Welcome to my blog :)

rss

Sunday, May 20, 2012

အင်တာနက် လျှောက်ထားသော မိုဘိုင်းလ်ဖုန်းများ ၂၄ နာရီအတွင်း အသုံးပြုနိုင်မည် ~ Myanmar Express

အင်တာနက် လျှောက်ထားသော မိုဘိုင်းလ်ဖုန်းများ ၂၄ နာရီအတွင်း အသုံးပြုနိုင်မည် ~ Myanmar Express

ရုရှားရှိ နှုကလိယ ရေငုပ် သင်္ဘောများကို ဂျပန်တို့ ကူညီ ဖျက်သိမ်းပေးမည် ~ Myanmar Express

ရုရှားရှိ နှုကလိယ ရေငုပ် သင်္ဘောများကို ဂျပန်တို့ ကူညီ ဖျက်သိမ်းပေးမည် ~ Myanmar Express

ဒေါ်အောင်ဆန်း စုကြည် နှင့် လုံခြုံရေး ကွန်ပျူတာ သမား တို့ မွေးထားတဲ့ တတိယ မြောက် မျိုးဆက်သစ် ဒေါ်စုကြည်ရဲ့သမီး ခင်ရွှန်းလဲ့ဝေ ~ Myanmar Express

ဒေါ်အောင်ဆန်း စုကြည် နှင့် လုံခြုံရေး ကွန်ပျူတာ သမား တို့ မွေးထားတဲ့ တတိယ မြောက် မျိုးဆက်သစ် ဒေါ်စုကြည်ရဲ့သမီး ခင်ရွှန်းလဲ့ဝေ ~ Myanmar Express

ဝမ်းဗိုက်အဆီတွေ လျှော့နည်းစေဖို့ ~ Myanmar Express

ဝမ်းဗိုက်အဆီတွေ လျှော့နည်းစေဖို့ ~ Myanmar Express

နိုင်ငံခြားဘဏ်စာရင်း နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိ ~ Myanmar Express

နိုင်ငံခြားဘဏ်စာရင်း နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိ ~ Myanmar Express

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံရုံးဆိုင်ရာ ၀က်ဘ်ဆိုက်များ နှင့် နိုင်ငံခြား သံရုံး လိပ်စာ၊ ဖုံးနံပတ် များ ~ Myanmar Express

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံရုံးဆိုင်ရာ ၀က်ဘ်ဆိုက်များ နှင့် နိုင်ငံခြား သံရုံး လိပ်စာ၊ ဖုံးနံပတ် များ ~ Myanmar Express

ကားဈေးဂယက်ကြောင့် ဒေါ်လာဈေးတက် ~ Myanmar Express

Tuesday, May 15, 2012

Egyptian Air Force EAF.wmv

Sunday, March 18, 2012

ITLOS ဆုံးဖြတ်ချက် မြန်မာ့ရေနံ လုပ်ကွက်ကို မထိခိုက်ဟုဆို

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပင်လယ်နယ်နိမိတ် အငြင်းပွားမှုကို ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ နိုင်ငံတကာခုံရုံး ITLOS ၏ ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်သည် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံလုပ်ကွက်များကို ထိခိုက် မည် မဟုတ်ဘဲ တရားမျှတစွာ ဆောင်ရွက်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု သောကြာနေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် အချပ်ပိုဖြင့် ဖေါ်ပြပါရှိသည်။
sea
"ခုံရုံးက သတ်မှတ် ဆုံးဖြတ်ခဲ့သည့် အနီရောင်လိုင်း သတ်မှတ်ချက်အရ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ရေနံ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကမ်းလွန် ရေနံလုပ်ကွက်များကို ထိခိုက်မှု မရှိကြောင်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်မှုများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း" သတင်းစာတွင် ရေးသားထားသည်။

၂ဝဝ၈ ခုနှစ်အတွင်း အငြင်းပွားခဲ့ကြသည့် မြန်မာအစိုးရ၏ သဘာဝဓာတ်ငွေ့ ရှာဖွေခွင့် ရရှိထားသော ဒေဝူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်းမှ ရခိုင်ကမ်းလွန်ဒေသ လုပ်ကွက် AD 7 သည်လည်း ITLOS ၏ဆုံးဖြတ်ချက် အရ မြန်မာ့ ပိုင်နက်အတွင်း ရှင်းလင်း သိသာစွာ ပါဝင်လာပြီ ဖြစ်သည်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းပြီးဖြစ်၍ "အိမ်နီးချင်းကောင်း ဆက်ဆံရေးကို ထိန်းသိမ်းပြီး ပင်လယ်ပြင်ဆိုင်ရာ ကိစ္စရပ်များ၌ မိတ်မပျက် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်" ဟုလည်း သတင်းစာက ရေးသားသည်။

ITLOS ရေပိုင်နက် သတ်မှတ်မှုအရ ရခိုင်ပြည်နယ် မောင်းတောမြို့ အနီးရှိ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို ပိုင်းခြားထားသော နယ်စပ်မြစ်ဖြစ်သည့် နတ်မြစ် စီးဝင်ရာ ဘင်္ဂလား ပင်လယ်အော်ရှိ အခြေခံမျဉ်းမှ အနောက်တောင် ဘက် ရေမိုင် ၂ဝဝ အထိ ဘင်္ဂလားဒေ့ရှ်က သီးသန့် စီးပွားရေးဇုန်အဖြစ် ပိုင်ဆိုင်မည် ဖြစ်သည်။

ကမ်းရိုးတန်းအလျား သတ်မှတ်ပေးမှုတွင် မြန်မာနိုင်ငံအတွက် ရခိုင်ပြည်နယ် မောင်တောမြို့အနီး အခြေခံမျဉ်းမှ ဧရာဝတီတိုင်း မော်တင်စွန်းအထိ ၃၆၄ မိုင်အထိ သတ်မှတ်ပေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်မူ အဆိုပါ အခြေခံမျဉ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Mandabaria ကျွန်းအထိ ၂၅၆ မိုင် ပိုင်ဆိုင်သည်ဟု သတ်မှတ်ပေးထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ့်တို့ နှစ်နိုင်ငံ ရေပိုင်နက် သတ်မှတ်နိုင်ရန် ၁၉၇၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ၈ ကြိမ် ဆွေးနွေး ခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း ၄ ကြိမ်အထိ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိဘဲ ဖြစ်ခဲ့ရမှ ၂ဝဝ၉ ခုနှစ်တွင် ITLOS ၏ ဆုံးဖြတ်ချက်ကို ခံယူရန် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ITLOS ခုံရုံး ရုံးစိုက်ရာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ကြားနာစစ်ဆေးသည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှုကို နိုင်ငံတကာမှ တရားသူကြီး ၂၂ ဦးက ကြားနာစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

ကြားနာစစ်ဆေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ တွဲဖက် ကိုယ်စားလှယ်များ ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်လှမျိုးနွယ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ဘက်ကမူ နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် အငြိမ်းစား ရေတပ်ဗိုလ်ချုပ် ကူရှတ်အလန်တို့အပြင် ပါမောက္ခများ၊ ပညာရှင်များနှင့် နိုင်ငံတကာရှေ့နေ အများအပြား လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

Thursday, March 8, 2012

ISO ဆိုတာ ဘာလဲ၊ ဘယ်လို Burn မလဲ၊ ဘယ်လို Mount မလဲ၊??



 ISO ဆိုတာ ဘာလည်းဆိုတာကနေ စကြပါစို့...ဒီတော့  ISOဆိုတာ အရှည်ကတော့ .  International Organization for Standardization   ပေါ့..Archive ဖိုင်အမျိုးအစားတခုပါပဲ..DISC Image အမျိုးအစားတခုလို့လည်း လူသိများပါသေးတယ်.။ သူကိုတော့ခုနောက်ပိုင်းတော်တော် များများကို ISO တွေနဲ့ပဲ ထွက်လာကြတာ သတိထားမိပါလိမ့်မယ်... Window ခွေဆိုလည်း ISO  Software  collection  ဆိုလည်း ISO နဲ့ တော်တော်လေးကို တွင်တွင်ကျယ်ကျယ်သုံးနေကြတာကိုတွေ့မိကြမှာပါ.။  နောက်ထပ် UDF ဆိုတာ ရှိတယ်.. ဒါဆို UDF ဆိုတာကဘာလည်း ထပ်ပေါ်လာပြန်ပါပြီ.. UDF ဆိုတာကရဲ့ အရှည်ကတော့  Universal Disk Format (UDF) ပါ.  ကျယ်ကျယ်ပြန်ပြန့်တော့ ရှင်းပြမနေတော့ပါဘူး။နောက်ဆုံးတခုအနေနဲ့ Universal Image Format (UIF) ဆိုတာလည်း ရှိပါသေးတယ်  Bootable ခွေ တခွေ အဖြစ် သို့မဟုတ် DVD /CD ခွေ တခွေဖြစ်အောင် ဖန်တီးနိုင်တဲ့Format အမျိုးအစားတွေပါပဲ့.။ ‘ဒီထက်ပိုပြီး ISO ကိုသေချာ သိချင်တယ်ဆိုရင် ဒီနေရာမှာ  သွားရောက်လေ့လာကြည့်နိုင်ပါတယ်။ အကျယ်တ၀င့် တွေ့နိုင်ပါတယ်...


ISO File ဘယ်လိုလုပ်ကြမလဲ??

ဖိုင်တဖိုင်ကို ISO လုပ်တော့မယ်ဆိုရင်တော့ လွယ်ပါတယ်။ ဥပမာ MagicISO နဲ့ လုပ်လုပ် Power ISO နဲ့လုပ်လုပ် လုပ်လို့ ရပါတယ်.  ဒါဆို Power ISO နဲ့  ISO ဖိုင်တခုလုပ်မယ်ဆိုကြပါစို့. ဒါဆို Power ISO ကိုဒေါင်းလုပ်ချ ရမ်းပါ. အရင်ဆုံး ဒေါင်းလုပ်ချ ဖို့ အောက်မှာပေးထားပါတယ်.. ကြိုက်တာကိုဒေါင်းယူပါ.. ပြီးရင်တော့ ကိုယ်လုပ်ချင်တဲ့ ဖိုင်ကို Power ISO ထဲ့ကို စွဲထည့်ပြီး Create Image လုပ်လိုက်ယုံပါပဲ့ ။ အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့ အြ့ကမ်းဖျင်း ရှင်းပြပေးပါဦးမယ်။

အဆင့် ၁ …
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ISO လုပ်ချင်တဲ့ ဖိုင်ကို Desktop ပေါ်တင်ထားလိုက်ပါ ပိုလွယ်အောင်လို့ပါ . ပြီးရင် ISO (Power ISO) ဖိုင်ကို ဖွင့်ပြီး ဆွဲထည့်လိုက်ပါ . အောက်က ပုံလေးလိုပါ....

အဆင့် ၂
ဒီအဆင့်ရောက်ပြီဆိုရင်တော့ Save ကို နိုပ်လိုက်ရင် ဘာနဲ့ Save မှာလည်းဆိုပြီးမေးပါလိမ့်မယ်။ ဒါကို သူမှာတော့ ၃ မျိုးပေးထားပါတယ်။ ကျွန်တော်တို့ က ISO လိုချင်တာ ဖြစ်တဲ့ အတွက် ISO ဆိုတာလေးကိုရွေးပြီး Save လိုက်ယုံပါပဲ။


အဲ့ထက်ပိုရှင်းသွားအောင် ကျွန်တော် အောက်မှာ Youtube လင့်နဲ့ ပြထားပါတယ်။ နောက်ထပ်လည်း မြန်မာက youtube ကြည့်လို့ မရတဲ့ လူတွေတွက် နောက်ထပ် Vimeo ကနေ တင်ပေးထားပါတယ် အောက်က Video နှစ်ဖိုင်ကို ကြည့်ကြည့်ပါ..

http://www.youtube.com/watch?v=f8CGxABmK5U

OR

http://vimeo.com/28589377


ကျွန်တော် အောက်မှာ Power ISO  . Magic ISO .,Ultra ISO နဲ့ WinISO ကို တင်ပေးထားပါတယ် တခုချင်းဆီ လိုချင်သူတွေတွက်လည်းအစဉ်ပြေအောင် အကုန်လုံးလိုချင်သူတွေတွက်လည်းအဆင်ပြေအောင် နှစ်မျိုးခွဲတင် ပေးထားပါတယ်

http://ifile.it/2k3qdo9
http://ifile.it/yn9j1m4
http://ifile.it/3wmchlg
http://ifile.it/k3dz1wp

OR

http://filebucket.info/file/u4d0n4c9v/MagicISO_Maker_v5.5_Build_276.rar.html
http://filebucket.info/file/cyyhc4cf8/PowerISO_v4.5.rar.html
http://filebucket.info/file/85utnxxep/UltraISO_Premium_Edition_v9.3.3.2685.rar.html
http://filebucket.info/file/wknkohhfh/WinISO_v5.3.rar.html

OR

http://www.multiupload.com/T1SPDJF6HS
http://www.multiupload.com/Y0LGY9VJ54
http://www.multiupload.com/77SB2PK6AW
http://www.multiupload.com/9LDW4AGJ0X

အကုန်လုံးလိုချင်သူများတွက် တလင့်တည်းကနေ ဒေါင်းယူနိုင်ပါတယ်။

http://www.mirrorcreator.com/files/1XEH8XDW/

OR

http://up4vn.com/files/20FOTXG7/MagicISO.Maker_PowerISO_UltraISO_WinISO_All-In-One_-Dr.Upload.rar.html

OR

http://filebucket.info/file/0z6jjxjcl/MagicISO.Maker_PowerISO_UltraISO_WinISO_All-In-One_-Dr.Upload.rar.html


File  တဖိုင်ကို  ISO  လုပ်ချင်တာကတော့ နည်းလမ်းအများကြီးရှိပါတယ်။ အများကြီးတည်းက နည်းလမ်းတခုလောက်ကို သေချာသိထားရင် နောက်ထပ် ဆော့ဝဲတွေနဲ့ လုပ်ပုံကိုင်ပုံချင်းလည်းသိပ်မကွာပါဘူး. နည်းနည်းလေး ပြောင်းလဲ သွားတာကလွဲလို့ ဘာမှ သိပ်ပြီးထူးထူးခြားခြားပြောင်းလဲမသွားပါဘူး..ဒီတော့ ISO ဖိုင်တဖိုင်ရလာပြီဆိုရင် ကျွန်တော်တို့ ဘယ်လိုမျိုး Bootable ခွေတခွေဖြစ်အောင် burn ကြမလည်းဆိုတာကို သိဖို့ လိုလာပါပြီ .. ဒါလည်းမခက်ပါဘူး။ အပေါ်မှာပေးထားတဲ့ Power ISO ပဲ ဖြစ်ဖြစ် Magic ISO ပဲဖြစ်ဖြစ် ရမ်းပြီး ဘမ်းလို့ ရသလို window 7 ဆိုရင် Window image burn ကို Build in ပါပြီးသားပါ ဒါကြောင့် မခက်ခဲပါဘူး။ ဥပမာအပေါ်က Video ထဲမှာ သတိထားကြည့်ရင် Burn ဆိုတာကိုတွေ့ပါလိမ့်မယ်။ ဒီထက်ပိုပြီးရှင်းသွားအောင်တော့ အောက်က Video ဖိုင်ကို ကြည့်ကြည်နိုင်ပါတယ်။



ဘယ်လို Burn ??

ကျွန်တော် ခွေဘမ်းဖို့တွက်ကိုတော့ img burn  နဲ့ ပြောပြပေးချင်ပါတယ်။တကယ်တော့ တခုနဲ့ တစ်တခုက သိပ်မကွာပါဘူး လုပ်ပုံကိုင်ပုံက … အရင်ဆုံး ကျွန်တော်တို့ Img burn နဲ့ ခွေဘမ်းမှာ ဖြစ်တဲ့ အတွက် Image burn ကို အရင်ဆုံးသွားဒေါင်းရပါမယ်။ Freeware ပါ. ဒီလင့်မှာ  သွားဒေါင်းပါ...



ဒေါင်းပြီးလို့ ရတဲ့ဖိုင်ကို ရမ်းပြီးရင် အပေါ်က ပုံလေးလိုပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် ဟိုးအပေါ်မှာ ISO ဆိုတာ Image file လို့ ကျွန်တော်ပြောခဲ့ပြီးပါပြီ.. ဒါကြောင့် ကျွန်တော်တို့ ပထမဆုံး ပုံလေးထဲ့က Write image file ကို ရွေးလိုက်ပါမယ်။



ကျွန်တော်တို့ အပေါ်မှာ Source နေရာမှာ အနီနဲ့ ၀ိုင်းပြထားတာလေး ရှိပါတယ် ဒီနေရာလေးမှာ မိမိ ခွေရိုက်ချင်တဲ့ ISO ရှိတဲ့ Location ကို ရွေးပေးပါ ပြီးရင် ကျွန်တော်တို့ Verify ကို အမှန်ခြစ်ပေးဖို့ မမေ့ပါနဲ့ ဘာလို့လည်းဆိုတော့ Verify ကိုပေးပြီး ခွေရိုက်ရင် ပိုပြီး တာရှည်ခံပါတယ်။ နောက်တခုက တော်ယုံလောက် ခွေ error ကိုလည်း အမှားခံပါတယ်။ နောက်ဆုံးရွေးပေးရမှာလေးကတော့ Setting မှာ Write Speed ပါ သူ့ကိုတော့ 4x ထားတာ အကောင်းဆုံးပါပဲ့ တာရှည်ခံပါတယ် .။ အောက်က Copies ကတော့ မိမိ Copy ဘယ်လောက် ပြန်ကူးခွင့်ပေးမယ်ဆိုတာပါပဲ့။ နောက်ဆုံးအားလုံး အဆင့်သင့်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ အနီင်္နဲ့ မြှားထိုးပြထားတာလေးကို နိုပ်လိုက်ရင် အောက်ကပုံလေးလို ခွေ စဘမ်းနေပါပြီ.


ဒါဆိုရင် ခွေဘမ်းတာကို အကြမ်းဖျင်းနားလည်လောက်ပါပြီ။

ဘယ်လို Mount ???

ကျွန်တော် အခုပြောပြမှာက ရှိနေတဲ့ ISO ဖိုင်ကို ဘယ်လို Mount မလဲ့ဆိုတာပါပဲ့ ..  ဒီတော့ ဒါလည်း လွယ်ပါတယ် မခက်ခဲ့ပါဘူး .. Mount ဆိုတာ နားလည်လွယ်အောင်ပြောရရင်တော့ မိမိစက်မှာ CD/DVD Drive မရှိတဲ့ အချိန်တွေမှာ ကျွန်တော်တို့ စက်ထဲ့မှာ CD/DVD Drive ကဲ့သို့ အသုံးပြုနိုင်အောင် အတု ပြုလုပ်တာပါပဲ့။ DVD Drive အတုပေါ့. အဲ့လို အတုတွေ ရှိမှပဲ့ Mount လို့ ရမှာဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့က ဘယ် Software က Free ရမလဲ့ တချက်ကြည့်ကြတာပေါ့။ ဒါပေ့မယ် လူကြိုက်လည်းများ အသုံးများတဲ့ ကောင်လေးတွေကိုပဲ့ ရွေးကြတာပေါ့။ . ဒီတော့ ကျွန်တော်တို့က Vitrual clonedrive နဲ့ Demon tool နှစ်မျိုးရှိပါတယ်  Demon tool ကတော့ ပိုက်ဆံနဲ့ ၀ယ်နေရပါလိမ့်ဦးမယ် ဒီတော့ ကျွန်တော်တို့ Vitrual clonedrive  ကိုပဲ့ သုံးကြတာပေါ့ အဲ့တော့ Vitrual clonedrive  ကို ဒီနေရာကနေ သွားဒေါင်းလိုက်ပါ

ဒေါင်းပြီးရင် ကျွန်တော်တို့ ISO ဖိုင်တိုင်းကို တိုက်ရိုက်ဖွင့်ပြီး DVD Drive ထဲ့ ထည့်ပြီး ခွေရိုက်သုံးသလို သုံးလို့ ရပါပြီ။ ISO ဖိုင်ကို ထောက်ပြီး Vitrual clonedrive ကို ရွေးပေးလိုက်ယုံပါပဲ့ ။ ပုံကိုကြည့်လိုက်ရင် ပိုမြင်ပါလိမ့်မယ်။



ဒီလို Mount လိုက်တော့ ဘာပိုထူးသွားလည်းဆိုတော့ DVD Drive မရှိတဲ့ ညီအကိုမောင်နှမတွေ အတွက်တော့ အဆင်ပြေသွားပါတယ် ။ နောက်ထပ်လည်း အတု အယောင်အနေနဲ့ အသုံးပြုခွင့်ရှိတဲ့အတွက် ISO ဖိုင်တိုင်းကို ခွေရိုက်ပြီးမှ အသုံးပြုလို့ ရတာတွေကိုလည်း ကျော်လွန်သွားနိုင်တာပေါ့။ ဒီလောက်ဆိုရင် Mount တက်လောက်ပါပြီ။

အောက်မှာတော့ Demon tool  ကို ကျွန်တော် Crack နဲ့ ရှာပေးထားပါတယ်။ Full သုံးလို့ ရပါတယ်။



အားလုံးပျော်ရွှင်ချမ်းမြေကြပါစေ..

Windows နှစ်ခုတင်ပြီး Windows တစ်ခုပဲ ပေါ်နေတယ်ဆိုရင်

ဒီနေ့ကျွန်တော့်စက်မှာ အရင်က Windows 7 တင်ထားတဲ့ အပေါ်မှာ Windows XP ထပ်တင်ချင်တာနဲ့ အရင်တင်ပြီးသား Windows 7 ကိုလည်း မဖြုတ်ချင်တာနဲ့ ဒီတိုင်းပဲ Windows 7 ပေါ်မှာပဲ Windows XP ကိုထပ် တင်လိုက်တယ် .. အားလုံးလည်း သိမယ်လို့ ထင်ပါတယ် .. ကျွန်တော် ရေးထားခဲ့ဖူးတာလည်း ရှိပါတယ် .. ပုံမှန်အတိုင်း ဆိုရင် အနိမ့်တင်ပြီးမှ အမြင့်ကို တင်ရမှာပေါ့နော် .. Windows XP တင်ပြီးမှ Windows 7 ပြန်တင်ရမှာပါ .. ဒါပေမယ့် Windows တစ်ခု တင်ရရင် အကုန်လိုက် လုပ်နေရတာနဲ့ အချိန်လည်း မပေးချင်တော့တာနဲ့ပဲ အမြင့်ပေါ်မှာ အနိမ့်ကိုပဲ Windows 7 တင်ထားပြီးသား ပေါ်မှာပဲ Windows XP ကို Drive တစ်ခုပေးပြီး တင်လိုက်တယ်ဗျာ .. Windows  XP လည်းတင်ပြီးရော အရင်တင်ပြီးသား Windows 7 ကတက်မလာတော့ပဲ  Windows XP ပဲတက်လာတော့တယ် .. 

ပုံမှန်အတိုင်းဆိုရင်တော့ Windows နှစ်ခုတင်ထားတယ် ဆိုရင် Boot တက်ပြီးသွားရင် Boot Menu မှာ Windows နှစ်ခုလုံး လာပေါ်နေပါလိမ့်မယ် .. မိမိတို့က ကိုယ်သုံးချင်တဲ့ Windows ထဲကိုဝင်ပြီး အသုံးပြုယုံပါပဲ .. 
အခုကျတော့ Windows တစ်ခုတည်း ပေါ်နေတယ်ဆိုတော့ Windows နှစ်ခုလုံးပေါ်အောင် ဘယ်လိုလုပ်ရမလည်း ဆိုပြီး အကိုတစ်ယောက်ကို အပူကပ်လိုက်တာ သူက EasyBCD ကို လမ်းညွန်လိုက်တာနဲ့ ကျွန်တော်လည်း နည်းနည်း Version ပြောင်းပြီး စမ်းသုံးကြည့်လိုက်တာ အဆင်ပြေသွားတာနဲ့ ကျွန်တော်တို့လိုမျိုး ကြုံလာခဲ့ကြရင် အဆင်ပြေအောင်လို့ အသုံးပြုနည်းလေးကို ရေးပေသွားမှာ ဖြစ်ပါတယ် .. 
ကျွန်တော်တို့ Windows နှစ်ခု တင်တဲ့သူများ Windows တင်ပြီးသွားတဲ့ အခါမှာ Dual Boot Menu ပေါ်မလာပဲ Windows တစ်ခုထည်း ပေါ်နေတယ်ဆိုရင် အခုကျွန်တော် အောက်မှာ ရှင်းပြပေးထားတဲ့ နည်းလမ်းလေး အတိုင်း လိုက်လုပ် ပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ် .. 
အရင်ဆုံး EasyBCD လေးကို မိမိတို့စက်မှာ Install လုပ်လိုက်ပါ .. ပြီးရင် အဲ့ဒီကောင်လေးကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း Add New Entry ကိုသွားလိုက်ပါ ..
အောက်က ပုံအတိုင်း  Operating Systems ဆိုပြီး ပေါ်လာပြီဆိုရင်  ကျွန်တော်တို့ အနေနဲ့ Type မှာ Boot Menu မှာ မပေါ်တဲ့ Windows အမျိုးအစားကို ရွေးပေးရမှာ ဖြစ်ပါတယ် . အောက်ကပုံမှာကြည့်ပါ .. ကျွန်တော်က Windows XP ပဲသုံးလို့ရပြီး  Windows 7 က  Boot Menu မှာ မပေါ်တာ ဖြစ်တဲ့အတွက် Windows Vista/7 ကိုရွေးပေးလိုက်တာ ဖြစ်ပါတယ် .. တကယ်လို့ Boot Menu မှာ Windows XP ကမပေါ်တာ ဆိုရင် Windows XP ကိုရွေးပေးရမှာ ဖြစ်ပါတယ် .. ရွေးပြီးသွား ပြီဆိုရင်တော့ Add Entry ကိုနှိပ်လိုက်ပါ ..
အပေါ်ကပုံအတိုင်း  New Entry ကိုနှိပ်ပြီး သွားပြီဆိုရင်တော့ Edit Boot Menu ကိုပြန်သွားပြီး ကြည့်လိုက်ပါ .. 

Edit Boot Menu မှာ အပေါ်က ပုံမှာ ပြထားသလို Windows 7 ကအပေါ်မှာ Windows XP ကအောက်မှာ တွေ့ရမှာ ဖြစ်ပါတယ် .. အဲ့ဒါက ဘာကို ပြတာလည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့  Boot Menu ကိုရောက်လို့  မိမိတို့ စိတ်ကြိုက် Windows ကိုမရွေး မိလိုက်ဘူး ဆိုရင် ကျွန်တော်တို့က Windows 7 ကို အပေါ်မှာ ရွေးထားတဲ့ အတွက် Windows 7 ကို တန်းပြီးတက် သွားမှာ ဖြစ်ပါတယ် .. အဲ့ဒါကိုတော့ မိမိတို့ စိတ်ကြိုက် ထားလို့ ရပါတယ် .. အပေါ်မှာ  Up , Down ဆိုတဲ့ မြားလေးတွေကို နှိပ်ပြီး ရွေးချယ် နိုင်ပါတယ် .. ပြီးရင်တော့ Save Settings ကိုနှိပ် ပေးလိုက်ယုံပါပဲ ..
နောက်ဆုံး အဆင့်အနေနဲ့ အပေါ်မှာပြထားတဲ့ ပုံအတိုင်း Bootloader Setup ကိုသွားလိုက်ပါ .. ပြီးရင် MBR Configuration Options မှာ  Install the Windows Vista / 7 bootloader  နဲ့  Install the Windows XP bootloader မှာ ကျွန်တော်က Windows XP ကိုပဲ သုံးလို့ရပြီး Windows 7 မတက်တာ ဖြစ်တဲ့အတွက် Windows Vista / 7 bootloader   ကိုရွေးပေးထားတာ ဖြစ်ပါတယ် .. Boot Menu မှာ မပေါ်တဲ့ Windows အမျိုးအစားကို ရွေးပေးလိုက်ပါ .. ပြီးရင်တော့ Write MBR ကိုနှိပ်ပေးလိုက်ပါ .. 
ပြီးရင်တော့ မိမိတို့ ကွန်ပျူတာကို Restart ချလိုက်ပါ .. ပြီးရင် Boot Setting  ပြီးတာနဲ့  Boot Menu ပေါ်လာတဲ့ အချိန်မှာ  Windows  နှစ်ခုလုံး အသုံးပြုလို့ ရသွားပါလိမ့်မယ် .. 
ဒီလောက်ဆိုရင်တော့ အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ် .. EasyBCD 2.0 Beta - Build 93  ကိုတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Saturday, March 3, 2012

Install MacOSx on Windows PC (မြန်မာမိသားစုဖိုရမ်မှကူးယူမျှဝေသည်)

Apple Laptop တွေကို သရေကျခဲ့တာကြာပါပြီ။ ခု MacBook Pro ထိဆိုပါတော့။ ကိုယ်တိုင်ကလည်း မ၀ယ်နိုင်သေးတော့ Windows PC ပေါ်မှာ Run လို့ ရကိုရနိုင်ရမယ်လို့ စိတ်ကတော့ ထင်မိပါတယ်။ ဒါနဲ့ KoThurein ကို မေးကြည့်တော့ ရတယ်တဲ့။ သူ့ဆီမှာတောင် MacOS Install DVD ရှိတယ်ဆိုတော့ Mac ရူးတဲ့ရောဂါက ကုလို့မရတော့ဘူး။ အင်တာနက်ထဲမှာလည်း ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့မွှေပါတယ်။ iATKOS, iPC, iDeneb, jas osx86, Kalyway, Installer DVD တွေလည်းတွေ့ပါတယ်။ KoThurein ဆီကရတဲ့ DVD က iATKOS v4i ပါ။ အစကတော့ ကျွန်တော် VMWare 7.0 ပေါ်မှာပဲ Run ကြည့်တော့ မရပါဘူး။ ဒါနဲ့ Virtual Box ပေါ်မှာ Run ကြည့်တယ်။ မရပြန်ပါဘူး။ မထူးပါဘူး။ PC ပေါ်မှာ တစ်ကယ် Install လုပ်ကြည့်တယ်။ Install အဆင့်ကနေဆက်တက်မလာဘူး။ ဆက်ပြီးတော့လုပ်ဖို့ မအားတာနဲ့ ရပ်ထားလိုက်တယ်။ ဒီကြားထဲမှာ iATKOS i5, iPC ဆိုတာတွေလည်း ရူးပေါပေါနဲ့ Download ထိုင်ဆွဲလိုက်သေးတယ်။ နှစ်ခုပေါင်း 5.5GB လောက်ရှိမယ်ထင်တာပဲ။ နောက်ဆုံးတော့လည်း ခွေဆိုင်သွားပြီး မေးကြည့်လိုက်တော့ iATKOS v1 လေးတွေ့ပါလေရော။ အဲ့ဒီ Insatller လေးနဲ့ Windows PC ပေါ်မှာ MacOSx 10.5.2 ကို ဘယ်လို Install လုပ်ရလဲဆိုတာပြန်ပြီး Share လုပ်လိုက်ပါတယ်။ ခုကျွန်တော်စမ်းသပ်ခဲ့တာလေးကိုမသိသေးတဲ့သူတွေအတွက်၊ မစမ်းသပ်ဖြစ်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။


My PC Specifications
Asus P5B Series
Intel(R) Core(TM)2 Duo CPU E7300 @2.66GHz
Corsai DDR2 1GB x 2
GForce 8400GS 512MB
Seagate 320GB
PS2 K/B
USB Mouse

Required Items:
iATKOS v1 or Other Installer
BootCD (EmpireEFI_V108, Netbook CD, pirate_efi_x_v0.3,BOOT-DEF-146-BUM, etc)
Snow BootLoader

iATKOS Installer ကိုမသုံးချင်ဘူးဆိုရင်လည်း အပင်ပန်းခံပြီးတော့ တစ်ခြား Installer DVD တွေကို Download ဆွဲနိုင်ပါတယ်။ ဆိုင်တွေမှာမတွေ့ဖူးလို့ပါ။ (ရှိချင်ရှိမှာပါ)
အင်တာနက်ထဲမှာ တွေ့ခဲ့တဲ့ BootCD တွေကတော့ အများကြီးရှိပါတယ်။ ကိုယ်ကြိုက်တာ အဆင်ပြေရာကိုသုံးနိုင်ပါတယ်။ ဘာလို့ HDD 320GB တစ်လုံးတည်းသုံးတာလည်းဆိုတော့ Multi Boot မလုပ်ချင်လို့ပါ။ အလုပ်လည်းရှုပ်ပါတယ်။ လုပ်ချင်တယ်ဆိုရင်တော့ EasyBCD_2.0.2 ကို သုံးနိုင်ပါတယ်။

Step 1: ပထမဆုံး BIOS ထဲမှာ Fire Boot ကို CD/DVD ပေးခဲ့ဖို့တော့ လိုပါမယ်။ iATKOS v1 DVD နဲ့ Boot တက်ပါမယ်။ Darwin/x86 နဲ့ iATKOS က Boot တက်လာပြီဆိုရင် F8 ကိုနှိပ်ပြီး Option ကနေတစ်ဆင့် ကျွန်တော်တို့ Install လုပ်ပါမယ်။ F8 ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် ဆက်ပြီး Install လုပ်ဖို့အတွက် -v နဲ့ ဆက်လုပ်ခိုင်းပါလိ့မ်မယ်။ ကျွန်တော်တို့ -v -f busratio=20 လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။

ဒီနေရာမှာ တစ်ခုပြောချင်တာက busratio က တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ကျွန်တော်ဆိုရင် Asus မှာ busratio=20 သုံးပြီး၊ Acer မှာတော့ busratio=7 သုံးရပါတယ်။ တစ်ခြားစက်တွေအတွက်ကတော့ Google ကို မေးကြည့်ရမှာပဲ။ -v -f busratio=20 လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် Installer Loading လုပ်ပါပြီ။ အလကားမနေပါနဲ့ လိုက်ဖတ်ကြည့်ပါ၊ ဘာတွေပါလိမ့်. ကျွန်တော်တော့ အကုန်နားမလည်ပါဘူး။ Installer က Loading လုပ်နေတုန်း အောက်ကပုံလို System uptime in nanoseconds: xxxxxxxx မှာပဲ ဘယ်နှစ်ကြိမ် Boot လုပ်လုပ်ရပ်နေမယ်ဆိုရင် တစ်ခြားစက်တစ်လုံးမှာ ကြိုးစားကြည့်ပါ။ ဒါမှမဟုတ် Installer DVD ပြောင်းသုံးကြည့်ပါ။ iATKOS v1 ကတော့ တော်တော်များများနဲ့ အဆင်ပြေပါတယ်။ ကျွန်တော်လည်း Acer 4736z မှာတင်ဖူးပါတယ်။ အိုကေပါတယ်။

Step 2: အပေါ်က Loading ပြီးသွားရင်တော့ GUI လာပါပြီ။ ဘာမှရွေးစရာမပါပါဘူး။ Click the button to Continue.. ပါပဲ။ အောက်က Button အ၀ိုင်းလေးကိုနှိပ်ပြီးသွားလိုက်ပါ။ Preparing Mac OS X Leopard Installation... ကို ခဏစောင့်ပေးပါ။ ပြီးရင် Welcome Screen နဲ့အတူ အပေါ်က Menu ကိုမြင်ရပါမယ်။ Continue နဲ့မသွားခင် အရင်ဆုံးကျွန်တော်တို့ Windows တင်သလိုပဲ HDD ကို ပြင်ဆင်ရပါဦးမယ်။ Menu > Utilities > Disk Utility ကိုဖွင့်လိုက်ပါ။ ကျွန်တော့် 320GB အနေနဲ့ပဲပြောမယ်နော်။ ကျွန်တော်တပ်ထားတာ HDD တစ်လုံးဆိုတော့ Disk ကလည်းတစ်လုံးတည်းပေါ့။ ကျွန်တော် Partition နှစ်ပိုင်းခွဲပါမယ်။ Disk ကိုရွေးပေးပါ။ Partition Tab ကိုသွားလိုက်ပါ။ Current လို့ဖြစ်နေတဲ့နေရာကနေ ကိုယ်ကြိုက်သလို Partition ပိုင်းလို့ရပါပြီ။ ကျွန်တော်ကတော့ 2 Partitions ကိုပဲရွေးလိုက်ပါတယ်။ C: နဲ့ D: ဆိုပြီး Partition ပိုင်းခဲ့သလိုပါပဲ။ တစ်ဆင့်တက်ပြီး Partition Size ကို Custom လုပ်ချင်တယ်ဆိုရင်တော့ Custom လုပ်ချင်တဲ့ Partition ကိုရွေးပြီး Size နေရာမှာ လိုအပ်သလောက် ရိုက်ထည့်ပေးလိုက်ရုံပါပဲ။ Untitled 1 ကို ကြိုက်တဲ့နာမည်ပေး၊ ပြီးတော့ Size ကိုလည်း ကြိုက်သလောက်ထား။ ကျွန်တော်ကတော့ MacOSx and 50GB လို့ထားလိုက်ပါတယ်။ Format မှာတော့ Mac OS Extended (Journaled) ကိုရွေးရမှာပေါ့။


Options ကိုနှိပ်ပြီး GUID Partition Table ကိုရွေးပေးလိုက်ပါဦး။ ပြီးပြီဆိုရင် Ok နှိပ်၊ Apply ကိုထပ်နှိပ်၊ Partition Disk လုပ်မှာလားဆိုရင် Partition ကို နှိပ်ပေးလိုက်ပါ။ Partition ပြီးသွားပြီဆိုရင် Verify လုပ်ကြည့်ပါဦး။ Show Details နေရာမှာ The Volume Data appears to be OK. ဆိုရင် ရပါပြီ။
Disk Utility ကိုပိတ်လိုက်ပါ။ Welcome screen ကနေပြီးတော့ Continue ကို နှိပ်နိုင်ပါပြီ။ ထုံးစံအတိုင်း လိုင်စင်ပေါ့၊ Agree ကိုနှိပ်လိုက်ပါ။ Select a Destination ကိုရောက်ပြီဆိုရင် ကျွန်တော်တို့ Install လုပ်မဲ့ Partition ကိုရွေးပေးလိုက်ပါဦး။ 5GB နေရာယူပါလိမ့်မယ်။ Continue နဲ့ဆက်သွားလိုက်ပါ။

Install Summary နေရာမှာတော့ Customize ကိုနှိပ်ပြီး Install Package ကို ထည့်နိုင်၊ ဖြုတ်နိုင်ပါတယ်။ Patches တွေ၊ Drivers တွေ စသည်ဖြင့်ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်အဲ့လိုလျှောက်ထည့် လိုက်တာအကြိမ်ရေတော်တော်များများ Error နဲ့ပဲငြားပြီး MacOSx ကြီးရဲ့ Welcome Song လေးကို နားမထောင်ဖြစ်ခဲ့ပါဘူး။ ဒီတော့ ဘာမှမဖြုတ်မတပ်ဘဲ ဒီတိုင်းလေးပဲ Install လုပ်လိုက်ရအောင်၊ ဒီ Customize အကြောင်းသိချင်ရင်တော့ ထုံးစံအတိုင်း Google is your best friend. ပေါ့ဗျာ။ Install ကိုနှိပ်လိုက်တဲ့အခါမှာ Checking Installation Disk ဆိုရင် Skip ကိုရွေးပြီးကျော်လိုက်ပါ။ Installing ကို ခဏစောင့်လိုက်ပါဦး။ ပြီးရင် Restart လုပ်ခိုင်းပါလိမ့်မယ်။ လုပ်ပေးလိုက်ပါ။

Setp 3: Restart လုပ်ပြီးရင်တော့ BOOT-DEF-146-BUM BootCD ကို ထည့်ပြီး Boot လုပ်ပါ။ -v လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Boot Device ကိုမေးတဲ့အခါမှာ 80 လို့ရိုက်ပြီး Enter ထပ်ခေါက်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ System Partitiion နဲ့ Data Partition ကို မြင်ရပါလိမ့်မယ်။ System Parititon ကိုရွေးပြီး -v -f busratio=20 (or 7) လို့ရိုက်ပြီး Enter ထပ်ခေါက်လိုက်ပါဦး။ Boot လုပ်ပါပြီ။ ခဏထပ်စောင့်လိုက်ပါ။ Welcome Screen နဲ့ပေါ်လာပြီဆိုရင် Continue ပြီးတော့ ထပ် Continue ပေါ့။ Do you Already Own a Mac? မှာတော့ Do not Transfer my information now ကိုရွေးပြီး Continue ကို နှိပ်လိုက်ပါ။ How Do you Conect? မှာဆိုရင် ကျွန်တော်ကတော့ Local Network ကိုပဲရွေးလိုက်ပါတယ်။ Your Internet Connecton မှာတော့ ကိုယ့်မှာအင်တာနက်ရှိတယ်ဆိုရင် Windows PC ရဲ့ Setting အတိုင်းပေးလိုက်ပေါ့။ Apple ID ကိုပေးရင်လည်း ရှိရင်ထည့်ပေးလိုက်မရှိရင်မပေးနဲ့ပေါ့။ Continue ကိုသွားလိုက်ပါ။ ပြီးရင် Apple ID ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောပါလိမ့်မယ်။ Continue ကိုနှိပ်ပြီးသာ သွားလိုက်ပါ။ Registration Information ကိုလည်း သူမေးတာလေးတွေ ထည့်ပေးလိုက်ပါဦး။ သူမေးတာတွေ အားလုံးပြည့်စုံအောင် ထည့်ပေးပြီးပြီဆိုရင်တော့ရပါပြီ။ MacOSx ကို Install လုပ်တာပြီးသွားပါပြီ။

Step 3: နောက်ဆုံးအဆင့်အနေနဲ့ကတော့ BootLoader ထည့်သွင်းပေးရပါမယ်။ ကျွန်တော် Asus M/B မှာ အဆင်ပြေခဲ့တဲ့ Snow BootLoader ကိုပဲ သုံးပါမယ်။ လွယ်လွယ်လေးပါ။ Snow BootLoader ကို Install လုပ်ပြီးရင် Restart လုပ်လိုက်ပါ။ BootCD ကို ထုတ်ပြီး ဒီအတိုင်း Boot တက်ကြည့်ပါ။ Without BootCD ပါပဲ။ အလုပ်လုပ်ပါတယ်။ တစ်ခုရှိတာကတော့ စာဖတ်သူများလည်း ဒီအတိုင်းအဆင်ပြေမယ်လို့ အာမမခံရဲပါဘူး။

ZawGyi သုံးချင်ရင်လည်းရပါတယ်။ http://www.waiphyok.com/2007/10/13/z...-for-mac-os-x/ မှာ ကျွန်တော်တွေ့ထားပါတယ်။

Snow Leopard Retail DVD (10.6.2) (8.5GB) ကို BootCD သုံးပြီး Windows PC ပေါ်မှာတော့ ကျွန်တော်စမ်းကြည့်တာ မရသေးပါဘူး။ ခု OS Version ကတော့ 10.5.1 ပါ။ စမ်းသပ်အသုံးပြုနေစဉ်မှာ ခဏပစ်ထားခဲ့ပြီး ဘာမှမလုပ်ဘဲ မိနစ် ၂၀ လောက်ထားလိုက်မယ်ဆိုရင် မောက်စ်လည်းမလှုပ်တော့ဘူး။ Keyboard လည်းမရတော့ဘူး။ ဒါဆိုရင် Restar လုပ်ရပါတယ်။ တစ်ကယ်လို့ ခဏပစ်ထားခဲ့ချင်တယ်ဆိုရင် Logout လုပ်ထားလိုက်ပါ။ ဒီလိုပြဿနာရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်စမ်းပြီးသလောက်ကတော့ PC တိုင်းမှာလိုလို အဆင်ပြေချင်မှပြေပါလိမ့်မယ်။ အဓိက အဆင်မပြေဖြစ်တာကတော့ BootLoader ပါပဲ။ ကျွန်တော့် Asus M/B မှာကတော့ Snow BootLoader လေးနဲ့အဆင်ပြေသွားပါတယ်။ ဒါပေမဲ့ Acer 4736z မှာတော့ အလုပ်မလုပ်တော့ပါဘူး။ Wifi လည်းမရတော့ပြန်ဘူး။ အဲဒီလိုပြဿနာတွေတော့ရှိတတ်ပါတယ်။ အင်တာနက်ထဲမှာ ကိုယ်နဲ့တူတူအဆင်မပြေဖြစ်ရာကနေ အဆင်ပြေသွားတဲ့ သူတွေရေးထားတဲ့ Post တွေလိုက်ရှာဖတ်သင့်ပါတယ်။ ခု ဒီ MacOS on Windows PC မှမဟုတ်ပါဘူး။ Google ကို နိုင်နိုင်ခိုင်းတတ်ဖို့တော့ လိုအပ်လိမ့်မယ်လို့တော့ အကြံပြုချင်ပါတယ်။ Mac ကိုတစ်ကယ်ကြိုက်တယ်ဆိုရင်တော့ Apple ၀ယ်သုံးတာအကောင်းဆုံးပါပဲ

photo psd file (ဖိုတို ရှောပ်အတွက်အသင့်သုံးဖိုင်လ်များ)

http://www.mediafire.com/?zugntmkd0mn
http://www.mediafire.com/?0untloyukam
http://www.mediafire.com/?nnxgzj0qzgy
http://www.mediafire.com/?jrdwjwyzlwi
http://www.mediafire.com/?mmaz4znytcd
http://www.mediafire.com/?tnomgnqw20x
http://www.mediafire.com/?mlgimozn0zd
http://www.mediafire.com/?zrbgmdn3hgn
http://www.mediafire.com/?wamtnjreizm
http://www.mediafire.com/?m2toywdddnq
http://www.mediafire.com/?w2mvyyjqywg
http://www.mediafire.com/?ga9srqqmn7osz   (ဒီဟာကအပိုက်လိုက်)
http://allday.ru/index.php?newsid=265701    (ဒါကဝဘ်ဆိုက်ပုံတွေစစ်ပြီးဒေါင်းရန်)
http://www.mediafire.com/?thxggl9mhdozo
http://www.mediafire.com/?jrdwjwyzlwi
http://www.mediafire.com/?mmaz4znytcd
http://www.mediafire.com/?tnomgnqw20x
http://www.mediafire.com/?mlgimozn0zd
http://www.mediafire.com/?01zkq66kwxuz8nz
http://www.mediafire.com/?9db89w3oa7ntozg
http://www.mediafire.com/?9bb6teiayi2afbn
http://www.up4vn.com/files/19NCUS6U/Calendar_2012_with_a_Pen_Stand.rar.html
http://www.up4vn.com/files/GC8X41DM/Calendar_2012_with_a_Pen_Stand_2.rar.html
http://www.up4vn.com/files/0TMAIUFD/Calendar_2012_with_a_Pen_Stand_3.rar.html
http://up4vn.com/files/ITWDVX0G/Calendar_2012_with_a_Pen_Stand_4.rar.html
http://up4vn.com/files/1QOS99V6/Calendar_2012_with_a_Pen_Stand_5.rar.html
http://www.embedupload.com/?d=8UEJEXNUR3
http://www.embedupload.com/?d=82N0ATCVSG
http://www.embedupload.com/?d=8HU0AVEIMT
http://fotoramok.net/ (ဒါလေးကတော့် လိုအပ်တာယူလို့ရအောင်ပါ)

Friday, March 2, 2012

တစ်စက္ကန့်ပဲလိုတယ် (သို့) Actions

Photoshop မှာ ထပ်ခါထပ်ခါလုပ်ရတဲ့ အလုပ်တွေကို တစ်ခါသာလုပ်ထားပြီး နောင်တစ်ချိန်မှာ ပြန်သုံးလို့ရအောင် ဖန်တီးပေးထား ပါတယ်။ ဥပမာ သင့်မှာဓါတ်ပုံတွေ အများကြီးကို ပန်းချီပုံစံမျိုး ပြောင်းလဲချင်တယ်ဆိုပါစို့။ ဓါတ်ပုံတစ်ပုံကိုပဲသင်ပြုလုပ်ချင်တဲ့ Step တွေကိုသာ Photoshop ကိုမှတ်သားထားခိုင်းပြီး နောက်ထပ်ပုံတွေကိုတော့ Command တစ်ခု (သို့) Click တစ်ချက်ထဲနဲ့ အဆင်ပြေသွားမှာပါ။ အဲဒါတွေကို Actions လို့ခေါ်ပါတယ်။
ကဲနမူနာတစ်ခုလောက်လုပ်ကြည့်ရအောင်၊ ပထမဆုံးအနေနဲ့ ပုံတစ်ခုကိုဖွင့်လိုက်ပါမယ်။
အဲဒီပုံကိုအထက်မှာပြောခဲ့သလို ပန်းချီပုံစံမျိုးဖြစ်အောင်ပြောင်းပါမယ်။ သင်ပြုလုပ်လိုက်တဲ့ Step တွေကိုမှတ်ထားခိုင်းဖို့တော့ Actions palette ကိုခေါ်ပါမယ် (Windows>Actions) အဲဒီ Actions Palette အောက်ခြေက Create new set ဆိုတဲ့ Button ကိုနှိပ်ပါမယ်။
New set အတွက် နံမည်ပေးဖို့ လာတောင်းတဲ့အခါ mmphotoshop လို့ပေးလိုက်ပါမယ်။ OK ကိုနှိပ်ပါမယ်။
Actions Palette မှာကြည့်ရင် mmphotoshop နံမည်နဲ့ Folder icon လေးတစ်ခုကိုတွေ့ရပါမယ်။
အဲဒီနောက်မှာတော့ Action Palette ကပဲ Create new action button ကိုနှိပ်ပါ။
Name မှာ artist လို့ပေးပြီး Set မှာတော့ mmphotoshop ကိုရွေးထားပါတယ်(အခုပြုလုပ်မည့် Action ကို mmphotoshop ဆိုတဲ့ Action set ထဲမှာသွားထားမယ်လို့ဆိုလိုတာပါ)။ Function Key မှာတော့ F12 ကိုရွေးပေးပါ (အဲဒါက ဒီ Action ရဲ့ Shortcut ပါ)။ ပြီးရင် Record button ကိုနှိပ်ပါ။
အခုအချိန်ကစပြီး သင်ပြုလုပ်သမျှကို Photoshop က artist ဆိုတဲ့ Action အဖြစ်နဲ့ စပြီးမှတ်သားထားနေပါပြီ။ အခုအချိန်မှာ Actions Palette ကို သတိထားကြည့်လိုက်ရင် mmphotoshop အောက်မှာ artist ဆိုတဲ့စာသားလေးကိုတွေ့ရမှာပါ။
mmphotoshop က Action တွေကိုစုစည်းထားတာဖြစ်ပြီး သူ့မှာ Action ပေါင်းများစွာ သိမ်းထားနိုင်ပါတယ်။ အခု artist ဆိုတဲ့ Action ကိုစတင် record လုပ်နေပါပြီ။
အခုတဖန် Filter>Artistic>Watercolor ကိုရွေးလိုက်ပါပြီ။ Setting တွေကိုတော့ သင်စိတ်ကြိုက်တာရွေးပါ။ ပုံလေးဟာပန်းချီပုံပြောင်း လဲသွားပါပြီ။ အဲဒီနောက် Filer>Render>Lighting Effects ကိုရွေးပါ၊ Lighting effect setting box မှာတော့ Style နေရာမှာ Soft Omni ကိုရွေးပါမယ်၊ ပုံမှာကြည့်ပါ Omni Light တစ်ခုပေါလာပါတယ်၊ သူ့ရဲ့ Center အမှတ်ကို mouse နဲ့ Click and Drag လုပ်ပြီးလိုချင်တဲ့ နေရာမှာထားလို့ ရပါတယ် အခုနမူနာမှာတော့ ဒီပုံအတိုင်းထားလိုက်ပါတယ်။ ပြီးတော့ Ok ကိုနှိပ်ပါမယ်။
အဲဒီနောက်မှာတော့ Edit>Fade Lighting Effect ကိုရွေးပါ၊ Opacity ကိုတော့ 50% ထားပေးပါမယ်။ ဒါဆိုရင်သင်ပန်းချီကားချပ်အသွင် ပုံတစ်ခုကိုဖန်တီးပြီးသွားပါပြီ။
Actions Palette အောက်ခြေက Stop playing/recording ကိုနှိပ်ပါ။ အခုဆိုရင် သာမန်ရိုးရိုးပုံတစ်ခုကို ပန်းချီပုံသို့ပြောင်းပေးသော Action တစ်ခုကို သင် Create လုပ်ပြီးသွားပါပြီ။
ထို Action ကိုပြန်လည်အသုံးပြုကြည့်ရအောင်၊ နောက်ထပ်ပုံတစ်ပုံကိုဖွင့်ပါ။ စောစောကပြုလုပ်ခဲ့တဲ့ artist action ကို Actions Palette မှာ Select လုပ်ထားပြီး။ Actions Palette အောက်ခြေမှာပဲရှိတဲ Play selection button ကိုနှိပ်လိုက်ရုံနှင့်ပဲ အလိုလို ပန်းချီပုံအဖြစ်ပြောင်းလဲ သွားမှာပါ။ ဒါမှမဟုတ်လဲ F12 key ကိုနှိပ်လိုက်လဲရပါတယ်။
Actions တွေရဲ့ရှေ့မှာ Toggle dialog on/off ဆိုတဲ့ column လေးတစ်ခုရှိပါသေးတယ်။ သူ့ကို On ထားရင် action ကို Play တဲ့အခါမှာ setting တွေကို လာမေးပါတယ် (ဥပမာ- Filter setting) Off ထားရင်တော့ ဘာမှလာမမေးတော့ပဲ default အတိုင်းအလုပ်လုပ်သွားမှာပါ။ နောက်တစ်ခု ကတော့ Action တွေကို တခြားစက်တစ်ခုဆီကိုကူးသွားချင်ရင် ကူးချင်တဲ့ Action Set ကိုနှိပ်ထားပြီး Palette ရဲ့ Fly out menu ကနေ Save Actions ကိုနှိပ်ပေးလိုက်ရင် file save dialog ပေါ်လာမှာပါ။ လိုချင်တဲ့နံမည်ပေးပြီး file တစ်ခုအနေနဲ့ Save ပြီးတစ်ခြားစက်တစ်ခုကို သယ်ဆောင် သွားလို့ရပါပြီ။ တခြားစက်တစ်ခုမှာတော့ Actions Palette ရဲ့ Fly out menu ကနေပဲ Load Actions ကိုရွေးပေးပြီး စောစောက ကူးလာတဲ့ Action file ရှိတဲ့နေရာကို ညွန်လိုက်ပါ။ ပြီးရင် Load Button နှိပ်ပါ။ ဒါဆိုအဲဒီ စက်ထဲမှာ Action set တစ်ခုပေါ်လာမှာပါ။
အခု Sample file တစ်ခုပေးထားပါတယ် Download လုပ်ပြီး မိမိရဲ့ Photoshop ထဲမှာ Load Actions menu ကိုအသုံးပြုပြီး သင့်ရဲ့ Photoshop ထဲကိုထည့်ပါ။ အဲဒီအခါ SketchByZaw ဆိုတဲ့ Folder icon အောက်မှာ Sketch နဲ့ Sketch Auto ဆိုတဲ့ Action နှစ်ခု ရောက်လာပါလိမ့်မယ်။
Sketch Auto ကို Select လုပ်ပြီး Action ကို Play ကြည့်ပါလား။ သင်သဘောကျမှာ သေချာပါတယ်။ ချစ်သူရဲ့ပုံကို Sketch ဆွဲချင်ပါသလား ဒီ Action လေးကိုသုံးပါ အချိန်အကြာကြီးမလိုပါဘူး . . . . တစ်စက္ကန့်ပဲလိုပါတယ် . . . . .
ဒီအတိုင်းပဲ သင်အမြဲဆောင်ရွက်နေရတဲ့ အလုပ်တွေကို Photoshop မှာ Action များအဖြစ်ပြောင်လဲကာ အလွယ်တကူလျင်မြန်စွာ ပြန်လည် အသုံးပြုနိုင်ပါတယ်။ နောက်တစ်ခုက Photoshop ထဲမှာပါဝင်တဲ့ Default Actions တွေကိုလည်းစမ်းကြည့်စေချင်ပါတယ်။

Layer Mask Blending

Layer mask blending (ဒါမှမဟုတ်) Layer mask fusion ဆိုတာ Photoshop နဲ့ Design ဖန်တီးသူတွေ မသိမဖြစ်တဲ့အရာတစ်ခုထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ဒီနည်းကို Web site banner ဆွဲတဲ့နေရာတွေမှာ အသုံးပြုကြတာများပါတယ်။ File တစ်ခုတည်းမှာ လိုအပ်တဲ့ message ကိုပေးနိုင်တဲ့အထိ ပုံပေါင်းများစွာကို ညင်သာစွာ ကူးပြောင်း blend လုပ်သွားနိုင်သောကြောင့်ဖြစ်ပါတယ်။
၁) ထို့အတွက် လိုအပ်သော ပုံကိုဖွင့်ပါတယ်။ အခုနမူနာပုံမှာ Blend လုပ်မယ့် Image လေးခုပါပြီး တစ်ခုနဲ့တစ်ခု Overlap ဖြစ်နေပါတယ်။
၂) အောက်ဆုံး Layer ရဲ့အပေါ်မှာရှိတဲ့ Layer 2 ကို Layer Mask တစ်ခု ပေါင်းပါမယ်။
၃) ပြီးရင် Linear Gradient Fill ဖြင့် ထို Layer 2 ရှိ ပုံ၏အစပိုင်းနေရာလောက်မှစ၍ ဘယ်ဘက်မှ ညာဘက်သို့ဆွဲပါ။ (Gradient အရောင်ကတော့ အဖြူနဲ့ အနက်ပဲဖြစ်ပါတယ်၊ Layer Mask များအကြောင်း သင်ခန်းစာမှာအသေးစိတ် ဖော်ပြထားပါတယ်)
ဒါဆိုရင် Layer 1 နဲ့ 2 ကြားမှာ သိမ်သိမ်မွေ့မွေ့လေး ကူးသွားတာကို ပုံအတိုင်း တွေ့ရမှာဖြစ်ပါတယ်။
Layer တွေရဲ့ overlap ဖြစ်တဲ့အနေအထားကို လိုက်ပြီး အနည်းငယ် ချိန်ဆရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရဖို့က Gradient Fill လုပ်တဲ့အခါမှာ သက်ဆိုင်ရာ Layer ရဲ့ Layer Mask ကို Select လုပ်ထားဖို့ပဲဖြစ်ပါတယ်။
ဒီအတိုင်း ကျန်တဲ့ Layer 3 နဲ့ 4 ကို Layer Mask နဲ့ blend လုပ်သွားမယ်ဆိုရင်တော့ အောက်က ပုံအတိုင်း တွေ့ရမှာပါ။
Layer Mask အသုံးပြုသွားတာကိုတော့ Layer palette မှာ အောက်ပါအတိုင်းတွေ့ရပါမယ်။
အောက်မှာနမူနာပြထားတဲ့ ပုံနဲ့ website banner တစ်ခုက ဒီ Layer Mask Blending နည်းကို အသုံးပြုထားတာပါ။ အဲဒီလိုဖန်တီးတဲ့နေရာမှာ Gradient Fill ကို Linear အပြင် တခြား Radial, Angle Gradient စတာတွေနဲ့လည်း ပေါင်းစပ်ဖန်တီးလို့ရပါတယ်။

The art of Pattern (PART 3)

Photoshop မှာ Default ထည့်ပေးထားတဲ့ Pattern တွေကတော့ Continuous ဖြစ်အောင် ဖန်တီးပေးထားပြီးဖြစ်ပါတယ်။ Continuous pattern ဆိုတာကတော့ Indefinitely Fill လုပ်နိုင်ပြီး တစ်ခုနဲ့တစ်ခုကြားထဲမှာ ဆက်ရာရှာမရတဲ့ Pattern တွေကို ဆိုလိုတာပါ။
ဒီတစ်ခေါက် Tutorial ကတော့ အဲလို Continuous pattern များကို ဖန်တီးခြင်းဖြစ်ပါတယ်။ ဒီလိုဖန်တီးထားတဲ့ Pattern တွေကို Jpeg အနေနဲ့ Save လုပ်ပြီး အခြားသော AutoCAD, 3D Studio Max အစရှိတဲ့ Software တွေမှာ Plug-in အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။
၁) ပထမဦးဆုံး New File (110 pix - 80 pix) တစ်ခု ဖွင့်ပါ။ ပုံမှန်အားဖြင့် Square pattern များကို ဖန်တီးကြပါသည်။ ဒီ Tutorial မှာတော့ ပိုရှင်းသွားအောင် Rectangular Pattern လုပ်ပြခြင်းဖြစ်ပါသည်။
ပြီးရင် (Filter > Render > Fiber) ဖြင့် အလွယ်ဆုံး Pattern တစ်ခုကို Fill လုပ်လိုက်ပါ။ Pattern နဲ့ ပိုတူသွားအောင် အဲဒီအပေါ်မှာ ခပ်ရှုပ်ရှုပ် Line တွေကို Brush Tool ဖြင့် ဆွဲလိုက်ပါတယ်။
အဲဒီ ပုံကို Continuous Pattern အဖြစ် ပြောင်းပါမယ်။

၂) Filter > Other > Offset သို့ဝင်ပါ။ Offset တန်ဖိုးများအဖြစ် Horizontal = 55 pix နဲ့ Vertical = 40 pix အသီသီးထားပါမယ်။ မူလပုံတစ်ခုလုံး Pixel တန်ဖိုးများရဲ့ တစ်ဝက်ဆီဖြစ်ပါတယ်။ ဒါဆိုရင် အောက်ကအတိုင်းတွေ့ရမှာပါ။
၃) Clone Stamp Tool ကို အသုံးပြုပြီး အလယ်မှ ဆက်ရာကဲ့သို့ဖြစ်နေသော နေရာများကို ဖာထေးပါ။ Brush ကတော့ Soft rounded brush ပဲဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက ပုံရဲ့အနားစွန်းများကို မထိမိစေရန်ဂရုစိုက်ပါ။
ပြီးလျှင်တော့ ပုံအတိုင်းတွေ့ရပါမည်။
၎) ဒီပုံကို (Edit > Define Pattern) ဖြင့် Save လုပ်ပြီး Paint Bucket Tool, Pattern ဖြင့် Fill လုပ်ပြီး အသုံးပြုနိုင်ပါပြီ။
အခုနမူနာလုပ်ပြထားတဲ့ Pattern က နားလည်လွယ်အောင် အဖြူအမည်းနဲ့ လုပ်ပြထားခြင်းဖြစ်ပါတယ်။ ပြီးတော့ အဆင့် (၃) Clone Stamp လုပ်တဲ့နေရာမှာ ပုံရဲ့ အနားစွန်းတွေကို ထိခိုက်မိတဲ့အတွက် Continuous pattern စစ်စစ်မဖြစ်သေးပါဘူး။ Fill လုပ်တဲ့ ကြားထဲမှာ ဆက်ရာတွေ ပေါ်နေသေးတာကို တွေ့နိုင်ပါတယ်။ အဲသလိုဆိုရင် အဆင့် (၂) ဖြစ်တဲ့ Offset Filter ကို တစ်ခေါက်ပြန်ဝင်ပြီး Clone Stamp ကို ပြန်လုပ်ရပါလိမ့်မယ်။ အကယ်၍ Clone အလုပ်များသွားပြန်ရင်လည်း ပုံက ၀ါးသွားတတ်ပါတယ်။ ဒါကိုတော့ လိုအပ်သလို ချိန်ဆရမှာဖြစ်ပါတယ်နော်…။

တကယ်တမ်းပြောရရင် ဒီနည်းကို အသုံးပြုခြင်းဖြင့် မိမိကိုယ်တိုင် ဓာတ်ပုံရိုက်ထားတဲ့ (ဒါမှမဟုတ်) Photo Blog တွေမှာ အလွယ်တကူရနိုင်တဲ့ Sand, Granite, Gravel, Fiber အစရှိသော Pattern များကို Continuous pattern များအဖြစ် အလွယ်တကူပြုလုပ်နိုင်ပါတယ်။
အခြားသော Brick, Tile, Grill အစရှိတာတွေကို Continuous ပြုလုပ်တာကတော့ ဒီ Tutorial အတိုင်းဖြစ်ပေမယ့် အနည်းငယ်ပို လက်ဝင်ပြီး စိတ်ရှည်ရပါတယ်။ နောင် Tutorial တွေမှာ အလျဉ်းသင့်ရင် ပြောပြပေးသွားပါမယ်။

The art of Pattern (PART 2)

ကိုယ်ပိုင် Pattern File တစ်ခုကိုပြုလုပ်မယ်ဆိုရင် ဦးစွာသတိပြုရမှာက အသုံးပြုမယ့် Document အရွယ်အစားပါ၊ အဲဒီ Document ထဲမှာ မိမိပြုလုပ်မယ့် Pattern ကိုဘယ်လိုအရွယ်အစား မျိုးနဲ့ပေါ်ချင်သလဲဆိုတာ တွက်ချက်ရပါမယ်။ ဥပမာ Document က ၆ လက်မပတ်လည် ကို Resolution က ၁၀၀ နဲ့ဆိုပါစို့၊ (Pixel Dimension = ၆၀၀ by ၆၀၀) အဲဒီ Document တစ်ခုလုံးကို ကျားကွက်ပုံ တွေကိုနေရာအနံ့ Fill ချင်တယ်ဆိုပါတော့။ အကွက်ပေါင်းကို အလျား ရော အနံပါ ၁၂ ကွက်လိုချင်ရင် 600 / 12 = 50 Pixel ရမှာပါ။
New Document တစ်ခုကို ၁ လက်မပတ်လည်နဲ့ Resolution ကို 100 နဲ့ ယူပါ။ ဒါဆိုရင် Pixel Dimension အရဆိုရင် 100 by 100 pixel ရှိပါတယ်။ ကျားကွက်ကိုအဖြူနဲ့အနက်ရောင်ကွက်တွေ ပြုလုပ်ပါမယ်၊ အကွက်တစ်ကွက်ကို 50 pixel ယူလိုက်ရအောင်။ Ruler Bar ကိုခေါ်ထားပါဦး (Ctrl + R)။ ပြီးရင် View>New Guide menu ကိုရွေးပါ၊ New Guide option မှာ Orientation ကို Vertical ထားပြီး Position ကို 0.5 in ထားပြီး OK နှိပ်ပါ။
တစ်ခါ Orientation ကို Horizontal နဲ့ Position ကို 0.5 in နဲ့ပဲနောက်ထပ် Guide တစ်ခုပြုလုပ်ပါဦး။ အခုဆိုရင် Document မှာ Guide လိုင်းနှစ်ခုရှိနေပါပြီ။ အဲဒီ Guide နှစ်ခုကို အသုံးပြုပြီး Rectangular Marquee tool နဲ့ လေးထောင့် Selection နှစ်ခုကိုပုံပါအတိုင်း ဖန်တီးပြီး အနက်ရောင် Fill လုပ်လိုက်ပါ။ ပုံကိုကြည့်ပါ။ အဖြူနှစ်ကွက် အနက်ရောင်နှစ်ကွက် ရှိနေပါတယ်။ တစ်ကွက်စီဆိုရင် ၅၀ Pixel ရှိပါတယ်၊ သတိပြုပါ။
အဲဒီနောက် Deselect လုပ်ပါ။ ပြီးမှ Document တစ်ခုလုံးကို Select (Ctrl + A) လုပ်ပါ၊ Edit>Define Pattern menu ကိုရွေးပါ။ Define Dialog box မှာ Preview လေးတစ်ခုပါမြင်နေရမှာပါ။ Name နေရာမှာ chess လို့ရိုက်လိုက်ပါ။ ပြီးရင် OK နှိပ်ပါ။ ပုံကိုကြည့်ပါ။
အခုဆိုရင် chess ဆိုတဲ့ Pattern တစ်ခုကို သင်ဖန်တီးပြီးသွားပါပြီ။ အသုံးပြုကြည့်ရအောင်၊ New Document ကိုအထက်မှာပြောခဲ့တဲ့အတိုင်း ၆ လက်မပတ်လည်ကို Resolution 100 နဲ့ Create လုပ်ပါ။ ပြီးရင် Edit>Fill မှာ Pattern type ကိုရွေးပါ၊ Pattern Picker ရဲ့ နောက်ဆုံးမှာ သင် Create လုပ်ထားတဲ့ Pattern လေးကိုမြင်ရမှာပါ။
အဲဒီ Pattern ပေါ်ကို Mouse တင်လိုက်တာနဲ့ chess ဆိုတဲ့ Pattern name နဲ့အတူ 100 by 100 pixels, RGB mode ဆိုတဲ့စာသားလေးကို မြင်ရမှာပါ။ အဲဒါတွေကတော့ သင်Create လုပ်ထားတဲ့ အရွယ်အစားနဲ့ Color mode ကိုပြောပြတာပါ။ အဲဒီ Pattern ကို Click လုပ်ပါ၊ ပြီးရင် OK ကို Click လုပ်ပြီးတာနဲ့ Document တစ်ခုလုံးမှာ ကျားကွက် အလျားရောအနံပါ ၁၂ ကွက်စီရှိနေတာတွေ့ရမှာပါ။ (600 / 50 = 12)
အကယ်၍များ သင် New Document တစ်ခုကိ ၆ လက်မ ပတ်လည် Resolution ကိုတော့ ၂၀၀ ယူလိုက်တယ်ဆိုပါတော့။ အဲဒီ Document ထဲမှာ chess pattern လေးကိုပဲ Fill လုပ်ကြည့်ရင် ကျားကွက်လေးပေါင်း ၂၄ ကွက်ဖြစ်လာမှာပါ။ (1200 / 50 = 24)
အကယ်၍ Fill မည့် Document က ၆လက်မပတ်လည်ကိုပဲ ၅၀ Pixel Resolution နဲ့ဆိုရင် chess ကွက်တွေဟာ ၆ ကွက်ထဲပေါ်လာမှာပါ။
အခုနောက်ထပ် Pattern တစ်ခုကိုထပ်လုပ်ကြည့်ရအောင်။ New Document တစ်ခုကိုအရင်အတိုင်းပဲ ၁ လက်မပတ်လည်နဲ့ Resolution ကို 100 နဲ့ပဲယူပါ။ ပြီးရင်အရင်အတိုင်းပဲ Guide လိုင်းနှစ်ခုကို အလျားလိုက်ရော ထောင်လိုက်ပါပြုလုပ်ပါ။ ပုံပါအတိုင်းအောက်ဘက် နှစ်ကွက်ကို အနီရောင် Fill လိုက်ပါ။
အဲဒီနောက် Edit>Stroke ကို Color မှာအဖြူရောင် Location မှာInside နဲ့ Width ကတော့ 3 pixel နဲ့လုပ်ပါမယ်။ ပုံကိုအခုလိုမြင်ရပါပြီ။
ပြီးနောက် ဘယ်ဘက်အစွန်အပေါ်ကအကွက်ကိုအနီရောင် Fill လိုက်ပါမယ်။ ပြီးရင် Edit>Stroke ကို Color မှာအဖြူရောင် Location မှာInside နဲ့ Width ကတော့ 3 pixel နဲ့လုပ်ပါမယ်။
အဲဒီနောက်မှာတော့ Deselect လုပ်ပါမယ်။ Magic Wand ကိုရွေးပြီး နောက်ဆုံးလုပ်ခဲ့တဲ့ အပေါ်ကလေးထောင့်ကွက်ကို Select လုပ်ပါ။ ပြီးရင် ထို Selection ကိုဘယ်ဘက်သို့ Left Arrow Key ကိုနှိပ်ခြင်းဖြင့်ရွေပါ။ ပြီးရင်အနီရောင်ပြန် Fill ပါမယ်။ ပုံကိုကြည့်ပါ။
ညာဘက်ကအကွက်ကိုလဲ ဒီအတိုင်းပဲပြုလုပ်လိုက်ရင် ဒီလိုပုံရလာမှာပါ။ Magic Wand နဲ့ Select လုပ်ပြီးရင်တော့ Selection ကိုရွေတဲ့အခါမှာ  ညာဘက်ကို ရွေရမှာနော်။
Select All (Ctrl + A) လုပ်ပါ၊ ပြီးရင်တော့ Edit>Define Pattern ကို နှိပ်ပြီး Pattern တစ်ခုလုပ်လိုက်ရုံပါပဲ။ Pattern Name ကိုတော့ brick လို့ပေးထားပါဦး။ ဒါဆိုရင် သင် Pattern နှစ်ခုပြီးလုပ်ပြီးပါပြီ၊ New Document တစ်ခုယူပြီး ဒီ Pattern ကို Fill လုပ်ကြည့်ရင် အုတ်ကွက်ပုံလေး တွေ တွေ့ရမှာပါ၊ စမ်းကြည့်ပါ။
နောက်တစ်ဆင့်က အဲဒီ Pattern နှစ်ခုကို File တစ်ခုအနေနဲ့ Save ထားဖို့ပါပဲ၊ အဲဒီအတွက်တော့ Edit>Preset Manager ကိုသွားပါ။
Preset type မှာ Patterns ကိုရွေးပါ၊ Pattern Picker ရဲ့နောက်ဆုံးမှာသင်ပြုလုပ်ခဲ့တဲ့ Pattern နှစ်ခုရှိနေပါတယ်။ chess ကို Click လုပ်ပါ၊ ပြီးရင်တော့ brick ကို Shift Key ပါတွဲနှိပ်ပြီး Click လုပ်ပါ ( Selection ထဲပေါင်းထည့် တဲ့သဘောပါ)။ Pattern နှစ်ခုစလုံး Select ဖြစ်နေ တော့မှ Save Set ဆိုတဲ့ Button ကို Click လုပ်ပါ။ File Save ဖို့နာမည် တောင်းတဲ့အခါ မိမိကြိုက်နှစ်သက်ရာပေးလိုက်ပါ၊ အခုတော့ mmphotoshop ဆိုတဲ့ နံမည်ကိုပေးလိုက်ပါတယ်။ ပြီးရင် Preset Manager ကိုပိတ်လိုက်ပါ။ သင့်ကိုယ်ပိုင် Pattern file တစ်ခုတည်ဆောက် ပြီးသွားပါပြီ။ သင်ပြုလုပ်ထားသော Pattern ကို Pattern Fly Out menu မှ Load Pattern menu ဖြစ်စေ Replace Pattern menu ဖြင့်ဖြစ်စေ ခေါ်ယူအသုံးပြုနိုင်ပါတယ်။ Pattern file List အဖြစ် Fly Out menu တွင် ပေါ်စေလိုပါက PhotoShop ကို Reset လုပ်ပေးလိုက်ရုံပါပဲ။
ဒီနည်းအတိုင်းပဲ သင်လိုချင်သော Pattern File များကိုတည်ဆောက်ထားနိုင်ပါတယ်။ တစ်ခုပြောစရာရှိသေးတာက Edit>Define Pattern menu ဟာ Selection လုံးဝမရှိလဲပေါ်ပါတယ်၊ အဲဒီအခါမှာ Pattern area ဟာ Document တစ်ခုလုံးလို့ဆိုလိုတာပါ။ နောက်အခြေအနေတစ်ခု က Selection ဟာ လုံးဝလေးတောင့်ဖြစ်နေရပါမယ်။ အောက်မှာပြထားတဲ့ Selection တွေဟာဆိုရင် Define Pattern menu ကိုပေါ်လာစေမှာ မဟုတ်ပါဘူး။ သေသေချာချာသတိထားရမှာပါ။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ