ဇူလိုင်လ ၁၂ ရက်နေ့က လန်ဒန်သို့ ရောက်ရှိနေသော ရူးပတ်မားဒေါ့ခ်ျ လန်ဒန်တိုင်းမ် သတင်းစာ ဖတ်ရှုနေစဉ်
မားဒေါ့ခ်ျ၏ နယူးစ်ကော်ပိုရေးရှင်း မီဒီယာ လုပ်ငန်းစုကြီးက BSkyB ရုပ်သံကို အပြည့်အ၀ ထိန်းချုပ်နိုင်သည်အထိ ရှယ်ယာများ ၀ယ်ယူရေးမှာ အခြေအနေ ကောင်းနေခဲ့သော်လည်း ယခုအခါ ဗြိတိန် အဓိက နိုင်ငံရေးပါတီကြီး သုံးခုစလုံး ယင်းကိစ္စကို တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြသည်။
၁၉၆၉ ခုနှစ်က မားဒေါ့ခ်ျ ၀ယ်ယူခဲ့သည့် NoW ကို ဇူလိုင် ၁၀ ရက်နေ့တွင် နောက်ဆုံး ထုတ်ဝေခဲ့ပြီး ယင်းနေ့တွင် မားဒေါ့ခ်ျ ကိုယ်တိုင် ဗြိတိန်သို့ လာရောက်ခဲ့သည်။ ဗြိတိန်တွင် လန်ဒန်တိုင်းမ် သတင်းစာ၊ သည်ဆန်း
သတင်းစာတို့ကို ပိုင်ဆိုင်ပြီး အမေရိကန်နှင့် သြစတြေးလျတွင် မီဒီယာနှင့် ရုပ်သံလုပ်ငန်းကြီးများကို ပိုင်ဆိုင်သည့် မားဒေါ့ခ်ျ၏ BSkyB အား ၀ယ်ယူမည့် အစီအစဉ်သည် မီဒီယာလုပ်ငန်းကို လက်ဝါးကြီး အုပ်မည့် အပြုအမူ အဖြစ် ယခင်ကတည်းက ဝေဖန်ခံထားရသည့် ကိစ္စ ဖြစ်သည်။
ဖုန်းမှ သတင်းအချက်အလက်များ ခိုးယူမှု အရှုပ်တော်ပုံ အတွက် မားဒေါ့ခ်ျနှင့် သူ၏ အမှုဆောင်များကို မေးမြန်းရန် ဗြိတိန် လွှတ်တော်အမတ်များက ဆင့်ခေါ်ထားသည်ဟု သိရသည်။ ၀န်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်း၏ မိသားစုရေးရာ မှတ်တမ်းများကို မားဒေါ့ခ်ျ ပိုင်ဆိုင်သည့် လန်ဒန်တိုင်းမ်၏ တနင်္ဂနွေထုတ် Sunday Times သတင်းစာက တရားမ၀င် ရယူခဲ့ကြောင်း စွဲချက်လည်း ထွက်ပေါ်လာခဲ့သည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။