Welcome to my blog :)

rss

Friday, March 2, 2012

The art of Pattern (PART 1)

Photoshop ဟာ အလုပ်လုပ်ရာမှာပိုမို အဆင်ပြေစေဖို့ Preset တွေကိုဖန်တီးခွင့် ပေးထားတဲ့အပြင် Ready made preset တွေကို လည်းထည့်သွင်းပေးထားပါတယ်။ Preset တွေထဲမှာ Pattern တွေအပြင် Gradients, Styles, brushes စသောတခြားအုပ်စုတွေ လဲပါဝင်ပါ တယ်။ အခုPhotoshop ရဲ့ Pattern တွေအကြောင်းလေ့လာ ကြည့်ရအောင်ပါ။ Pattern တွေဟာ အရောင်တွေချယ်သလိုပဲ အမြဲလိုလိုအသုံးပြု နေရပါတယ်။ ပထမဆုံးအနေနဲ့ အသုံးပြုပုံကို အရင်ကြည့်ရအောင်။
New document တစ်ခုကိုယူပါ၊ Rectangular Marquee ဖြင့် Selection တစ်ခုပြုလုပ်ပါ။ ပြီးရင် Edit>Fill (Shift + F5) နှိပ်ပါ၊ Fill dialog box ပေါ်လာတဲ့အခါမှာ Contents: Use နေရာမှာ Pattern ကိုရွေးပေးလိုက်ပါ။ အဲဒီနောက် Custom Pattern မှာ Pattern picker box ကိုခေါ်ရမှာပါ၊ အဲဒီကမှ Wood pattern ကိုရွေးလိုက်ပါ။ Opacity ကိုတော့ 100 % ပဲထားပါဦး။
OK ကိုနှိပ်လိုက်ပါ၊ Rectangular marquee selection ထဲမှာ သစ်သား Pattern လေး Fill လုပ်ထားတာကိုတွေ့ရမှာပါ။
အကယ်၍ Fill dialog box မှာပုံပါအတိုင်းမတွေ့ရရင်တော့၊ Pattern ကို Default pattern တွေရဖို့ Reset လုပ်ဖို့လိုအပ် ပါလိမ့်မယ်၊ (Default pattern တွေဟာ စက်တိုင်းမှာရှိပါတယ်) Pattern ကို reset လုပ်ဖို့အတွက်တော့ Pattern fly out menu ကိုရွေးရပါမယ်၊ ပုံမှာပြထားတဲ့အတိုင်း အနီရောင်အ၀ိုင်းလေးထဲက တြိဂံလေးကိုနှိပ်ပါ။
ရှေ့မဆက်ခင် အပေါ်ကပုံမှာပြထားတဲ့ Menu အချို့အကြောင်းပြောချင်ပါတယ်၊ အခုအသုံးပြုမယ့် Wood pattern ဟာ Photoshop ရဲ့ Default pattern ထဲမှာပါဝင်ပါတယ်။ ဒါကြောင့် Reset Patterns menu ကိုနှိပ်ရတာပါ။ Pattern file တစ်ခုမှာ pattern များစွာပါဝင်နိုင်ပါတယ်။ အခု Default pattern မှာတင် pattern ၁၂ ခုပါဝင်နေတာ သတိပြုမိမှာပါ။ ပုံရဲ့အောက်ကအနီလေးထောင့်ထဲမှာတော့ သင့်ရဲ့စက်ထဲမှာရှိတဲ့ Pattern file တွေကိုပြသထားတာပါ။ အဲဒီ file တွေတစ်ခုချင်းစီမှာလဲ pattern များစွာပါဝင်နိုင်ပါသေးတယ်။
ကဲ Reset pattern ကိုဆက်ရအောင်၊ အဲဒီ Menu ကိုနှိပ်လိုက်ရင် Photoshop ကသင့်ရဲ့ current pattern တွေကို Default pattern တွေနဲ့အစားထိုးမှာလား၊ နောက်မှာဆက်ပေါင်းထည့်သွားမှာလား မေးပါလိမ့်မယ်။
Ok ကိုနှိပ်ရင် လက်ရှိ pattern အစား default pattern တွေကိုအစားထိုးမှာဖြစ်ပြီး၊ Append ကိုနှိပ်ရင်တော့ ယခုလက်ရှိအသုံးပြုနေတဲ့ pattern တွေကိုမပျောက်ကွယ်စေပဲ သူတို့ရဲ့နောက်မှာ default pattern တွေကိုထပ်ပေါင်းထည့်ပေးသွားပါတယ်။
အကယ်၍ တခြားသော pattern file များကိုအသုံးပြုချင်ရင်တော့ Pattern fly out men ရဲ့ အောက်ဆုံး group ထဲမှာရှိတဲ့ menu တွေကို click လုပ်ရုံပါပဲ (ဥပမာ Grayscale Paper)။ ထို menu တစ်ခုချင်းစီဟာ သင့်စက်ထဲမှာရှိနေတဲ့ pattern file တစ်ခုကို ကိုယ်စားပြုပါတယ်။ အဲဒီလို click လုပ်လိုက်ရင်တော့ Replace လား Append လားမေးဦးမှာပါ။
အခုတစ်ခါ Wood Pattern ကို Fill လုပ်ထားတဲ့ New Document ကို Basic Concept အပိုင်းမှ အလင်းအမှောင်ကိုသုံး၍ထုများဖန်တီးခြင်း သင်ခန်းစာမှာဖော်ပြထားတဲ့အတိုင်းပြုလုပ်ရင် အခုလို သစ်သားတုံးလေးတစ်ခုကိုရလာမှာပါ။
ဘယ် Pattern File တွေမှာ ဘယ်လို Pattern တွေပါဝင်တယ်ဆိုတာတော့ မိမိဘာသာ စမ်းကြည့်ပါဦး။ မိမိ ကိုယ်ပိုင် Pattern File ပြုလုပ်ပုံ ကိုလည်း PART 2 မှာဆက်လက်ရေးသား ပေးပါဦးမည်။ အသုံးပြုပုံတချို့ကိုတော့ Applied Section မှာဆက်လက်ဖော်ပြပေးပါ့မယ်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ