Layer mask blending  (ဒါမှမဟုတ်) Layer mask 
fusion ဆိုတာ Photoshop နဲ့ Design ဖန်တီးသူတွေ  မသိမဖြစ်တဲ့အရာတစ်ခုထဲမှာ 
အပါအ၀င်ဖြစ်ပါတယ်။ ဒီနည်းကို Web site banner  ဆွဲတဲ့နေရာတွေမှာ 
အသုံးပြုကြတာများပါတယ်။ File တစ်ခုတည်းမှာ လိုအပ်တဲ့  message  
ကိုပေးနိုင်တဲ့အထိ ပုံပေါင်းများစွာကို ညင်သာစွာ ကူးပြောင်း blend  
လုပ်သွားနိုင်သောကြောင့်ဖြစ်ပါတယ်။
၁) ထို့အတွက် လိုအပ်သော ပုံကိုဖွင့်ပါတယ်။ အခုနမူနာပုံမှာ Blend လုပ်မယ့်  Image  လေးခုပါပြီး တစ်ခုနဲ့တစ်ခု Overlap ဖြစ်နေပါတယ်။


၂) အောက်ဆုံး Layer ရဲ့အပေါ်မှာရှိတဲ့ Layer 2 ကို Layer Mask တစ်ခု  ပေါင်းပါမယ်။

၃) ပြီးရင် Linear Gradient Fill ဖြင့် ထို Layer 2 ရှိ  
ပုံ၏အစပိုင်းနေရာလောက်မှစ၍  ဘယ်ဘက်မှ ညာဘက်သို့ဆွဲပါ။ (Gradient 
အရောင်ကတော့ အဖြူနဲ့ အနက်ပဲဖြစ်ပါတယ်၊  Layer  Mask များအကြောင်း 
သင်ခန်းစာမှာအသေးစိတ် ဖော်ပြထားပါတယ်)


ဒါဆိုရင် Layer 1 နဲ့ 2 ကြားမှာ သိမ်သိမ်မွေ့မွေ့လေး ကူးသွားတာကို  ပုံအတိုင်း  တွေ့ရမှာဖြစ်ပါတယ်။

Layer တွေရဲ့ overlap ဖြစ်တဲ့အနေအထားကို လိုက်ပြီး 
အနည်းငယ်  ချိန်ဆရမှာဖြစ်ပါတယ်။  ဒီနေရာမှာ သတိထားရဖို့က Gradient Fill 
လုပ်တဲ့အခါမှာ သက်ဆိုင်ရာ Layer ရဲ့  Layer  Mask ကို Select 
လုပ်ထားဖို့ပဲဖြစ်ပါတယ်။

ဒီအတိုင်း ကျန်တဲ့ Layer 3 နဲ့ 4 ကို Layer Mask နဲ့ blend  လုပ်သွားမယ်ဆိုရင်တော့  အောက်က ပုံအတိုင်း တွေ့ရမှာပါ။

Layer Mask အသုံးပြုသွားတာကိုတော့ Layer palette မှာ  အောက်ပါအတိုင်းတွေ့ရပါမယ်။

အောက်မှာနမူနာပြထားတဲ့ ပုံနဲ့ website banner တစ်ခုက ဒီ 
Layer Mask  Blending  နည်းကို အသုံးပြုထားတာပါ။ အဲဒီလိုဖန်တီးတဲ့နေရာမှာ 
Gradient Fill ကို  Linear အပြင်  တခြား Radial, Angle Gradient 
စတာတွေနဲ့လည်း ပေါင်းစပ်ဖန်တီးလို့ရပါတယ်။







0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။