မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့် နှစ် ဒီဇင်ဘာလအထိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနများ ကစီမံခန့်ခွဲ ဆောင်ရွက်ရမည့်ဥပဒေ ၃၉၀ ရှိကြောင်း သိရှိရပါသည်။
ဥပဒေများကို စီမံခန့်ခွဲဆောင်ရွက်ရသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနများအနက် တရားရုံးချုပ်က စီမံခန့်ခွဲဆောင်ရွက်ရသည့်ဥပဒေ ၅၂ ခုဖြင့် အများ ဆုံးဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ကစီမံခန့်ခွဲ ဆောင်ရွက်ရသည့် ဥပဒေ ၅၀ဖြင့် ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့် နှစ် ဒီဇင်ဘာလအထိ ပြဋ္ဌာန်း၊ ရုပ် သိမ်း၊ တည်ဆဲဥပဒေများ စာရင်း ချုပ်အရ ခေတ်ကာလအလိုက် မူရင်း ဥပဒေ ၅၆၆ ခုရှိပြီး မူရင်းဥပဒေ များအနက် ဆက်လက်ကျင့်သုံးရန် မလိုသောတည်ဆဲဥပဒေ ၁၇၆ ခုရှိ ကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနများက စီမံ ခန့်ခွဲဆောင်ရွက်ရမည့် ဥပဒေများမှာ ၃၉၀ ရှိကြောင်း သိရသည်။
ထို့ပြင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ အထိ ပြဋ္ဌာန်း၊ ရုပ်သိမ်း၊ တည်ဆဲဥပဒေများ စာရင်းချုပ်အရ ခေတ်ကာလအလိုက် မူရင်းဥပဒေများမှာ လွတ်လပ်ရေး မရမီကာလ နှင့် ပါလီမန်ကာလ ၁၉၅၄ ခုနှစ်အ ထိ (မြန်မာနိုင်ငံဥပဒေ အတွဲ ၁ မှ ၁၃ အထိ) (၂၁၄) ခု၊ ပါလီမန် ကာလ (၁၉၅၅ ခုနှစ်မှ ၁၉၆၂ ခု နှစ် မတ်လအထိ) (၅၆) ခု၊ တော်လှန်ရေး ကောင်စီကာလ (၁၉၆၂ ခုနှစ် မတ်လမှ ၁၉၇၄ ခုနှစ် မတ် လအထိ) (၇၈) ခု၊ ပြည်သူ့လွှတ်တော်ကာလ (၁၉၇၄ ခုနှစ် မတ်လ မှ ၁၇-၉-၁၉၈၈ အထိ) (၆၀) ခု၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကာလ (၁၈-၉-၁၉၈၈ ခုနှစ်မှ ၁၄-၁၁-၁၉၉၇ ခု နှစ်အထိ) (၈၄) ခု၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (၁၅-၁၁-၁၉၉၇ မှ ၁၄-၁၂-၂၀၁၀ အထိ) (၇၄) ခုတို့ ဖြစ် သည်။

0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။