အခုတင်ပေးလိုက်တဲ့ Free Studio လေးကတော့ကျွန်တော်တွေ့ဖူးသမျှ Freeware လေးတွေထဲမှာအကောင်း
ဆုံးနဲ့ပါဝင်တဲ့ Feature လေးတွေကအစတော်တော်ပြည့်စုံတာကိုတွေ့ရပါတယ်..။Conveter ကောင်းကောင်း
လေးသုံးချင်တဲ့သူတွေအတွက်ကတော့ဒီကောင်လေးကိုအကြိုက်တွေ့မှာမလွဲပါဘူး..။ဒီကောင်လေးက Free
ပေးထားတာဖြစ်ပေမယ့်စွယ်စုံသုံးလို့တောင်ပြောလို့ရပါတယ်..။ဒီကောင်လေးမှာပါဝင်တဲ့ Feature လေးတွေ
ကိုကျွန်တော်အောက်မှာပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..။အသုံးပြုနည်းလေးကိုတော့ရှင်းမပြတော့ပါ
ဘူး..။အသုံးပြုရတာလဲလွယ်ကူပါတယ်..။
U-Tube
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI9N7PsvMEh95S6xKktY5-2wmeOA26CBr10s5VcZ31wr5NIv3IKKHgQ_39zBhhflIlwFTe2JeM18Koj0kAjO65P49qD5x4JLzkLVrXUPzTPkg3d91LdKdwfPZ0eu5ewi2OLKuG2Cv_TNw/s400/3.png)
U-Tube ဆိုတာလေးမှာတော့ Free U-Tube Download ဆိုပြီး U-Tube မှသီချင်းတွေကိုအလွယ်တကူ
ဒေါင်းလော့ချနိုင်မှာဖြစ်ပါတယ်..။ပြီးရင်တော့ပုံမှာမြင်ရတဲ့အတိုင်းပဲ U-Tube မှ MP 3 ၊ U-Tube မှ iPod ၊
U-Tube မှiPhone ၊ U-Tube မှ DVD တို့ကိုအလွယ်တကူ Convert လုပ်ပေးနိုင်တာတွေ့ရပါလိမ့်မယ်.။
ပြီးရင် ကျွန်တော်တို့အနေနဲ့သီချင်းတွေကို U-Tube မှာတင်ချင်တဲ့အခါမှာ Free U-Tube Uploader ဆိုတဲ့
Function လေးကိုသုံးပြီးအလွယ်တကူ Updoad တင်နိုင်မှာဖြစ်ပါတယ်..။နောက် Free Upload For Facebook ဆိုတာကတော့မိမိတို့Facebook မှာတင်ချင်တဲ့သီချင်းတွေကိုဒီFunction လေးသုံးပြီးတင် လို့ရမှာဖြစ် ပါတယ်..။
MP 3 To Audio
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9OwfvfVPbFyL88WVWb3o37AHVITZL0wNFrV-B6wgi0h-P680PjQQM8Kg79KC9C2j2LFkS_yrwGg4oTEQs0gRFzvDupE4OMqPP1byCyxBm19QZcenNLfA1gHRSYU_dSbb0XCVZQOS-iJM/s400/4.png)
MP 3 To Audio မှာတော့ပုံမှာမြင်ရတဲ့အတိုင်း Audio File တွေကို Convert လုပ်ပေးနိုင်ခြင်း ၊ Audio
File တွေကို Flash သို့ပြောင်းပေးနိုင်ခြင်း ၊ Free Audio Dub မှာတော့ Mp3 သီချင်းတွေကိုမိမိတို့
စိတ်ကြိုက်ဖြတ်တောက်နိုင်ခြင်း ၊ U-Tube မှ MP 3 သို့ Video မှ MP 3 သို့အလွယ်တကူပြောင်းပေး
နိုင်င်ခြင်း တို့အပြင်မိမိတို့စိတ်ကြိုက်သီချင်ေးတွကို CD ဖြင့်အလွယ်တကူ Burn နိုင်ခြင်း ၊ Audio File
တွေကို CD မှ MP 3 သို့ပြောင်းပေးခြင်းတို့ကိုပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်..။
CD,DVD,BD
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0MrXW4qJRPi0EcenHi20uKIADZ-GaudLDV12oNIdvx6FSScZc5cvcze_7QZrc2Y9Qsm9ix1aHvvVXB2kzA78FniXwS-J9-9YAxPK2pCqMHwaqklcqxu0aDFMBkpT5xY-i43khzK5iCMw/s400/5.png)
ဒီ Function လေးမှာတော့သီချင်းတွေကိုအလွယ်တကူ Burn နိုင်ခြင်း ၊ DVD Video တွေကိုအလွယ်တကူ
Burn နိုင်ဖြင်း ၊ DVD Video တွေကို Convert လုပ်ပေးနိုင်ခြင်း၊ Audio CD တွေ Burn နိုင်ခြင်း ၊ CD မှ
MP 3 တို့ကို Convert လုပ်ပေးခြင်းတို့ကိုပြုလုပ်ပေးမှာဖြစ်ပါတယ်..။
DVD AND AUDIO
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheV-SasjYRNA8X_WnTFw5lmmnQMy85kOVZlFrf6EaFsWuYZdIy4GTh4xjmZjDz4RnfSNiWpu0_GOn-Xw1OSV05du8JsTop536xMtgg-gRwldjsbUOKbzJ_5PMdYRf7uDpYSp8OgwhBVQM/s400/6.png)
DVD And Audio မှာတော့ပုံမှာမြင်ရတဲ့အတိုင်း Function 10 ခုပါဝင်ပါတယ်..။Video မှ DVD , Video မှ
Flash , Video မှ Mp 3 , Video မှ JPG တို့ကိုပြောင်းပေးနိုင်တဲ့အပြင်မိမိတို့ဖုန်းတွေမှာထည့်ဖို့အတွက် 3GP
Video တွေကို Convert လုပ်ပေးခြင်း ၊ မိမိတို့စိတ်ကြိုက်အပေါ်အောက်ဘေးဘယ်ညာပြောင်းလဲနိုင်ဖို့အ
တွက်Free Video Flip & Rotate ကိုအသုံးပြုနိုင်ခြင်း ၊Video မှာမိမိတို့စိတ်ကြိုက်နေရာလေးကိုပဲဖြတ်ပြီး
ယူချင်တယ်ဆိုတဲ့သူများအတွက် Free Video Dub ကိုအသုံးပြုနိုင်ခြင်း ၊ Free 3D Video Maker ပါဝင်
ခြင်း ၊Free DVD Video Bunner လေးကိုအသုံးပြုပြီး DVD Video များကိုအလွယ်တကူ Burn နိုင်
ခြင်း Free DVD Video Conveter ဖြင့် iPhone , iPod , Sony PS3 , Sony PSP , Black Berry တို့ကို
Convert လုပ်ပေးနိုင်ခြင်းတို့ပါဝင်ပါတယ်..။
Photo And Image
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRYprak0XqQh6UgK2LN9FrWvuGTLC9LLmq1RF4UZXwJWzqfeVnif39WB9EnJDU9o3MDJ18b6kwHxfvIJ3sGvV9CVIyg17Fwvzi55_ZSR4NAVIV5oEO0I73Hx0At-5xNdouupAuoqXegv4/s400/7.png)
Photo And Image မှာတော့ Function 4 မျိုးပါဝင်ပါတယ်..။Free Image Convert & Resize ဖြင့်ပုံတွေ
ကိုမိမိတို့စိတ်ကြိုက်အရွယ်အစားကိုလိုသလိုပြောင်းပေးနိုင်ခြင်း ၊ Video မှ JPG သို့ပြောင်းပေးနိုင်ခြင်း ၊ Free
3D Maker လေးကိုအသုံးပြူပြီး 3D ဓာတ်ပုံများဖန်တီးနိုင်ခြင်း ၊ Free Screen Recoder လေးကိုအသုံးပြု
ပြီးမိမိတို့ရဲ့ Destop ကိုအလွယ်တကူဓာတ်ပုံရိုက်ယူနိုင်ခြင်းစတဲ့ Function တွေပါဝင်ပါတယ်..။
MOBILE S
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkYXBfJ3VR7EboymcJRqXCn9Ove8NO74OlnlfIboh93yK3Sdy7zs5m0nrWgyvkYg1-QXTl2Vqvu6Fpdso7-mPemixOzkRFXBFc5AzvE3p9pgoLZgql_5TheRZCsuZC3TbDMlW2Uf_XvNg/s400/8.png)
MOBILE မှာတော့မိမိတို့ဖုန်းအမျိုးအစားအလိုက်ရွေးချယ်ပြီး Video File တွေကိုအလွယ်တကူ Convert
လုပ်ပေးနိုင်မှာဖြစ်ပါတယ်..။ကျွန်တော်တစ်ခုခြင်းရှင်းမပြေတော့ပါဘူး..။ပုံလေးကိုကြည့်လိုက်ရင်ပဲဒီကောင်
လေးရဲ့ Feature လေးကိုနားလည်သွားမယ်ထင်ပါတယ်..။
Apple Devices
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhREkfj8F50npuZW8-4XY7GrAqK3tl3Spvfv3aZPf_5SJTWdRtVHtzLFdepV5i6o68C15jSSIbviE7kTn_lmG5o2M_28diNItQM7tazxav1Rzde4y2pjb6g7RXUP-xCzn42pw88C2dZGD8/s400/9.png)
ဒီ Function လေးကတော့ Apple အတွက်သီခြားအသုံးပြုဖို့ထည့်ပေးထားတာဖြစ်ပါတယ်..။Video မှ iPod ,
Video မှ iPAD , Video မှ iPhone , Video မှ Apple TV တို့ကိုအလွယ်တကူ Convert လုပ်ပေးနိုင်မှာ
ဖြစ်ပါတယ်..။
3D
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie45_JnxHh3GHn0jGEY-8X1Egpxf492d0F3bIPKR-UGF5PZtV6mCpqKt6M3-prAJrKDTqbvubetBWEYWj2qDtHMZdruEcMDTwNWunjgY5gWScJ2LYg3kgvIjwxL4JjmBfCLbuHoAzAd5Q/s400/0.png)
ဒီကောင်လေးကတော့ရှင်းပါတယ်..။အပေါ်က Function တွေအကုန်လုံးမှာလဲပါပြီးသားပါ.။3D Photo ,
3D Video တို့ဖန်တီးချင်တယ်ဆိုရင်အပေါ်က Function တွေထဲမှာလိုက်ရှာနေစရာမလိုပဲတစ်ခါထဲသုံး
လို့ရအောင်သီးခြားထည့်ပေးထားတဲ့သဘောပါပဲ..။
ဒီလောက်ဆိုရင်တော့ Free Studio လေးနဲ့ပါတ်သတ်ပြီးအနည်းငယ်တော့သိသွားပြီလို့ထင်ပါတယ်..။အ
သုံးပြုနည်းလေးကိုတော့ရေးမပေးတော့ပါဘူး..။စမ်းသုံးကြည့်လိုက်ပါ..။လွယ်ပါတယ်..။အဆင်မပြေရင်တော့
ပြန်ပြောပေးပါ..။လိုအပ်တဲ့သူများကတော့အောက်မှာအဆင်ပြေတဲ့လင့်လေးတွေကနေသာဒေါင်းလော့ချ
သွားလိုက်ပါ..။
Download From Ifile.it ( 73.08 MB )
Download From Mediafire ( 73.08 MB )
အားလုံးပဲအဆင်ပြေကြပါစေ......ကျေးဇူးတင်ပါတယ်ခင်ဗျာ....
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။