Welcome to my blog :)

rss

Tuesday, February 14, 2012

iPhone ,iPad ကို jailbreak လုပ်နည်း (for iOS 4.2.1)
















အခု ကျွန်တော်ပြောမယ့်နည်းက iOS 4.2.1 အထိ Jailbreak လုပ်လို့ရပါတယ်။ 4.2.1 ရဲ့နောက်ထွက်တဲ့ version တွေကတော့ ဒီနည်းနဲ့မရပါဘူး။
အခု လုပ်မယ့် နည်းလမ်းကိုစ ပြောပါမယ်။
Jailbreak လုပ်ဖို့ လိုအပ်တဲ့ tool ကတော့ Greenpois0n လို့ခေါ်တဲ့ Jailbreak လုပ်တဲ့ ဆော့ဝဲပါ။ အောက်မှာရယူနိုင်ပါတယ်။ Greenpois0n အားရယူရန်
Greenpois0n ကို download ရယူပြီးပြီဆိုရင် ဒေါင်းလို့ရတဲ့ greenpois0n zip ဖိုင်လေးကိုဖြည်လိုက်ပါ။
ပြီးရင် greenpoison exe ဖိုင်လေးကို run လိုက်ပါ။ အောက်ကပုံအတိုင်းပေါ်လာပါမယ်။


ပြီးရင် Prepare to Jailbreak (DFU) ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ။
အဲဒီမှာ သူက iPad (or)iPhone ကို DFU mode ထဲကိုဝင်ဖို့ညွှန်ကြားချက်တွေပေးပါလိမ့်မယ်။ အောက်ကပုံအတိုင်းပါ။

ပထမဆုံးအနေနဲ့ powerခလုတ်ကို ၂ စက္ကန့်လောက်ဖိထားပါ။ ၂စက္ကန့်ပြီးသွားရင် home ခလုတ်ကိုပါဆက်ပြီးတပြိုင်နက် နှိပ်လိုက်ပါ(၁၀စကန့်လောက်နှိပ်ထားရပါမယ်)

ဒါဆိုရင်DFU modeထဲရောက်သွားပါပြီ။ ပြီးရင် jailbreak ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းပါ။

ပြီးရင် Quite button ကိုနှိပ်ပြီးထွက်လိုက်ပါ။
ပြီးရင် restart ချလိုက်ပါ။
reboot ပြန်တက်လာပြီးရင် စက်ထဲကapplication တွေထဲမှာ new Loader ဆိုတဲ့ application လေးကိုတွေ့ရပါလိမ့်မယ်။ အဲဒီထဲကိုဝင်လိုက်ပါ။
အဲဒီထဲကို မ၀င်ခင်မှာ မိမိရဲ့ iPhone,iPad ကို အင်တာနက်နဲ့အရင်ချိတ်ထားလိုက်ဦး။ အခုနောက်လုပ်မယ့် step တွေက internet နဲ့ချိတ်ပြီးလုပ်ရမှာပါ။
ခုနက new loader ထဲကိုဝင်လိုက်ရင် အဲဒီထဲမှာ Cydia ဆိုတာလေးကိုတွေ့ပါလိမ့်မယ်။ အဲဒါကို ရွေးလိုက်ပါ(install လုပ်လိုက်ပါ)။ အောက်ကပုံအတိုင်းပါ။

အဲဒီနောက် Cydia ကိုအောင်မြင်စွာ install လုပ်ပြီးပြီဆိုရင် အပေါ်နားလေးမှာရှိတဲ့ Option ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ
Screen ရဲ့အလယ်တည့်တည့်မှာ remove loader app ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ် ၊ အဲဒါကိုနှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းပါ။

ပြီးသွားပြီဆိုရင် စက်ကို reboot ပြန်လုပ်ပါ။ ပြန်တက်လာပြီဆိုရင် Cydia ထဲကိုဝင်လိုက်ပါ။ Cydia app ကလိုအပ်တာကို auto download ဆွဲပါလိမ့်မယ်။
နောက်တစ်ဆင့်အနေနဲ့ crack လုပ်ထားတဲ့ application တွေကို စက်ထဲမှာinstall လုပ်ပြီးသုံးလို့ရအောင် address source တစ်ခုထည့်ရပါမယ်။
ဘယ်ကနေထည့်ရမလဲဆိုတော့ Cydia/manage/source/edit/add ထဲကနေ http://cydia.hackulous.com ကိုထည့်ရပါမယ်။ ။အဲဒီ source ထဲမှာ appsyncforiOS ကို မိမိစက်firmware version နဲ့ကိုက်ညီတာရွေးပေးပါ။ အခုဆိုရင် JailBreak လုပ်လို့ပြီးသွားပြီဖြစ်ပါတယ်။
iOS 4.2.1 ရဲ့ အထက် version တွေကို JailBreak လုပ်တဲ့နည်း နောက်ထပ် ဆက်ရေးပေးပါမယ်။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ