Pro-Vice-Chancellor ဆုရယူနေသူ မောင်စိုးမြင့်
မြန်မာကျောင်းသား အနေဖြင့် အဆိုပါဆုကို ရရှိခဲ့ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယင်းဆုမှာ ထိုကျောင်းတွင် တက်ရောက်သော အဆိုပါ ကျောင်းသားအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းအုပ်ကြီးအဖြစ်
ပေးအပ်ခြင်းဖြစ်သည်ဟု သိရှိရပါသည်။
အဆိုပါဆုကိုရရှိခဲ့သူမှာ မောင်စိုးမြင့်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလက Foundation in Engineering Program အား ကိုးလကြာ တက်ရောက်ခဲ့ပြီး ယခုကဲ့သို့ ရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ကျောင်းသားမှာ Chemical Engineering ပထမနှစ်သို့ တက်ရောက်နေပြီး ယခုကဲ့သို့ပညာသင်ဆု လျှောက်ထားလိုသော မြန်မာ ကျောင်းသားများအနေဖြင့် မိမိ၏ တက္ကသိုလ်ဝင်တန်းရမှတ်များနှင့် အခြားသော ကျောင်းပြင်ပရေးရာ များ၌ ပါဝင်လုပ်ကိုင်နိုင်ခြင်းများ ရှိထားရန်လည်း ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း သိရသည်။
“မြန်မာ ကျောင်းသားတွေ အနေနဲ့ ပညာသင်ဆုတွေကို လျှောက်တဲ့အခါမှာ သတ်မှတ်ချက်အသေးစိတ် တွေကို သူ့ကျောင်းရဲ့မူရင်းဝက်ဘ် ဆိုက်မှာ လေ့လာပြီး ကိုယ့်အရည် အချင်းနဲ့ ကိုက်၊ မကိုက် စိစစ်ပါ။ မြန်မာကျောင်းသားတွေ အတွက် သက်ဆိုင်ရာ ကျောင်းတိုင်းမှာ ပညာသင်ဆုတွေ ပေးနေပြီး အခွင့်အရေးတွေ ကိုယ်တိုင်ရှာဖွေသင့်ပါတယ်” ဟု မောင်စိုးမြင့်က ဖြေကြားခဲ့ပါသည်။

0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။