
အာဂျင်တီးနားနိုင်ငံ Tucuman ဒေသက ဘုရားကျောင်းငယ်လေးတစ်ခုမှာ ယေရှု့ဘုရားဦးခေါင်းရှိ ဆူးသရဖူ စွတ်တဲ့နေရာမှသွေးတွေ ယိုစိမ့်ထွက်လာလဲ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဘုရားကျောင်းက ဘုန်းကြီးဖြစ်သူ Father Jorge Gandur က ပြောကြားရာမှာတော့ ကျန်ခဲ့တဲ့ သောကြာနေ့လောက်ကတည်းက စပြီးသတိထားမိတယ်လို့ဆိုပါတယ်။ ထိုထွက်ကြလာတဲ့သွေးတွေကို လူသွေးဟုတ်မဟုတ် စစ်ဆေးကြည့်လို့ဆိုပါတယ်။ ထိုဖြစ်စဉ်ကို တခြားဒေသမှ လူပေါင်းများစွာဟာ လာရောက်ကြည့်ရှု့ကြတယ်လို့ဆိုပါတယ်။ ဒေသခံ မီဒီယာတွေကတော့ သွေးမျက်ရည်နဲ့ ယေရှု့ဘုရားက ငိုတာလို့ဖော်ပြခဲ့ပါတယ်။

0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။