Welcome to my blog :)

rss

Saturday, March 3, 2012

Install MacOSx on Windows PC (မြန်မာမိသားစုဖိုရမ်မှကူးယူမျှဝေသည်)

Apple Laptop တွေကို သရေကျခဲ့တာကြာပါပြီ။ ခု MacBook Pro ထိဆိုပါတော့။ ကိုယ်တိုင်ကလည်း မ၀ယ်နိုင်သေးတော့ Windows PC ပေါ်မှာ Run လို့ ရကိုရနိုင်ရမယ်လို့ စိတ်ကတော့ ထင်မိပါတယ်။ ဒါနဲ့ KoThurein ကို မေးကြည့်တော့ ရတယ်တဲ့။ သူ့ဆီမှာတောင် MacOS Install DVD ရှိတယ်ဆိုတော့ Mac ရူးတဲ့ရောဂါက ကုလို့မရတော့ဘူး။ အင်တာနက်ထဲမှာလည်း ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့မွှေပါတယ်။ iATKOS, iPC, iDeneb, jas osx86, Kalyway, Installer DVD တွေလည်းတွေ့ပါတယ်။ KoThurein ဆီကရတဲ့ DVD က iATKOS v4i ပါ။ အစကတော့ ကျွန်တော် VMWare 7.0 ပေါ်မှာပဲ Run ကြည့်တော့ မရပါဘူး။ ဒါနဲ့ Virtual Box ပေါ်မှာ Run ကြည့်တယ်။ မရပြန်ပါဘူး။ မထူးပါဘူး။ PC ပေါ်မှာ တစ်ကယ် Install လုပ်ကြည့်တယ်။ Install အဆင့်ကနေဆက်တက်မလာဘူး။ ဆက်ပြီးတော့လုပ်ဖို့ မအားတာနဲ့ ရပ်ထားလိုက်တယ်။ ဒီကြားထဲမှာ iATKOS i5, iPC ဆိုတာတွေလည်း ရူးပေါပေါနဲ့ Download ထိုင်ဆွဲလိုက်သေးတယ်။ နှစ်ခုပေါင်း 5.5GB လောက်ရှိမယ်ထင်တာပဲ။ နောက်ဆုံးတော့လည်း ခွေဆိုင်သွားပြီး မေးကြည့်လိုက်တော့ iATKOS v1 လေးတွေ့ပါလေရော။ အဲ့ဒီ Insatller လေးနဲ့ Windows PC ပေါ်မှာ MacOSx 10.5.2 ကို ဘယ်လို Install လုပ်ရလဲဆိုတာပြန်ပြီး Share လုပ်လိုက်ပါတယ်။ ခုကျွန်တော်စမ်းသပ်ခဲ့တာလေးကိုမသိသေးတဲ့သူတွေအတွက်၊ မစမ်းသပ်ဖြစ်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။


My PC Specifications
Asus P5B Series
Intel(R) Core(TM)2 Duo CPU E7300 @2.66GHz
Corsai DDR2 1GB x 2
GForce 8400GS 512MB
Seagate 320GB
PS2 K/B
USB Mouse

Required Items:
iATKOS v1 or Other Installer
BootCD (EmpireEFI_V108, Netbook CD, pirate_efi_x_v0.3,BOOT-DEF-146-BUM, etc)
Snow BootLoader

iATKOS Installer ကိုမသုံးချင်ဘူးဆိုရင်လည်း အပင်ပန်းခံပြီးတော့ တစ်ခြား Installer DVD တွေကို Download ဆွဲနိုင်ပါတယ်။ ဆိုင်တွေမှာမတွေ့ဖူးလို့ပါ။ (ရှိချင်ရှိမှာပါ)
အင်တာနက်ထဲမှာ တွေ့ခဲ့တဲ့ BootCD တွေကတော့ အများကြီးရှိပါတယ်။ ကိုယ်ကြိုက်တာ အဆင်ပြေရာကိုသုံးနိုင်ပါတယ်။ ဘာလို့ HDD 320GB တစ်လုံးတည်းသုံးတာလည်းဆိုတော့ Multi Boot မလုပ်ချင်လို့ပါ။ အလုပ်လည်းရှုပ်ပါတယ်။ လုပ်ချင်တယ်ဆိုရင်တော့ EasyBCD_2.0.2 ကို သုံးနိုင်ပါတယ်။

Step 1: ပထမဆုံး BIOS ထဲမှာ Fire Boot ကို CD/DVD ပေးခဲ့ဖို့တော့ လိုပါမယ်။ iATKOS v1 DVD နဲ့ Boot တက်ပါမယ်။ Darwin/x86 နဲ့ iATKOS က Boot တက်လာပြီဆိုရင် F8 ကိုနှိပ်ပြီး Option ကနေတစ်ဆင့် ကျွန်တော်တို့ Install လုပ်ပါမယ်။ F8 ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် ဆက်ပြီး Install လုပ်ဖို့အတွက် -v နဲ့ ဆက်လုပ်ခိုင်းပါလိ့မ်မယ်။ ကျွန်တော်တို့ -v -f busratio=20 လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။

ဒီနေရာမှာ တစ်ခုပြောချင်တာက busratio က တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ကျွန်တော်ဆိုရင် Asus မှာ busratio=20 သုံးပြီး၊ Acer မှာတော့ busratio=7 သုံးရပါတယ်။ တစ်ခြားစက်တွေအတွက်ကတော့ Google ကို မေးကြည့်ရမှာပဲ။ -v -f busratio=20 လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် Installer Loading လုပ်ပါပြီ။ အလကားမနေပါနဲ့ လိုက်ဖတ်ကြည့်ပါ၊ ဘာတွေပါလိမ့်. ကျွန်တော်တော့ အကုန်နားမလည်ပါဘူး။ Installer က Loading လုပ်နေတုန်း အောက်ကပုံလို System uptime in nanoseconds: xxxxxxxx မှာပဲ ဘယ်နှစ်ကြိမ် Boot လုပ်လုပ်ရပ်နေမယ်ဆိုရင် တစ်ခြားစက်တစ်လုံးမှာ ကြိုးစားကြည့်ပါ။ ဒါမှမဟုတ် Installer DVD ပြောင်းသုံးကြည့်ပါ။ iATKOS v1 ကတော့ တော်တော်များများနဲ့ အဆင်ပြေပါတယ်။ ကျွန်တော်လည်း Acer 4736z မှာတင်ဖူးပါတယ်။ အိုကေပါတယ်။

Step 2: အပေါ်က Loading ပြီးသွားရင်တော့ GUI လာပါပြီ။ ဘာမှရွေးစရာမပါပါဘူး။ Click the button to Continue.. ပါပဲ။ အောက်က Button အ၀ိုင်းလေးကိုနှိပ်ပြီးသွားလိုက်ပါ။ Preparing Mac OS X Leopard Installation... ကို ခဏစောင့်ပေးပါ။ ပြီးရင် Welcome Screen နဲ့အတူ အပေါ်က Menu ကိုမြင်ရပါမယ်။ Continue နဲ့မသွားခင် အရင်ဆုံးကျွန်တော်တို့ Windows တင်သလိုပဲ HDD ကို ပြင်ဆင်ရပါဦးမယ်။ Menu > Utilities > Disk Utility ကိုဖွင့်လိုက်ပါ။ ကျွန်တော့် 320GB အနေနဲ့ပဲပြောမယ်နော်။ ကျွန်တော်တပ်ထားတာ HDD တစ်လုံးဆိုတော့ Disk ကလည်းတစ်လုံးတည်းပေါ့။ ကျွန်တော် Partition နှစ်ပိုင်းခွဲပါမယ်။ Disk ကိုရွေးပေးပါ။ Partition Tab ကိုသွားလိုက်ပါ။ Current လို့ဖြစ်နေတဲ့နေရာကနေ ကိုယ်ကြိုက်သလို Partition ပိုင်းလို့ရပါပြီ။ ကျွန်တော်ကတော့ 2 Partitions ကိုပဲရွေးလိုက်ပါတယ်။ C: နဲ့ D: ဆိုပြီး Partition ပိုင်းခဲ့သလိုပါပဲ။ တစ်ဆင့်တက်ပြီး Partition Size ကို Custom လုပ်ချင်တယ်ဆိုရင်တော့ Custom လုပ်ချင်တဲ့ Partition ကိုရွေးပြီး Size နေရာမှာ လိုအပ်သလောက် ရိုက်ထည့်ပေးလိုက်ရုံပါပဲ။ Untitled 1 ကို ကြိုက်တဲ့နာမည်ပေး၊ ပြီးတော့ Size ကိုလည်း ကြိုက်သလောက်ထား။ ကျွန်တော်ကတော့ MacOSx and 50GB လို့ထားလိုက်ပါတယ်။ Format မှာတော့ Mac OS Extended (Journaled) ကိုရွေးရမှာပေါ့။


Options ကိုနှိပ်ပြီး GUID Partition Table ကိုရွေးပေးလိုက်ပါဦး။ ပြီးပြီဆိုရင် Ok နှိပ်၊ Apply ကိုထပ်နှိပ်၊ Partition Disk လုပ်မှာလားဆိုရင် Partition ကို နှိပ်ပေးလိုက်ပါ။ Partition ပြီးသွားပြီဆိုရင် Verify လုပ်ကြည့်ပါဦး။ Show Details နေရာမှာ The Volume Data appears to be OK. ဆိုရင် ရပါပြီ။
Disk Utility ကိုပိတ်လိုက်ပါ။ Welcome screen ကနေပြီးတော့ Continue ကို နှိပ်နိုင်ပါပြီ။ ထုံးစံအတိုင်း လိုင်စင်ပေါ့၊ Agree ကိုနှိပ်လိုက်ပါ။ Select a Destination ကိုရောက်ပြီဆိုရင် ကျွန်တော်တို့ Install လုပ်မဲ့ Partition ကိုရွေးပေးလိုက်ပါဦး။ 5GB နေရာယူပါလိမ့်မယ်။ Continue နဲ့ဆက်သွားလိုက်ပါ။

Install Summary နေရာမှာတော့ Customize ကိုနှိပ်ပြီး Install Package ကို ထည့်နိုင်၊ ဖြုတ်နိုင်ပါတယ်။ Patches တွေ၊ Drivers တွေ စသည်ဖြင့်ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်အဲ့လိုလျှောက်ထည့် လိုက်တာအကြိမ်ရေတော်တော်များများ Error နဲ့ပဲငြားပြီး MacOSx ကြီးရဲ့ Welcome Song လေးကို နားမထောင်ဖြစ်ခဲ့ပါဘူး။ ဒီတော့ ဘာမှမဖြုတ်မတပ်ဘဲ ဒီတိုင်းလေးပဲ Install လုပ်လိုက်ရအောင်၊ ဒီ Customize အကြောင်းသိချင်ရင်တော့ ထုံးစံအတိုင်း Google is your best friend. ပေါ့ဗျာ။ Install ကိုနှိပ်လိုက်တဲ့အခါမှာ Checking Installation Disk ဆိုရင် Skip ကိုရွေးပြီးကျော်လိုက်ပါ။ Installing ကို ခဏစောင့်လိုက်ပါဦး။ ပြီးရင် Restart လုပ်ခိုင်းပါလိမ့်မယ်။ လုပ်ပေးလိုက်ပါ။

Setp 3: Restart လုပ်ပြီးရင်တော့ BOOT-DEF-146-BUM BootCD ကို ထည့်ပြီး Boot လုပ်ပါ။ -v လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Boot Device ကိုမေးတဲ့အခါမှာ 80 လို့ရိုက်ပြီး Enter ထပ်ခေါက်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ System Partitiion နဲ့ Data Partition ကို မြင်ရပါလိမ့်မယ်။ System Parititon ကိုရွေးပြီး -v -f busratio=20 (or 7) လို့ရိုက်ပြီး Enter ထပ်ခေါက်လိုက်ပါဦး။ Boot လုပ်ပါပြီ။ ခဏထပ်စောင့်လိုက်ပါ။ Welcome Screen နဲ့ပေါ်လာပြီဆိုရင် Continue ပြီးတော့ ထပ် Continue ပေါ့။ Do you Already Own a Mac? မှာတော့ Do not Transfer my information now ကိုရွေးပြီး Continue ကို နှိပ်လိုက်ပါ။ How Do you Conect? မှာဆိုရင် ကျွန်တော်ကတော့ Local Network ကိုပဲရွေးလိုက်ပါတယ်။ Your Internet Connecton မှာတော့ ကိုယ့်မှာအင်တာနက်ရှိတယ်ဆိုရင် Windows PC ရဲ့ Setting အတိုင်းပေးလိုက်ပေါ့။ Apple ID ကိုပေးရင်လည်း ရှိရင်ထည့်ပေးလိုက်မရှိရင်မပေးနဲ့ပေါ့။ Continue ကိုသွားလိုက်ပါ။ ပြီးရင် Apple ID ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောပါလိမ့်မယ်။ Continue ကိုနှိပ်ပြီးသာ သွားလိုက်ပါ။ Registration Information ကိုလည်း သူမေးတာလေးတွေ ထည့်ပေးလိုက်ပါဦး။ သူမေးတာတွေ အားလုံးပြည့်စုံအောင် ထည့်ပေးပြီးပြီဆိုရင်တော့ရပါပြီ။ MacOSx ကို Install လုပ်တာပြီးသွားပါပြီ။

Step 3: နောက်ဆုံးအဆင့်အနေနဲ့ကတော့ BootLoader ထည့်သွင်းပေးရပါမယ်။ ကျွန်တော် Asus M/B မှာ အဆင်ပြေခဲ့တဲ့ Snow BootLoader ကိုပဲ သုံးပါမယ်။ လွယ်လွယ်လေးပါ။ Snow BootLoader ကို Install လုပ်ပြီးရင် Restart လုပ်လိုက်ပါ။ BootCD ကို ထုတ်ပြီး ဒီအတိုင်း Boot တက်ကြည့်ပါ။ Without BootCD ပါပဲ။ အလုပ်လုပ်ပါတယ်။ တစ်ခုရှိတာကတော့ စာဖတ်သူများလည်း ဒီအတိုင်းအဆင်ပြေမယ်လို့ အာမမခံရဲပါဘူး။

ZawGyi သုံးချင်ရင်လည်းရပါတယ်။ http://www.waiphyok.com/2007/10/13/z...-for-mac-os-x/ မှာ ကျွန်တော်တွေ့ထားပါတယ်။

Snow Leopard Retail DVD (10.6.2) (8.5GB) ကို BootCD သုံးပြီး Windows PC ပေါ်မှာတော့ ကျွန်တော်စမ်းကြည့်တာ မရသေးပါဘူး။ ခု OS Version ကတော့ 10.5.1 ပါ။ စမ်းသပ်အသုံးပြုနေစဉ်မှာ ခဏပစ်ထားခဲ့ပြီး ဘာမှမလုပ်ဘဲ မိနစ် ၂၀ လောက်ထားလိုက်မယ်ဆိုရင် မောက်စ်လည်းမလှုပ်တော့ဘူး။ Keyboard လည်းမရတော့ဘူး။ ဒါဆိုရင် Restar လုပ်ရပါတယ်။ တစ်ကယ်လို့ ခဏပစ်ထားခဲ့ချင်တယ်ဆိုရင် Logout လုပ်ထားလိုက်ပါ။ ဒီလိုပြဿနာရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်စမ်းပြီးသလောက်ကတော့ PC တိုင်းမှာလိုလို အဆင်ပြေချင်မှပြေပါလိမ့်မယ်။ အဓိက အဆင်မပြေဖြစ်တာကတော့ BootLoader ပါပဲ။ ကျွန်တော့် Asus M/B မှာကတော့ Snow BootLoader လေးနဲ့အဆင်ပြေသွားပါတယ်။ ဒါပေမဲ့ Acer 4736z မှာတော့ အလုပ်မလုပ်တော့ပါဘူး။ Wifi လည်းမရတော့ပြန်ဘူး။ အဲဒီလိုပြဿနာတွေတော့ရှိတတ်ပါတယ်။ အင်တာနက်ထဲမှာ ကိုယ်နဲ့တူတူအဆင်မပြေဖြစ်ရာကနေ အဆင်ပြေသွားတဲ့ သူတွေရေးထားတဲ့ Post တွေလိုက်ရှာဖတ်သင့်ပါတယ်။ ခု ဒီ MacOS on Windows PC မှမဟုတ်ပါဘူး။ Google ကို နိုင်နိုင်ခိုင်းတတ်ဖို့တော့ လိုအပ်လိမ့်မယ်လို့တော့ အကြံပြုချင်ပါတယ်။ Mac ကိုတစ်ကယ်ကြိုက်တယ်ဆိုရင်တော့ Apple ၀ယ်သုံးတာအကောင်းဆုံးပါပဲ

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ