လန်ဒန်ရှိ နယူးစ်အင်တာနေရှင်နယ် ရုံးချုပ်တွင် News of the World သတင်းစာတံဆိပ်ကို ဖယ်ရှားထားစဉ်(အောက်တွင် တစ်နေရာ လွတ်နေသည်)၊ မီဒီယာများကို ပြောကြားနေသည့် မားဒေါ့ခ်ျ(ယာ)
အသက် ၈၀ ပြည့်ပြီဖြစ်သော မားဒေါ့ခ်ျ၏ မွေးစားသမီးဟု မှတ်ယူခံရသည့် အသက် ၄၃ နှစ် အရွယ် ရီဘတ်ကာ ဘရွတ်ခ်ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီး စစ်ဆေးခဲ့ပြီး ၁၂ နာရီ အကြာ ဇူလိုင်လ ၁၈ ရက်နေ့ အစောပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ နိုင်ငံရေးနှင့်လူမှုရေး အရ အတွင်းပိုင်းတွင် ပေါက်ရောက်သူ အဖြစ် လူသိများသော ဘရွတ်ခ်သည် ၀န်ကြီးချုပ် ကင်မရွန်နှင့် ခရစ္စမတ်တွင် ညစာ အတူစားသည် အထိ ရင်းနှီးသူ ဖြစ်သည်။ ယခုဖြစ်စဉ်ကြောင့် ကွန်ဆာဗေးတစ် အစိုးရမှာ မားဒေါ့ခ်ျ၏ မီဒီယာ အင်ပါယာနှင့် မည်မျှ ပတ်သက်နေသည်ကို မေးခွန်းထုတ်ဖွယ် ဖြစ်လာခဲ့သည်။
မားဒေါ့ခ်ျ၏ ဒေါင်းဂျုံးစ်နှင့် ကုမ္ပဏီကို ကွပ်ကဲနေရာမှ နှတ်ထွက်လိုက်သည့် လက်စ်ဟင်တန်၊ အသက် ၃၈ နှစ် အရွယ်ရှိ သားဖြစ်သူ ဂျိမ်းစ်မားဒေါ့ခ်ျတို့မှာ နောက်ထပ် ဖမ်းဆီး စစ်ဆေးခံရသူများ ဖြစ်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ဘရွတ်ခ် ဖမ်းဆီးခံရပြီး မရှေးမနှောင်းပင် မားဒေါ့ခ်ျ၏ News of the World လက်ထောက် အယ်ဒီတာ နေးလ်ဝါလိစ်အား အကြံပေး အဖြစ် ခန့်အပ်ခဲ့ခြင်းနှင့် ၀ါလိစ်၏ ပံ့ပိုးမှုဖြင့် အဆင့်မြင့် အပန်းဖြေခန်း တစ်ခုသို့ ည ၂၀ မျှ အခမဲ့ သွားခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည့် စကော့တလန် ယာ့ဒ်ရဲမင်းကြီး စတီဖင်ဆန် သည်လည်း ရာထူးမှ နှတ်ထွက်ခဲ့ရသည်။ လက်ထောက်ရဲမင်းကြီး ဂျွန်ယိတ်စ်မှာလည်း ဖုန်းအချက်အလက် ခိုးယူမှု ပြဿနာကို ပြန်လည် အမှုဖွင့် စစ်ဆေးရန် မဆောင်ရွက်ခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရပြီးနောက် နုတ်ထွက်ခဲ့ရသည်။

0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။