ဘက်တီဖို့ဒ်၏ ရုပ်အလောင်းကို ဂါရ၀ပြုနေကြစဉ်(ပုံကြီး)၊ ဘက်တီဖို့ဒ် ငယ်ဘ၀ပုံ(ပုံသေး)
မီရှဲလ်အိုဘားမား၊ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်၊ သမ္မတဟောင်း ရော်နယ်ရေဂင်၏ကတော် နန်စီရေဂင်၊ သမ္မတဟောင်း ဂျင်မီကာတာ၏ကတော် ရိုဆာလင်ကာတာ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့က တက်ရောက်ခဲ့သည်။
ဘက်တီဖို့ဒ်သည် အမျိုးသမီး အခွင့်အရေး တောင်းဆိုမှု၊ ကင်ဆာနှင့် အရက်နာကျမှု တိုက်ဖျက်ရေး၊ ဖိနှိပ်ချုပ်ခြယ်မှု တွန်းလှန်ရေး စသော ကိစ္စရပ်များကို သမ္မတကတော် အဖြစ် ရှိနေချိန်နှင့် သာမန် အရပ်သူဘ၀တွင် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ''သူက အမှန်တရားကို ထုတ်ပြောဖို့ ဘယ်တော့မှ မကြောက်တဲ့သူ''ဟု ရိုဆာလင်ကာတာက ပြောကြားခဲ့ပြီး စိတ်ဒဏ်ရာ ရနေသူများ အတွက် ရှေ့ဆောင်ရာတွင် ဘက်တီဖို့ဒ်နှင့် လက်တွဲ ဆောင်ရွက်ခဲ့မှုများကို ပြန်ပြောင်း ပြောကြားခဲ့သည်။
၎င်း၏အလောင်းကို မစ်ချီဂန်ရှိ Grand Rapids သို့ ဇူလိုင် ၁၃ ရက်တွင် သယ်ယူသွားမည် ဖြစ်ပြီး ဇူလိုင် ၁၄ ရက်တွင် ၎င်း၏ခင်ပွန်း သမ္မတဟောင်း ဂျယ်ရယ်ဖို့ဒ်၏ အုတ်ဂူဘေးတွင် မြှုပ်နှံမည် ဖြစ်သည်။ သမ္မတဟောင်း
ဂျယ်ရယ်ဖို့ဒ်မှာ ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။