သွားနှင့်ခံတွင်း ကူသမှုများတွင် နောက်ဆုံးပေါ်ခေတ်မီနည်း ကုသမှုဖြစ်သော သွားမြစ်တုအစားထိုးကုသမှု
(Dental Implant)ကို ကျွမ်းကျင်သော မြန်မာသွားဆရာဝန်များဖြင့် မန္တလေးမြို့တွင် ပထမဦးဆုံးစတင်ကုသ
ပေးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သွားမြစ်တုအစားထိုးကုသမှုကို ယခင်က ဗန်ကောက်၊စင်ကာပူ စသည့်နိုင်ငံများသို့ သွားရောက်
ကုသမှုခံယူကြရရာ ယခုအခါ ရန်ကုန်နှင့်မန္တလေးတွင် သွားမြစ်တုအစားထိုးကုသမှုကို ကျွမ်းကျင်သော မြန်မာ
သွားဆရာဝန်များဖြင့် စတင်ကုသနိုင်ပြီဖြစ်သည်။သဘာဝသွားများကို အားကိုးအားထားပြုခြင်းမရှိဘဲ သွားဖုံး
အောက်မေးရိုးအတွင်း တိုက်တေနီယမ်သွားမြစ်တု(Dental Implant)ကို စိုက်သွင်းအားပြုထားခြင်းကြောင့်
ဝါးနိုင်,စားနိုင်အားမှာ သဘာဝသွားနှင့် အနီးစပ်ဆုံးတူညီမှုရှိကြောင်း သွားမြစ်တုအစားထိုးကုသမှု ပါရဂူ
ဒေါက်တာမြတ်ဉာဏ် B.D.S.,M.D.Sc,M.D.Sc,Phd.(Tokyo)ထံမှ သိရသည်။
ယခင်ကသွားပြန်အစားထိုးသည့် နည်းလမ်းအဖြစ် သွားတုအသေစိုက်နှင့်အရှင်စိုက် ဟူ၍ ခံတွင်းထဲရှိ
သဘာဝသွားများနှင့် သွားဖုံးသားတို့ကို အသုံးပြုကာ သွားတုစိုက်ခဲ့သည်။ယခုကဲ့သို့ သွားမြစ်တုအစားထိုးစိုက်
နိုင်သဖြင့် မြန်မာပြည်(အထက်ပိုင်း)နှင့် မန္တလေးမြို့မှ သွားမြစ်တုအစား ထိုးကူသမှု ခံယူလိုသူများ
ငွေကုန်ကြေးကျ သက်သာစွာဖြင့် ကုသနိုင်ပြီဖြစ်ကြောင်း လှိုင်ထွေးအောင်မှ ဇူလိုင် ၁၂ရက်နေ့ထုတ်
FLOWER NEWS တွင်ဖော်ပြထားပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
Sunday, July 17, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။