Welcome to my blog :)

rss

Friday, March 2, 2012

အလင်းအမှောင်ကိုသုံး၍ထုများ ဖန်တီးခြင်း

အလင်းအမှောင်ကိုသုံး၍ထုများ ဖန်တီးခြင်း

Tint and Shade
အရာဝထ္ထုများဟာ အလင်းကြောင့်သာ ထုသဘောကိုမြင်ရတာပါ၊ နောက်တစ်ခုက အလင်းရဲ့ ဆန့်ကျင်ဘက်မှာ အမှောင်သဘာဝ ရှိနေပါတယ်။ ဒီအလင်းနဲ့အမှောင်ရှိမှသာ အရာဝထ္ထုတွေကို ထုသဘောရအောင်ဖန်တီးနိုင်မှာပါ။ Photoshop မှာလည်းဒီသဘောသဘာဝကို အသုံးပြုပါတယ်။ အရာဝထ္ထုတိုင်းမှာ ကိုယ်ပိုင်အရောင် (local color) များရှိကြပါတယ်။ ဥပမာ ငှက်ပျောသီးတစ်လုံးရဲ့ local color ပြောပါဆိုရင် အ၀ါရောင်ပါ။ အဲ့ဒီအရောင်များပေါ်ကိုအလင်းထိရောက်တဲ့အခါ အရောင်ကဖွေးဖြူလာပါတယ်၊ အလင်း မသက်ရောက်နိုင်တဲ့အမှောင်ဘက်မှာ တော့ အမဲရောင်သန်းလာပါတယ်။ ဒီအချင်းအရာကို Tint and shade ကိုအသုံးပြုပြီးဖန်တီးနိုင်ပါတယ်။ အရောင်တစ်ခုကို အဖြူရောင်နဲ့ ရောစပ်လိုက်ရင် Tint လို့ခေါ်ပြီး အမဲရောင်နဲ့ရောစပ်လိုက်ရင်တော့ shade effect ကိုရရှိမှာပါ၊ လက်တွေ့လုပ်ကြည့်ရအောင်။
Photoshop မှာသင့်တော်မယ်အရွယ်နဲ့ new document တစ်ခုခေါ်ပါ၊ ပြီးရင်ပုံမှာမြင်ရတဲ့အတိုင်း guide line ရှစ်ခုကိုဆွဲပါ Ruler bar (if necessary press Ctrl+r) မှာ click and drag လုပ်ပြီးလိုချင်တဲ့နေရာမှာ drop လုပ်ပါ။ ဒါမှမဟုတ်အတိအကျလိုချင်ရင်တော့ New Guide မှာ amount ရိုက်ထည့်ပေးပါ (View>New Guide...)။ ပြီးရင်အပြင်ဘောင်လိုင်းလေးအတိုင်း Rectangular Marquee သုံးပြီး selection လုပ်ပါ။ အရောင်တစ်ခုခုကို fill လုပ်ပါ။ ဒါဆိုရင်ဒီပုံအတိုင်းမြင်နေရပါပြီ။
ပြီးရင် Polygon Lasso tool ကိုသုံးပြီးဒေါင့်လေးကိုပုံမှာမြင်ရတဲ့အတိုင်း select လုပ်ပါ၊
Edit>fill...ကိုနှိပ်ပါ၊ Contents မှာတော့ white ကိုရွေးပြီး Opacity မှာ 40 % လောက်ထားပြီး OK နှိပ်ပါ၊ ပုံကဒီလိုဖြစ်သွားပါပြီ
Deselect လုပ်ပါ (Select>Deselect) ၊ပြီးရင် အောက်ဘက်အခြမ်းကိုလဲဒီနည်းအတိုင်းလုပ်ပါဦး။ Fill လုပ်တဲ့အခါမှာတော့ Contacts မှာ Black ရွေးပြီး Opacity ကိုတော့ 10 % ပဲထားပါ။ အနက်ရောင်က စွန်းထင်းလွယ်လို့လျှော့လိုက်ရတာပါ၊ အခုဆိုရင် ပုံဟာဒီလိုမျိုးဖြစ် လာပါပြီ။
Deselect လုပ်ပြီး Guide line တွေကို hide လုပ်လိုက်ရင် (press Ctrl+; ) ဒီလိုပုံစံမျိုးမြင်ရပါပြီ၊အောက်ကပုံကိုကြည့်ပါ။
ဒီနည်းဟာအလွယ်ဆုံးနဲ့ အသုံးအ၀င်ဆုံးပါပဲ၊ သဘာဝနဲ့လဲနီးစပ်ပါတယ်။ ဒီနည်းကိုအသုံးပြုပြီးအောက်မှာပါတဲ့ပုံလေးကို လေ့ကျင့်ခန်း လုပ်ကြည့်ပါဦး၊ လွယ်ပါတယ်၊ အချိန်သိပ်မကြာလောက်ပါဘူး။
နောက်တစ်ခုပြောစရာရှိတာက အလင်းရဲ့လားရာဦးတည်ဘက်ပါ၊ အလင်းသီအိုရီတစ်ခုမှာက အလင်းသည် လင်းရာမှ မှောင်ရာသို့  မိမိအင်းအားရှိသမျှ အရှိန်ဖြင့် တရွေ့ရွေ့သွားပြီး အရိပ်တွင်ဆုံးသည် လို့ဖော်ပြထားပါတယ်။ အပေါ်က ဥပမာတွေမှာအလင်းရဲ့ ဦးတည် ဘက်ကိုမေးရင် 135 ဒီဂရီမှ  -45 ဒီဂရီ သို့မဟုတ် Top & Right side Light လို့ပြောရပါမယ်၊(အလင်းသက်ရောက်ပုံကိုပြောရာတွင် အရာဝထ္ထု ဘက် က ပြောပါသည်၊ မိမိဘက်မှကြည့်ပြောခြင်းမဟုတ်ပါ)။ အလင်းဟာ ထုထည်တစ်ခုကို ပတ်လည်ဖြစ်ပေါ်စေနိုင်မှုပေးနိုင် ပါတယ်။ အရာဝထ္ထု တစ်ခု အပေါ်အလင်းကျရောက်မှုကိုကြည့်လျှက် အလင်းရဲ့တည်နေရာကိုသိနိုင်ပါတယ်။ အလင်းသက်ရောက်ပုံများကိုအောက်ပါပုံတွင် လေ့လာ ကြည့်ပါ

Gradient
Tint and shade များအကြောင်းအပြီးမှာ နောက်ထပ်ပြောစရာရှိသေးတာက အလင်းကြောင့် ဖြစ်ပေါ်လာရသော အရောင်အသွေး ပြောင်းလဲခြင်းများပါ။ သူက tint and shade လိုလုံးဝရုတ်တရက်ပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ တဖြေးဖြေး ပြောင်းလဲခြင်းမျိုးပါ။ ဥပမာ sphere တစ်လုံးကိုအလင်းပေးလိုက်တဲ့အခါမှာမြင်ရတဲ့ တစ်ခြမ်းလင်းတစ်ခြမ်းမှောင်ပုံစံမျိုးပါ၊ ရုတ်တရက် လင်းခြင်းမှောင်ခြင်းမျိုးမဟုတ်ဘဲ လင်းရာမှတဖြေးဖြေးမှောင်သွားခြင်းကိုဆိုလိုတာပါ။ ဒိလိုပုံစံရအောင်ဆိုရင် Photoshop မှာ Gradient tool ကိုအသုံးပြုနိုင်ပါတယ်။
Photoshop မှာသင့်တော်မယ်အရွယ်နဲ့ new document တစ်ခုခေါ်ပါ၊ ပြီးရင်ပုံမှာမြင်ရတဲ့အတိုင်း circle တစ်ခုကို elliptical marquee too သုံးပြီးဆွဲပါ၊ elliptical marquee too ကိုရွေးပြီး drawing area မှာ click and drag လုပ်တဲ့အချန်မှာ Shift key နှိပ်ထားရင် circle ရလာပါတယ်။ အရောင် Fill ထားပါ။ circle ဆွဲပြီးပြီးချင်း Deselect မလုပ်ပါနဲ့ဦး။
Tool box မှာ Default Foreground and Background color ဆိုတဲ့နေရာကို click လုပ်ပါ (သို့မဟုတ် d ကိုနှိပ်ပါ)။ ဒါဆိုရင် foreground မှာ အနက်ရောင်နဲ့ background မှာ အဖြူရောင်ဖြစ်သွားပါပြီ။ ပြီးရင် X ကို နှိပ်ပါ၊ foreground နဲ့ background ကိုအရောင်လဲ လိုက်တာပါ။ အခုဆိုရင် foreground မှာ အဖြူနဲ့ background မှာ အနက်ရောင်ဖြစ်သွားပါပြီ။
Gradient Tool ကိုရွေးပါ၊ tool option bar မှာ Radial gradient ကိုရွေးပြီး Opacity ကို 30 % လောက်ထားပြီး စက်ဝိုင်းရဲ့ အပေါ်ဘယ် ဘက်ထောင့်ကနေ အောက်ညာဘက်ထောင့်ကိုဆွဲပါ။ Deselect လုပ်လိုက်ရင်ဒီလိုပုံရလာပါပြီ။
Foreground နဲ့ background အရောင်များကိုတခြားအရောင်များသုံးပြီးတော့လည်း စမ်းကြည့်ပါဦး။ အခုလုပ်ထားတာကအရောင်တစ်ခု အပေါ်ကိုအဖြူနဲ့အနက်ရောင်အုပ်လိုက်ပြီး sphere ပုံစံဖြစ်အောင်လုပ်တာပါ။ အလင်းအမှောင်ပြေင်းလဲချင်ရင် foreground က အဖြူရောင်းကို တဖြည်းဖြည်းအနက်ဘက်သို့ချဉ်းကပ်ခြင်းဖြင့် လည်းကောင်း Opacity ပြောင်းလဲ၍ လည်းကောင်း အလင်းအားလျော့လာပုံ များလာပုံကိုရမှာပါ၊

အလင်းအင်အား(lighting power) နှင့်ပတ်သက်၍
အလင်းအားပြင်းလျှင်(strong light) အလင်းအားတောက်ပပြီး အမှောင်အားပြင်းကာ အရိပ်လဲထင်းပါတယ်။ Contract များပါတယ်။ သာမန်အလင်း(normal light)လောက်ဆိုရင် အလင်းအမှောင်အားဟာ အရာဝထ္ထုရဲ့ထုကိုပိုမိုကြွစေပါတယ်။ အလင်းအားနဲရင်(dim light)တော့ ထုကိုပေါ်လွင်စေမည်မဟုတ်ပါ။ ဒီအောက်မှာပါတဲ့ပုံလေးတွေကိုနမူနာထားပြီး Photoshop နဲ့ ဆွဲကြည့်ပါဦးလား။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ