Welcome to my blog :)

rss

Tuesday, February 14, 2012

iPhone,iPad တွေမှာ Cydia နဲ့သွင်းမှရတဲ့ .deb ဖိုင် application တွေကို အင်တာနက်မချိတ်ဘဲ ကွန်ပျူတာနဲ့တိုက်ရိုက်သွင်းနည်း(၁)





Wifi နဲ့ချိတ်ရမှတို့ အင်တာနက်နဲ့ချိတ်ပြီးမှဘာတို့ ဒုက္ခများနေမှာစိုးလို့ ကွန်ပျူတာနဲ့တိုက်။ရိုက်သွင်းလို့ရတဲ့ နည်းလေးကိုတင်ပေးလိုက်ပါတယ်။
Cracked လုပ်ထားတဲ့ application တွေကို run လို့ရအောင်လုပ်ပေးထားနိုင်တဲ့ installeous ဆိုတဲ့ application ဆိုရင် အင်တာနက်ကွန်နက်ရှင်ရှိမှ
Cydia ကနေတစ်ဆင့် သွင်းလို့ရတာပါ။ အခုပြောမယ့် နည်းလမ်းနဲ့ဆို သွင်းချင်တဲ့ application file ( .deb ဖိုင်ကိုပြောတာပါ) ရှိဖို့ပဲလိုပါတယ်။
အရင်ဆုံး ကွန်ပျူတာနဲ့ချိတ်သွင်းလို့ရဖို့အတွက် မိမိ၇ဲ့ iPhone,iPad ထဲမှာ Cydia ကနေ openSSH လို့ရိုက်ထည့်ပြီး openSSH ဆိုတဲ့ application လေးကိုသွင်းလိုက်ပါ။ (အဲဒီဟာကတော့ အင်တာနက်နဲ့ချိတ်ပြီးမှ လုပ်ရပါမယ် ။ ဘာလို့လဲဆိုတော့ openSSH application ကိုထည့်ပြီးမှသာ
နောက်ထပ်တွေသွင်းတဲ့အခါကျရင် မလိုတော့တာပါ။ အခုက မရှိသေးဘူးဆိုတော့ အင်တာနက်ကိုသုံးရဦးမှာပေါ့)
ပြီးရင် ကွန်ပျူတာထဲမှာ သွင်းဖို့ WinScp ဆိုတဲ့ application လေးကိုရယူလိုက်ပါ ။ iPad,iPhone ထဲကို .deb ဖိုင် application တွေထည့်တဲ့အခါကျရင် အဲဒီဆော့ဝဲနဲ့ထည့်၇မှာပါ။ အောက်မှာရယူနိုင်ပါတယ်။
WinScp ဆော့ဝဲ အားရယူရန်
WinScp ကို download လုပ်ပြီးပြီဆိုရင်ကွန်ပျူတာထဲမှာ install လုပ်လိုက်ပါ။ install လုပ်ပြီးပြီဆိုရင် မိမိရဲ့ iDevices(iPhone,iPad etc)ကို ကွန်ပျူတာနဲ့
ချိတ်လိုက်ပါ ။ ပြီးရင် WinScp software ကို run လိုက်ပါ။ WinScp explorer လေးပေါ်လာပြီဆိုရင် user name နေရာမှာ root လို့ထည့်ပါ။ password နေရာမှာ alpine လို့ရိုက်ပါ။ အောက်ကပုံအတိုင်း ပါ။ ပြီးရင် login ၀င်ပါ။

နောက်ထပ် explorer တစ်ခုတက်လာပြီဆိုရင် အဲဒီထဲက address bar မှာ private/var/mobile လို့ရိုက်ထည့်ပါ။ ပြီးရင် မိမိ သွင်းလိုတဲ့ .deb ဖိုင်ကို
အဲဒီထဲမှာထည့်လိုက်ပါ ။ အောက်ကပုံအတိုင်းပါ။

ပြီးရင် WinScp ထဲမှာပဲ ကွန်ပျူတာကီးဘုတ်ကနေ Ctrl + t ကို နှိပ်ပါ။ terminal box လေးတစ်ခုတက်လာပါလိမ့်မယ်။

အဲဒိထဲက Enter Command: ဆိုတဲ့နေ၇ာမှာ :dpkg -i myapp.deb လို့ရိုက်ထည့်ပါ (မှတ်ချက်- myapp နေရာတွင် .deb ဖိုင်ရဲ့ name ကိုထည့်ရပါမယ်။ ဥပမာ- hello.deb ဖြစ်လျှင် command ရိုက်ရာတွင် dpkg -i hello.deb လို့ရိုက်ရမှာပါ) ။ ပြီးလျှင် Execute ကိုနှိပ်ပါ။ ဒါဆိုရင်
auto install လုပ်သွားပါလိမ့်မယ်။ ပြီးသွားပြီဆိုရင် မိမိရဲ့ iDevices(iphone,iPad) ကို restart ချလိုက်ပါ။ reboot ပြန်တက်လာရင် application သွင်းပြီးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ