ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်အား ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်
အဆိုပါ အခမ်းအနားကို နံနက် ၈ နာရီတွင် ကျင်းပခဲ့ရာ အခမ်းအနားကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တက်ရောက်ခဲ့ပြီး လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်အလံကို တိုင်ဝက်သို့ လျှော့ချလွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက် အလေးပြုခြင်း၊ စစ်ခရာအဖွဲ့က အလေးပြု ခရာမှုတ်ခြင်း ပြုလုပ်ခဲ့သည်။ တက်ရောက်လာသူများက အာဇာနည် ခေါင်းဆောင်ကြီးများအား မေတ္တာပို့ အမျှဝေရန် နှစ်မိနစ် ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။
ထို့နောက် အာဇာနည်ခေါင်း ဆောင်ကြီးများ၏ မိသားစုဝင်များက ဂူဗိမာန်အသီးသီးတွင် လွမ်းသူ့ပန်းခွေ ချကန်တော့ခဲ့ကြပါသည်။ အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏သားကြီးဖြစ်သူ ဦးအောင်ဆန်း ဦးနှင့်ဇနီးက လွမ်းသူ့ပန်းခွေချ ကန်တော့ခဲ့သည်။ ထို့နောက် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပန်းခြင်း သုံးခြင်းဖြင့် ကန်တော့ခဲ့ပါသည်။
အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်
(၆၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်၍ ကန်တော့နေစဉ်
အခမ်းအနားသို့ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသတ်၊ သဘင်အစည်းအရုံး၊ ဂီတ အစည်းအရုံး၊ ရုပ်ရှင်အစည်းအရုံး နှင့် စာပေနှင့်စာနယ်ဇင်းအဖွဲ့ စသည့် တို့မှတာဝန်ရှိသူများက လွမ်းသူ့ ပန်းခွေချ အလေးပြုခဲ့ကြသည်။
ယင်းနောက် အာဇာနည်ဗိမာန် အား နံနက် ၁၀ နာရီ နောက်ပိုင်း မှစ၍ သတ်မှတ်စည်းကမ်းများ အတိုင်း အများပြည်သူများကို ၀င်ရောက်ခွင့်ပြုခဲ့ပြီး ပြည်သူများက အာဇာနည်ခေါင်းဆောင်ကြီးများ အား ဦးညွှတ်အလေးပြုခဲ့ကြ သည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော အာဇာနည်ခေါင်းဆောင်များ
| စဉ် | အမည် | ရာထူး |
| ၁ | ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇) | ၀န်ကြီးချုပ် |
| ၂ | သခင်မြ(၁၈၉၇-၁၉၄၇) | ပြည်ထဲရေးဝန်ကြီး |
| ၃ | ဦးဘချို(၁၈၉၄-၁၉၄၇) | ပြန်ကြားရေးဝန်ကြီး |
| ၄ | ဦးရာဇာတ်(၁၈၉၈-၁၉၄၇) | ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီး |
| ၅ | ဦးဘ၀င်း(၁၉၀၁-၁၉၄၇) | ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး |
| ၆ | မန်းဘခိုင်(၁၉၀၃-၁၉၄၇) | စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန၀န်ကြီး |
| ၇ | မိုင်းပွန်စော်ဘွားစ၀်စံထွန်း(၁၉၀၇-၁၉၄၇) | အတိုင်ပင်ခံ တောာင်တန်းဒေသရေးရာဝန်ကြီး |
| ၈ | ဦးအုန်းမောင်(၁၉၁၃-၁၉၄၇) | လမ်းပန်းဆက်သွယ်ရေးဌာနအတွင်းဝန် |
| ၉ | ရဲဘော်ကိုထွေး(၁၉၂၉-၁၉၄၇) | ပညာရေးဝန်ကြီး၏ သက်တော်စောင့် |

0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။