ကိုယ်ပိုင်     Pattern File 
တစ်ခုကိုပြုလုပ်မယ်ဆိုရင် ဦးစွာသတိပြုရမှာက အသုံးပြုမယ့်     Document 
အရွယ်အစားပါ၊ အဲဒီ Document ထဲမှာ မိမိပြုလုပ်မယ့် Pattern     
ကိုဘယ်လိုအရွယ်အစား မျိုးနဲ့ပေါ်ချင်သလဲဆိုတာ တွက်ချက်ရပါမယ်။ ဥပမာ     
Document က ၆ လက်မပတ်လည် ကို Resolution က ၁၀၀ နဲ့ဆိုပါစို့၊ (Pixel     
Dimension = ၆၀၀ by ၆၀၀) အဲဒီ Document တစ်ခုလုံးကို ကျားကွက်ပုံ     
တွေကိုနေရာအနံ့ Fill ချင်တယ်ဆိုပါတော့။ အကွက်ပေါင်းကို အလျား ရော အနံပါ    
 ၁၂ ကွက်လိုချင်ရင် 600 / 12 = 50 Pixel ရမှာပါ။
New Document တစ်ခုကို ၁ လက်မပတ်လည်နဲ့ Resolution ကို 100
 နဲ့ ယူပါ။     ဒါဆိုရင် Pixel Dimension အရဆိုရင် 100 by 100 pixel 
ရှိပါတယ်။     ကျားကွက်ကိုအဖြူနဲ့အနက်ရောင်ကွက်တွေ ပြုလုပ်ပါမယ်၊ 
အကွက်တစ်ကွက်ကို 50     pixel ယူလိုက်ရအောင်။ Ruler Bar ကိုခေါ်ထားပါဦး 
(Ctrl + R)။ ပြီးရင်     View>New Guide menu ကိုရွေးပါ၊ New Guide 
option မှာ Orientation  ကို     Vertical ထားပြီး Position ကို 0.5 in 
ထားပြီး OK နှိပ်ပါ။

တစ်ခါ Orientation ကို Horizontal နဲ့ Position ကို 0.5 in
     နဲ့ပဲနောက်ထပ် Guide တစ်ခုပြုလုပ်ပါဦး။ အခုဆိုရင် Document မှာ Guide
     လိုင်းနှစ်ခုရှိနေပါပြီ။ အဲဒီ Guide နှစ်ခုကို အသုံးပြုပြီး     
Rectangular Marquee tool နဲ့ လေးထောင့် Selection     
နှစ်ခုကိုပုံပါအတိုင်း ဖန်တီးပြီး အနက်ရောင် Fill လုပ်လိုက်ပါ။     
ပုံကိုကြည့်ပါ။ အဖြူနှစ်ကွက် အနက်ရောင်နှစ်ကွက် ရှိနေပါတယ်။     
တစ်ကွက်စီဆိုရင် ၅၀ Pixel ရှိပါတယ်၊ သတိပြုပါ။

အဲဒီနောက် Deselect လုပ်ပါ။ ပြီးမှ Document တစ်ခုလုံးကို 
Select (Ctrl     + A) လုပ်ပါ၊ Edit>Define Pattern menu ကိုရွေးပါ။ 
Define Dialog box      မှာ Preview လေးတစ်ခုပါမြင်နေရမှာပါ။ Name နေရာမှာ 
chess     လို့ရိုက်လိုက်ပါ။ ပြီးရင် OK နှိပ်ပါ။ ပုံကိုကြည့်ပါ။

အခုဆိုရင် chess ဆိုတဲ့ Pattern တစ်ခုကို 
သင်ဖန်တီးပြီးသွားပါပြီ။     အသုံးပြုကြည့်ရအောင်၊ New Document 
ကိုအထက်မှာပြောခဲ့တဲ့အတိုင်း ၆     လက်မပတ်လည်ကို Resolution 100 နဲ့ 
Create လုပ်ပါ။ ပြီးရင် Edit>Fill     မှာ Pattern type ကိုရွေးပါ၊ 
Pattern Picker ရဲ့ နောက်ဆုံးမှာ သင်     Create လုပ်ထားတဲ့ Pattern 
လေးကိုမြင်ရမှာပါ။

အဲဒီ Pattern ပေါ်ကို Mouse တင်လိုက်တာနဲ့ chess ဆိုတဲ့ 
Pattern name     နဲ့အတူ 100 by 100 pixels, RGB mode ဆိုတဲ့စာသားလေးကို 
မြင်ရမှာပါ။     အဲဒါတွေကတော့ သင်Create လုပ်ထားတဲ့ အရွယ်အစားနဲ့ Color 
mode     ကိုပြောပြတာပါ။ အဲဒီ Pattern ကို Click လုပ်ပါ၊ ပြီးရင် OK ကို 
Click     လုပ်ပြီးတာနဲ့ Document တစ်ခုလုံးမှာ ကျားကွက် အလျားရောအနံပါ ၁၂ 
    ကွက်စီရှိနေတာတွေ့ရမှာပါ။ (600 / 50 = 12)

အကယ်၍များ သင် New Document တစ်ခုကိ ၆ လက်မ ပတ်လည် 
Resolution ကိုတော့     ၂၀၀ ယူလိုက်တယ်ဆိုပါတော့။ အဲဒီ Document ထဲမှာ 
chess pattern လေးကိုပဲ     Fill လုပ်ကြည့်ရင် ကျားကွက်လေးပေါင်း ၂၄ 
ကွက်ဖြစ်လာမှာပါ။ (1200 / 50 =     24)

အကယ်၍ Fill မည့် Document က ၆လက်မပတ်လည်ကိုပဲ ၅၀ Pixel Resolution     နဲ့ဆိုရင် chess ကွက်တွေဟာ ၆ ကွက်ထဲပေါ်လာမှာပါ။
အခုနောက်ထပ် Pattern တစ်ခုကိုထပ်လုပ်ကြည့်ရအောင်။ New 
Document     တစ်ခုကိုအရင်အတိုင်းပဲ ၁ လက်မပတ်လည်နဲ့ Resolution ကို 100 
နဲ့ပဲယူပါ။     ပြီးရင်အရင်အတိုင်းပဲ Guide လိုင်းနှစ်ခုကို အလျားလိုက်ရော 
    ထောင်လိုက်ပါပြုလုပ်ပါ။ ပုံပါအတိုင်းအောက်ဘက် နှစ်ကွက်ကို အနီရောင်    
 Fill လိုက်ပါ။

အဲဒီနောက် Edit>Stroke ကို Color မှာအဖြူရောင် Location
 မှာInside  နဲ့     Width ကတော့ 3 pixel နဲ့လုပ်ပါမယ်။ 
ပုံကိုအခုလိုမြင်ရပါပြီ။

ပြီးနောက် ဘယ်ဘက်အစွန်အပေါ်ကအကွက်ကိုအနီရောင် Fill 
လိုက်ပါမယ်။ ပြီးရင်     Edit>Stroke ကို Color မှာအဖြူရောင် Location 
မှာInside နဲ့ Width     ကတော့ 3 pixel နဲ့လုပ်ပါမယ်။

အဲဒီနောက်မှာတော့ Deselect လုပ်ပါမယ်။ Magic Wand 
ကိုရွေးပြီး     နောက်ဆုံးလုပ်ခဲ့တဲ့ အပေါ်ကလေးထောင့်ကွက်ကို Select လုပ်ပါ။
 ပြီးရင် ထို     Selection ကိုဘယ်ဘက်သို့ Left Arrow Key 
ကိုနှိပ်ခြင်းဖြင့်ရွေပါ။     ပြီးရင်အနီရောင်ပြန် Fill ပါမယ်။ 
ပုံကိုကြည့်ပါ။

ညာဘက်ကအကွက်ကိုလဲ ဒီအတိုင်းပဲပြုလုပ်လိုက်ရင် 
ဒီလိုပုံရလာမှာပါ။ Magic     Wand နဲ့ Select လုပ်ပြီးရင်တော့ Selection 
ကိုရွေတဲ့အခါမှာ      ညာဘက်ကို ရွေရမှာနော်။

Select All (Ctrl + A) လုပ်ပါ၊ ပြီးရင်တော့ Edit>Define
 Pattern ကို     နှိပ်ပြီး Pattern တစ်ခုလုပ်လိုက်ရုံပါပဲ။ Pattern Name 
ကိုတော့ brick     လို့ပေးထားပါဦး။ ဒါဆိုရင် သင် Pattern 
နှစ်ခုပြီးလုပ်ပြီးပါပြီ၊ New     Document တစ်ခုယူပြီး ဒီ Pattern ကို 
Fill လုပ်ကြည့်ရင် အုတ်ကွက်ပုံလေး     တွေ တွေ့ရမှာပါ၊ စမ်းကြည့်ပါ။
နောက်တစ်ဆင့်က အဲဒီ Pattern နှစ်ခုကို File တစ်ခုအနေနဲ့ Save     ထားဖို့ပါပဲ၊ အဲဒီအတွက်တော့ Edit>Preset Manager ကိုသွားပါ။

Preset type မှာ Patterns ကိုရွေးပါ၊ Pattern Picker     
ရဲ့နောက်ဆုံးမှာသင်ပြုလုပ်ခဲ့တဲ့ Pattern နှစ်ခုရှိနေပါတယ်။ chess ကို     
Click လုပ်ပါ၊ ပြီးရင်တော့ brick ကို Shift Key ပါတွဲနှိပ်ပြီး Click     
လုပ်ပါ ( Selection ထဲပေါင်းထည့် တဲ့သဘောပါ)။ Pattern နှစ်ခုစလုံး     
Select ဖြစ်နေ တော့မှ Save Set ဆိုတဲ့ Button ကို Click လုပ်ပါ။ File     
Save ဖို့နာမည် တောင်းတဲ့အခါ မိမိကြိုက်နှစ်သက်ရာပေးလိုက်ပါ၊ အခုတော့     
mmphotoshop ဆိုတဲ့ နံမည်ကိုပေးလိုက်ပါတယ်။ ပြီးရင် Preset Manager     
ကိုပိတ်လိုက်ပါ။ သင့်ကိုယ်ပိုင် Pattern file တစ်ခုတည်ဆောက်     
ပြီးသွားပါပြီ။ သင်ပြုလုပ်ထားသော Pattern ကို Pattern Fly Out menu မှ     
Load Pattern menu ဖြစ်စေ Replace Pattern menu ဖြင့်ဖြစ်စေ     
ခေါ်ယူအသုံးပြုနိုင်ပါတယ်။ Pattern file List အဖြစ် Fly Out menu တွင်     
ပေါ်စေလိုပါက PhotoShop ကို Reset လုပ်ပေးလိုက်ရုံပါပဲ။

ဒီနည်းအတိုင်းပဲ သင်လိုချင်သော Pattern File     
များကိုတည်ဆောက်ထားနိုင်ပါတယ်။ တစ်ခုပြောစရာရှိသေးတာက Edit>Define     
Pattern menu ဟာ Selection လုံးဝမရှိလဲပေါ်ပါတယ်၊ အဲဒီအခါမှာ Pattern     
area ဟာ Document တစ်ခုလုံးလို့ဆိုလိုတာပါ။ နောက်အခြေအနေတစ်ခု က     
Selection ဟာ လုံးဝလေးတောင့်ဖြစ်နေရပါမယ်။ အောက်မှာပြထားတဲ့ Selection     
တွေဟာဆိုရင် Define Pattern menu ကိုပေါ်လာစေမှာ မဟုတ်ပါဘူး။     
သေသေချာချာသတိထားရမှာပါ။






0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။