ဇူလိုင်လ ၁၄ ရက်နေ့က ပါရီမြို့ပေါ်တွင် ပျံသန်းနေသော Rafale ဂျက်တိုက်လေယာဉ်(ရှေ့အလယ်)နှင့် Mirage 2000-N တိုက်လေယာဉ်သုံးစီး (၀ဲ၊ယာနှင့်နောက်)
ပြင်သစ် ကာကွယ်ရေး လုပ်ငန်းကြီးများ ဖြစ်သည့် Dasault နှင့် Thales တို့က အိန္ဒိယ၏ Mirage တိုက်လေယာဉ်များကို ပြင်ဆင်ပေးရန် အကြံပြုမှုကို ကာကွယ်ရေး ၀န်ကြီးဌာနက သဘောတူညီထားကြောင်း အိန္ဒိယ လေတပ်ရှိ သတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့သည်။ အဆင့်မြှင့် လမ်းကြောင်းများ စနစ်၊ ကွန်ပျူတာ စနစ်နှင့် အီလက်ထရောနစ် စစ်ရေးဆိုင်ရာ ကိရိယာများ တပ်ဆင်သွားမည်ဟု မျှော်လင့်ထားသည်။ Mirage တိုက်လေယာဉ်များ အဆင့်မြှင့်တင်ရန် ၉ နှစ်ခန့် အချိန်ယူရဖွယ် ရှိကြောင်း တိုက်လေယာဉ်များထဲမှ နှစ်စီးကို ပြင်သစ်တွင် ပြန်လည် တပ်ဆင်သွားမည် ဖြစ်သည်။ ကျန်လေယာဉ်များကို အိန္ဒိယနိုင်ငံ ဘန်ဂလိုရှိ ဟိန္ဒူစတန် လေကြောင်းအခြေစိုက်စခန်းတွင် အဆင့်မြှင့်တင်သွားမည် ဖြစ်သည်။ ကုန်ကျစရိတ်နှင့် အိန္ဒိယလေတပ် အတွက် အကျိုးအမြတ်တို့အပေါ် သဘောထား ကွဲလွဲမှုများကြောင့် အိန္ဒိယ၏ တိုက်လေယာဉ်များ အဆင့်မြှင့်တင်ရေး သဘောတူညီချက်သည် ငါးနှစ်ကြာ နှောင့်နှေးခဲ့ရသည်။ ၁၉၈၀ ပြည့်လွန် နှစ်များ ကတည်းက အိန္ဒိယလေတပ်တွင် အသုံးပြုခဲ့သော Mirage တိုက်လေယာဉ်များကို အဆင့်မြှင့်တင်မှုကြောင့် သက်တမ်းနှစ် ၂၀ မှ ၂၅ ထိ တိုးလာဖွယ် ရှိသည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။