Photoshop မှာ  ထပ်ခါထပ်ခါလုပ်ရတဲ့ 
အလုပ်တွေကို တစ်ခါသာလုပ်ထားပြီး နောင်တစ်ချိန်မှာ  ပြန်သုံးလို့ရအောင် 
ဖန်တီးပေးထား ပါတယ်။ ဥပမာ သင့်မှာဓါတ်ပုံတွေ  အများကြီးကို  
ပန်းချီပုံစံမျိုး ပြောင်းလဲချင်တယ်ဆိုပါစို့။  
ဓါတ်ပုံတစ်ပုံကိုပဲသင်ပြုလုပ်ချင်တဲ့  Step တွေကိုသာ Photoshop 
ကိုမှတ်သားထားခိုင်းပြီး နောက်ထပ်ပုံတွေကိုတော့  Command  တစ်ခု (သို့) 
Click တစ်ချက်ထဲနဲ့ အဆင်ပြေသွားမှာပါ။ အဲဒါတွေကို Actions  လို့ခေါ်ပါတယ်။
ကဲနမူနာတစ်ခုလောက်လုပ်ကြည့်ရအောင်၊ ပထမဆုံးအနေနဲ့  ပုံတစ်ခုကိုဖွင့်လိုက်ပါမယ်။

အဲဒီပုံကိုအထက်မှာပြောခဲ့သလို 
ပန်းချီပုံစံမျိုးဖြစ်အောင်ပြောင်းပါမယ်။  သင်ပြုလုပ်လိုက်တဲ့ Step 
တွေကိုမှတ်ထားခိုင်းဖို့တော့ Actions palette  ကိုခေါ်ပါမယ်  
(Windows>Actions) အဲဒီ Actions Palette အောက်ခြေက Create new set  
ဆိုတဲ့ Button  ကိုနှိပ်ပါမယ်။

New set အတွက် နံမည်ပေးဖို့ လာတောင်းတဲ့အခါ mmphotoshop လို့ပေးလိုက်ပါမယ်။  OK  ကိုနှိပ်ပါမယ်။

Actions Palette မှာကြည့်ရင် mmphotoshop နံမည်နဲ့ Folder icon  လေးတစ်ခုကိုတွေ့ရပါမယ်။

အဲဒီနောက်မှာတော့ Action Palette ကပဲ Create new action button ကိုနှိပ်ပါ။

Name မှာ artist လို့ပေးပြီး Set မှာတော့ mmphotoshop  
ကိုရွေးထားပါတယ်(အခုပြုလုပ်မည့် Action ကို mmphotoshop ဆိုတဲ့ Action set 
 ထဲမှာသွားထားမယ်လို့ဆိုလိုတာပါ)။ Function Key မှာတော့ F12 ကိုရွေးပေးပါ  
(အဲဒါက ဒီ  Action ရဲ့ Shortcut ပါ)။ ပြီးရင် Record button ကိုနှိပ်ပါ။

အခုအချိန်ကစပြီး သင်ပြုလုပ်သမျှကို Photoshop က artist 
ဆိုတဲ့ Action  အဖြစ်နဲ့  စပြီးမှတ်သားထားနေပါပြီ။ အခုအချိန်မှာ Actions 
Palette ကို  သတိထားကြည့်လိုက်ရင်  mmphotoshop အောက်မှာ artist 
ဆိုတဲ့စာသားလေးကိုတွေ့ရမှာပါ။

mmphotoshop က Action တွေကိုစုစည်းထားတာဖြစ်ပြီး သူ့မှာ 
Action  ပေါင်းများစွာ  သိမ်းထားနိုင်ပါတယ်။ အခု artist ဆိုတဲ့ Action 
ကိုစတင် record လုပ်နေပါပြီ။
အခုတဖန် Filter>Artistic>Watercolor 
ကိုရွေးလိုက်ပါပြီ။ Setting  တွေကိုတော့  သင်စိတ်ကြိုက်တာရွေးပါ။ 
ပုံလေးဟာပန်းချီပုံပြောင်း လဲသွားပါပြီ။ အဲဒီနောက်  
Filer>Render>Lighting Effects ကိုရွေးပါ၊ Lighting effect setting  
box မှာတော့  Style နေရာမှာ Soft Omni ကိုရွေးပါမယ်၊ ပုံမှာကြည့်ပါ Omni 
Light  တစ်ခုပေါလာပါတယ်၊  သူ့ရဲ့ Center အမှတ်ကို mouse နဲ့ Click and Drag
 လုပ်ပြီးလိုချင်တဲ့  နေရာမှာထားလို့ ရပါတယ် အခုနမူနာမှာတော့ 
ဒီပုံအတိုင်းထားလိုက်ပါတယ်။  ပြီးတော့ Ok  ကိုနှိပ်ပါမယ်။

အဲဒီနောက်မှာတော့ Edit>Fade Lighting Effect ကိုရွေးပါ၊
 Opacity ကိုတော့  50%  ထားပေးပါမယ်။ ဒါဆိုရင်သင်ပန်းချီကားချပ်အသွင်  
ပုံတစ်ခုကိုဖန်တီးပြီးသွားပါပြီ။

Actions Palette အောက်ခြေက Stop playing/recording 
ကိုနှိပ်ပါ။ အခုဆိုရင်  သာမန်ရိုးရိုးပုံတစ်ခုကို 
ပန်းချီပုံသို့ပြောင်းပေးသော Action တစ်ခုကို သင်  Create  
လုပ်ပြီးသွားပါပြီ။

ထို Action ကိုပြန်လည်အသုံးပြုကြည့်ရအောင်၊ 
နောက်ထပ်ပုံတစ်ပုံကိုဖွင့်ပါ။  စောစောကပြုလုပ်ခဲ့တဲ့ artist action ကို 
Actions Palette မှာ Select  လုပ်ထားပြီး။  Actions Palette 
အောက်ခြေမှာပဲရှိတဲ Play selection button  ကိုနှိပ်လိုက်ရုံနှင့်ပဲ  
အလိုလို ပန်းချီပုံအဖြစ်ပြောင်းလဲ သွားမှာပါ။ ဒါမှမဟုတ်လဲ F12 key  
ကိုနှိပ်လိုက်လဲရပါတယ်။
Actions တွေရဲ့ရှေ့မှာ Toggle dialog on/off ဆိုတဲ့ column
  လေးတစ်ခုရှိပါသေးတယ်။  သူ့ကို On ထားရင် action ကို Play တဲ့အခါမှာ 
setting တွေကို လာမေးပါတယ်  (ဥပမာ-  Filter setting) Off ထားရင်တော့ 
ဘာမှလာမမေးတော့ပဲ default  အတိုင်းအလုပ်လုပ်သွားမှာပါ။ နောက်တစ်ခု ကတော့ 
Action တွေကို  တခြားစက်တစ်ခုဆီကိုကူးသွားချင်ရင် ကူးချင်တဲ့ Action Set 
ကိုနှိပ်ထားပြီး  Palette  ရဲ့ Fly out menu ကနေ Save Actions 
ကိုနှိပ်ပေးလိုက်ရင် file save dialog  ပေါ်လာမှာပါ။ လိုချင်တဲ့နံမည်ပေးပြီး
 file တစ်ခုအနေနဲ့ Save  ပြီးတစ်ခြားစက်တစ်ခုကို  သယ်ဆောင် သွားလို့ရပါပြီ။
 တခြားစက်တစ်ခုမှာတော့ Actions Palette ရဲ့ Fly  out menu  ကနေပဲ Load 
Actions ကိုရွေးပေးပြီး စောစောက ကူးလာတဲ့ Action file  ရှိတဲ့နေရာကို  
ညွန်လိုက်ပါ။ ပြီးရင် Load Button နှိပ်ပါ။ ဒါဆိုအဲဒီ စက်ထဲမှာ Action set 
 တစ်ခုပေါ်လာမှာပါ။

အခု Sample file တစ်ခုပေးထားပါတယ်  Download
 လုပ်ပြီး မိမိရဲ့ Photoshop ထဲမှာ Load  Actions menu ကိုအသုံးပြုပြီး 
သင့်ရဲ့ Photoshop ထဲကိုထည့်ပါ။ အဲဒီအခါ  SketchByZaw  ဆိုတဲ့ Folder icon 
အောက်မှာ Sketch နဲ့ Sketch Auto ဆိုတဲ့ Action နှစ်ခု  ရောက်လာပါလိမ့်မယ်။

Sketch Auto ကို Select လုပ်ပြီး Action ကို Play 
ကြည့်ပါလား။  သင်သဘောကျမှာ  သေချာပါတယ်။ ချစ်သူရဲ့ပုံကို Sketch 
ဆွဲချင်ပါသလား ဒီ Action လေးကိုသုံးပါ  အချိန်အကြာကြီးမလိုပါဘူး . . . . 
တစ်စက္ကန့်ပဲလိုပါတယ် . . . . .

ဒီအတိုင်းပဲ သင်အမြဲဆောင်ရွက်နေရတဲ့ အလုပ်တွေကို Photoshop
 မှာ Action  များအဖြစ်ပြောင်လဲကာ အလွယ်တကူလျင်မြန်စွာ ပြန်လည် 
အသုံးပြုနိုင်ပါတယ်။  နောက်တစ်ခုက  Photoshop ထဲမှာပါဝင်တဲ့ Default 
Actions တွေကိုလည်းစမ်းကြည့်စေချင်ပါတယ်။





0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။