ပုံရိပ်များရဲ့ဖွဲ့စည်းပုံ သဘာဝသင်ခန်းစာမှာ Raster Graphics တွေဟာ
Pixel တွေကိုအခြေခံတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ Pixel တွေကိုလဲ
လေးထောင့်ပုံရှိတယ်လို့လဲ ယူဆလိုက်ပါဦး။ ဒါဆိုရင် Vertical Line
တစ်ခုရဖို့ဆိုရင် လေးထောင့်ပုံရှိတဲ့ Pixel လေးတွေကို တစ်ခုပေါ် တစ်ခု
ဆင့်သွားရမှာပေါ့။ ပုံမှာကြည့်ပါ။ Horizontal Line
ဆိုရင်လဲဒီအတိုင်းပါပဲ လေးထောင့်ပုံရှိတဲ့ Pixel လေးတွေကို
ဘေးတိုက်ဆက်သွား ရမှာပေါ့။
အဲဒီအထိကတော့အဆင်ပြေတုန်းပါပဲ၊ ဒါပေမယ့် မျဉ်းစောင်း 45 degree Line ဆိုရင် ဒီလိုပုံဖြစ်သွားမှာပေါ့။
အတွန့်အတွန့်လေးတွေဟာ Line ဘေးတစ်လျှောက်မြင်နေရမှာပါ။
ဒါကို Aliasing လို့ခေါ်ပါတယ်။ အဲဒီ Aliasing
ကိုပြေလည်ဖို့ဘယ်လိုလုပ်ကြ သလဲဆိုတော့
အဲဒီမျဉ်းရဲ့ဘေးတစ်ဖက်တစ်ချက်ကထောင့်ကွက်ဖြစ်နေတဲ့နေရာတွေကို Pixel
သို့ အရောင်ပါးပါးလေးတွေ လိုက်ဖြည့်လိုက် ပါတယ်။
ဒါဆိုရင်ပုံကအခုလိုဖြစ်သွားပါတယ်။
Aliasing ကိုပြေလည်စေလို့ Anti-aliasing လို့ခေါ်တာပါ။
Photoshop ရဲ့ Tools ထဲမှာတင် Rectangular Marquee tool နဲ့ Elliptical
Marquee tool ကိုပဲကြည့်ပါ Group တစ်ခုထဲမှာရှိပေမယ့် Rectangular
Selection လုပ်ဖို့အတွက်က Anti-aliased ဖြစ်ဖို့မလိုဘူးလေ၊ ဒါကြောင့်
Rectangular Marquee ကိုရွေးထားချိန်မှာ Tool Option box ကိုကြည့်ရင်
Anti-aliased ဆိုတဲ့ Option လေးဟာ Disable ဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် Elliptical Selection ဆိုရင်တော့ Anti-aliased ဆိုတဲ့ Option ဟာ Enable ဖြစ်လာပါတယ်။
အလျားလိုက် သို့မဟုတ် ထောင်လိုက် Selection
ကလွဲရင်ကျန်တာတွေဟာ Anti-aliased ဖြစ်မှပုံဟာ Smooth ဖြစ်နေမှာပါ။
Magic wand နဲ့ Lasso Tools တွေမှာလဲ Anti-aliased Option ဟာ Enabled
ဖြစ်နေမှာပါ။ မိမိလိုချင်ရင် Check လုပ်ခဲ့ပြီး မလိုအပ်ရင် Uncheck
လုပ်ခဲ့ရုံပါပဲ။ Polygon Lasso Tool နဲ့ 45 degree မျဉ်းစောင်း
Selection တစ်ခုကို Anti-aliased Option ကို Check လုပ်ပြီးဆွဲထားတာနဲ့
Uncheck နဲ့ဆွဲတာကိုFill လုပ်ပြီးယှဉ်ကြည့်ပါဦး။
ပိုပြီးသဘောပေါက်လာမှာပါ။
Ant-aliasing ကို Photoshop မှာတင်မြင်ရတာမဟုတ်ပါဘူး
အခြား Graphics Software တွေမှာလဲမြင်တွေ့ရမှာပါ။ ဥပမာ Illustrator
နဲ့ဆွဲထားတဲ့ ပုံတစ်ခုကို Raster format တစ်ခုခုကို Export
လုပ်တယ်ဆိုပါစို့ Export Option မှာလဲ Anti-aliasing
ယူမလားလို့လာမေးမှာပါ။ အထူးသဖြင့် Vector graphics ကနေ Raster image
ပြောင်းတဲ့အခါမျိုးမှာ ဒီ Option လေးဖွင့်ခဲ့ဖို့မမေ့ပါနဲ့။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။