အလင်းတန်းတွေဟာ မျဉ်းဖြောင့်အတိုင်းသွားလာကြပြီး အရာဝတ္တုများနှင့်     
ထိဆုံမိကြပါတယ်။ ဤကဲ့သို့ အရာဝတ္တုနဲ့အလင်းဆုံတဲ့ နေရာမှာ Tint     
အခြင်းအရာဖြစ်ပြီး အလင်းနဲ့ဆန့်ကျင်ရာဘက်မှာ Shade     အချင်းအရာ 
ဖြစ်ပေါ်ကြောင်းဖော်ပြခဲ့ပြီးပါပြီ။ အခုပြောချင်တာက အလင်းရဲ့     
ဆန့်ကျင်ဘက်က အရာဝတ္တု အကြောင်းဖြစ်ပါတယ်။     အရိပ်လို့ 
လွယ်လွယ်ပြောနေပေမယ့် သေခြာစွာခွဲခြားကြည့်ရင် အရာဝတ္တုရဲ့     အရိပ်သည် 
ထိုအရာဝတ္တုအပေါ်တွင်သာ သက်ရောက်လျင် Shade လို့ခေါ်ပြီး     
၎င်းအရာဝတ္တု၏အရိပ်သည် အခြားအရာဝတ္တုအပေါ်မှာ သက်ရောက်မယ် ဆိုရင်တော့     
Shadow လို့ခေါ်ရပါမယ်။ ဒီ Tutorial မှာပြောချင်တာက Shadow ပါ။

လက်တွေ့အနေနဲ့ ပုံလေးတစ်ပုံကိုသူ့ဘေးနားကနေ     
အရိပ်လေးတစ်ခုချကြည့်ရအောင်။ အရိပ်ကိုပုံလေးရဲ့ ညာဘက်ကနေထွက်တဲ့     
ပုံစံမျိုးပါ။ Layer တွေမှာ အရိပ်ကို Drop Shadow ဆိုတဲ့ Layer Style     
ကိုသုံးပြီးအရိပ်ချတာကို သိပြီးကြမှာပါ။ အဲဒီ Layer Style ကိုပဲအခု     
အသုံးပြုပါမယ်။ အခုပြထားတဲ့ပုံမှာ လူပုံ Layer1 ရယ် Background ရယ်     
Layer နှစ်ခုရှိပါတယ်။

ပထမအဆင့်အနေနဲ့ Layer1 ကို Drop Shadow လုပ်ပါမယ်၊ Setting
 တွေကိုတော့     Default အတိုင်းပဲထားပါ။     Drop Shadow ပြီးသွား ရင်တော့
 Layer1 ရဲ့အောက်ခြေ နားမှာ Drop Shadow  ဆိုတဲ့     စာသားလေးမှာ Right 
Click လုပ်ပါမယ်၊ အဲဒီနောက်ပေါ်လာတဲ့ Menu ကနေ Create     Layer ကိုရွေးပါ။

"Some aspects of the effects cannot be reproduced with 
layers!"     လို့ပြောရင် OK ပဲရွေးပါ။ အခုဆိုရင် Layer1 ကတစ်ခု Layer1's 
Drop     Shadow ဆိုတဲအရိပ် Layer ကတစ်ခု သက်သက်ဆီဖြစ်သွားပါပြီ။

ဆက်ပြီးတော့ အရိပ် Layer ဖြစ်တဲ့ Layer1's Drop Shadow ကို
 Free     Transform လုပ်ရအောင် (Ctrl + T)။ ပေါ်လာတဲ့ Bounding Box ကနေ 
အပေါ်ဘက်က     အလယ် Node ကို Ctrl key နှိပ်ပြီးမြားပြထားတဲ့ 
နေရာကိုရောက်အောင်ရွေ့ပါ။     (Control key နဲ့တွဲနှိပ်ခြင်းဟာ 
Transformation ကို Distortion     လို့ပြောလိုက်တာပါ)

Transform ကိုချိန်ညှိပြီး Enter မခေါက်ခင် သို့ (Commit) 
မလုပ်ခင်     အရိပ်ကိုခြေထောက်နားကနေ စထွက်အောင်လဲ သတိထားပါဦး Keyboard 
ရဲ့ Arrow     Key လေးတွေနဲ့ အပေါ်အောက် ဘယ်ညာ ချိန်လို့ရပါတယ်။

ပြီးရင် အရိပ် Layer (Layer1's Drop Shadow) ရဲ့ Opacity ကိုလဲ 40%     လောက်ထားလိုက်ရင် ပုံလေးကိုဒီလိုမြင်ရမှာပါ။

အရိပ်ပြုလုပ်တဲ့ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်၊     
ဒီနည်းဟာပိုလွယ်ကူပါတယ်။ နဲနဲလေးစိတ်ကူးကွန့်ပြီး တခြားသောပုံစံလေး     
တွေလဲ လုပ်ကြည့်ပါဦးလား။ ဥပမာ လူပုံဟာသေးပြီးအရိပ်ကို Distortion     
များများနဲ့ ဦးခေါင်းပိုင်းမှာ ကားသွားတဲ့ပုံမျိုးပေါ့။     
အဲဒီပုံမျိုးလိုချင်ရင် Free Transform လုပ်တုန်းက Node တွေကိုဘေးဘေး     
ဝဲယာ လိုသလိုတိုးလိုက်ရုံပါပဲ။
မှတ်ချက်။              ။Guest Book တွင်ရေးသားခဲ့သော 
မေးခွန်းတစ်ခုဖြစ်သည့် how can i do the     shadow of image ? 
ကိုဖြေဆိုထားခြင်းပါ။ Reply     နောက်ကျနေခြင်းကိုခွင့်လွတ်ပေးပါရန်နှင့်  
   နှစ်သက်ကျေနပ်နိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။





0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။