက် Emoticons apps လေးတွေအများကြီးရှိပါတယ်
အခု နည်းလမ်းလေးက iOS မှာ Original ပါတဲ့
Hidden ဖြစ်နေတဲ့ Emoji Emoticons Keyboard
ဖော်ပြီးအသုံးပြုတဲ့နည်းလမ်းလေးကိုတင်ပြမှာပါ။
သိပြီးသားတွေရှိသလို မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီး
ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်။
Emoji Emoticons Keyboard Enable ပြုလုပ်နည်း
အဆင့် ၁
Setting ထဲမှ General သို့သွားပါ
အဆင့် ၂
အောက်သို့ဆင်းပြီး Keyboard ကို select လုပ်ပေးပါ
အဆင့် ၃
screen မှာ မူရင်း International Keyboards တွေ့ရပါလိမ့်မယ်
အဆင့် ၎
Add New Keyboard ကို Select လုပ်ပေးပါ
အဆင့် ၅
အောက်သို့ဆင်းပြီး ” Emoji ” ကိုရှာပြီး ရွေးပေးပါ
အခုအဆင့်တွေပြီးသွားပြီဆိုလျှင် Emoji Emoticons Keyboard ကိုအသုံးပြုလို့၇ပါပြီ
အသုံးပြုဖို့အတွက် Keyboard ကိုသွားပြီး Keyboard ချိန်းပေးတဲ့ ကမ္ဘာလုံး icon ကိုပြောင်းပြီး
Emoji Emoticons Keyboard ကိုအသုံးပြုလို့ရပါပြီ။
တခုတော့ရှိတယ်နော် iOS 5 နှင့်အထက်သုံး idevice အချင်းချင်းပဲအသုံးပြုလို့ရမှာပါ
အခြား ဖုန်းတွေကို ပို့ရင် အလုပ်လုပ်မှာမဟုတ်ပါဘူး
အားလုံးအဆင်ပြေပြီး ကြိုက်နှစ်သက်မယ်ထင်ပါတယ်
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။