Welcome to my blog :)

rss

Friday, March 2, 2012

The art of Pattern (PART 1)

Photoshop ဟာ အလုပ်လုပ်ရာမှာပိုမို အဆင်ပြေစေဖို့ Preset တွေကိုဖန်တီးခွင့် ပေးထားတဲ့အပြင် Ready made preset တွေကို လည်းထည့်သွင်းပေးထားပါတယ်။ Preset တွေထဲမှာ Pattern တွေအပြင် Gradients, Styles, brushes စသောတခြားအုပ်စုတွေ လဲပါဝင်ပါ တယ်။ အခုPhotoshop ရဲ့ Pattern တွေအကြောင်းလေ့လာ ကြည့်ရအောင်ပါ။ Pattern တွေဟာ အရောင်တွေချယ်သလိုပဲ အမြဲလိုလိုအသုံးပြု နေရပါတယ်။ ပထမဆုံးအနေနဲ့ အသုံးပြုပုံကို အရင်ကြည့်ရအောင်။
New document တစ်ခုကိုယူပါ၊ Rectangular Marquee ဖြင့် Selection တစ်ခုပြုလုပ်ပါ။ ပြီးရင် Edit>Fill (Shift + F5) နှိပ်ပါ၊ Fill dialog box ပေါ်လာတဲ့အခါမှာ Contents: Use နေရာမှာ Pattern ကိုရွေးပေးလိုက်ပါ။ အဲဒီနောက် Custom Pattern မှာ Pattern picker box ကိုခေါ်ရမှာပါ၊ အဲဒီကမှ Wood pattern ကိုရွေးလိုက်ပါ။ Opacity ကိုတော့ 100 % ပဲထားပါဦး။
OK ကိုနှိပ်လိုက်ပါ၊ Rectangular marquee selection ထဲမှာ သစ်သား Pattern လေး Fill လုပ်ထားတာကိုတွေ့ရမှာပါ။
အကယ်၍ Fill dialog box မှာပုံပါအတိုင်းမတွေ့ရရင်တော့၊ Pattern ကို Default pattern တွေရဖို့ Reset လုပ်ဖို့လိုအပ် ပါလိမ့်မယ်၊ (Default pattern တွေဟာ စက်တိုင်းမှာရှိပါတယ်) Pattern ကို reset လုပ်ဖို့အတွက်တော့ Pattern fly out menu ကိုရွေးရပါမယ်၊ ပုံမှာပြထားတဲ့အတိုင်း အနီရောင်အ၀ိုင်းလေးထဲက တြိဂံလေးကိုနှိပ်ပါ။
ရှေ့မဆက်ခင် အပေါ်ကပုံမှာပြထားတဲ့ Menu အချို့အကြောင်းပြောချင်ပါတယ်၊ အခုအသုံးပြုမယ့် Wood pattern ဟာ Photoshop ရဲ့ Default pattern ထဲမှာပါဝင်ပါတယ်။ ဒါကြောင့် Reset Patterns menu ကိုနှိပ်ရတာပါ။ Pattern file တစ်ခုမှာ pattern များစွာပါဝင်နိုင်ပါတယ်။ အခု Default pattern မှာတင် pattern ၁၂ ခုပါဝင်နေတာ သတိပြုမိမှာပါ။ ပုံရဲ့အောက်ကအနီလေးထောင့်ထဲမှာတော့ သင့်ရဲ့စက်ထဲမှာရှိတဲ့ Pattern file တွေကိုပြသထားတာပါ။ အဲဒီ file တွေတစ်ခုချင်းစီမှာလဲ pattern များစွာပါဝင်နိုင်ပါသေးတယ်။
ကဲ Reset pattern ကိုဆက်ရအောင်၊ အဲဒီ Menu ကိုနှိပ်လိုက်ရင် Photoshop ကသင့်ရဲ့ current pattern တွေကို Default pattern တွေနဲ့အစားထိုးမှာလား၊ နောက်မှာဆက်ပေါင်းထည့်သွားမှာလား မေးပါလိမ့်မယ်။
Ok ကိုနှိပ်ရင် လက်ရှိ pattern အစား default pattern တွေကိုအစားထိုးမှာဖြစ်ပြီး၊ Append ကိုနှိပ်ရင်တော့ ယခုလက်ရှိအသုံးပြုနေတဲ့ pattern တွေကိုမပျောက်ကွယ်စေပဲ သူတို့ရဲ့နောက်မှာ default pattern တွေကိုထပ်ပေါင်းထည့်ပေးသွားပါတယ်။
အကယ်၍ တခြားသော pattern file များကိုအသုံးပြုချင်ရင်တော့ Pattern fly out men ရဲ့ အောက်ဆုံး group ထဲမှာရှိတဲ့ menu တွေကို click လုပ်ရုံပါပဲ (ဥပမာ Grayscale Paper)။ ထို menu တစ်ခုချင်းစီဟာ သင့်စက်ထဲမှာရှိနေတဲ့ pattern file တစ်ခုကို ကိုယ်စားပြုပါတယ်။ အဲဒီလို click လုပ်လိုက်ရင်တော့ Replace လား Append လားမေးဦးမှာပါ။
အခုတစ်ခါ Wood Pattern ကို Fill လုပ်ထားတဲ့ New Document ကို Basic Concept အပိုင်းမှ အလင်းအမှောင်ကိုသုံး၍ထုများဖန်တီးခြင်း သင်ခန်းစာမှာဖော်ပြထားတဲ့အတိုင်းပြုလုပ်ရင် အခုလို သစ်သားတုံးလေးတစ်ခုကိုရလာမှာပါ။
ဘယ် Pattern File တွေမှာ ဘယ်လို Pattern တွေပါဝင်တယ်ဆိုတာတော့ မိမိဘာသာ စမ်းကြည့်ပါဦး။ မိမိ ကိုယ်ပိုင် Pattern File ပြုလုပ်ပုံ ကိုလည်း PART 2 မှာဆက်လက်ရေးသား ပေးပါဦးမည်။ အသုံးပြုပုံတချို့ကိုတော့ Applied Section မှာဆက်လက်ဖော်ပြပေးပါ့မယ်။

Fading the effect

Photoshop မှာ Fade menu ဟာလည်းအရေးပါတဲ့ menu တစ်ခုဖြစ်ပါတယ်။ Fade ဟာ သင်ပြုလုပ်ထားတဲ့ Effect (Filter) တစ်ခုခု ဒါမှမဟုတ် တခြားသော painting tool, erasing tool, or color adjustment တို့ကို Amount လျော့ကျအောင်ဖန်တီးပေးနိုင်ပါတယ်။ ဥပမာ သင် selection တစ်ခုကို အနက်ရောင် Fill လုပ်ထားတယ်ဆိုပါတော့။
အဲဒီ Selection ကို Deselect မလုပ်ခင်မှာ Edit>Fade Fill.. ဆိုတဲ့ menu ကိုသွားလိုက်ပါ၊ ပြီးရင် Opacity ကို 50% လောက်ထားကြည့်ပါ၊ ပုံမှာပြထားပါတယ်။
သင်ဖြည့်ထားတဲ့ အနက်ရောင်ဟာ မီးခိုးရောင်လောက်ဖြစ်သွားပါတယ်။ ဒါကြောင့် Filter တွေသုံးခဲ့ရင် ထို Filter ရဲ့ effect ကိုပြန်လျှော့ချချင် တဲ့အခါမျိုးမှာ အလွန် အသုံးတည့်ပါတယ်။ တစ်ခုရှိတာက Fade ဟာ effect တစ်ခုခုကိုပြုလုပ်ပြီးပြီးချင်းပဲရပါတယ်တစ်ခြား Command တစ်ခုခု လုပ်ပြီးသွားရင်တော့ မရနိုင်တော့ပါဘူး။ အခု Filter တစ်ခုနဲ့စမ်းကြည့်ရအောင်၊ ပုံတစ်ခုကိုဖွင့်လိုက်ပါ။
အဲဒီပုံလေးကို Filter>Artistic>Watercolor ဆိုတဲ့ effect တစ်ခုထည့်လိုက်ပါတယ်။ setting တွေကိုတော့သင့်စိတ်ကြိုက်သာယူပါ၊ ရေဆေး ပန်းချီတစ်ခုလိုဖြစ်သွားပါပြီ။
နောက်တစ်ခါ အဲဒီ ပန်ချီဆန်တဲ့ effect ကိုနဲနဲလေးလျှော့ချလိုတဲ့အတွက်ကြောင့် Edit>Fade Watercolor ကိုရွေးလိုက်ပါတယ်။ Opacity ကိုတော့ 65% လောက်ထားလိုက်ရင် ပုံလေးဟာဒီလိုဖြစ်လာမှာပါ။ Fade ရဲ့ သဘောကတော့ Filter ပေးမည့် Layer ကို Duplicate အရင်လုပ်၊ ပြီးမှ Filter ပေးပြီး Opacity ပြန်လျှော့ချလိုက်တဲ့ သဘောမျိုးပါ။
ဒီအတိုင်းပဲ Fade ကို painting tool, erasing tool, color adjustment တို့ဖြင့်လည့် တွဲပြီးသုံးနိုင်ပါတယ်။ Fade ကို တခြားသော Filter များဖြင့်လည်း  မိမိကိုယ်တိုင်သာ ဆက်လက်လေ့လာကြည့်ပါဦး

Layers in CS2

PhotoShop CS2 ရဲ့ Layer များအကြောင်းကို အရင် Version အဟောင်းများနဲ့ နှိုင်းယှဉ်ကြည့်ရအောင်။ Layers တွေကိုကျွမ်းကျင်စွာ ကိုင်တွယ်တတ်မှသာ PhotoShop နဲ့အလုပ်လုပ်ရာမှာအဆင်ပြေမှာပါ။ CS2 မှာအရင် Version အဟောင်းများနဲ့မတူတဲ့ Feature တချို့ရှိပါတယ် အဲဒါတွေကို အဓိကထားပြောချင် ပါတယ်။
Selecting (Activating) layers
Layer တွေကို Activate (select) လုပ်တဲ့အခါမှာ အခု Active ဖြစ်နေတဲ့ Layer ရဲ့ အပေါ်ကို Layer ကို Select လုပ်ချင်ရင် Alt + ] key ကိုနှိပ်ပြီးသွားရပါတယ်။ Current Layer ရဲ့အောက်က Layer ကိုဆိုရင်တော့ Alt + [ ကိုနှိပ်ရပါတယ်။ ဒါတွေကတော့ အရင် version တွေမှာထဲ ကပါပါတယ်။ အပေါ်ဆုံး Layer ကို Active ဖြစ်ချင်ရင်တော့ Alt + . (period key) နဲ့ အောက်ဆုံးက Layer ဆိုရင်တော့ Alt + , (comma key)ကိုနှိပ်ရမှာပါ။

Layer တွေအားလုံးကို Select လုပ်ချင်ရင်တော့ Select> All Layers ကိုသုံးရမှာပါ။ အကယ်၍ ဆင်တူတဲ့ Layer တွေကိုပဲ Select လုပ်ချင် တယ် (ဥပမာ Shape Layer တွေအားလုံး၊ Adjustment Layer တွေအားလုံး) ဆိုရင်တော့ Layer Palette မှာ မိမိ Select လုပ်ချင်တဲ့ Layer တစ်ခုကို Right click နှိပ်ပြီး ပေါ်လာတဲ့ Menu ကနေ Select Similar Layers ကိုရွေးပေးရုံပါပဲ။

Making Marquee Selection of Layer
အရင် version တွေတုန်းက Layer တစ်ခုလုံးကို Marquee Selection လိုချင်ရင် Layer palette မှာလိုချင်တဲ့ Layer ကို Ctrl + Click လုပ်လိုက်ရုံနဲ့ရပါတယ်။ CS2 မှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး Layer ရဲ့ thumbnail view ပေါ်တဲ့နေရာကို Ctrl + Click နှိပ်မှရပါတယ်။ အခုအောက်မှာပြထားတဲ့ပုံနဲ့ကြည့်ရင် Layer palette မှာ blue ဆိုတဲ့စာသားနေရာနားမှာ သွားပြီး Ctrl + Click လုပ်လို့မရတော့ပါဘူး၊ အပြာရောင် thumbnail လေးပေါ်တဲ့နေရာ (အနီရောင်စက်ဝိုင်းအတွင်း) ကိုနှိပ်ရမှာပါ။


Selecting Multiple Layers and Grouping
Layer တွေကိုအုပ်စုဖွဲ့ထားချင်ရင်တော့ အရင် Version တွေမှာ Layer Set ဆိုတာကိုသုံးပါတယ်။ CS2 မှာတော့ Layer Group ဆိုပြီးသုံးထား ပါတယ် Layer Palette ရဲ့အောက်ခြေက ပဉ္စမမြောက်ခလုပ်လေးပါ။ သူတို့တွေရဲ့အသုံးဝင်ပုံ တွေကတော့ Layer တွေအများကြီးဖြစ်နေတဲ့အခါ သက်ဆိုင်ရာ Layer တွေကို တစ်စုထဲဖြစ်အောင်လုပ်ပေးကြတာပါ။ Layer Group ကိုအသုံးပြုချင်ရင်တော့ အဲဒီ Group ထဲမှာပါမယ့် Layer တွေကိုအရင် Select လုပ်ပေးရပါမယ်။ အခုမြင်နေရတဲ့ blue, red, yellow ဆိုတဲ့ Layer သုံးခုစလုံးကို Select လုပ်မယ်ဆိုပါတော့ အရင်ဆုံး blue ကို Click လုပ်ပါမယ်၊ ပြီးရင် yellow layer ကို Shift key တွဲပြီးနှိပ်လိုက်ရုံပါပဲ၊ အပေါ်ဆုံး blue Layer ကနေ yellow layer အထိလို့ ဆိုလိုက်တာပါ။

တကယ်လို့ Layer တွေကို အစဉ်လိုက်မဟုတ်ပဲ မိမိစိတ်ကြိုက်အတိုင်း Select or Deselect လုပ်ချင်ရင်တော့ Ctrl နဲ့တွဲနှိပ်ရုံပါပဲ (Windows Explorer / My computer မှာ File တွေကို Select လုပ်ပုံနဲ့ဆင်တူပါတယ်)။ ပြီးရင်တော့ Select ဖြစ်နေတဲ့ Layer ၃ခုစလုံးကို Layer Palette အောက်ခြေ ပဉ္စမမြောက်က Create a new group ဆိုတဲ့ နေရာလေးဆီကို Drag လုပ်သွားရုံပါပဲ။ ဒါဆိုရင် Layer ၃ခုအစား Group1 ဆိုပြီး တွေ့ရမှာပါ။ အဲဒီ Group1 ဆိုတဲ့ Folder icon ဘယ်ဘက်က Triangle လေးကိုနှိပ်ခြင်းဖြင့် Layer တွေကိုပြန်တွေရမှာပါ၊ အဲဒီ Triangle ကိုပဲနောက်တစ်ချက် Click ရင်တော့ ပြန်ချုံ့သွားမှာပါ။ Layer တွေကို Layer Group ထဲထည့်တာ Group ထဲကနေပြန်ထုတ်တာကတော့ အရင် version ပုံစံအတိုင်းပါပဲ။


Locking / Unlocking layers
Layers တွေကို Lock လုပ်ချင်ရင်တော့ မိမိ Lock လုပ်လိုတဲ့ Layer များကိုရွေးပါ၊ ပြီးရင် Layer> Lock Layers ကိုရွေးလိုက်ရင် Dialog တစ်ခု ကိုတွေ့ရမှာပါ။ အဲဒီမှာ Lock ချချင်တဲ့ Option တွေကိုရွေးပြီး Ok ပေးလိုက်ရုံပါပဲ။


Unlock လုပ်ချင်ရင်လဲ ဒီလိုပါပဲ Layer> Lock Layers ကိုသွားပြီး Check box တွေကို uncheck လုပ်ပြီး Ok နှိပ်ပေးလိုက်ပါ။ Layer တစ်ခုထဲ ကို Lock ချတာကတော့ အရင် Version များနဲ့အတူတူပါပဲ အထူးပြောနေစရာမလိုပါဘူး၊ Layer Palette ရဲ့ အပေါ်နားလေးမှာ Lock button လေးတွေရှိပါတယ်။
Linking / Unlinking Layers
CS2 ရဲ့ Layer palette မှာ Link column လေးပါမလာတော့တာကိုသတိထားမိမှာပါ၊ ဒါကြောင့် Layer တွေ Link ချိတ်ချင်တဲ့အခါ Link ချိတ်လို တဲ့ Layers တွေကိုအရင် Select လုပ်ပါမယ် ပြီးရင် Layer palette ရဲ့အောက်ခြေက ပထမဆုံး Link icon လေးကို နှိပ်ပေးပါ။ ဒါဆိုရင် Select လုပ်ထားတဲ့ Layer တွေဟာ Link ဖြစ်သွားပါပြီ။ Unlink ပြန်လုပ်ချင်ရင်တော့ အဲဒီ Link icon ကိုပဲထပ်နှိပ်ရုံပါပဲ Link ပြုတ်သွားပါလိမ့်မယ်။
Link ချိတ်ထားတဲ့ Layer တွေကို Merge လုပ်ချင်ရင်တော့ အရင် Layer> Merge Linked menu အစား Layer> Merge Layers ကိုအသုံးပြု ထားပါတယ်။ ဒီ Merge Layers menu ဟာ Layer တွေ Link ချိတ်ထားဖို့ မလိုပါဘူး Select ဖြစ်နေရုံနဲ့တင်အလုပ်လုပ်ပါတယ်။

အို..... အရိပ်လေးရယ်

အလင်းတန်းတွေဟာ မျဉ်းဖြောင့်အတိုင်းသွားလာကြပြီး အရာဝတ္တုများနှင့် ထိဆုံမိကြပါတယ်။ ဤကဲ့သို့ အရာဝတ္တုနဲ့အလင်းဆုံတဲ့ နေရာမှာ Tint အခြင်းအရာဖြစ်ပြီး အလင်းနဲ့ဆန့်ကျင်ရာဘက်မှာ Shade အချင်းအရာ ဖြစ်ပေါ်ကြောင်းဖော်ပြခဲ့ပြီးပါပြီ။ အခုပြောချင်တာက အလင်းရဲ့ ဆန့်ကျင်ဘက်က အရာဝတ္တု အကြောင်းဖြစ်ပါတယ်။ အရိပ်လို့ လွယ်လွယ်ပြောနေပေမယ့် သေခြာစွာခွဲခြားကြည့်ရင် အရာဝတ္တုရဲ့ အရိပ်သည် ထိုအရာဝတ္တုအပေါ်တွင်သာ သက်ရောက်လျင် Shade လို့ခေါ်ပြီး ၄င်းအရာဝတ္တု၏အရိပ်သည် အခြားအရာဝတ္တုအပေါ်မှာ သက်ရောက်မယ် ဆိုရင်တော့ Shadow လို့ခေါ်ရပါမယ်။ ဒီ Tutorial မှာပြောချင်တာက Shadow ပါ။
လက်တွေ့အနေနဲ့ ပုံလေးတစ်ပုံကိုသူ့ဘေးနားကနေ အရိပ်လေးတစ်ခုချကြည့်ရအောင်။ အရိပ်ကိုပုံလေးရဲ့ ညာဘက်ကနေထွက်တဲ့ ပုံစံမျိုးပါ။ Layer တွေမှာ အရိပ်ကို Drop Shadow ဆိုတဲ့ Layer Style ကိုသုံးပြီးအရိပ်ချတာကို သိပြီးကြမှာပါ။ အဲဒီ Layer Style ကိုပဲအခု အသုံးပြုပါမယ်။ အခုပြထားတဲ့ပုံမှာ လူပုံ Layer1 ရယ် Background ရယ် Layer နှစ်ခုရှိပါတယ်။
ပထမအဆင့်အနေနဲ့ Layer1 ကို Drop Shadow လုပ်ပါမယ်၊ Setting တွေကိုတော့ Default အတိုင်းပဲထားပါ။ Drop Shadow ပြီးသွား ရင်တော့ Layer1 ရဲ့အောက်ခြေ နားမှာ Drop Shadow ဆိုတဲ့ စာသားလေးမှာ Right Click လုပ်ပါမယ်၊ အဲဒီနောက်ပေါ်လာတဲ့ Menu ကနေ Create Layer ကိုရွေးပါ။
"Some aspects of the effects cannot be reproduced with layers!" လို့ပြောရင် OK ပဲရွေးပါ။ အခုဆိုရင် Layer1 ကတစ်ခု Layer1's Drop Shadow ဆိုတဲအရိပ် Layer ကတစ်ခု သက်သက်ဆီဖြစ်သွားပါပြီ။
ဆက်ပြီးတော့ အရိပ် Layer ဖြစ်တဲ့ Layer1's Drop Shadow ကို Free Transform လုပ်ရအောင် (Ctrl + T)။ ပေါ်လာတဲ့ Bounding Box ကနေ အပေါ်ဘက်က အလယ် Node ကို Ctrl key နှိပ်ပြီးမြားပြထားတဲ့ နေရာကိုရောက်အောင်ရွေ့ပါ။ (Control key နဲ့တွဲနှိပ်ခြင်းဟာ Transformation ကို Distortion လို့ပြောလိုက်တာပါ)
Transform ကိုချိန်ညှိပြီး Enter မခေါက်ခင် သို့ (Commit) မလုပ်ခင် အရိပ်ကိုခြေထောက်နားကနေ စထွက်အောင်လဲ သတိထားပါဦး Keyboard ရဲ့ Arrow Key လေးတွေနဲ့ အပေါ်အောက် ဘယ်ညာ ချိန်လို့ရပါတယ်။
ပြီးရင် အရိပ် Layer (Layer1's Drop Shadow) ရဲ့ Opacity ကိုလဲ 40% လောက်ထားလိုက်ရင် ပုံလေးကိုဒီလိုမြင်ရမှာပါ။
အရိပ်ပြုလုပ်တဲ့ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်၊ ဒီနည်းဟာပိုလွယ်ကူပါတယ်။ နဲနဲလေးစိတ်ကူးကွန့်ပြီး တခြားသောပုံစံလေး တွေလဲ လုပ်ကြည့်ပါဦးလား။ ဥပမာ လူပုံဟာသေးပြီးအရိပ်ကို Distortion များများနဲ့ ဦးခေါင်းပိုင်းမှာ ကားသွားတဲ့ပုံမျိုးပေါ့။ အဲဒီပုံမျိုးလိုချင်ရင် Free Transform လုပ်တုန်းက Node တွေကိုဘေးဘေး ၀ဲယာ လိုသလိုတိုးလိုက်ရုံပါပဲ။
မှတ်ချက်။          ။Guest Book တွင်ရေးသားခဲ့သော မေးခွန်းတစ်ခုဖြစ်သည့် how can i do the shadow of image ? ကိုဖြေဆိုထားခြင်းပါ။ Reply နောက်ကျနေခြင်းကိုခွင့်လွတ်ပေးပါရန်နှင့် နှစ်သက်ကျေနပ်နိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။

Anti-aliasing

ပုံရိပ်များရဲ့ဖွဲ့စည်းပုံ သဘာဝသင်ခန်းစာမှာ Raster Graphics တွေဟာ Pixel တွေကိုအခြေခံတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ Pixel တွေကိုလဲ လေးထောင့်ပုံရှိတယ်လို့လဲ ယူဆလိုက်ပါဦး။ ဒါဆိုရင် Vertical Line တစ်ခုရဖို့ဆိုရင် လေးထောင့်ပုံရှိတဲ့ Pixel လေးတွေကို တစ်ခုပေါ် တစ်ခု ဆင့်သွားရမှာပေါ့။ ပုံမှာကြည့်ပါ။ Horizontal Line ဆိုရင်လဲဒီအတိုင်းပါပဲ လေးထောင့်ပုံရှိတဲ့ Pixel လေးတွေကို ဘေးတိုက်ဆက်သွား ရမှာပေါ့။
အဲဒီအထိကတော့အဆင်ပြေတုန်းပါပဲ၊ ဒါပေမယ့် မျဉ်းစောင်း 45 degree Line ဆိုရင် ဒီလိုပုံဖြစ်သွားမှာပေါ့။
အတွန့်အတွန့်လေးတွေဟာ Line ဘေးတစ်လျှောက်မြင်နေရမှာပါ။ ဒါကို Aliasing လို့ခေါ်ပါတယ်။ အဲဒီ Aliasing ကိုပြေလည်ဖို့ဘယ်လိုလုပ်ကြ သလဲဆိုတော့ အဲဒီမျဉ်းရဲ့ဘေးတစ်ဖက်တစ်ချက်ကထောင့်ကွက်ဖြစ်နေတဲ့နေရာတွေကို Pixel သို့ အရောင်ပါးပါးလေးတွေ လိုက်ဖြည့်လိုက် ပါတယ်။ ဒါဆိုရင်ပုံကအခုလိုဖြစ်သွားပါတယ်။
Aliasing ကိုပြေလည်စေလို့ Anti-aliasing လို့ခေါ်တာပါ။ Photoshop ရဲ့ Tools ထဲမှာတင် Rectangular Marquee tool နဲ့ Elliptical Marquee tool ကိုပဲကြည့်ပါ Group တစ်ခုထဲမှာရှိပေမယ့် Rectangular Selection လုပ်ဖို့အတွက်က Anti-aliased ဖြစ်ဖို့မလိုဘူးလေ၊ ဒါကြောင့် Rectangular Marquee ကိုရွေးထားချိန်မှာ Tool Option box ကိုကြည့်ရင် Anti-aliased ဆိုတဲ့ Option လေးဟာ Disable ဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် Elliptical Selection ဆိုရင်တော့ Anti-aliased ဆိုတဲ့ Option ဟာ Enable ဖြစ်လာပါတယ်။
အလျားလိုက် သို့မဟုတ် ထောင်လိုက် Selection ကလွဲရင်ကျန်တာတွေဟာ Anti-aliased ဖြစ်မှပုံဟာ Smooth ဖြစ်နေမှာပါ။ Magic wand နဲ့ Lasso Tools တွေမှာလဲ Anti-aliased Option ဟာ Enabled ဖြစ်နေမှာပါ။ မိမိလိုချင်ရင် Check လုပ်ခဲ့ပြီး မလိုအပ်ရင် Uncheck လုပ်ခဲ့ရုံပါပဲ။ Polygon Lasso Tool နဲ့ 45 degree မျဉ်းစောင်း Selection တစ်ခုကို Anti-aliased Option ကို Check လုပ်ပြီးဆွဲထားတာနဲ့ Uncheck နဲ့ဆွဲတာကိုFill လုပ်ပြီးယှဉ်ကြည့်ပါဦး။ ပိုပြီးသဘောပေါက်လာမှာပါ။
Ant-aliasing ကို Photoshop မှာတင်မြင်ရတာမဟုတ်ပါဘူး အခြား Graphics Software တွေမှာလဲမြင်တွေ့ရမှာပါ။ ဥပမာ Illustrator နဲ့ဆွဲထားတဲ့ ပုံတစ်ခုကို Raster format တစ်ခုခုကို Export လုပ်တယ်ဆိုပါစို့ Export Option မှာလဲ Anti-aliasing ယူမလားလို့လာမေးမှာပါ။ အထူးသဖြင့် Vector graphics ကနေ Raster image ပြောင်းတဲ့အခါမျိုးမှာ ဒီ Option လေးဖွင့်ခဲ့ဖို့မမေ့ပါနဲ့။

Layer Mask များအကြောင်း



















Layer Mask ဟာ Photoshop မှာအလွန်အရေးပါပြီး အသုံးဝင်မှုအလဲအများကြီးပါပဲ။ အသုံးများရတဲ့ အဓိကအကြောင်းအရင်းက သူဟာ Layer တစ်ခုကို Non Destructive Editing အဖြစ်ရအောင်ဖန်တီးပေးနိုင်လို့ပါ။ ဥပမာ ကျွန်တော်တို့ Layer တစ်ခုကို Selection ပေးပြီး Delete လုပ်လိုက်ရင် အဲဒီ Layer ရဲ့ Pixel area တွေဟာ တကယ် ပျက်ဆီးသွားပါတယ်။ တကယ်လို့များ သင်ဟာအဲဒီ့ Layer တွေရဲ့ အစိတ် အပိုင်းတွေကို ပြင်ချင်သလိုပြင် ဖျက်ချင်သလိုဖျက်ပြီး နဂိုအတိုင်းပြန်ဖြစ်ချင်ရင် ဘယ်လိုလုပ်မလဲ။ အဖြေကတော့ Layer Mask တွေကို အသုံး ပြုခြင်းဖြင့်ဖြေရှင်းနိုင်ပါတယ်။ Layer Mask တွေဟာ Layer တွေကိုနဂို Pixel တွေပျက်ဆီးမသွားပဲနဲ့အမြင်မှာ ပြောင်းချင်သလိုပြောင်း ပြင်ချင် သလိုပြင်ခွင့်ပေးပါတယ်။ Layer တွေကိုမျက်နှာဖုံးလေးတွေအုပ်ပြီးအပေါ်ကနေ Edit လုပ်တယ်လို့ယူဆနိုင်ပါတယ်။ Layer တစ်ခုအပေါ်ကို Layer Mask တစ်ခုအုပ်လိုက်ပြီဆိုပါစို့။ အဲဒီ Layer Mask ရဲ့အရောင်အတိုင်း Layer ရဲ့ result ထွက်လာပါတယ်။ Layer Mask ဟာ gray scale ပါ။ အနက်ကနေအဖြူကိုသွားတဲ့ Tone အတိုင်းပဲအရောင်တွေရှိမှာပါ။ အဖြူရောင်ဟာ Pixel တွေကိုမြင်ရစေပြီး အနက်ရောင်ဟာ Pixel တွေကိုပျောက်သွားစေပါတယ်။ အောက်ကပုံလေးကိုကြည့်ပါ။ ဘယ်ဘက်အခြမ်းဟာ Layer Mask နှင့် Layer ကိုပြထားပြီး ညာဘက်ကတော့ သူတို့နှစ်ခုပေါင်းလို့ရလာတဲ့ Result ပါ။
အဖြူရောင်ဟာ Pixel တွေကို show လုပ်ပေးပြီး အနက်ရောင်ဟာ Pixel တွေကို hide လုပ်ပေးတာကိုအမြဲသတိရပါ။ ဒါဆိုရင်မီးခိုးရောင်ဟာ semi transparent ဖြစ်လာမှာပေါ့။ တ၀က်မြင်ရပြီး ကျန်တ၀က်ကတော့ အောက်မှာရှိတဲ့ Layer ရဲ့ area ပေါ့။ အခုဒီပုံမှာ ဆိုရင်နောက်ခံကအဖြူရောင်ပဲရှိတယ်လို့မှတ်ယူပါ၊
လက်တွေ့အသုံးပြုပုံများကတော့အောက်ပါအတိုင်းပါပဲ

၁) Layer Mask တစ်ခုဖန်တီးပုံ (all visible)
လွယ်ကူပါတယ် Layer Palette အောက်ခြေက New Mask icon ကိုနှိပ်လိုက်ရင်ရပါပြီ။ ဒါမှမဟုတ်ရင် Layer>Add Layer Mask>Revel All ကိုclick လို့ရပါတယ်။ Layer ရဲ့ဘေးမှာ Layer Mask ဆိုပြီးပေါ်လာပါတယ်။ ပုံမှာကြည့်ပါ။ Reveal All (Show All) ဆိုတဲ့အတွက် Layer Mask တစ်ခုလုံးကိုအဖြူရောင်အုပ်သွားတာပါ။ ပုံမှာဆိုရင် အနက်ရောင် Layer ရဲ့ဘေးမှအဖြူရောင်လေးဟာ Layer Mask ပါ။
၂) Layer Mask တစ်ခုဖန်တီးပုံ (all hidden)
Layer Palette မှာ New Mask icon ကို Alt key နဲ့တွဲနှိပ်ပါ။ ဒါမှမဟုတ် Layer>Add Layer Mask>Hide All ဆိုလည်းရပါတယ်။ ဒါဆိုရင် Layer တစ်ခုလုံးကို Layer Mask က အနက်ရောင်အုပ်လိုက်တော့ Layer တစ်ခုလုံးပျောက်သွားမှာပါ။
၃) Layer Mask တစ်ခုကို Active ပေးပုံ
အခုဖန်တီးထားတဲ့ Layer Mask ဟာ Layer နဲ့ဘေးချင်းယှဉ်ပြီး Layer Palette မှာတွေရမှာပါ။ ဒါကြောင့် Active ဖြစ်နေတာ Layer လား Layer Mask လားဆိုတာအရေးကြီးပါတယ်။ Layer Mask Active ဖြစ်နေချိန်မှာ Layer ရဲ့ရှေ့က icon က လေးထောင့်မှာ အ၀ိုင်းဖောက်ထား တဲ့ပုံလေးဖြစ်နေပါတယ်။ Active က Layer ဆိုရင်တော့ brush icon ကို layer ရဲ့ရှေ့မှာတွေ့ရမှာပါ။ Active ပေးချင်ရင်တော့ Layer ဖြစ်စေ Layer Mask ဖြစ်စေ သူတို့ရဲ့ Thumbnail ပေါ်မှာ mouse နဲ့ click လုပ်လိုက်ရုံပါပဲ။
၎) Layer နှင့် Layer Mask အား Link/unlink ပြုလုပ်ခြင်း
သာမန်အားဖြင့်တော့ Layer နဲ့ Layer Mask တို့ဟာ Link ချိတ်ပြီးသားပါ။ ဒါမှ Layer ကိုဖြစ်စေ Layer Mask ကိုဖြစ်စေ move လုပ်တာနဲ့ နှစ်ခုစလုံး ရွေလာရမှာပါ။ သူတို့နှစ်ခုကြားက chain icon လေးက link ဖြစ်နေတာကို ကိုယ်စားပြုတာပါ။ အဲဒီနေရာလေးကို mouse နဲ့ click လုပ်လိုက်တာနဲ့ unlink ဖြစ်သွားပြီး။ နောက်တစ်ခါ ထပ် click လုပ်တာနဲ့ link ပြန်ဖြစ်လာမှာပါ။
၅) Layer Mask အား Disable/ Enable ပြုလုပ်ပုံ
Layer Mask ပေါ်မှာ Shift key နဲ့တွဲပြီး click လုပ်ပေးခြင်းဖြစ် Disable / Enable ဖြစ်စေပါတယ်။ Disable ဆိုရင် Layer Mask ဟာအလုပ် မလုပ်တော့ပဲ သူ့အောက်က Layer ရဲ့ နဂို pixel အတိုင်းမြင်ရမှာပါ။ Layer Mask Disable ဖြစ်နေချိန်မှာ အနီရောင်ကြက်ခြေခတ်လေးနဲ့ ပြပါတယ်။
6) Layer Mask အား Delete လုပ်ခြင်း
Layer>Remove Layer Mask>...(Apply လား Discard) လားရွေးပေးပါ။ Layer မှာဖြစ်နေသောအနေအထားအတိုင်း လိုချင်ရင် Apply ကိုရွေးပြီး Layer ရဲ့ နဂိုအတိုင်းလိုချင်ပါက Discard ရွေးရန်သာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ Layer Mask ကို Layer Palette အောက်ခြေက Trash icon ပေါ်သို့ Drag ဆွဲသွားခြင်းပဲဖြစ်ပါတယ်။
၇) Layer Mask အား Document window တွင် edit ပြုလုပ်လိုလျှင်
Layer Palette က Layer mask ပေါ်တွင် Alt key နှင့် click လုပ်လျှင်ရပါတယ်။ ပြန်ဖျောက်ထားချင်ရင်လဲ Alt key နဲ့ click ပါပဲ။ Layer Mask ကို Document window တွင်ခေါ်ယူပြီးလျှင် သင်ကြိုက်နှစ်သက်ရာ အဖြူမှအနက်သို့ (tone value) များသုံးပြီး Layer ရဲ့ area တွေကို ဖျောက်မလား ပေါ်စေမလား သင့်စိတ်ကူးအတိုင်းပါပဲ။ edit and paint လုပ်တာကတော့ Select and fill နည်းဖြင့်ဖြစ်စေ၊ Brush or Pencil tools များသုံးပြီးဖြစ်စေဆောင်ရွက်နိုင်ပါတယ်။
၈) Gradient နှင့် Layer Mask
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း gray ဟာ semi transparent ကိုရစေလျှင် Layer တစ်ခုကို အပေါ်မှအောက်သို့အဖြေးဖြေး ပျောက်သွားတဲ့ပုံစုံလေးလိုချင်ရင်တော့ အဲ့ဒီ Layer ပေါ်မှာ Layer Mask တစ်ခုခေါ်ပြီး Layer Mask Active ဖြစ်နေချိန်မှာ Default Color (D ကိုနှိပ်ပါ) သုံးပြီး Gradient tool နဲ့ Fill လိုက်ရင်ရပြီပေါ့ (gradient tool ရဲ့ preset ကတော့ Foreground to Background ပါ)။ အဖြူရောင်မှာ Pixel area အကုန်ပေါ်ပြီး အနက်မှာပျောက်လို့ မီးခိုးရောင်မှာတော့ တ၀က်ပေါ်တ၀က်ပျောက် ဖြစ်နေမှပေါ့။ အောက်မှာပါတဲ့ပုံလေးတွေကို ကြည့်ပါဦး။
Layer Mask ကိုအသုံးပြုကာစိတ်ကူးပေါ်မူတည်ပြီး စိတ်ကြိုက်ပုံလှလှလေးများဖန်တီးကြည့်ကြပါဦး။ Special Effect အပိုင်းတွင်ပါဝင်သော ဘယ်ဘယ်ချီရေးလို့မမီ သင်ခန်းစာမှာလည်း Layer Mask ကိုအသုံးပြုထားပါတယ်။

ဖန်ပြားပုံသဏ္ဍာန် များ ဖန်တီးခြင်း

ယနေ့အင်တာနက်ပေါ်တွင် အသုံးပြုများနေသော ဖန်ပြားပုံသဏ္ဍာန် Glassy Button များကိုသင်တွေ့ဖူးပါလိမ့်မည်။ လက်တွေ့တွင် ဖန်၊မှန်၊စတီး စသောအရာများ၏ ကွဲပြားချက်မှာ အရောင်နှင့် အလင်းအမှောင် ကွာခြားချက်ပေါ်တွင် အဓိကအခြေခံပါသည်။ ထို့ကြောင့် ရိုးရိုးသာမန် ဖန်ပြားတစ်ခုပြုလုပ်သောအခြေခံ Idea လေးကိုသိရှိစေရန်ပြောပြပါမည်။
၁) New File တစ်ခုယူပြီး New Layer တစ်ခုခေါ်ထားပါ။ ထို Layer ပေါ်တွင် Tool Box ထဲမှ Custom Shape Tool (U) ကိုရွေးပါ။ ပြီးလျှင် Shade ထဲမှ Rounded Square Shape ကိုလိုအပ်သော Color ကိုရွေးပြီးဆွဲပါ။ ပုံမှန်လေးထောင့်ကွက် တစ်ခုကို အသုံးပြုလျှင်လည်းရပါသည်။
၂) ထို Layer ၏ Layer Style ကို Inner Glow ယူပါ (Layer Palette တွင် Layer name နောက်မှနေရာလွတ်အား Double click နှိပ်လျှင် Layer Style Dialog box ပေါ်လာပါသည်။ ၄င်း Box မှပုံတွင်ပြထားသည့်အတိုင်း Inner Glow နေရာကို Click လုပ်ပါ)
ပုံတွင်ပြထားသည့်အတိုင်း Color ကို အမည်းရောင်ပြောင်းပြီး Blending Mode ကို Normal သို့ပြောင်းပါ။ Element Size မှာ ပံ၏ Resolution ကိုလိုက်ပြီးအပြောင်းအလဲရှိနိုင်ပါသည်။ ပြီးလျှင်ပုံအတိုင်းတွေ့ရမည်။
၃) Layer Palette တွင်ထို Layer ပေါ်တွင် Ctrl ကိုဖိပြီး Click လုပ်ပါ။ Layer ၏ Boundary အတိုင်း Marquee Selection တစ်ခုရပါမည်။ ပြီးလျှင် (Select>Modify>Contract) ကိုရွေးပါ။ ဒီပုံမှာတော့ Selection ကို 25 pixels ဖြင့် Contract လုပ်ထားပါသည်။ ပုံ၏ Resolution ကိုလိုက်ပြီး Pixel အပြောင်းအလဲရှိနိုင်ပါသည်။
၎) ပြီးလျှင် (Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ဖြင့် New Layer တစ်ခုခေါ်ပါ။ Foreground Color အား white ပြောင်းပြီးထို Layer ကို Foreground to Transparent ဖြင့် Gradient Fill လုပ်ပါ။ ပုံအတိုင်းတွေ့ရမည်။
၅) ထို Marquee Selection ကို Deselect လုပ်ပါ။ ပြီးလျှင်ထို Layer ကို Opacity 75% မှာထားပြီးအပေါ်ဘက်သို့အနည်းငယ်ရွေ့ပါ။ ပုံအတိုင်း GLassy Button ကိုတွေ့ရမည်ဖြစ်သည်။
Circular Shape တစ်ခုကိုအထက်မှာဖော်ပြခဲ့သော အဆင့် ၂ မှ ၅ အတိုင်း စနစ်တကျပြုလုပ်လျှင်အောက်ပါ Glassy Button ကိုရရှိမည် ဖြစ်သည်။
ထိုနည်းတူ အခြားသော Shape များကိုလည်း Glassy Object များအဖြစ်သို့အလွယ်တကူပြောင်းလဲနိုင်ပါတယ်။ ထိုသို့ပြုလုပ်ရာတွင် ပုံ၏ Resolution အပြင် သက်ဆိုင်ရာ Layer ၏ Size ကိုလိုက်ပြီး အဆင့် (၂) Inner Glow တွင် Pixel အပြောင်းအလဲကို ညှိပေးရန်လိုအပ်ပါသည်။
Text များကို Glassy object များအဖြစ်အလွယ်တကူဖန်တီးနိုင်ပါသေးတယ်။ အောက်မှာဖော်ပြထားတဲ့ ပုံလေးတွေကို လေ့ကျင့်ခန်းအဖြစ် လုပ်ကြည့်ပါဦး။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ