Welcome to my blog :)

rss

Tuesday, February 14, 2012

iPhone,iPad ကို JailBreak ပြုလုပ်နည်း (for iOS 4.3.5)























အခု ကျွန်တော်ပြောမယ့်နည်းက iOS 4.3.5 အတွက်ပါ ။ ဒါပေမယ့် ဒီနည်းလမ်းက iPad2 ကိုတော့မ၇သေးပါဘူး။ ကျန်တဲ့ iDevices တွေအကုန်ရပါတယ်။
Apple က iOS4.3.3 ထွက်ပြီးနောက်မှာ iOS4.3.4 နဲ့ iOS4.3.5 ကိုတစ်ြပိုင်နက်ပူးတွဲထုတ်ဝေလိုက်တဲ့အတွက် iOS 4.3.3 တင်ထားတဲ့စက်ကို jailbreak လုပ်မယ်ဆိုရင် iOS 4.3.4 ကို jailbreak လုပ်လို့မ၇ပါဘူး ။ iOS 4.3.5 ကိုပဲ တိုက်ရိုက်လုပ်ရမှာပါ။
ဒါပေမယ့် အခုလက်ရှိမှာ iOS 4.3.5 jailbreak လုပ်လိုက်ရင် power ပိတ်လိုက်တဲ့အခါမှာ သူ့ power ခလုတ်နဲ့ power ပြန်ဖွင့်လို့မရပါဘူး။ ကွန်ပျူတာနဲ့ချိတ်ပြီးမှသာပြန်ဖွင့်လို့ရပါတယ်။ အဲဒီတော့ အမြဲတမ်း Battery အပြည့်သွင်းထားပြီး power မပိတ်မိစေနဲ့ပေါ့နော်။
ဆိုင်မှာ jailbreak သွားလုပ်ရင် ၁၅၀၀၀ လောက်တော့ အသာလေးပေးရပါတယ်။ အဲဒီအတွက် Myanmar Mobile App Store ကနေကိုယ့်ဘာသာ Jailbreak လုပ်တတ်အောင် Tutorials အနေနဲ့တင်ပြပေးလိုက်ပါတယ်။
အခု လုပ်မယ့် နည်းလမ်းကိုစ ပြောပါမယ်။
ပထမဆုံးလိုအပ်တဲ့ tools တွေကိုအရင်ရယူရပါမယ်။
အရင်ဆုံး Jailbreak ပြုလုပ်ပေးမယ့် redsn0w ဆိုတဲ့ software လေးကိုယူလိုက်ပါ။
redsn0w အားရယူရန် (Jailbreak ပြုလုပ်မည့် software)
ပြီးရင် iOS firmware restore update နှစ်ခုကို download လုပ်ရပါမယ်။ အောက်မှာ iDevice တွေအတွက် firmware restore update တွေပေးထားပါတယ်။ ကိုယ့်ရဲ့ device နဲ့ပတ်သက်တဲ့ update နှစ်ခုကိုပဲ ရွေးပြီး download လုပ်ကြပါ
(ဥပမာ- ကိုယ့်ရဲ့စက်က iPad1 ဆိုရင် iPad1,1_4.3.4_8K2_Restore.ipsw ကိုရယူရန် ကိုရော
iPad1,1_4.3.5_8L1_Restore.ipsw ကိုရယူရန် ကိုရော နှစ်ခုစလုံးကိုဒေါင်းရမှာပါ။ ကိုယ့်စက်နဲ့ဆိုင်တာကိုပဲ download ရယူပါ)
For iPad1 အတွက် download ယူရန်
———-
iPad1,iOS 4.3.4 အားရယူရန်
iPad1,iOS 4.3.5 အားရယူရန်
For iPhone4
————
iPhone4,iOS 4.3.4 အားရယူရန်
iPhone4,iOS 4.3.5 အားရယူရန်
For iPod touch 4G
———-
iPodtouch4G,iOS 4.3.4 အားရယူရန်
iPodtouch4G,iOS 4.3.5 အားရယူရန်
For iPhone 3GS
———-
iPhone3GS,iOS 4.3.4 အားရယူရန်
iPhone3GS,iOS 4.3.5 အားရယူရန်
(iPad ကို နမူနာထားပြီး Jailbreak လုပ်နည်းကိုပြောပြပါမယ်။ လုပ်နည်းချင်းကအတူတူပါပဲ)
iOS firmware update နှစ်ဖိုင်စလုံးကို download ရယူပြီးပြီဆိုရင် ကွန်ပျူတာ desktop ပေါ်မှာ folder အသစ်ခုဆောက်လိုက်ပါ။
folder ရဲ့နာမည်ကို “Pwnage” လို့နာမည်ပေးပါ။ ပြီးရင် အဲဒီ folder ထဲကို ခုနက download ရယူထားတဲ့ software နဲ့ update နှစ်ဖိုင်ကို ထည့်ပါမယ်။
redsn0w ဖိုင်ကို zip မဖြည်ရသေးရင် zip ဖြည်လိုက်ပါဦး။ အကုန်လုံးထည့်ပြီးဆိုရင် အောက်ကပုံအတိုင်း အသင့်ဖြစ်နေ၇ပါမယ်။
ပြီးရင် ကွန်ပျူတာနဲ့ iPad ကိုချိတ်လိုက်ပါ ။ ပြီးရင် ကွန်ပျူတာထဲက iTunes ကို run လိုက်ပါ။ iTune software ပွင့်လာပြီဆိုရင် မိမိရဲ့ iPad device location ကိုသွားလိုက်ပါ ။ အောက်ကပုံထဲကအတိုင်း ပေါ်ပါလိမ့်မယ်။
အပေါ်ပုံထဲက restore ဆိုတဲ့ button ကို နှိပ်ရပါမယ်( restore button ကိုနှိပ်ရာမှာ ကွန်ပျူတာကီးဘုတ်ပေါ်က Shift key ကိုအရင်ဖိနှိပ်ထားပြီးမှ restore ကိုနှိပ်ပါ) ။
အဲဒီမှာ ဖိုင်လမ်းကြောင်းရွေးဖို့ directory box ပေါ်လာတဲ့အခါမှာ ခုနက ဆောက်ထားတဲ့ Pwnge folder ဆီကိုသွားပါ။ပြီးရင် ခုနက download လုပ်ထားတဲ့ iOS firmware restore နှစ်ဖိုင်ထဲက iOS 4.3.5 restore ဆိုတဲ့ဖိုင်ကိုရွေးပါ။ ပြီးရင် open နှိပ်ပါ။ အောက်ကပုံအတိုင်းပါ။
ဒါဆိုရင် iTunes က မိမိရဲ့ iDevice ကိုစတင်ပြီး Firmware Upgrade လုပ်ပါလိမ့်မယ် ။၁၀ မိနစ်လောက်ကြာပြီးတာနဲ့ Restore လုပ်ငန်းစဉ် ပြီးပါလိမ့်မယ်။
restore ပြီးပြီဆိုရင် မိမိရဲ့ iPad, iPhone မှာ Cable နဲ့ iTunes ပုံလေးပြန်ပေါ်လာပါလိမ့်မယ်။ ဒါ့အပြင် Slide Bar လေးပါ “Slide
for emergency” ဆိုပြီးပေါ်လာရင် iOS Firmware Upgrade လုပ်လို့ပြီးသွားပါပြီ။
ပြီးရင် ခုနက ဆောက်ထားတဲ့ Pwnge folder ထဲက ဇစ်ဖြည်ထားတဲ့ redsn0w ကို run လိုက်ပါ။ ပေါ်လာပြီဆိုရင် browse ကိုနှိပ်ပါ။ အောက်ကပုံအတိုင်းပါ။
ပြီးရင် ခုနက download လုပ်ထားတဲ့ iOS firmware restore နှစ်ဖိုင်ထဲက 4.3.4 ဆိုတဲ့ နာမည်ပါတဲ့ ဖိုင်ကိုရွေးလိုက်ပါ။ Open ကိုနှိပ်ပါ။
အဲဒီမှာ redsn0w က iOS firmware ဖိုင်ကို verified လုပ်ပါလိမ့်မယ်။ ပြီးရင် Next ကိုနှိပ်ပါ။ အောက်ကပုံအတိုင်းပါ။
Redsn0w က စတင်ပြီး Jailbreak လုပ်ပါလိမ့်မယ်။
ပြီးသွားပြီဆိုရင် install Cydia ကို အမှန်ခြစ်ပေးပြီး Next ကိုနှိပ်ပါ။
ပြီးရင် မိမိရဲ့ iPhone,iPad ကို ပါဝါပိတ်လိုက်ပါ။ (ကွန်ပျူတာနဲ့ချိတ်ထားတဲ့ cable ကိုမဖြုတ်ပါနဲ့) ။ ပြီးရင် Next လုပ်ပါ။ အောက်ကပုံအတိုင်းပါ။
ဒါဆိုရင် redsn0w က မိမိရဲ့စက်ကို DFU mode ထဲကိုဝင်တဲ့နည်းကို instruction ပေးပါလိမ့်မယ်။ အောက်ကပုံအတိုင်းပါ။
DFU mode ထဲဝင်တဲ့နည်းကိုပြောပြပါမယ်။ ပထမဆုံးအနေနဲ့ powerခလုတ်ကို ၂ စက္ကန့်လောက်ဖိထားပါ။ ၂စက္ကန့်ပြီးသွားရင် home ခလုတ်ကိုပါဆက်ပြီးတပြိုင်နက် နှိပ်လိုက်ပါ(၁၀စက္ကန့်လောက်နှိပ်ထားရပါမယ်) ။ ဒါဆိုရင် DFU mode ထဲကိုရောက်သွားပါပြီ။ DFU mode ထဲကို
ဝင်တာ အောင်မြင်တယ် ဆိုရင် Next ကိုနှိပ်လို့ရပါပြီ။ Next ကိုနှိပ်လိုက်ရင် iDevice ဟာ အလိုအလျောက် reboot လုပ်ပါလိမ့်မယ်။
ပြီးရင် redsn0w က မိမိရဲ့ iDevices ထဲကို new RAM Disk and Kernel ကိုတင်ပါလိမ့်မယ်။
ပြီးသွားပြီဆိုရင် redsn0w မှာ done ဆိုပြီးပေါ်လာရင် finish ကိုနှိပ်ပါ။
ဒါဆိုရင် jailbreak လုပ်လို့ပြီးစီးပြီဖြစ်ပါတယ်။ cracked လုပ်ထားတဲ့ application တွေသွင်းလို့ရအောင် ဆက်လုပ်ရပါဦးမယ်။ ( iOS 4.3.5 ကို Jailbreak လုပ်ထားတယ်ဆိုရင် iDevice ကို power off လုပ်ခဲ့ရင် ကွန်ပျူတာနဲ့ပြန်ဖွင့်ပေးမှရပါတယ်။
ဒီအတိုင်းဖွင့်လို့မရတော့ပါဘူး။ ကွန်ပျူတာနဲ့ ဘယ်လိုဖွင့်ရလဲဆိုတော့ မိမိရဲ့ iDevice ကိုကွန်ပျူတာနဲ့ချိတ်ပြီး redsnow ကိုဖွင့်လိုက်ပါ။ redsnow တက်လာပြီဆိုရင် အဲဒီထဲက just boot tethered right now ကိုအမှန်ခြစ်ပေးပြီး Next လုပ်လိုက်ပါ။ ဒါဆိုရင် မိမိရဲ့ iPhone,iPad ဟာ power ပြန်ပွင့်လာပါလိမ့်မယ်။ )
reboot ပြန်တက်လာပြီဆိုရင် Cydia ထဲကိုဝင်လိုက်ပါ။ Cydia app ကလိုအပ်တာကို auto download ဆွဲပါလိမ့်မယ်။
နောက်တစ်ဆင့်အနေနဲ့ crack လုပ်ထားတဲ့ application တွေကို စက်ထဲမှာinstall လုပ်ပြီးသုံးလို့ရအောင် address source တစ်ခုထည့်ရပါမယ်။
ဘယ်ကနေထည့်ရမလဲဆိုတော့ Cydia/manage/source/edit/add ထဲကနေ http://cydia.hackulous.com ကိုထည့်ရပါမယ်။ ။အဲဒီ source ထဲမှာ appsyncforiOS ကို မိမိစက်firmware version နဲ့ကိုက်ညီတာရွေးပေးပါ။ အခုဆိုရင် JailBreak လုပ်လို့ပြီးသွားပြီဖြစ်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ