










Sony Ericsson Xperia X10 ကို root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။ အရင်ဆုံးဖုန်းကို Enable Unknown Sources ဖြစ်အောင်လုပ်ရပါမယ်။ ဖုန်းရဲ့Settings -> Applications -> Unknown Sources ကိုသွားပြီး အမှန်ခြစ်ပေးလိုက်ပါ။
ပြီးရင် USB debugging ကို enable ဖြစ်အောင်လုပ်ရပါမယ်။ Settings -> Applications -> Development -> USB Debugging ကိုသွားပြီး အမှန်ခြစ်လုပ်ပေးလိုက်ပါ။
ပထမဆုံးအနေနဲ့ root လုပ်ဖို့ လိုအပ်တဲ့ flash tool ဆိုတဲ့ ဆော့ဝဲလေးကို အောက်မှာရယူလိုက်ပါ။
Flash Tool အားရယူရန်
download လုပ်လို့ရလာတဲ့ ဖိုင်လေးကို ဖြည်ပြီး flashtool.exe ကို run လိုက်ပါ။ Flash Tool ကိုဖွင့်ပြီးပြီဆိုရင် Flash ဆိုတဲ့ Button လေးကိုနှိပ်လိုက်ပါ။
ပြီးရင် ‘aZuZu – Kernel Downgrade’ နဲ့ ‘loader.sin’ ကိုရွေးပေးပါ။ပြီးရင် OK ကိုနှိပ်ပါ။
ပြီးရင် ဖုန်းကို power ပိတ်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ ညာဘက်က နောက်ပြန်မြှားလေးနဲ့ ခလုတ် (Back Button) လေးကို နှိပ်ထားပြီး ကွန်ပျူတာနဲ့ဖုန်းကို (USB နဲ့ချိတ်) ချိတ်ဆက်လိုက်ပါ။
ဖုန်းကို flash လုပ်ပါလိမ့်မယ်။ အောက်ပုံထဲက အတိုင်းပေါ်လာပြီဆိုရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားတာကိုဖြုတ်လိုက်ပါ။ FlashTool software ကိုတော့ မပိတ်ပါနဲ့ဦး။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့(USB မှတစ်ဆင့်) ချိတ်ဆက်ထားတာကိုဖြုတ်ပြီး ဖုန်းကို power ပြန်ဖွင့်ပါ။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့(USB နဲ့ချိတ်)ပြန်ချိတ်ပါ။ပြီးရင် Root Button လေးကိုနှိပ်ပါ။
ဖုန်းကို root လုပ်တာအောင်မြင်သွားပြီဆိုရင် အောက်ကပုံထဲကအတိုင်း Finished !လို့ပေါ်လာပါလိမ့်မယ်။ အဲဒီနောက်မှာတော့ ဖုန်းက auto reboot လုပ်ပါလိမ့်မယ်။ ဒါပေမယ့် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားတာကို မဖြုတ်ပါနဲ့ဦး။
အောက်ပုံထဲကအတိုင်း Connected device :X10 ဆိုပြီးပေါ်လာပြီဆိုရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားတာကိုဖြုတ်လိုက်ပါ။ ပြီးရင် ဖုန်းကို power ပိတ်ထားလိုက်ပါ။ ပြန်မဖွင့်ပါနဲ့ဦး။ အောက်ကအဆင့်တွေမှာ လုပ်ဖို့လိုသေးလို့ပါ။ ပြီးရင် ဖုန်းရဲ့ kernel ကို upgrade ပြန်လုပ်ရပါမယ်။ အဲဒီအတွက် Flash Button ကိုနှိပ်ပြီး aZuZu-Kernel Upgrade နဲ့ loader.sin ကိုရွေးပေးပါ။ ပြီးရင် ok နှိပ်။ အောက်ပုံထဲကအတိုင်းပါ။

ဖုန်းကို root လုပ်တာ အောင်မြင်လားသိချင်ရင်တော့ ဖုန်းကိုကွန်ပျူတာနဲ့ပြန်ချိတ်လိုက်ပါ။ အောက်ပုံထဲကအတိုင်း <-This level is successfully initialized လို့ပေါ်လာရင်တော့ root process ပြီးဆုံးပြီဖြစ်ပါတယ်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။