Welcome to my blog :)

rss

Sunday, February 19, 2012

အမေးအဖြေ (၂၈)(၁၈ နှစ်ပြည့်မှ ဖတ်ပါ)

၁။ Morning sickness က ကိုယ်ဝန်ဘယ်နှစ်ပတ်လောက်မှာ စတတ်ပါသလဲ
၂။ ဆေးဆက်သောက်ပြီး ရာသီလာအောင်လုပ်ရမလား။
၃။ Ecce2 72 နာရီအတွင်းသောက်ရတဲ့ အရေးပေါ်ဆေး ဝယ်တိုက်ပါတယ်။
၎။ (၂ ချောင်းပေါ်) ကိုယ်ဝန်ရှိနေတယ်ဆရာ။
၅။ သူဆီးသွားရင် အောင့်နေတယ်ပြောပါတယ်။
၆။ ဇန်နဝါရီလမှာ လာရက်အတိုင်း မလာပါဘူး။
၇။ ဒီဆေးကဒ်လေးက သူနဲ့ အဆင်ပြေတယ်ဆိုပြီး သောက်နေပါတယ်။
February 4, 2012 1:40 PM
Morning sickness က ကိုယ်ဝန်ဘယ်နှစ်ပတ်လောက်မှာ စတတ်ပါသလဲ ဆရာ။ အဲဒါ ဘာတွေပါလဲရှင့်။ ကိုယ်ဝန် ၂ ပတ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဆရာသမီး လွန်ခဲ့တဲ့ ၂ ပတ်နဲ့ ၄ ရက်ကမှ ဓမ္မတာပေါ်ထားတာပါရှင့်။ ဒါပေမယ့် ဆီးစစ်တော့ Positive ဖြစ်နေပါတယ်ရှင့်။

ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း

2012/2/4
(့)၊ အသက် ၂၇ ပါ၊ အိမ်ထောင်ရှိပါတယ်။ ကလေးမရှိသေးပါဘူး။ (့) မှာနေတာပါ။ မေးချင်တာက ကျမငယ်ငယ်ကတည်းက ရာသီသိပ်မမှန်တတ်ဘူး။ အမြဲနောက်ကျတတ်တယ်။ ၁၂ လမှာ ၉ လလောက်ကနောက်ကျ တယ်။ အခုအိမ်ထောင်ကျပြီးတော့ ဘာဆေးမှမသုံးပါဘူး။ ကွန်ဒုံးပဲသုံးပါတယ်။ (ရာသီလာပြီး ၁ ရက် ၂ ရက်ကလွဲလို့ပေါ့။ ဆေးတွေက နောက်ပိုင်းကလေးလိုချင်ရင် အနှောက်အယှက်ရှိတယ်ဆိုလို့ပါ။ ပြီးခဲ့တဲ့လက ရာသီမလာတာ ၁ လကျော်သွားပြီ။ တစ်ခါမှဒီလို တလလုံး မပျက်ဖူးပါဘူး။ နောက်ကျလို့ ကေသီပန်တွေသောက်တယ်။ အရင်လည်း ကေသီပန် ၃-၄ ကဒ်လောက်သောက်ရင်လာပြီ။ အခုသောက်တာ ၈ ကဒ်လောက်ရှိပြီ၊ မလာသေးဘူး။ ကလေးလည်းမရှိပါဘူး။ PT Test စစ်ကြည့်ပြီးပြီ။ ကလေးယူဖို့စဉ်းစားထားလို့ အခု ကွန်ဒုံးမသုံးပဲ နေလိုက်လို့ ကလေးရနိုင်လား။ ရရင် သောက်ထားတဲ့ဆေးတွေက side effect ပေးနိုင်လားဟင်။ ကလေးကို ထိခိုင်မှာစိုးလို့။ အခုဘယ်လိုဆက်လုပ်သင့်လဲဆိုတာ အကြံတောင်းတာပါ။ ဆေးဆက်သောက်ပြီး ရာသီလာအောင်လုပ်ရမလား။ ကလေးစယူလိုက်လို့ရမလား။

မစိုးရိမ်ပါနဲ့။ တိုင်းရင်းဆေး၊ မြန်မာဆေးတွေအကြောင်း ဆရာသိပ်မသိပါ။ တားဆေးမသောက်၊ (ကွန်ဒွမ်) လဲမသုံးရင် ကိုယ်ဝန်ရလာမှာပါ။ အားဆေးကလွဲရင် ဘာဆေးတွေမှာ မသောက်ဘဲနေတာကောင်းပါမယ်။
လိုမယ်ထင်မှာ OG ပြပါ။ သိသလောက် ကေသီပန်မှာ Menstrogen ဆေးနဲ့တူတာပါတယ်။ ရာသီလာအောင် လုပ်တာဖြစ်တယ်။ ကလေးလိုချင်ရင်တော့ မသောက်တာကောင်းပါမယ်။
လိုသေးရင်လဲ မေးပါ။

Fri, Feb 3, 2012 at 10:59 PM
ဒေါက်တာရှင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ဆရာ့ website မှာ ဖတ်ရလို့ ဆရာ့ကို အထူးကျေးဇူးတင်မိပါတယ်။ ဆရာ page မှာ မမေးရဲလို့ mail နဲ့ ကျွန်မ သိလိုတာလေးတခုလောက် မေးပါရစေရှင့်။ (နားနဲ့မနာ ဖဝါးနဲ့သာနာ ပေးပါဆရာ) ကျွန်မနဲ့ ကျွန်မချစ်သူတို့ တခါတလေ အတူနေမိကြပါတယ်။ အတူနေပြီးတိုင်း ကျွန်မချစ်သူက Ecce2 72 နာရီအတွင်းသောက်ရတဲ့ အရေးပေါ်ဆေး ဝယ်တိုက်ပါတယ်။ ဆေးကပ် မှာ နှစ်လုံးဆေဖြစ်ပြီး ဆေးအညွန်းအရ ပထမ ဆေးလုံးတစ်လုံးသောက်ပြီး နောက် ၁၂ နာရီ မှာ ဒုတိယ ဆေးလုံကို သောက်ရမယ်လို့ ပါပါတယ်။ ဒါပေမဲ့ ကျွန်မချစ်သူက ဆေးနှစ်လုံးစလုံး တပြိုင်နက်ထဲသောက်မှ ပိုစိတ်ချ ရကြောင်းပြောပြီး ဆေးနှစ်လုံးစလုံး တပြိုင်နက် သောက်ခိုင်းပါတယ်။ သူပြောသည့်အတိုင်း မသောက်လျှင် ကိုယ်ဝန်ရှိမှာစိုးသောကြောင့် ဆေးနှစ်လုံး စလုံး တပြိုင်နက်ထဲသောက်နေခဲ့ပါတယ်။ ဆေး ၇ ကြိမ်သောက်ပြီး ယ္ခုချိန်ထိ ကိုယ်ဝန် ပြဿနာမရှိခဲ့ပါ။ ကျွန်မအနေနဲ့ ဆေးအညွန်းအတိုင်းသာ သောက်လိုပါသော်လဲ သူပြောသလို နှစ်လုံးသောက်ခြင်းကြောင့် ကိုယ်ဝန်မရခဲ့တာများလားဟုလဲ တွေးမိပါတယ်။ သူပြောသလို မသောက်လို့ ကိုယ်ဝန် ရသွားမှာလဲ စိုးပါတယ်။ ဆေးအညွန်းမှာပါတဲ့အတိုင်း ဆေးတစ်လုံးနဲ့ တစ်လုံး ၁၂ နာရီခြားသောက်ခြင်းနဲ့ နှစ်လုံးစလုံး တပြိုင်နက်သောက်ခြင်းမှာ ဘယ်အရာက ပိုမှန်ပါလဲ သိပါရစေရှင့်။ ကျွန်မနှင့်သူ ဆေးသောက်တိုင်း ပြဿနာ တက်နေရပါတယ်။ အဆင်ပြေဆုံးနဲ့ အကောင်းဆုံးနည်းလမ်းအား ကြေားပေးပါရန် လေးစားစွာ တောင်းပန်ပါရစေရှင့်။
၁။ Levonorgestrel 075 mg ၂ ခါသောက် = ၁့၅%၊
၂။ Levonorgestrel 15 mg တခါထဲသောက် = ၁့၈%၊

Emergency Contraception (3) အရေးပေါ်တားဆေးများ (၃)

2012/2/3
ဒေါက်တာရှင့် တလုံးစီကို ၁၂ နာရီ ခြားသောက်တာနဲ့ ၂ လုံးတခါထဲသောက်တာ အတူတူပဲ လို့ ဆိုလိုတာပါလားရှင့်။

Sorry, I can't type Burmese in this computer. As I said 15% and 18% chances for failure Not 100% equally effective. Again not all medications are 100% sure Emergency contraceptives are among them If taken 12 hours apart, possibility of pregnancy is 15% If taken 2 tablets together, chance for pregnancy is 18% Clear? The difference is 03%. A woman can decide based on the side effects If she can tolerate she can take 2 tablets at once And if she are sure for the next 12 hours she can take one by one so that side effects will be less Set the alarm clock then. Be advised emergency pills are only for emergency not for regular protection.

Emergency တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ်

2012/2/3
ကျွန်တော်တို လင်မယား အိမ်ထောင်ကျတာ ၈ လကျော်ပြီ။ အခု ကျွန်တော်မိန်းမ ရာသီမလာတာ ၁ လ ၇ ရက်ရှိနေလို့ ကိုယ်ဝန်ရှိမရှိ တိုင်းတဲအတံလေးနဲ့ စစ်တာ (၂ ချောင်းပေါ်) ကိုယ်ဝန်ရှိနေတယ်ဆရာ။ ကလေးယူဖို့ ဘယ်လိုမှ အဆင်မပြေနိုင်သေးလိုပါ။ ကျွန်တော်မိန်းမ အသက်က ၂၃ ပါ။ ဆရာ့ဝက်ဆိုဒ် ဖတ်တာ 12 ပတ် ကိုယ်ဝန်အတွက်ပဲရေးထားတာတွေ့လိုပါ။ ၁ လကျော်ကိုယ်ဝန်အတွက် သောက်ရမဲ့ဆေးနဲ့ အသုံးပြုပုံ လေးတွေ သိချင်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် စိတ်တအားညစ်နေလို့ပါ။

Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃)

ဆေးငုံတယ်ဆိုတာက အရည်ပျော်အောင်ထိငုံတာကို ပြောတာလား ဆရာ။
စာထဲမှာ အတိအကျ ပါပါတယ်။

2012/2/3
အမျိုးသမီးနဲ့ ကျွန်တော်အတူနေပြီးတော့ တရက်ကျော်လောက်ကျတော့ သူဆီးသွားရင် အောင့်နေတယ်ပြောပါတယ်။ အဲလိုဖြစ်နေတာ ခုဆို ၆ ရက်လောက်ရှိပါပြီ။ ဆေးခန်းပြဖို့ပြောပေမဲ့ ရှက်လို့ ခဏစောင့်ကြည့်ဦးမယ်တဲ့။ မရိုသေ့ စကား သူ့အပြောရတော့ သူ့အင်္ဂါထဲမှာ ယောင်နေတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က ယူပြီး ကျွန်တော်က ပြည်ပထွက်ပြီး ခုမှပြန်ဆက်ဆံဖြစ်တာပါ။ သူ့အသက်က ၃၃ ပါ။ အဲ့ဒါဘာဖြစ်တာပါလဲ။ ဆေးခန်းမပြပဲ ဆေး ဝယ်သောက်ရင်ကော ပျောက်နိုင်ပါသလား။ ဆေးခန်းအမြန်ဆုံးပြသင့်ပါသလား။ ဆေးသောက်ရင်ပျောက်တယ်ဆိုလဲ ဆေးနာမည်လေး ပြောပြပေးပါခင်ဗျား။

ဖြစ်နိုင်ခြေ ၂ မျိုးရှိတယ်။ (၁) ဆီးလမ်း (၂) လိင်လမ်းပိုးဝင်တာတွေဖြစ်မယ်။ ၂ မျိုးလုံးရေးထားပါတယ်။ ချက်ချင်းဆေးသောက် မကြာခင် ပျောက်ပါမယ်။
http://health-adult-readingblogspotin/ အောက်ဆုံးက မာတိကာမှာရှာပါ။

2012/2/3
သမီးအသက် ၃၃ နှစ် ၊အိမ်ထောင်ကျတာ ၆ လပါ။ အမျိုးသားနဲ့ ၁၄-၁၂-၂ဝ၁၁ အထိ အတူနေခဲ့ပါတယ်။ သူက သင်္ဘောတက်သွားပါပြီ။ ၁ နှစ်ခွဲကြာမှာပါ။ ဒီဇင်ဘာလ ကုန်မှာ လာရက်အတိုင်း ရာသီလာပါသေးတယ်။ ဇန်နဝါရီလမှာ လာရက်အတိုင်း မလာပါဘူး။ ၂ ပတ်ကျော်လာပါပြီ။ ဘာလုပ်သင့်လဲဆိုတာ ဒေါက်တာ့ဆီ အကြံတောင်းတာပါ။

ကိုယ်ဝန်လို့ ထင်ရင် သေခြာအောင် ဆီးစစ်နိုင်ပါတယ်။ Urine pregnancy test kit တခုဝယ်စစ်ပါ။ စစ်နည်းရေးထားလဲ လိုရင် ဖတ်ပါ။

2012/2/3
ကျွန်တော်က အသက် ၂၇ နှစ်၊ အိမ်ထောင်ရှိပါတယ်။ အမျိုးသမီးကတော့ အသက် ၂၆ နှစ်ပါ။ အိမ်ထောင်သက် (၂)နှစ်ခန့် ရှိပါပြီ။ ကလေးမရှိသေးပါ။ အမျိုးသမီးက လက်ညိုးလေးတွေပါတဲ့ တားဆေးကဒ်သောက်ပါတယ်။ ရာသီလဲပုံမှန်လာပါတယ်။ ကျွန်တော်တို့က နောက်(၃)နှစ်လောက် ထပ်နေပြီးမှ ကလေးယူဖို့ဆုံးဖြတ်ထားကြတာပါ။ သိချင်တာက ဆေးကို (၅) နှစ်လောက်ကြီး ဆက်တိုက်သောက်နေရမှာဆိုတော့ ကျွန်တော့ အမျိုးသမီးအတွက် စိုးရိမ်လို့ပါ။ သူကတော့ ဘာမှမဖြစ်နိုင်ပါဘူးလို့ပြောပေမဲ့ လိုချင်တဲ့အချိန်ကျမှ မရတော့မှာဆိုးလို့ပါ။ သူက ဝမှာလဲကြောက်တော့ ဆေးလုံးဝမထိုးဘူး။ တခြားနည်းလဲ ပြောင်းမသုံးဘူး။ ဒီဆေးကဒ်လေးက သူနဲ့ အဆင်ပြေတယ် ဆိုပြီး သောက်နေပါတယ်။ ကလေးယူတဲ့အချိန်ကျရင် မရနိုင်တာတော့တာများ ဖြစ်နိုင်ပါသလား သိချင်ပါတယ်။

လက်ညိုးလေးတွေပါတဲ့ တားဆေးကဒ်ဆိုတာ စာလုံးပေါင်းသိရင်ပြောပါ။ လိုမယ်ထင်ရင် ဆေးကပ်ကို ဓါတ်ပုံရိုက်ပို့ပါ။

ယမုန်နာဆေးခန်း - အမေးအဖြေ (၂၈)(၁၈ နှစ်ပြည့်မှ ဖတ်ပါ)

10 comments:

Unknown said...


ဆရာခဗျာ တခုလောက်မေးချင်လို့ပါ ကျွန်တော့မိန်းမနဲ့ကျွန်တော် မှားခဲ့ကျပါတယ် ၂လပိုင်း ၃ကနေ၈ ထိပါ သူက ၁လပိုင်း ၂၉ ကမှ ရာသီလာပီ့ထားတာပါ ကျွန်တော်တို့တူတူနေပီး ၂လပိုင်း ၁၂ ရက်ကျတော့ သူရာသီတခါထက်လာပါတယ် ရာသီလာမယိ့ရက်လည်း မဟုတ်သေးဘူးပြောပါတယ် ဆရာ ခု သုံးလပိုင်းရာသီမလာသေးတာဆိုတော့ ကိုယ်ဝနိရှိလို့လားဆရာ ကျွန်တော်တို့ ၇၂ဆေးလည်းသုံးပါတယ် သူကပြောတော့ ၂လပိုင်းရာသီလာတာ ရက်မဟုတ်ဘူးတဲ့ ၂၉ မှလာရမှာ ၁၂ ထဲကလာပီ ခုသုံးလပိုင်း ၁၂ ကျော်ပီ့မလာသေးလို့ပါဆရာ



ဆီးစစ်တံနဲ့စစ်တော့ နက်ဂတစ်ဆိုင်းပဲပြပါတယ်ဆရာ ဒါပေမယ့် ရာသီက ခုထိမလာသေးလို့ပါဆရာ


တခုခုများဖြစ်လားလို့ပါဆ ရာ

Unknown said...

ဆရာ ကျွန်တော့်ကောင်မလေးက
သူရာသီလာရမဲ့ရက် ထက်စောပြီးလာပါတယ်
လာအောင်လဲ ဆေးတိုက်ပါတယ် ဆေးဆိုင်ကမြားညွန်လို့
မြားသောက်တာ လေးရက်လောက်ပါ
မြန်မာဆေးလဲသောက်ပါတယ်

ခရီသွားရမှာမို့ပါ ၄ရက်စောပြီးလာပါတယ်
ဒါပင်မဲ့ အရမ်းနည်းတယ်
နောက်နေ့မလာတော့ဘူး
ကိုယ်ဝန်ရမှာစိုးရိမ်ပါတယ်
တခုရှိတာ တခါမှ မပြီးခဲ့ပါဘူး
ဒါပင်မဲ့စိုးရိမ်လို့ပါ

Unknown said...

ဆရာ ကျွန်တော့်ကောင်မလေးက
သူရာသီလာရမဲ့ရက် ထက်စောပြီးလာပါတယ်
လာအောင်လဲ ဆေးတိုက်ပါတယ် ဆေးဆိုင်ကမြားညွန်လို့
မြားသောက်တာ လေးရက်လောက်ပါ
မြန်မာဆေးလဲသောက်ပါတယ်

ခရီသွားရမှာမို့ပါ ၄ရက်စောပြီးလာပါတယ်
ဒါပင်မဲ့ အရမ်းနည်းတယ်
နောက်နေ့မလာတော့ဘူး
ကိုယ်ဝန်ရမှာစိုးရိမ်ပါတယ်
အခုက 27-3-2016 ဆိုတော့
အနည်းငယ်လာခဲ့တာ 26-3-2016
နေ့လယ်လောက်ကပါ
ဆိုးရိမ်လို့ပါဆရာ
တခါမှတော့ သူနဲ့ sex ဖြစ်ချိန်
မပြီးဆုံးခဲ့ပါ
အခြေအနေလေး ပြောပြပေးပါဆရာ

Unknown said...

ဆရာကျွန်တော်ကောင်မလေးနဲ့လင်မယားအရာဆက်ဆံခဲ့ကျတာ၎ခါလောက်ပါအမြဲမပြီးခဲ့ပါဘူး အခုအန်ခြင်သလို အစားပျက်နေလို့ ကိုယ်ဝန်ရှိမှာစိုးရိမ်နေခဲ့တယ်ဆရာဒါနဲ့ဆီးစစ်ကြည့်တော့အနီတစ်ကြောင်းပဲပြတယ် အန်ခြင်သလိုဖြစ်နေလို့ပြန်စစ်ခြင်သေးတယ်တဲ့စစ်ရန်လိုသေးလားဆရာ ဖြေပေးပါအုံးဆရာ

Unknown said...

ဆရာကျွန်တော်ကောင်မလေးနဲ့လင်မယားအရာဆက်ဆံခဲ့ကျတာ၎ခါလောက်ပါအမြဲမပြီးခဲ့ပါဘူး အခုအန်ခြင်သလို အစားပျက်နေလို့ ကိုယ်ဝန်ရှိမှာစိုးရိမ်နေခဲ့တယ်ဆရာဒါနဲ့ဆီးစစ်ကြည့်တော့အနီတစ်ကြောင်းပဲပြတယ် အန်ခြင်သလိုဖြစ်နေလို့ပြန်စစ်ခြင်သေးတယ်တဲ့စစ်ရန်လိုသေးလားဆရာ ဖြေပေးပါအုံးဆရာ

Unknown said...

ဆရာရေ..ကျွန်တော်ကောင်မလေးနဲ့အတူနေဖြစ်ခဲ့ပါတယ်...ဒါပေမယ့်ကျွန်တော်အဲ့ဒီတုန်းက၁ခါဘဲပြီးခဲ့ပါတယ်..ပြီးတော့အရေးပေါ်တားဆေးကိုလည်းဖြစ်ဖြစ်ခြင်းအပြီးမှာဘဲတိုက်ခဲ့ပါတယ်..ဒါပေမယ့်သူကအခုရာသီရက်ကိုတော်တော်လေးနောက်ကျနေပါတယ်..ကျွန်တော်နဲ့ဖြစ်တဲ့လကသူရာသီလာရမဲ့အချိန်ကြီးပါ..အခုဆို၁လနောက်ကျပြီးနောက်လကိုကူးဖို့၉ရက်ဘဲကျန်ပါတော့တယ်..ကျွန်တော်နဲ့မဖြစ်ခင်၁လအလိုကလဲသူ၁လနောက်ကျခဲ့ဖူးပါတယ်..ဆရာမရိုမသေပြောမိသွားရင်..ကျွန်တ်ေတေင်းပန်ပါတယ်

Juju said...

ဆရာ သမီးအိမ်ထောင်ကျတာ၁လကျော်လောက်ရှိပါပြီ၎လပိုင်း၁၀ရက်နေ့ပါ
အဲရှက်ကအထိရာသီလာနေပါသေးတယ်ဆရာ နောက်တစ်ပတ်လောက်ကျတော့ဆေးရုံသွားပါတယ် ဆေးရုံမသွားခင်ကြားထဲမှာတော့ ladya 1 လုံးဆေးသောက်ပါတယ်ဆရာ ဆေးရုံကတားဆေးကဒ်ပေးလာတာဆက်သောက်နေပါတယ် အခုဆေးကကုန်ပါတော့မယ်ဆရာ ၃ရက်စာပဲကျန်ပါတော့တယ် ရာသီကမလာသေးပါဆရာ အဲတာဘာကြောင့်ပါလဲဆရာ ကိုယ်ဝန်များလားဆရာ ကျေးဇေူးပြုပြီးဖြေပေးပါဆရာ ကန်တော့ပါဆရာ သုက်ရည်ကိုအပြင်မှာပဲထုတ်ပါတယ်ဆရာ အထဲမှာမပြီးပါဘူးဆရာေဖြေကြားပေးစေလိုပါတယ်

wwwww said...

ဆရာသမီးသူငယ်ချင်းတစ်ယောက်ကကိုယ်ဝန်ရှိလားမရှိလားစစ်တာ၃ချောင်းပေါ်တယ်ဆိုတာဖြစ်နိုင်ပါလားဆရာအဲ့ဒါကိုယ်ဝန်ရှိတာလားဆရာသိချင်ပါတယ်ရှင့်

Unknown said...

ဆရာ LH စစ်တာ ၂ကြောင်းပေါ်လို့ သားဥကြွေလို့ အတူနေမိပါတယ် အခု မီးယပ်လာရက်ကို ၆ ရက်ကျော်သွားပါပြီ ဆီးစစ်တံမှာလဲ ၁ကြောင်းဘဲပေါ်တယ် အဲဒါ ကိုယ်ဝန်ရှိမရှိ သိလိုပါတယ် သားဥကြွေလို့ ကိုယ်ဝန်မရှိယင် မီးယပ်လာရမှာ မဟုတ်လားဆရာ ဖြေပေးပါနောါ

Unknown said...

ဆရာ ကျွန်တော်ဇနီးနဲ့ယူတာ၁နှစ်ရှိပါပီကိုယ်ဝန်က ၃လခွဲလောက်ရှိပါပီ ကလေးယူဖို့ကအဆင်မပြေသေးလို့ပါ ဆေးသောက်ရင်ရလားခင်ဗျာ ကိုယ်ဝန်မရအောင် ကျွန်တော်တို့ဗဟုသုတလေးမျှဝေပေးပါဗျာ

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ