မန္တလေးတိုင်း ဒေသကြီး၊ ကုန်း လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနတွင် ယာဉ်မောင်း သင်တန်း တက် မည့် သူများကို ဇွန်မှ စတင်၍ နိုင်ငံ တကာ အဆင့်မှ Driving simulator စနစ်ဖြင့် ပထမဦးဆုံး လေ့ကျင့် သင်ကြား ပေးနေပြီ ဖြစ်ကြောင်း သိရ သည်။ ယာဉ်မောင်း လေ့ကျင့် ရာတွင် ဆိုင်ကယ် အတွက် ကျပ် ၁,၀၀၀ နှင့် ကား အတွက်လျှင် ကျပ် ၂,၀၀၀ သတ်မှတ်ထားသည်။
“Simulator နဲ့လေ့ကျင့်ပြီးမှ သင်တန်းတက်ရပြီး တကယ့်ယာဉ် အစစ်နဲ့ မောင်းပြရတာပါ။ ရေးဖြေ လည်း အောင်ပြီး သွားရင် ယာဉ် မောင်းလိုင်စင် ထုတ်ပေးပါတယ်။ အရင်က ယာဉ်မောင်း သင်တန်းတက် ရင် ‘ခ’လိုင်စင်ငါးရက်၊ ‘က’လိုင်စင် သုံးရက် တက်ခဲ့ရပေမယ့် အခုတော့ ‘ခ’လိုင်စင် သုံးရက်နဲ့ ‘က’လိုင်စင် နှစ်ရက်ပဲ အချိန် ပေးရပါတယ်။ simulator စနစ်ကတော့ တကယ့် ကား အစစ် ပေါ်မတက်ခင် ကျွမ်းကျင် မှုရှိအောင် ကြိုတင် လေ့ကျင့်တဲ့သ ဘောပါပဲ’’ဟု တိုင်းဒေသကြီး ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦး သိန်းဦးက ပြောသည်။
Simulator စနစ်တွင် မြန်မာ နိုင်ငံနှင့် ကိုက်ညီသော ယာဉ်စည်း ကမ်းလမ်းစည်းကမ်း များ အချက်ပြ စနစ်များ ပါဝင်ပြီး တစ်နေ့လျှင် သင် တန်းသား၊ သင်တန်းသူ ၂၀၀ ၀န်း ကျင် လာရောက် လေ့ကျင့်လျက်ရှိ ကြောင်း သိရသည်။
ရဲမင်းထက်
1 comments:
မန်းလေး တိုင်းဒေသကြီး က မြို့နယ် ခရိုင် ကျေးလက်ဒေသ အခွဲတွေ ကို သိချင်ပါတယ် အကို တစ်ချက်လောက် ကူညီပေးပါအုံးဗျာ
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။