ဇူလိုင်လ ၁၅ ရက်နေ့က တဟီရာ ရင်ပြင်တွင် စုဝေးနေကြသည့် အီဂျစ်ပြည်သူများ
ပြည်သူများ၏ မကျေနပ်မှု မြင့်တက်လာခဲ့သည်။
အီဂျစ်ပြည်သူ ထောင်ပေါင်းများစွာသည် ကိုင်ရိုမြို့လယ်ရှိ အစိုးရ ဌာနချုပ်များဆီသို့ ဇူလိုင် ၁၂ ရက်တွင် ချီတက်ခဲ့ပြီး စစ်ကောင်စီ ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။ စစ်ကောင်စီကမူ ကိုင်ရိုမြို့လယ်ရှိ တဟီရာ ရင်ပြင်တွင် ငါးရက် ကြာမြင့်လာသည့် ဆန္ဒပြမှုများကို ဥပဒေဘောင် အတွင်းမှ နည်းလမ်းကုန် အသုံးပြု၍ ဟန့်တားသွားမည်ဟု သတိပေးခဲ့သည်။ မူဘာရက် လက်ထက်တွင် ဆယ်စုနှစ် နှစ်ခုကြာ ကာကွယ်ရေးဝန်ကြီး အဖြစ် ထမ်းဆောင်ခဲ့သော လက်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌ ဖီးမာရှယ်မိုဟာမက်ဟူစိန်တန်တာဝီကို ရာထူး နုတ်ထွက်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။
ယင်းကဲ့သို့ ဆန္ဒပြမှု ကြာမြင့်လာပါက အီဂျစ် စတော့ဈေးကွက်ကို ထိခိုက်လာနိုင်ကြောင်း သိရသည်။ လူဦးရေ သန်း ၈၀ ရှိသော အီဂျစ်နိုင်ငံကို ဆယ်စုနှစ်သုံးခုစာ အုပ်စိုးလာခဲ့သော မူဘာရက်ကို တရားစွဲဆိုရန် နှောင့်နှေးနေမှုနှင့် ပတ်သက်၍ ဆန္ဒပြသူများက မကျေမနပ် ဖြစ်နေသည်။ လူ ၈၄၀ ကျော် သေဆုံးစေခဲ့သော ဆန္ဒပြသူများကို နှိမ်နင်းရာတွင် ပါဝင်မှုနှင့် ပတ်သက်၍ မူဘာရက်ကို သြဂုတ် ၃ ရက်တွင် တရားစွဲဆိုမည် ဖြစ်သည်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။