Welcome to my blog :)

rss

Tuesday, February 14, 2012

iOS 5.0/5.0.1 Tethered Jailbreak လုပ်ထားတဲ့ iPhone/Pad/Pod ကို Power ပိတ်မိပါက Boot Tethered ပြန်လုပ်နည်း













Jailbreak ဖြစ်တာကြောင့် ကိုယ့်ရဲ့iPhone/Pad/Pod touch ကို
restart ချတာတို့ ၊ Power ပိတ်တာတို့ လုပ်ခဲ့မယ်ဆိုရင် Boot ပြန်တက်တာတဲ့အခါမှာ ပန်းသီး Logo ကနေ ဆက်မတက်တော့ဘဲ ရပ်နေတော့တာကိုတွေ့ရမှာပါ။ အဲဒီအခါမျိုးမှာ မိမိရဲ့ iDevices ကိုကွန်ပျူတာနဲ့ချိတ်ပြီး Redsn0w နဲ့ Jailbreak ပြန်နှိုးပေးရပါတယ်။
အခုပြောမှာကတော့ Redsn0w နဲ့ Boot Tethered ပြန်လုပ်ပြီး Jailbroken Device အနေအထားကိုပြန်လည်ရောက်ရှိအောင်လုပ်ဆောင်မှာဖြစ်ပါတယ်။
(ဒီနည်းလမ်းသည် iOS 5.0 နှင့် iOS 5.0.1 Tethered Jailbreak လုပ်ထားပြီးသော Device များအတွက်သာဖြစ်ပါသည်)
ပထမဆုံး လိုအပ်တဲ့ Tool အနေနဲ့ ကွန်ပျူတာထဲမှာ run ဖို့Redsn0w ကိုရယူလိုက်ပါ။
Redsn0w 0.09 b8 အားရယူရန်
နောက်ထပ်လိုအပ်တဲ့ Tools တွေအနေနဲ့ iOS 5.0 firmware နဲ့ iOS 5.0.1 firmware တို့ရှိရပါမယ်။
မရှိသေးဘူးဆိုရင်တော့အောက်မှာရယူလိုက်ပါ။
iOS 5.0 အားရယူရန် (မိမိ Device နှင့်သက်ဆိုင်သော firmware ကိုသာရွေးချယ် download လုပ်ပါ)
iOS 5.0.1 အားရယူရန် (မိမိ Device နှင့်သက်ဆိုင်သော firmware ကိုသာရွေးချယ် download လုပ်ပါ)
ပြီးရင် မိမိရဲ့ iPhone/iPad/Pod touch ကိုကွန်ပျူတာနဲ့ချိတ်လိုက်ပါ။ (တကယ်လို့ reboot လုပ်လိုက်လို့ ပန်းသီး Logo ကနေဆက်မတက်တော့တာဆိုရင်လည်း အဲဒီအတိုင်းပဲ ကွန်ပျူတာနဲ့ချိတ်လိုက်ပါ)
ခုနက ဒေါင်းထားတဲ့ Redsn0w ကိုဖွင့်ပါ။ ပြီးရင် Extra ကိုဖွင့်ပါ။ အောက်ပုံအတိုင်းပါ။

Select IPSW ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

iOS 5.0 firmware ဖိုင် ကိုရွေးပေးပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင် Just Boot ခလုတ်ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

ပြီးရင် DFU Mode ထဲကိုစတင်ဝင်ရောက်ရပါမယ်။ အရင်ဆုံး Next ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

အောက်ပုံမှာပြထားတဲ့အတိုင်း DFU Mode ထဲကိုဘယ်လိုဝင်ရမလဲဆိုတာညွှန်ကြားပေးပါလိမ့်မယ်။
DFU mode ထဲကိုဝင်ဖို့အတွက်လုပ်နည်းကို ဆက်လက်ပြောပြပါမယ်။
ပထမဆုံးအနေနဲ့ powerခလုတ်ကို ၂ စက္ကန့်လောက်ဖိထားပါ။ ၂စက္ကန့်ပြီးသွားရင် home ခလုတ်ကိုပါဆက်ပြီးတပြိုင်နက် နှိပ်လိုက်ပါ
(၁၀စက္ကန့်လောက်နှိပ်ထားရပါမယ်) ။ ဒါဆိုရင် DFU mode ထဲကိုရောက်သွားပါပြီ။ DFU mode ထဲကိုဝင်တာ အောင်မြင်တယ် ဆိုရင်Boot tetheredစလုပ်မှာဖြစ်ပါတယ်။
(DFU mode ထဲကိုဝင်ရာမှာ မိမိရဲ့ iDevices က နဂိုက power ပိတ်ထားပြီးမှ DFU mode ထဲကိုဝင်တာဆိုရင် ပန်းသီး Logo အရင်ပေါ်လာပြီးမှ အနက်ရောင် Screen ဖြစ်သွားမှာပါ။ တကယ်လို့ reboot လုပ်လိုက်မိလို့ ပန်းသီး Logo မှာ ရပ်နေတဲ့အတိုင်းကိုကွန်ပျူတာနဲ့ချိတ်ပြီး DFU mode ထဲကိုဝင်တာဆိုရင်တော့
အစတုန်းက ပန်းသီး Logo ပေါ်ပြီး ဆက်မတက်တော့တာကနေ အနက်ရောင် Screen ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် DFU mode ထဲကိုရောက်ရှိပြီဖြစ်ပါတယ်)


Boot Tethered လုပ်နေစဉ်မှာ မိမိ iPhone/Pad/Pod touch ရဲ့ Screen မှာ နာနတ်သီးပုံလေးနဲ့တက်လာပါလိမ့်မယ် ။Boot Tethered လုပ်တာပြီးပြီဆိုရင်တော့ စက်က ပုံမှန်အတိုင်းပြန်တက်လာပြီဖြစ်ပါတယ်။ မိမိရဲ့ iPhone/iPad/Pod touch ကို Jailbreak Device အနေနဲ့ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ