Welcome to my blog :)

rss

Tuesday, February 14, 2012

iOS 5.0.1 Jailbreak လုပ်ပြီးကာစ iPhone/Pad/Pod touch ကို Cracked application တွေသွင်းလို့ရအောင်လုပ်နည်း(Step by Step Guide)






















တကယ်လို့ မိမိတို့ရဲ့ iPhone/Pad/Pod touch မှာ iOS 5.0.1 ကိုအောင်မြင်စွာ jailbreak လုပ်ပြီးခဲ့ပြီဆိုကြပါစို့။ Jailbreak လုပ်ပြီးသော်
လည်းcracked လုပ်ထားတဲ့ application တွေကိုသွင်းလို့မရသေးပါဘူး။ Cracked လုပ်ထားတဲ့ application ဆိုတာကတော့နားလည်
လွယ်အောင်ပြောရရင် ပိုက်ဆံပေးဝယ်ရတဲ့ application,game တွေ ကို free သုံးလို့ရအောင် လုပ်ထားတဲ့ application တွေပါ။
ဒီလို application တွေကိုသွင်းလို့ရဖို့အတွက် jailbreak လုပ်ပြီးကာစ Device တွေမှာ စတင်လုပ်ဆောင်ရမယ့်အချက်တွေကို
မြန်မာ Mobile Application မှ တင်ပြလိုက်ရပါတယ်။ အင်တာနက်မရှိတဲ့ ဒေသတွေက User တွေပါအလွယ်တကူလုပ်ဆောင်လို့ရမယ့်နည်း
ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ အရင်ဆုံး လိုအပ်တဲ့ ဆော့ဝဲ တစ်ခုဖြစ်တဲ့ iFunBox ရှိရပါမယ်။ အောက်မှာရယူလိုက်ပါ။
iFunbox အားရယူရန်
နောက်ဆုံးလိုအပ်တာကတော့ cracked application တွေသွင်းဖို့ အဓိက applicaton နှစ်ခုဖြစ်တဲ့ appsync 5.0 နဲ့ Installous 4
တို့ကို download ရယူပါ။
appsync 5.0 အားရယူရန်(Cracked application များသွင်းလို့ရစေသော Cydia application)
Installous 4 အားရယူရန်(အသစ်ထွက် Cracked application မှန်သမျှကိုဒီ application ထဲမှ download လုပ်နိုင်ပြီး
အသစ်သွင်းတိုင်းစက်ထဲမှာရှိပြီးသား application တွေမပျက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။)
ကိုယ့်ရဲ့ iPhone/Pad/Pod touch ကိုကွန်ပျူတာနဲ့ (USB ကြိုးဖြင့်)ချိတ်ဆက်လိုက်ပါ။ပြီးရင် download လုပ်လို့ရလာတဲ့ ဇစ်ဖိုင်
လေးကို iFunBox.exe ကိုကွန်ပျူတာထဲမှာ run လိုက်ပါ။ ပြီးရင် Raw File System ထဲကိုဝင်ပါ။ပြီးရင် var ထဲကိုသွားပါ။
အောက်ပုံအတိုင်းပါ။

ပြီးရင် root folder ထဲကိုသွားပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင် Media folder ထဲကိုထပ်ဝင်ပါ။ အောက်ပုံအတိုင်းပါ။

Media folder ထဲကိုရောက်ပြီဆိုရင် Cydia ဆိုတဲ့ folder လေးကိုတွေ့ရပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။
(အကယ်၍ Cydia folder ကိုမတွေ့ဘူးဆိုရင် မိမိသာသာ folder ဆောက်ရပါမယ်။ iFunBox
ထဲမှာပဲ right click နှိပ် New ထဲကနေ folder ကိုနှိပ်ပါ။ ပြီးရင် ဆောက်လိုက်တဲ့ folder လေးကို Cydia လို့နာမည်ပေးပါ)


Cydia folder ထဲကိုရောက်ပြီဆိုရင် AutoInstall ဆိုတဲ့ folder လေးကိုတွေ့ရပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။
(အကယ်၍ Cydia folder ထဲမှာ AutoInstall folder ကိုမတွေ့ဘူးဆိုရင် မိမိသာသာ folder ဆောက်ရပါမယ်။
iFunBoxထဲမှာပဲ right click နှိပ် New ထဲကနေ folder ကိုနှိပ်ပါ။ ပြီးရင် ဆောက်လိုက်တဲ့ folder လေးကို AutoInstall လို့နာမည်ပေးပါ)


ပြီးရင် AutoInstall folder ထဲကိုဝင်ပါ။ ပြီးရင် Copy from PC ခလုတ်ကိုနှိပ်ပြီး ခုနက download လုပ်ထားတဲ့ Appsync for 5.0 နဲ့
Installous 4 နှစ်ခုလုံးကို select ပေးပြီး open နှိပ်ပါ။

ပြီးရင် Refresh ခလုတ်ကိုနှိပ်ပါ။ အခုထည့်လိုက်တဲ့ ဖိုင်နှစ်ဖိုင်ပေါ်လာပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။

ပြီးရင် မိမိရဲ့ iPhone/iPad/iPod touch ကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် Redsn0w ကိုဖွင့်ပြီး Jailbreak ကိုပြန်နှိုးရပါမယ်။
Redsn0w ဖြင့် Jailbreak ပြန်နှိုးနည်း (Just Boot Tethered)
ပြန်တက်လာပြီဆိုရင်တော့ Cydia ထဲကိုဝင်ပါ။ ပြီးလျှင် Installed ကိုနှိပ်လိုက်ပါ။ အဲဒီထဲမှာ Appsync ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။
အောက်ပုံအတိုင်းပါ ။

ဒါဆိုရင် Cydia ထဲကနေပြန်ထွက်ပါ။ Cydia ရဲ့ဘေးမှာ Installous ဆိုတဲ့ application လေးတစ်ခုအသစ်ရောက်နေတာတွေ့ရပါလိမ့်မယ်။
အဲဒီထဲကိုဝင်လိုက်ပါ။ အဲဒီထဲက setting ကိုနှိပ်လိုက်ပါ ။ Setting ထဲမှာ iTunes Sync ဆိုတာလေးပါပါတယ်။ အဲဒါကို OFF လုပ်လိုက်ပါ။

ဒါဆိုရင် cracked application တွေစတင်သွင်းဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ Application အသစ်သွင်းလည်း စက်ထဲမှာရှိပြီးသား Application
တွေလည်း မပျက်တော့ပါဘူး။ အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)


ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ